Sunday, June 6, 2010

စုံစီနဖာ အမှတ်စဉ် (မသိ/မမှတ်မိ ၀၂)

  1. ညဦးပိုင်း မအိပ်ခင်မှာ ရှုးပေါက်ထားရင် မနက်လင်းအားကြီးမှာ ထစရာ မလိုဘူး။
  2. Apple အနေနဲ့ iPhone တွေကို perfect prototype, reliable OS တွေ မဖြစ်မချင်း အသစ်တွေ ခဏခဏ မထုတ်သင့်ဘူး။ 3GS ထုတ်တာ တစ်နှစ်တောင် မပြည့်သေးဘူး။ အခု 4G ဆိုတာ ကို လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် WWDC မှာ ကြေငြာမယ်လို့ ကောလဟဠတွေ ဖတ်နေရလို့ လက်ထဲက ဖုန်းကိုပဲ လွင့်ပစ်ရတော့မလိုလို။
  3. တစ်ကယ်က အိုင်ဖုန်းက spec အပိုင်း ပြောရရင် သူများတွေလို စုံစုံလင်လင် ရှိတာ မဟုတ်ဘူး။ apps တွေ စုံတာရယ်၊ touch response က သူများတွေထက် ကောင်းတာရယ်မို့ သုံးဖြစ်တာ။
  4. အိုင်ဖုန်းကို ဂျေးဘရိတ်လုပ်လိုက်တာ ပိုကောင်းလာတယ်။ အရင်ကထက် response ပိုနှေးသွားတယ်လို့ သတိထားမိတယ်။ (Jail Break ၂ လ သက်တမ်း အတွေ့အကြုံအရ။)
  5. အဝတ်လျှော်စက်ထဲမှာ တပ်ထားတဲ့ Belt က Elastic properties လစ်မစ် ကုန်သွားရင် အဝတ်တွေကို ကောင်းကောင်းမညှစ်တော့တာ သိရတယ်။
  6. ဖေ့ဘွတ် သိပ်မသုံးသင့်တော့ဘူး လို့ ထင်တယ်။ (ဆင်ခြေ- ဗရိုက်ဗေစီ မရှိတာ၊ နောက် ကိုယ်တင်လိုက်တဲ့ပုံတွေကို ဖေ့ဘွတ်ထွင်တဲ့သူတွေက ကြိုက်တဲ့နေရာမှာသုံးခွင့်ရှိတယ် ဆိုတာကို မကြိုက်တာ။)
  7. မြန်မာသံရုံးက ဝန်ထမ်းတွေ အသစ်တွေ ဖြစ်တယ်လို့သိရတယ်။ ရောက်ဖူးတဲ့ လူတွေက ပြောတယ်။ ကိုယ်တို့က အသစ်လား အဟောင်းလားဆိုတာ သုံးနှစ်တစ်ခါ သက်တမ်းတိုး အခွန်ဆောင်မှ ရောက်တာ ဆိုတော့ မသိပါဘူး။ အဲ.. ၁၀ နှစ် တစ်ခါလောက် အဲဒီ သံရုံးမှာ ဝန်ထမ်း အပြောင်းအလဲ ရှိတယ်ဆိုရင်တော့လဲ ကိုယ်မသိဘူးပေါ့လေ။
  8. နိုင်ငံကူးလက်မှတ် စာအုပ် သက်တမ်းတိုး၊ အခွန်ဆောင်၊ စာအုပ် အသစ်လဲ စတာတွေ ဘာပဲလုပ်လုပ် စာအုပ်အသစ် နံပါတ်အသစ်ကို မဖြစ်မနေ ပြောင်းရတော့မယ် ဆိုပါတယ်။
  • ပထမ တစ်ရက် - ကိုယ်ဘယ်ရက်အတွက် ဖောင်တင်ရမယ်ဆိုတာကို ကျူနံပါတ် သွားယူရပါမယ်တဲ့။ သံရုံးထဲကို ရုံးဖွင့်ချိန်အတွင်း သွားပြီး နာမည် စာရင်းပေး။ အဲဒီမှာ ကိုယ် ဘယ်နေ့ လာပြီး ဖေါင်တင်ရမယ် လက်ဗွေနှိပ်ရမယ်ဆိုတာ သိပါတယ်တဲ့။ (တစ်ပတ်ကနေ နှစ်ပတ်လောက် ခွာချိန်းပါမယ်။)
  • ဒုတိယ တစ်ရက် - သံရုံးကဖေါင် သွားဖြည့်ရပါမယ်။ လက်ဗွေနှိပ်ရပါမယ်။ ဖေါင်တင်ရပါမယ်။ ငွေ ၁၅၀ ပေးရပါမယ်။ အဲဒီမှာ သူတို့က နောက်ရက်တစ်ရက်ကို သတ်မှတ်ပေးပြီး စာအုပ်အသစ် လာထုတ်ခိုင်းပါမယ်။ (ဒါလဲ ၁ ပတ်ကနေ ၂ ပတ်ကြာမယ်။)
  • တတိယ တစ်ရက် - စာအုပ်အသစ် သွားထုတ်လို့ရပါပြီ။ အဟောင်းကို ချက်ချင်း ပေးလိုက်ချင်လဲ ရတယ်။ ဒါမှမဟုတ် သက်ဆိုင်ရာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံက ရုံးတွေမှာ ကိုယ့်ပါတ်စ်ပို့ ကို update အကြောင်းကြားမယ်ဆိုရင် အဟောင်းကို အသစ်ထုတ်ပေးပြီး တစ်လအတွင်း သုံးခွင့်ရှိပါမယ်။ အဟောင်းကို တစ်လအတွင်း မြန်မာ သံရုံးကို ပြန်အပ်ရမှာ ဖြစ်ပါတယ်။
  • ဖူး... မလွယ်လိုက်တာ....။
9. ချစ်သူကို လွမ်းတယ်။

