Ugly ရေ...
ပြတင်းပေါက်ကနေ လမင်းတစ်ခြမ်းပဲ့ မြင်နေရတယ်။
လမင်းကို ကြည့်ရတာ အေးချမ်းနေပါသလား။ ကိုယ်တော့ ပူနေတယ်။
လမင်းက ဘာလို့ အမြဲတမ်း ပက်လက် ဖြစ်နေတာလဲ။ မှောက်ခုံဖြစ်တဲ့ လမင်းကို မမြင်ဖူးသလိုပဲ။
Dream works လိုဂိုထဲက ကလေးလို တစ်ခြမ်းပဲ့ လလေးပေါ် ထိုင်ပြီး ငါးထိုင်မျှားကြည့်ချင်တယ်။
အဲ .. မျှားရအောင် ငါးလဲ တစ်ခါမှ မမျှားဖူးပါဘူးလေ။
ငယ်ငယ်က သူများတွေ ငါးမျှားတာ တီကောင်ကို အရှင်လိုက် ငါးမျှားချိတ်မှာ ချိတ်တော့ အသည်းငယ်တာနဲ့ မမျှားဖြစ်တော့ဘူး။
တိမ်ဖြူဖြူတွေ ပြေးလာနေတယ်။ ခဏနေ လကို အုပ်သွားတော့မှာ။ မလာနဲ့ သွား.... Rain Rain go away... (ဆက်ဆိုပေးကြပါ)။
လေနတ်သားက သူ့လက်နက်နဲ့ ပစ်လိုက်လို့ တိမ်တွေ ထွက်ပြေးသွားတယ်။
လမင်းလေး ပြန်ထွက်လာပြီ။
လက ဒီနေ့ အနောက်ကနေ အရှေကို သွားနေတာလား။ အရှေ့ကနေ အနောက်ကို သွားနေတာလား။
စာထဲမှာ ဖတ်ဖူးတာတော့ လက အနောက်ကနေ အရှေ့ကို သွားတာတဲ့။
အတော်ရှုပ်တာပဲ။
ဒါဆိုနေမင်းနဲ့ လမင်း လမ်းခုလတ်မှာ မတွေ့ကြဘူးလား မတိုက်မိဘူးလား။
အပိုလိုဆိုတာ လနတ်သားလား မသိဘူး။
အဲဒီ အပိုလိုနဲ့ အကြောင်းကို သူများပြောတာ ကြားဖူးတယ်။
ဇာတ်လမ်းက ဒီလိုတဲ့။
အပိုလို... သူ့မိန်းမကို ကြိုက်တာ ကျူးပစ်ထင်တယ်။ကျူးပစ်က ချောလွန်းလို့ ကြည့်သူတိုင်းက မျက်လုံးကန်းတယ်တဲ့။
ဒါကြောင့် ကျူးပစ်က ညလူခြေတိတ်ချိန်မှ အပိုလို မိန်းမဆီ လာလည်တယ်တဲ့။
ပါးစပ်ရာဇဝင်တွေပါ။
နောက် ကျူးပစ်ကို ကြည့်မိရင် သူတို့နှစ်ယောက် တစ်သက်စာ ဝေးသွားမယ်တဲ့။
ဒါပေမယ့် သူ့ချစ်သူက ကျူးပစ်ကို ည ကျူးပစ် အိပ်နေတုန်း ခိုးကြည့်လိုက်မိတယ်တဲ့။ အဲဒီမှာ သူတို့ ကွဲသွားလေရော။
ဒါ ဇာတ်လမ်းမှားကြီး ဖြစ်နိုင်တယ်။
ကျူးပစ်နဲ့ ကြိုက်တာ Aphrotite အလှနတ်သမီးပါ။ ဘယ်က အပိုလို မိန်းမ ဖြစ်ရမှာလဲ။ နေဦး။ ဂရိနတ် ပုံပြင်တွေ ပြန်လှန်ပြီး လာပြောပြမယ်။
အဲ.. တွေ့ပြီ။
Ugly ရေ။
ဟုတ်တယ်။
အပေါ်က ဇာတ်လမ်းက အမှားကြီး...။
