Sunday, June 27, 2010

အတ္တ တစ်ခုကို ပုံဖော်ခြင်း။

ဒီလိုနဲ့ ကြယ်တွေ ငိုတဲ့ညကို ငါလွန်ခဲ့တယ်...။
တိမ်ခါးခါးတွေကတော့ အခုထိ တောက်နေတုန်း...။
ငါ့လက်ထဲက မရှိမုန့်ကို လာလာတောင်းနေတော့
အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။

နိုးချိန်တန်လို့မှ ထ မလာတာ ငါ့အပြစ် မဟုတ်...။
ငတက်ဖြားက ငါ့ကို သူခိုးလို့ လာဟစ်နေတယ်...။
(အိပ်မက်ထဲထိတောင် ငါပြုံးမိရဲ့...။)
ဥယျာဉ်မှူးတစ်ယောက် မဟုတ်သလို
မာလီလဲ မဟုတ်ဘူး...။

ငါပြုံးနေခဲ့တာ မဟုတ်ဘူး...။
မချိရင်ကွဲ ဖြစ်နေတာ...။
မင်းသား မဟုတ်တောင် ဆိုင်းနောက်ထ လို့
အထင်ရှိနေတဲ့ နင့်ရဲ့
ဟန်ဆောင် မျက်နှာဖုံး ကွာကျတော့
အလို ...။
ဘီလူးမဟုတ်ဘူးကိုး...။
စပျစ်သီးချဉ်တယ်လို့
ငြီးနေတဲ့ လျှာနှစ်ခွနဲ့ မြေခွေး ဖြစ်နေပါရော့လား...။
လက်ထဲမှာလဲ ဓါးမြောင်တစ်ချောင်းနဲ့
သွေးတွေ စွန်းနေတယ်...။
ငါ့ကျောမှာတော့ သွေးတွေ စက်စက်ယိုလို့...။

အဒ်ဂါ အယ်လဲန်ပိုး၊ ဆီမွန် ဒီပူးပွား
တိုက်ဂါးဝုဒ်၊ မော်စီတုန်း
....
....
သူတို့နဲ့တူပေမဲ့ မတူခဲ့ဘူး...။
မကာရ်းကောင်ကြီးရေ့...။
နင့်မှာ ချိုနှစ်ချောင်းတောင် ရှိခဲ့ပေမယ့် လိုက်မဝှေ့ခဲ့ပါလား...။
လင်းပိုင်လို အမြီး ရှိပေမယ့် ရေမကူးခဲ့ပါလား...။

စကားမစပ်
တန်ရာတန်ရာပဲ ပြောစမ်းတဲ့...။
သင်္ကြန်အမြောက်လို မဖြစ်ချင်စမ်းနဲ့တဲ့...။
ရှေ့မှီ နောက်မှီ ပုဂ္ဂိုလ်များ ပြောခဲ့ကြတယ်...။
ဥပုသ်စောင့်ချင်ယောင်ဆောင်တဲ့
ကျားတစ်ကောင်တော့ တွေ့ခဲ့တယ်...။
ဝက်ပျိုမ များကတော့ တစ်နေ့ထက်တစ်နေ့ လျော့လျော့သွားတာပဲ...။

ဟိမ၀န္တာက သင်းကွဲငှက်ကြီးရေ...။
(တစ်ကယ်တော့ အပုပ်ကောင်ကို စားတဲ့ လင်းတ တစ်မျိုးပါ...။)
ရေခြား မြေခြားမှာ နေတတ်အောင် နေပါ့လား...။
အတောင်ညောင်းလို့ နားမယ်ဆိုလဲ
လွတ်ရာကျွတ်ရာနေကွဲ့...။
သာဂိ လေးဂွစာ မိသွားလို့
အရှေ့မြောက် လေစီးကြောင်းထဲ မပါသွားပဲ နေဦးမယ်...။

နက္ခတ်တွေ စုံတော့မယ့်နေ့ကို ရောက်တော့မယ်...။
လတစ်စင်းကတော့ ပျောက်နေတုန်း...။
တဂိုးရေ...။
နေမင်းနဲ့လွဲလို့ ငိုနေခဲ့တာ မဟုတ်ပါဘူး...။
လမ်းမတန်းက ဖုန်ထူနေလို့
မျက်စိမှိတ်ထားခဲ့တာပါ...။
နေ့တိုင်း မြင်နေရတာပဲ...။
တစ်ရက်လောက် လွဲတာနဲ့ ဘာမှ ဖြစ်လောက်မှာ မဟုတ်ဘူး...။

(ပြန်ကောက်ရရင်တော့)
ဒီလိုနဲ့ ကြယ်တွေ ငိုတဲ့ညကို ငါလွန်ခဲ့တယ်...။
တိမ်ခါးခါးတွေကတော့ အခုထိ တောက်နေတုန်း...။
.......
.......
အိတ်ထဲက အလွမ်းတစ်ဆုပ် ကြဲပေးလိုက်တယ်...။