22 comments:

  1. 1.အဂရီး
    2.3.4.အိုင်ဖုန်းမရှိ
    5.ခုမှသိလား...
    6.ဖဘ....ပုံတွေ သူတို့ယူသုံးလို့ရတာကို မသိဘူး
    ဘုရား ဘုရား ငါ့ဓါတ်ပုံတွေ အမြန် ဖျက်ပစ်မှ...:P
    7.8.မပြောလိုပါ မကြားလိုပါ
    9.ဟင်...ဇွတ်ကြီးပါလား...

    ReplyDelete
  2. ကာရန်မဲ့သည်။ သို့သော်ငြားအသစ်မြင်ရသောကြောင့်ဝမ်းသာပါသည်။

    တစ်..အချက်အားကန့်ကွက်လိုသူများရှိပါသည်။

    နစ်.ဖုံးများကိုလည်းကန်ထရိုက်တစ်နစ်သာဖြစ်စေလိုသည်. my ဆုတောင်း.

    သုံး. touch screen ကတော့ပိုမြန်ပုံဘဲ. ဆမ်ဆောင်းကအထနေးတယ်။

    လေးး. download တွေများလို့ နေးသွားတာလည်းဖြစနိုင်သည်

    ငါး.အဝတ်မညှစ်တာတော့ဆိုးသည်။ လက်နင့်လည်းမညှစ်နိုင်.

    ခြောက်။ ဖဘ သုံးတာလား ဆော့နေတာလား. ဖတ်နေတာလား. ရေးနေတာာလား. တင်နေတာလား. ဆိုတာကိ သေချာသူံးသပ်သင့်သည်. .

    ခုနစ်. အသစ်များဖြစ်သွားကြောင်းထောက်ခံပါသည်. မကြာခဏရောက်သူတစ်ဦး.


    ရှစ်. စာအုပ်ပြောင်းတိုင်းနံပါတ်အသစ်ပြောင်းသည် (မကြာခဏပြောင်းဘူးသူ)
    ခွင့်သုံးရက် ဘုရားဘုရား ရှိတဲ့ခွင့်ကလေးကမှ လက်ချိုးရေလို့ရတယ်။
    အကြံပြုလိုသည်မှာ qu န့ပါတ်ကို လူစားဖြင့်ယူနိုင်စေရန် ..ရုံးကိုစနေနေ့ဝက်ဖွင့်ရန်
    စနေဖွင့်ရန် အကြံ့ပုလိုပါသည်.

    ယခု ရန်ကုန်တွင် မော်တော်ကားလိုင်စင်အသစ်လုပ်ရာ စနေတွင် collection.only ပေးလုပ်ပါသည် အတော်အံသြသွားသည်။


    ကိုး. အောင်မြင်ပါစေ. အောင်ရမည်. မုချ ဦးရန်အောင်.

