ပင်လယ်ပျော် ကိုတံငါတို့တော့
ငါးမြူးလေ သူရို့ မျက်နှာပေါ်က အပြုံးရိပ် တင်လေပေါ့...။
ဗီယက်နမ်က ငါးခိုးဖမ်းတဲ့ အဖွဲ့တွေတဲ့...။
နှစ်ပါတ်လောက် အနည်းဆုံးနေတယ်...။
ရေခဲစက်တွေလဲ ပါတယ်...။
မိသမျှ ငါးတွေ စက်လှေ ၀မ်းဗိုက်ထဲမယ် ရေခဲရိုက်ပြီးသားပဲ...။
ပြီးမှ နီးရာ ကမ်းကပ်ပြီး ရောင်းတာတဲ့...။
တစ်ခါသားမယ် ငါးပူတင်း အကြီးစား သုံးကောင် လက်မှာဆွဲလို့ ရေနံစင်ကို လာကပ်တယ်...။
စားစရာလေး မုန့်လေး တစ်ခုခုနဲ့ လဲချင်လို့တဲ့...။
ဘီစကစ်ပဲ ရှိတယ်လို့ ပြောတော့ ရတယ်တဲ့...။
ပင်လယ်စာလေး လတ်လတ်ဆတ်ဆတ် စားလိုက်ရတဲ့ တစ်နေ့ပေါ့...။
ကိုယ်က လှိုင်းမူးတာမပျောက်တော့ ပါးစပ်ပျက်နေတာကိုး...။
ကွတ်ခ်က ငါးကြော်လေး ရှယ်ကြော်ပေးပြီး ကျွေးရှာတယ်...။
ကောင်းပါ့...။
ပင်လယ်လေကြမ်း တိုက်တော့
ကိုယ်နေရတဲ့ သဘောင်္လေးက ဟိုမှာ ဒီမှာ လူးကာ လှိမ့်ကာ ပေါ့လေ...။
ဆန်ကောထဲက ဆီးဖြူသီးတွေတော့ အစေ့နဲ့ အဆံနဲ့ တစ်ခြားစီ ဖြစ်ရော့...။
ကျွန်တော့်မှာတော့ မျော့မျော့လေးပဲ ကျန်တော့တယ်...။
အပေါ်ကို မြောက်တက်သွားလိုက်...
ငြိမ့်ခနဲ့ အောက်ကို ပြန်ကျလာလိုက်...
(ဘာမဆိုင် ညာမဆိုင် ဘရိုင်ယန် အဒမ်ရဲ့ တိမ်နံပါတ် ၉ ကို သတိရသေးရဲ့...။)
ဘယ်လူး မလိုလိုနဲ့ ညာဘက် စောင်းလိုက်...
ခြေရင်းဘက်က မြောက်တက်လာမလိုလိုနဲ့ ဘယ်ဘက်ကို မှောက်ကျလိုက်နဲ့ ...
ဝမ်းထဲက အစာတွေကို ရိပ်ခနဲ့ လည်ဝကို ရောက်လာတယ်...။
နီးရာ သန့်စင်ခန်းကို ယိုင်တိယိုင်တိုင် ယိုင်ထိုးထိုးနဲ့ ပြေး...
ဘေစင်ထဲ ခေါင်းစိုက်
အာခေါင်ထဲ လက်ညိုးထိုးထည့်ပြီးသကာလ...