(အလွမ်းသင့် ကွင်းပြင်ကို ဖြတ်တိုက်လာသော မကျေနပ်ခြင်း လေညှင်းများကို ခံစားထားခြင်း ဖြစ်သည်။
အရမ်းကာရော ဘာသာပြန်လိုပါက မူပိုင်ခွင့် ရှိသည်ကို သတိချပ်လေ...။)

စာကြွင်း။ ။ ဆားချက်တာနော်။ ဆားချက်တာ။

18 comments:

  1. လျှာနှစ်ဟောက်နဲ့ မြွေခွမ ပဲ ကြားဖူးဒယ်... ခုက မြေခွေးတဲ့..။
    နားမလည်တာတွေ မသိတာတွေ ရှိသေးဒယ်.. သေချာဖတ်ပြီး ပြန်လာပြောမယ်။

    ReplyDelete
  2. မကာရ်းကောင်ကြီး ဆိုတာ ဘာကောင်ကြီးတုံး၊ ပင်လယ်ထဲက ငါး လိပ်၊ မကန်း အဲဒီကောင်ကိုပြောတာလား..။ ကျန်သေးတယ်.. ခဏစောင့်...

    ReplyDelete
  3. လင်းတငှက်တွေက အေ၇ှ့မြောက်အရပ်ကို ပျံကြတာလား..။
    ငါ့နှယ်နော်... ခင်မောင်တိုး သီချင်းတောင်ဆိုကြည့်မိသေး..အဲဒါက ကြိုးကြာပဲ...။

    ReplyDelete
  4. KBရေ.....
    ဒီကဗျာကို ကြိုက်တယ်။
    အဲလို ခပ်ရွတ်ရွတ် ရေးထားတာတွေက
    တခါတလေ ရင်ဘတ်ထဲကို တည့်ဝင်တယ်ဗျ။
    ကြိုက်လို့ မန့်ခဲ့တယ်။ ။:P

    ReplyDelete
  5. ဟိမ၀န္တာက သင်းကွဲငှက်ကြီးရေ..ဆိုတာ.. သူ့ကိုယ်သူပြောတာလား မသိ အဟိ။

    ReplyDelete
  6. (((( ကတောက် )))))))) မောင်ဘွတ်.....မင်း လုပ်ရက်တယ်ကွာ။ မနက်ဖြန် တနင်္လာနေ့လေ။ အလုပ်ဆင်းရတော့မယ်။ ဒီနေ့ စိတ်အေးအေးဆေးဆေးလေး နေပရစေလားကွာ

    ReplyDelete
  7. နိုးချိန်တန်လို့မှ ထ မလာတာ ငါ့အပြစ် မဟုတ်...။

    အို...ညက ဘောပွဲကြည့်မိလို့ပါ ကိုဘွိုင်းရယ်...:P

    ReplyDelete
  8. ရှပ်ဖတ်သွားတယ် ဟိ..

    ReplyDelete
  9. ကြဲပေးလိုက်တယ်ဆိုလို့လိုက်ကောက်တာ ပေါက်ပေါက်ဆုပ်နဲ့ချိုချဉ်တွေချည်းပါလား...... :P

    ReplyDelete
  10. ဖတ်ကို မဖတ်ဘူး
    ပျင်းလွန်းလို့

    ReplyDelete
  11. comment တွေပဲ ဖတ်သွားတယ်။

    ReplyDelete
  12. မင်္ဂလာပါ..။ လာလည်ဖတ်ရှုသွားပါတယ်.။ ကဗျာလေးကကောင်းလွန်းလို့
    ဘာပြောရမှန်းမသိတော့ပါဘူး..။

    ခင်မင်စွာ
    သဒ္ဓါလှိုင်း

    ReplyDelete
  13. - မယ်ဆင် - မကားရ်ကောင် ဆိုတာ ကိုးတန်းတုန်းက သင်ဖူးတဲ့ မဟာဇနက္က ဝတ္ထုမှာ ပါတယ်လေ။
    “ထောပတ်ဆီဦး ပါသော အစားအစာများကို စားသောက်၍ ဆီလိမ်းထားသော အဝတ်ကို ကိုယ်တွင် မြဲမြံစွာ ဝတ်ဆင်လျက် လင်းယဉ်တိုင်ထိပ်မှ ငါး၊မကားရ်၊ လိပ်များ လွန်ရာ အရပ်သို့ ခုန်ချလေသည်။”
    ဆိုတဲ့ အပိုဒ်လေး.. ဟမ်မလေး မောလိုက်ထှာ..။

    - ကို Heartmuseum ရေ ... ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။

    - Discovery Channel မှာ ကြည့်ဖူးတဲ့ စီးရီးစ်တွဲမှာ ပါတဲ့ ဟိမဝန္တာက လင်းတငှက်တွေပါ။ သူတို့တစ်တွေ ဆောင်းရာသီရောက်ရင် မူရင်းနေရာကနေ ဟိမဝန္တာ တောင်တန်းတွေကို ဖြတ်လို့ တောင်ဘက်အရပ်ကို ဆောင်းခိုတတ်ကြတယ်။ တစ်ချို့ သက်လုံမကောင်းတဲ့ ကောင်တွေဆို ဧဝရက်တောင်စွယ်ကို ဖြတ်ပျံဖို့ မတတ်နိုင်လို့ အတောင်ညောင်းပြီး ပြုတ်ကျကုန်တယ်။

    - ကလူသစ် ဘာဒေဖစ်.... :)

    - Honey သိုင်းကျူး....