တစ်ကယ်တော့ ကျူးပစ်က အချစ်နတ်မိဘုရားဗီးနပ်နဲ့ မက်ဆန်ဂျာနတ်သား မာကျူရီတို့ရဲ့သား။
ဗီးနပ်စ်က သူ့ကို ကိုးကွယ်နေကျ Psyche မင်းသမီးလေးက ဗီးနပ်စ်ကို ကိုးကွယ်ဖို့ မေ့နေလို့ ဆိုက်ခီကို ဒဏ်ခပ်ဖို့ ကျူးပစ်ကို လွှတ်လိုက်တယ်။
ကျူးပစ်က ဆိုက်ခီကို မြင်တော့ ချစ်မိသွားရော။
ကြည့်ရတာ ကျူးပစ် သူ့မြှားနဲ့သူ ပြန်စိုက်မိလို့နေမှာ။အဲဒီမှာ ကျူးပစ်က နတ်သားဆိုတော့ လူမိန်းမက မြင်လို့ မရဘူး။
ကျူးပစ်က ဆိုက်ခီဆီ ညတိုင်း လာလည်တယ်။
လာတိုင်း နားဝမှာ တိုးတိုးလေး ပြောတယ်။
သူ့ကို မကြည့်မိဖို့ အမြဲတမ်း မျက်စိမှိတ်ဖို့။
ဒါကို ဆိုက်ခီ အစ်မတော် နှစ်ယောက်က သွေးထိုးတယ်။ ကျူးပစ်က မကောင်းဆိုးရွားပါ။ ဘာညာပေါ့။
အဲဒီမှာ ဆိုက်ခီက တစ်ညမှာ ကျူးပစ်ကို မျက်လုံးဖွင့်ပြီး ကြည့်လိုက်မိတယ်။ ကျူးပစ် စိတ်ဆိုးပြီး ဆိုက်ခီကို ပစ်သွားတယ်။
ဆိုက်ခီခမျာ ကျူးပစ်ကို တွေ့ချင်လွန်းလို့ ကမ္ဘာကုန်ကျယ်သရွေ လိုက်ရှာတာ နောက်ဆုံး ဂျူပီတာ နတ်မင်းကြီးဆီ ရောက်သွားတယ်။
ဂျူပီတာ နတ်မင်းကြီးလဲ ဆိုက်ခီကို သနားတော့ တစ်သက်လုံး မသေနိုင်တဲ့ Immortal ဆုကို ပေးလိုက်တယ်။ အဲဒီမှာ ဆိုက်ခီဟာ လူသာမာန်မင်းသမီး ဘဝကနေ နတ်ဘုရားဘဝ အော်တိုရောက်သွားတယ်။
နောက်တော့ ကျူးပစ်နဲ့ ပေါင်းဖက်မိပြီး ကလေး သုံးယောက် ပွားစီးတယ်။
စကားမစပ် Psyche ဆိုတာ soul လို့ အမည်ရသတဲ့။
ဇာတ်လမ်းက ဒါပဲ။ (ဟင် တုံးတိတိကြီး။)
ဆားချက်ခြင်း ဖြစ်သည်။ သို့သော် ပို့စ်အသစ်စက်စက်။ ဒါပဲ။ နုတယ်လို့ လာမပြောနဲ့။ ဘွိုင်းအစစ်။
All Articles and Photos Credit goes to Widipedia
Burmese Zodiac Animal at Thursday Corner
4 weeks ago
1
ReplyDelete2
ReplyDelete3
ReplyDeleteခွိခွိ.. နုတာမဟုတ်ဘူး သူငယ်ပြန်တာ..... :P
ReplyDeleteလကိုဇောက်ထိုးမြင်ချင်ရင် ကင်းမြီးကောက်ထောင်ကြည့်ရန်....
ဒဏ္ဍာရီထဲမှာတောင် နောက်မီးလင်းတဲ့ကိစ္စတွေရှိသေးတာပဲ....