    ReplyDelete
  3. စုံစီနဖာထဲ ချစ်သူကို ထည့်ထားမှန်း သိများသိသွားရင် ဖလား ဖလား တွေးရဲဘူး။

    ReplyDelete
  4. ကလူသစ် မြန်မာစာကို ကောင်းကောင်း မဖတ်တတ်သေးတာ သေချာသွားပြီ။
    ချစ်သူကို စုံစီနဖာထဲ ထည့်ထားတာ မဟုတ်ဘူး။
    လွမ်းတာကို ထည့်ထားတာ။
    လေတာပေါ့ ဆြာသစ်ရယ်...။ :P

    ReplyDelete
  5. ၁၊ သားရေကွင်းနဲ့ပတ်ထားလည်း ထစရာမလိုပါ။

    ReplyDelete
  6. ကိုယ်တွေ့လား တီဇက်အေ...။

    ReplyDelete
  7. နံပါတ် ၁ - အိပ်ခါနီး ရေထပ်သောက်ရင် မနက် အစော ထစရာလိုသည်
    နံပါတ် ၂ - Apple ကို စားစရာ ပန်းသီးလို့ ပဲ သိထားသည်
    နံပါတ် ၃ - ထိကရုံးပင်က ပိုပြီး စန်းစန့် တင့်ဖြစ်သည်
    နံပါတ် ၄ - ဂျေးကိုမြင်တိုင်း ချန်ဂီပရီစင်ကိုပဲ ပြေးမြင်သည်
    နံပါတ် ၅ - အ၀တ်လျှော်စက် တို့ နှင့်မဆိုင် သိရန်မလိုနှမတော်များသိသည်
    နံပါတ် ၆ - မေ့ဘွတ် ဘာလို့ မရှိသလဲ စဉ်းစားမိသည်
    နံပါတ် ၇ - အသစ် ဖြစ်၂ အဟောင်းဖြစ်၂ စိတ်ဓါတ်နဲ့  အကျင့်သည် ပုံသေဖြစ်သည် ထို့ ကြောင့် သံရုံးဝန်ထမ်းအသစ်= သံရုံးဝန်ထမ်းအဟောင်း
    နံပါတ် ၈ - အဆင့်မြင့်မြင့် တောင်းလို့ ကောင်းအောင် လုပ်ခြင်းသာဖြစ်သည် အီးပဲပြောင်း၂ ဇက်ပဲပြောင်း၂ တခြားနိုင်ငံသွားပါက ပြူးပြဲစစ်ခြင်းခံရမည်သာဖြစ်သည် ထို့ ကြောင့် ထူးမခြားနား ပတ်ပျိုးကို သတိယမိသည် လူများကို အလုပ်ရှုပ်အောင်လုပ်သောကြောင့် သံရုံးဝန်ထမ်းများလည်း အလုပ်ရှုပ်ပင်ပန်းမည် ထို့ ကြောင့် အဏုမြူဗုံးအားဆေး တတောင့်စီ အားဆေးအဖြစ် လက်ဆောင်ပေးချင်စိတ် အလွန်တရာပေါက်မိသည်
    နံပါတ် ၉ - ဖတ်ပြီး သံရုံးဝန်ထမ်းများကို မပေးခင် ကိုဘအား အရင်ဆုံး အဏုမြူဗုံးအားဆေး လက်ဆောင်ပေးချင်စိတ်အလွန် တထောင်ပေါက်မိသည်
    နံပါတ် မရှိ- ထို့ ကြောင့် ယနေ့ ညနေ အားပါက အမ်အာတီမှာ ၄င်းလက်ဆောင်အား လာယူပါရန်

    ReplyDelete
  8. ၁) ညဦးပိုင်းမှာ ရေအများကြီး မသောက်မိဖို့လည်း လိုတယ်

    ReplyDelete
  9. ၂) (လက်ထဲက ဖုန်းကိုပဲ လွင့်ပစ်ရတော့မလိုလို)

    အသံကောင်းဟစ်တာတွေကို မကြိုက်ဘူး။ လက်တွေ့လုပ်ပြ။

    ReplyDelete
  10. ၃) တအိုင်တည်း အိုင်နေတဲ့ အနားကလူတွေကြောင့်ကို အိုင်ဖုန်းမကိုင်ဖို့ ဆုံးဖြတ်မိတယ်။

    ReplyDelete
  11. ၄) Jail Break ဆိုရင် ကိုယ်ကတော့ review ကို အလွတ်တောင် ရလုမတတ်ဖြစ်နေတဲ့ Shawshank Redemption ပဲ ကြည့်ချင်လာတတ်တယ်။