    - ချစ်ကြည်အေး - ဒါဆို ဒီနေ့ ရုံးနောက်ကျတယ်ပေါ့...။

    - မိဗျစ် - လျှပ်ဖတ်တာ မဟုတ်ဘူးလား...။

    - သန့် - ရှင်လောင်းလှည့်ပွဲနဲ့ မှားနေပြီ ထင်တယ်။

    - ရီတာ - ပို့စ်တင်တာ မဖတ်ပဲ ကော်မန့်ဖတ်တာ သူတစ်ယောက်တည်းပဲ ရှိတယ်။ ပို့စ်တင်ရကျိုး တစ်ယောက်စာ မနပ်။ (မနပ်တော့ ပျော့ပြဲပြဲဖြစ်...။ ရီတာ ပျော့ပြဲကြီး...။ ဟီး)

    - သဒ္ဓါလှိုင်း - လာလည်တဲ့ အတွက် ကျေးဇူးပါတယ်။

    ReplyDelete
  14. မိန်းကလေးရေ...........
    မငိုပါနဲ့.
    မင်းအတွက် အချစ်ငါ့မှာ မရှိခဲ့ဘူး.
    အလွမ်းတွေကိုသာ သယ်ဆောင်သွားပါတော့

    အိပ်ချင်ယောင်ဆောင်တဲ့သူကို အနှိုးရခက်သတဲ့.
    မင်းမနိုးချင်တာ ဘယ်နယ့်လုပ်မလဲ့ကွယ်။
    သူခိုးက လူဟစ်ပြန်လို့ မချစ်မိတာကို ဘယ်နဲ့လုပ်မလဲ..
    အိမ်မက်ထဲထိငါပြုံးမိသေးတယ်။

    ငါဟာမင်းအတွက်ဥယဉ်မှူးတစ်ယောက်မဟုတ်ခဲ့သလို
    အခိုင်းအေစတစ်ယောက်လဲမဟုတ်ခဲ့ဘူး

    မင်းဟန်ဆောင်ကောင်းလွန်းတယ်။
    စပျစ်သီး မရရင်ချဉ်တတ်တဲ့ မြေခွေးတစ်ကောင်ရဲ့ချဉ်ခြင်းမျိုး
    ငါမဖြေရှင်းလိုတော့ဘူး.
    မင်းထိုးခဲ့တဲ့ ဒါးနဲ့ငါ့ကျောလဲ သွေးချင်းချင်းနီနေခဲ့ရောပေါ့။

    အဒ်ဂါ အယ်လဲန်ပိုး၊ ဆီမွန် ဒီပူးပွား
    တိုက်ဂါးဝုဒ်၊ မော်စီတုန်း
    ....
    ....
    သူတို့နဲ့တူပေမဲ့ မတူခဲ့ဘူး...။
    ကိုယ့်ကိုယ်ကိုစဉ်းစားမိတယ်။
    မင်းဘာလို့ငြိမ်နေရတာလဲ.။

    အခြေအနေကိုသုံးသပ်ကြည့်ဦး.

ိတိမ်ခါးခါးတွေတောက်နေပေမဲ့.
    ငါဘာတတ်နိုင်မှာလဲကွယ်.
    အလွမ်းတွေကိုဘဲယူသွားပါတော့
    မင်းအတွက် ငါ့အချစ်မှ မရှိဘဲ.

    ReplyDelete
  15. မူပိုင်ခွင့်ရှိရှိမရှိရှိ..


    လွန်တာရှိဝန္ဒာမိ

    ReplyDelete
  16. ကိုဘရဲ့ ပြန်စာ
    ၁) စီဘောက်မှာ ပြောတုန်းက မိကျောင်းပါ ပါသလားလို့။ မိကျောင်းကိုတောင် မိချောင်းလို့ သတ်ပုံမှားရေးလိုက်သေးတယ်လေ။

    ၃) ဟိုတလောက ကြိုးကြာတွေအကြောင်း မေးတုန်းကတော့ DISCOVERY မှာ ကြည့်ခဲ့ရတာဆို၊ အဲဒါ ကြိုးကြာတွေဆို... ခုကျတော့လည်း ဠင်းတတွေ ဖြစ်ကုန်ပြန်ပြီ။ ကိုဘ လေဖမ်း ဒါန်းစီး...

    ၉) မနပ်ရင် ပျော့တာပဲလို့ ဘယ်သူပြောလဲ။
    မာဆတ်ဆတ်လည်း ဖြစ်နိုင်သေးတယ်။

    ReplyDelete
  17. တော်သေးတယ် အခုမှဖတ်မိလို့ .. ဖတ်ပြီး ပြန်အိပ်ပျော်သွားတယ် .. ကျေးဇူးတင်လိုက်တာ။ (တိန်)

    ReplyDelete