အပုပ်ကောင် ရုပ်ဆောင်နေတဲ့ ဒီ အတ္တဘောကြီး စားထားသမျှ
မကြေညှက်သေးတာရော၊ ချက်ပြီးသားရော
အကုန် ဒလဟော ရေတံခွန်လို သွင်သွင်စီးပါလေရော...။
အပြန်လမ်းမှာ အမေ့သား ၄ ကီလို လျော့သွားတယ် အမေ...။
မျက်နှာမှာ နေလောင်ကွက်တွေနဲ့...။
ဂိ....။
စမ်းသပ်ချက်
1 year ago
http://heartstations.blogspot.com/2008/10/blog-post_23.html
ReplyDeleteThursday, October 23, 2008
ဟိုရောက် ဒီရောက် အတွေးများ
ပင်လယ်ပျော် ကိုတံငါတို့တော့
ငါးမြူးလေ သူရို့ မျက်နှာပေါ်က အပြုံးရိပ် တင်လေပေါ့...။
ဗီယက်နမ်က ငါးခိုးဖမ်းတဲ့ အဖွဲ့တွေတဲ့...။
နှစ်ပါတ်လောက် အနည်းဆုံးနေတယ်...။
ရေခဲစက်တွေလဲ ပါတယ်...။
မိသမျှ ငါးတွေ စက်လှေ ၀မ်းဗိုက်ထဲမယ် ရေခဲရိုက်ပြီးသားပဲ...။
ပြီးမှ နီးရာ ကမ်းကပ်ပြီး ရောင်းတာတဲ့...။
တစ်ခါသားမယ် ငါးပူတင်း အကြီးစား သုံးကောင် လက်မှာဆွဲလို့ ရေနံစင်ကို လာကပ်တယ်...။
စားစရာလေး မုန့်လေး တစ်ခုခုနဲ့ လဲချင်လို့တဲ့...။
ဘီစကစ်ပဲ ရှိတယ်လို့ ပြောတော့ ရတယ်တဲ့...။
ပင်လယ်စာလေး လတ်လတ်ဆတ်ဆတ် စားလိုက်ရတဲ့ တစ်နေ့ပေါ့...။
ကိုယ်က လှိုင်းမူးတာမပျောက်တော့ ပါးစပ်ပျက်နေတာကိုး...။
ကွတ်ခ်က ငါးကြော်လေး ရှယ်ကြော်ပေးပြီး ကျွေးရှာတယ်...။
ကောင်းပါ့...။
ပင်လယ်လေကြမ်း တိုက်တော့
ကိုယ်နေရတဲ့ သဘောင်္လေးက ဟိုမှာ ဒီမှာ လူးကာ လှိမ့်ကာ ပေါ့လေ...။
ဆန်ကောထဲက ဆီးဖြူသီးတွေတော့ အစေ့နဲ့ အဆံနဲ့ တစ်ခြားစီ ဖြစ်ရော့...။
ကျွန်တော့်မှာတော့ မျော့မျော့လေးပဲ ကျန်တော့တယ်...။
အပေါ်ကို မြောက်တက်သွားလိုက်...
ငြိမ့်ခနဲ့ ကောက်ကို ပြန်ကျလာလိုက်...
(ဘာမဆိုင် ညာမဆိုင် ဘရိုင်ယန် အဒမ်ရဲ့ တိမ်နံပါတ် ၉ ကို သတိရသေးရဲ့...။)
ဘယ်လူး မလိုလိုနဲ့ ညာဘက် စောင်းလိုက်...
ခြေရင်းဘက်က မြောက်တက်လာမလိုလိုနဲ့ ဘယ်ဘက်ကို မှောက်ကျလိုက်နဲ့ ...
ဝမ်းထဲက အစာတွေကို ရိပ်ခနဲ့ လည်ဝကို ရောက်လာတယ်...။
နီးရာ သန့်စင်ခန်းကို ယိုင်တိယိုင်တိုင် ယိုင်ထိုးထိုးနဲ့ ပြေး...
ဘေစင်ထဲ ခေါင်းစိုက်
အာခေါင်ထဲ လက်ညိုးထိုးထည့်ပြီးသကာလ...
အပုပ်ကောင် ရုပ်ဆောင်နေတဲ့ ဒီ အတ်တဘောကြီး စားထားသမျှ
မကြေညှက်သေးတာရော၊ ချက်ပြီးသားရော
အကုန် ဒလဟော ရေတံခွန်လို သွင်သွင်စီးပါလေရော...။
အပြန်လမ်းမှာ အမေ့သား ၄ ကီလို လျော့သွားတယ် အမေ...။
မျက်နှာမှာ နေလောင်ကွက်တွေနဲ့...။
ဂိ....။
ရေးသားသူ Ko Boyz at 4:13 PM
Labels: Miscellaneous
(ပိုစ်အားလုံးတော့မမှတ်မိပါဘူး တစ်ချို့တစ်လေ)
ReplyDeleteခေါင်းတောင်မူးလာပြီ .. :)
ReplyDeleteကောင်းပြီ ကောင်းရက်ရေးပြီး အဲ့ အောက်ဆုံးက ဂိ က ဘာဖြစ်တာဒုန်း
ReplyDeleteဆင်ပိန် တာ ကျွဲလောက် ကျန်ပါသေးတယ်
ReplyDeleteကောင်းတယ်။