ကျူးပစ်က လူစင်လည်းမမှီဘူး (အေ့လေ နတ်ကိုးးးးးး)
နောက် မတရားဘူး။
သူကျကြည့်ပြီး သူ့ကိုပြန်ကြည့်တော့ စိတ်ဆိုးသတဲ့။
ဆက်မပြောတော့ပါဘူး... စိတ်ထဲမှာပဲ တွေးပစ်လိုက်တော့တယ်။
တော်သေးတာပေါ့။
ReplyDeleteရသွားလို့။
cupid က လူကောင်အကြီးကြီးပါလား
ReplyDeleteသိပါဘူး ပုံထဲတွေ့ သူက ခပ်သေးသေးရယ်
အင်းးး...
ReplyDeleteအင်းးး...
အင်းးး.......
ပုံပြင် နားထောင်သွားတယ်....
စကားမစပ် နောက်ဆုံးပုံက ပန်းချီလေးကို တော်တော် သဘောကျတယ်.. ကာလာနဲ့ အလင်းရောင်ကို..း)
အို.....မိဘွိုင်းဇ်...ညည်းနှယ်အေ...ကျုပ်ဖြင့် စာဖတ်ချင်လို့သာ.. ပုံတွေကို လက်ဝါးနဲ့ ကွယ်ပြီး ဖတ်သွားရတယ်အေ့....ဟွင်းးး
ReplyDeleteပုံ အချက်ကြီး ချက်တတ်သူ
ကျူးပစ်ကို လူပုပု သေးသေးလေး လို့ပဲ စိတ်ထဲမှာ စွဲနေတာ.. အခု ပုံတွေထဲမှာတော့ လူစဉ်မှီသားပဲ။
ReplyDeleteCupid က တစ်ကယ်တော့ နတ်စဉ်မှီပါတယ်။ ချစ်စရာကောင်းအောင် ပုံဖော်တာ အဖော်လွန်သွားလို့ ကလေးလေးလို ဖြစ်သွားတာ။
ReplyDeleteကျွန်တော်လဲ နောက်ဆုံးပန်းချီကားကို သဘောကျတယ်။
အလင်းအမှောင်နဲ့ ကာလာ အယူအဆလေး စိတ်ထဲမှာ ပြက်ပြက်ထင်းထင်း ဖြစ်လို့။
မခင်ဦးမေက ဘာလို့ တော်သေးတယ် ရသွားလို့ ဆိုတာ ပြောလိုက်တာလဲ မသိဘူး။
ကျူးပစ်က အတောင်ကြီးနဲ့လား? ရှုပ်တာ။
ReplyDeleteကျူးပစ်ကစိတ်ဆိုးပြီးဆိုက်ခီကိုပစ်သွားတယ်ဆိုတော့စိတ်မကောင်းဘူး။
ReplyDeleteနောက်ဆုံးတော ကျူးပစ်နဲ့ပေါင်းဖက်မိသွားတယ်ဆိုတော့ဝမ်းသာသွားတာပေါ့။
(တော်သေးတာပေါ့
ရသွားလို့………...ရှင်းလင်းချက်)
new post draft သီမ်းပေးထားသည်။
ReplyDelete23 Mar 10, 23:57
Boyz: ဝံပုလွေဆို အူနေလောက်ပြီ
23 Mar 10, 23:56
Boyz: သမန်းကျားဆို ခြေသည်းလက်သည်းတွေ ထွက်နေလောက်ပြီ
23 Mar 10, 23:56
Boyz: ဗန်ဗိုင်းယား သာ ဆိုရင် သွားစွယ်တွေ ထွက်နေလောက်ပြီ
23 Mar 10, 23:52
Boyz: အခန်းထဲကို လရောင်လေးတွေ ဖြာကျနေတာ ကဗျာဆန်လိုက်တာ
23 Mar 10, 23:49
Boyz: လမွန်းတိမ်းနေပြီ။
24 Mar 10, 00:52
ReplyDeleteBoyz: လတောင် အောက်ကို တော်တော်ရောက်သွားပြီ
အာဂ လီး(ugly) ဇတ်လမ်းက ကလေးသုံးယောက်နဲ့ပဲ ပွဲသိမ်းသွားသလား
ReplyDeleteအိမ်း။ ပုံလေးတွေက စွဲမက်စရာ။ ဆေ့ဖ် လုပ်သွားဦးမှ။
ReplyDeleteကိုဘွိုင်z က ဝတ်စလစ်စ ပုံတွေ ကြိုက်ပုံရတယ်နော်
ReplyDelete