Monday, April 5, 2010

သင်္ကြန်အကြို ရာသီစာလေးများ...။

ဘလော့ဂ်ဂါ မင်းသားကြီး

V1 -(ဘလော့ဂါ မင်းသားကြီး ဘလော့ဂ်ဆိုဒ်တစ်ကာ ရောက်ခဲ့ပြီ...။
ဘယ်ဘလော့ဂ်သူ၊ ဘယ်ဆိုဒ်မှန်းမို့ မသိတော့ ခက်သေးသည်။
မနေ့က ပေးတဲ့ ဘလော့လိပ်စာ Thumb Drive စိုလို့ ပျက်ကုန်ပြီ...
မမှတ်မိတော့ ခက်သားလှဒေ၀ီ...။)၂

PreCho : ဘလော့မင်းသမီးကြီး ခြေရာဖျောက်တော့ လိုက်လို့ရှာသည်။

ဟို CBox တွေ့နိုးနိုး.. ဒီ CBox တွေ့နိုးနိုး...
မင်းသားကြီး အလွမ်းဇာတ်က နှစ်သစ်ကူးလေပြီ။
ဘလော့ဂ်မင်းသမီးနဲ့ တွေ့ဖို့ အလွန်ခက်သည်။

V1 - (Solo)

Cho : နေ့သစ်အကူးမှာ ပို့စ်အသစ်လေးတွေ တက်တော့မည်။
Gmail, Native, ပဒုမ္မာ ကျူးပစ်ပလန်းနက်ပါ မကျန်ပြီ...။
ကောမန့်ဘောက်က်မှာ လိုက်ရှာလဲလေ တို့မတွေ့ပြီ။
ဘန်းကျော်ကြောင့်လား တွေးတော့ ဝေးနေပြီ။
မြန်မာဆိုက်ဘာ ယူဆာ လေးနှမငယ် ...
တစ်ချက်စာ Chat မှာ မျက်လှည့်ပြလိုက်ပြီ...။

V1. PreCho:

(မပြီးမချင်း loop ပတ်၍ ပြန်ဆိုရန်။)


- မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ။
- ရှာပုံတော် မင်းသားကြီး သင်္ကြန်သီချင်းကို မှီငြမ်း ပုံဖျက်ထားသည်။
- မူရင်း သီချင်း နားဆင်လိုသော် အောက်ကပုံကို ကလစ်နှိပ်ပါလေ...။

ရှာပုံတော် မင်းသားကြီး - ဇော်ပိုင်


အရင်က ဘယ်ဘလော့မှာလဲ မသိဘူး။ ဒီလိုဆန်ဆန် ဖျက်ထားတာ ဖတ်ဖူးပါတယ်။ အိုင်ဒီယာ ကြိုက်တာနဲ့ ပြန်တင်မလို့ လုပ်တာ။ မမှတ်မိတော့ ကိုယ့်ဗားရှင်းနဲ့ကိုယ် ပြန်တင်ထားတာကို ဒီနှစ် 2010 အတာနှစ်ကူး အကြိုအနေနဲ့ ဆားချက်လိုက်ပါတယ်။

12 comments:

  1. ဒါ ဒုတိယ ဇော်ဝမ်း ပေါ့ ... :))

    ReplyDelete
  2. ဇော်တူး ကိုဘ

    ReplyDelete
  3. ကြားဖူးပြီးသားကြီးလို့ ပြောမလို့ဟာ.. အောက်က မှတ်ချက်ကိုမြင်မှ ဘာမှမပြောဘဲ ပြန်လှည့်သွားတယ်

    ReplyDelete
  4. ဒါဆို နီးပြီ

    ReplyDelete
  5. ဘန်းကျော်မရလို့ မဟုတ်ဘူးဟေ့။ ကိုးနတ်ရှင်ကြောင့်ကွ။

    ReplyDelete
  6. နဂိုကမှ ဝေးနေရတဲ့ကြားထဲ လိပ်စာကပျောက်တော့ သွားပြီပေါ့ဗျာ....

    ReplyDelete
  7. ဒါများ post ရေးပြီးတင်လိုက်ပေါ့။ လူပျောက်ကြော်ညာပို့စ်။
    ဖတ်မိရင် ကွန်မန့် ဝင်ရေးသွားလိမ့်မယ်။

    ReplyDelete
  8. အော်... သူက ဒါတွေလဲ ရသကိုး... ပိုင်ပါပေ့...
    ဒီလိုဆို ရွှေပြည်ဝေး မဏ္ဍပ်မှာ သံချပ်လာထိုးဖို့ ဖိတ်ပါတယ်...။

    ဒီမှာပါ...
    http://blueskyforest.blogspot.com/2010/03/httpblueskyforest.html

    ပျော်ပျော်ပါးပါးပေါ့...း))

    ReplyDelete
  9. မနေ့ကဘဲအဲဒီစာသားသတိရနေသေးတယ်။

    ကိုဘပိုစ်ကို သိတ်ကြိုက်လို့ဆိုပြီးmegumi: ကပြန်တင်သေးတယ်။
    http://www.megumi21.com/2009/04/blog-post_15.html
    စကားချပ်၊ သီချင်းက http://heartstations.blogspot.com/2009/04/blog-post_6098.html က ပါ။ သွားပြီး ခွင့်တောင်းတော့ ပိုင်ရှင်က ခွင့်ပြုပါတယ်ရှင်။ ကျေးဇူးတင်ပါတယ် Ko Boyz ရှင့်။

    ReplyDelete
  10. သီချင်းက မိုက်တယ်... လုပ်ပါဦး တခြားသင်္ကြန်သီချင်းလေးတွေရော... :)

    ReplyDelete
  11. မရဘူး...ဘွိုင်း အသံနဲ့ အမ်ပီသရီးဖိုင် တင်ပေးပါ...ဒါပဲ...:)

    ReplyDelete
  12. ပြောလိုက်မယ်ကိုဘ

    ReplyDelete