    ReplyDelete
  12. ၅) သူ့သက်တမ်းက ဘယ်လောက်ရှိတာလဲ။ ဘယ်နေရာမှာ ကြည့်ရမှာလဲ။
    info ကို စုံစုံလင်လင် ပေးပါ။

    ReplyDelete
  13. ၆) fb ရှိကို မရှိရင် အကောင်းဆုံးပဲ။ လိုက် check ရတဲ့ တနေရာ လျော့သွားလည်း မနည်းဘူး။

    ReplyDelete
  14. ၇) စိတ်မဝင်စား။ အေးဂျင့်နှင့်သာ အလုပ်လုပ်သည်။ ပိုက်ဆံပေးပြီး အောက်ကျို့ရလျှင် အသက် တိုနိုင်သည် ထင်၏။

    ReplyDelete
  15. ၈) အဲဒီကိစ္စအတွက်ရော အေးဂျင့်နဲ့ လုပ်လို့ မရဘူးလား။ ရေးထားတာ ကြည့်ရတာ ကိုယ်တိုင်လုပ်ရမယ်ဆို ခွင့် ၃ ရက် ယူရမယ့်ပုံပဲ။ ရုံးက မေးလိမ့်မယ်။ 'သံရုံးကိစ္စ ၃ ရက်ကြာအောင် လုပ်ရအောင် မင်းက သံအမတ်လားလို့'

    ReplyDelete
  16. ၉) မမြင်ချင်ယောင်ဆောင်သွားတယ်။

    ReplyDelete
  17. နံပါတ် ၉ - Blind Shot ပါကွယ်...း))

    ReplyDelete
  18. အပင်မြင့်လို့ လေတိုက်တာတွေကို မမြင်ချင်ယောင်ဆောင်လုပ်သွားတယ်။
    ဖြေသင့်တာတွေကိုပဲ ပြန်ဖြေပေးလိုက်တယ်...။
    အေးဂျင့်နဲ့ လုပ်ရင်လဲ လက်ဗွေကို အေးဂျင့်က အငှားနှိပ်ပေးနိုင်မှာ မဟုတ်တဲ့အတွက် အနည်းဆုံး ခွင့်တစ်ရက်ကတော့ မယူမနေရ ယူရမယ် ထင်ပါတယ်။

    ReplyDelete
  19. နောက်ဆုံး အချက်က လက်ပံသားဓါးနဲ့ချိုင်တာပဲ။
    ချစ်သူတွေ့ ယင်တော့ လား နံပါတ် ၁ မှာ မထားလို့  စိတ်ဆိုးရချေသေးရဲ့ ။
    ကြုပ်ကျပ်လိပါ ကိုဘွိုင်း ရေ
    အိပ်ပြီတာ့တာ

    ReplyDelete
  20. နင်က ချစ်သူလွမ်းတယ်ပြောရအောင် နင့်ချစ်သူက ဘယ်မှာမှို့လဲ

    ReplyDelete
  21. ရွှေဘခံနေရတာ ခဏပါ။ တစ်ဆိပ်လေးသီးခံပေးကြပါ။
    မကြာခင် ရွှေဘကပြန်ချ... အဲလေ သေတော့မှာပါ www

    ဘာဘဲပြောပြောဗျာ၊ computer code နဲ့ passportကိုင်ရမှာဆိုတော့ ပြည်မြန်မာသားတစ်ယောက်အနေနဲ့ရင်ခုန်မိသား ။

    အမြဲတမ်းလက်ရေးp.port ဆိုတော့လေဆိပ်တွေမှာ အထူးဆန်းလုပ်ခံရတာထက်တော့ ၂ပတ်လောက်သည်းခံလိုက်ရတာပိုကောင်းသလားလို့ ww

    ReplyDelete
  22. ၁။ TZA-၏ နည်းနှင့် ခွေးလေးတွေကို စမ်းကြည့်ဖူးသည်။ တစ်လလောက်ကြာတော့ Ok သွားသည်။ သူ့အတွက် တော်သလင်း ဒုက္ခ မရှိတော့။
    ၂။ လွင့်ပစ်ချင်ရင် အသိပေးပါ။( လိုက်ကောက်ရန်)
    ၃။ App စုံစုံ မစုံစုံ အိုက်ပက်ကို ပိုလို့ စိတ်ဝင်စားနေသည်။
    ကျန်တာတွေ မသိသေး။ (ကျေးဇူး နဲနဲ တင်ပါသည်။)

    ReplyDelete