ReplyDeleteဆားချက်ချင်ဦး။ အရှက်ကွဲပြီ မဟုတ်လား။
မခင်ဦးမေလို အကွက်ကောင်းစောင့်ပြီး အရှက်လေး ဘာလေးခွဲမှ ကိုဘမှတ်မှာ။
နောက်ကို ဆားချက်ပို့စ်တွေ များများတင်။
မခင်ဦးမေက စောင့်ပြီးတော့ အခွက်ရှဲဖို့ စောင့်နေတယ်။ ဟင်းဟင်း
အားပေးတယ်။ မခင်ဦးမေ ဆက်လုပ်ပါ။ အခွက်ရှဲဖို့ သာမီး စောင့်နေ.. အဲ ကိုဘကို အားပေးဖို့ စောင့်နေမယ်။ :)
ReplyDeleteဂိ ..ဂိန် .. ပြီးတော့ အိုင် ..အဲလိုလာမှာ ..အိုင်ရဲ့ အစပါ ဘဏ်လေး။
ReplyDeleteဟမ် ကိုဘ အပေါ်က May က သာမီးမဟုတ်ဘူးနော် ကိုဘ အဟင့်
ReplyDeleteသာခိုကို အားပေးတဲ့ ကိုဘ။
ReplyDeleteမွန်ဆိုတဲ့ စာဖတ်သူတစ်ယောက် စီဘောက်ထဲမှာ မြန်မာပြည်မှာ ငါးပူတင်းကို ချက်စားပုံ အကြောင်းလေး လာဆွေးနွေးထားတာကို ပျောက်မသွားအောင် ကော်မန့် မှာ တင်ပေးလိုက်ပါတယ်။
ReplyDeleteBoyz: မွန်ပြောတဲ့ မြန်မာပြည်က ထင်းရွေးတဲ့ ငါးပူတင်း အကြောင်းတော့ မကြားမိဘူး။ မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ။ သိရင်လဲ နောက်ထပ် လာပြောပေးပါဦး။ ဗဟုသုတ ပွားများရပါတယ်။
10 Mar 10, 10:20
Boyz: ဒါတောင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဈေးနှုန်းနော်။
10 Mar 10, 10:20
Boyz: နို့မို့ဆို အသဲနဲ့ ပူစီဖေါင်းအိတ်ကွဲပြီး အဆိပ်ရည်တွေ ပေါက်ထွက်ကုန်လို့ စားတဲ့သူတွေ သေတတ်တယ်တဲ့။ ဂျပန်တွေက တစ်ပွဲကို $၁၀၀-၂၀၀ ပေးပြီးစားကြတယ်။ လာဘ်ကောင်းပြီး အရသာရှိလို့တဲ့။
10 Mar 10, 10:19
Boyz: ငါးပူတင်းက ချက်တတ်ရင် စားကောင်းတယ်။ ဟောင်ကောင်မှာဆို ငါးပူတင်းချက်မယ့် စားတော်ကဲသည် သက်ဆိုင်ရာ သင်တန်းဆင်းလက်မှတ်ရထားမှ ဖြစ်မယ်လို့ သိရတယ်။
10 Mar 10, 09:11
mon: ဇီးသားထင်းနဲ့ချက်ရင် စားလို့မရဘူးတဲ့....သိပ်မမှတ်မိတော့ပါ...ကျန်တာအများကြီးရှိသေးတယ်...ငါပူတင်းကြိုက်ပေမဲ့...သိပ်မချက်စားဖြစ်တော့ပါ... :P
10 Mar 10, 09:09
mon: ချက်ရင်လဲ ရွာမှာဆိုတော့လေ...ထင်းနဲ့ချက်တယ်...မီးသွေးနဲ့ဆို.ဘာသစ်နဲ့မှန်းမသိလို့တဲ့...ငါးပူတင်းက ထင်းလဲရွေးတယ်...
10 Mar 10, 09:08
mon: ညီမတို့ငယ်ငယ်တုန်းက ငါးပူတင်းဟင်းစားဖူးတယ်..မတည့်တဲ့လူဆိုအန်တယ်တဲ့..ဒါ့ကြောင့်အိမ်မှာသိပ်မချက်စားဖြစ်ဘူး..
10 Mar 10, 09:06
mon: ဂွတ်မေားနင်း...း)
ကိုဘွိုင်း ငါးပူတင်းမစားနဲ့လေ :)
ReplyDeleteအဆိပ်ရှိတယ်ဗျ။
ကြားဖူးနားဝ ပြောတာပါ။ တကယ်သေသေချာချာသိဘူးဗျ။
ချက်ပေးတဲ့ စားဖိုမှူးက ဂရိတ်ဗျ။
ReplyDeleteကောင်းကောင်းလုပ်ပေးလို့ အခုလို ဘေးမသီရန်မခ ကျန်းမာ ပကတိ လန်းဖြာစွာရှိနေနိုင်ပြီး ပို့စ်တင်နေနိုင်တာပါခင်ဗျာ။
သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် ကိုမောင်မောင်ရေ့...။ :)