Thursday, December 9, 2010

iPhone Warranty : Applecare Protection Plan



မနှစ်က ဝယ်ထားတဲ့ အိုင်ဖုန်းလေး အခုလထဲမှာ အာမခံကာလ တစ်နှစ်က ပြီးတော့မယ်ဆိုတာ သိလို့ Apple Store ကနေ AppleCare Product Plan ဆိုတာလေး ဝယ်လိုက်တယ်။ နောက်တစ်နှစ်အထိ အာမခံ ရှိသွားတာပေါ့။ အိုင်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ Hardware ပိုင်း၊ software ပိုင်းဆိုင်ရာ ပြဿနာ တက်လာရင် Apple ကနေ တိုက်ရိုက် support လုပ်ပေးနိုင်မယ့် plan လေးပေါ့။

အိုင်ဖုန်းဝယ်တုန်းက ဒီ package လေးကို ဝယ်လိုက်မယ်ဆိုရင် ၃၀% ဈေးလျှော့ပေးပါတယ်။ မဝယ်ဖြစ်လိုက်လို့ ပထမ အာမခံကာလ တစ်နှစ်အတွင်းမှာ ဒီပက်ကေ့ခ်ျကို ဝယ်မယ်ဆိုရင် ပထမ အာမခံတစ်နှစ် ပြည့်သွားရင် နောက်တစ်နှစ် extend လုပ်ပေးပါမယ်။ အိုင်ဖုန်းစစချင်း ဝယ်ရင်တော့ နှစ်နှစ်အာမခံ ရတဲ့ သဘောပေါ့။


One to one exchange ရမရတော့ မသိဘူး။ လောလောဆယ်တော့ ၉၉ ကျပ် ထွက်သွားပြီ။ နောက်တစ်နှစ်အတွက် အာမခံ စိတ်ချရသွားပြီ။

Apple Product အားလုံးကို တစ်ခုချင်းစီအတွက် ဒီ AppleCare Product Plan က အကျုံးဝင်ပါတယ်။
iPhone အတွက် Applecare Protect Plan ဝယ်ချင်ရင် ဒီလင့်ခ်ကနေ သွားလိုက်ပါ။

Bonus :
တစ်ခြားသော Apple Product များအတွက် Applecare Protection Plan ဈေးနှုန်းလေးတွေ ရေးပေးလိုက်ပါတယ်။

6 comments:

  1. အသိတရောက် အိုင်ဖုန်း ပျက်သွားတာ အသစ်ဝယ်လိုက်ရတယ် တနှစ် မပြည့်ခင် ကလိတာ လွန်သွားလို့ ...

    ReplyDelete
  2. ကျနော်ကတောဖွင့်ရုံဖါင့်တာ မကလိတတ်တော့ ပျက်ခဲတယ်ဗျာ..အစကတော့ ဘာဝယ်ဝယ် အဲလို plan တွေဝယ်သေးတယ်..ပျက်တဲ့ အချိန်ကြ အသစ်တွေပေါ်နေတော့ အသစ်လိုချင်ပြန်ရော..အဟောင်းကိုမလိုချင်တော့ပြန်ဘူး..အဲဒီ plan ဈေးကလဲ အသစ်တလုံးဈေးလောက်ကို ယူထားတော့ မတန်ပါဘူးဗျာ.. ခံရပေါင်းများလို့ အံတောင်ဘယ်ရောက်နေပြီလဲမသိဘူး..

    ReplyDelete
  3. ကိုငဝန်နဒီ - အိုင်ဖုန်းပျက်အောင် ကလိတယ် ဆိုတာ harware ပိုင်းကို ပြောတာလား။ ဒါဆိုရင်တော့ အသစ်ဝယ်ရမယ်။ software ပိုင်းဆိုရင်တော့ iTunes နဲ့ချိတ်ပြီး restore ပြန်လုပ်တာနဲ့ ဖုန်းက factory setting ပြန်ရောက်သွားပြီး မူလ အသစ်အတိုင်း ဖြစ်တယ်ဗျ။

    ကိုကြီးကျောက် - ကျွန်တော်တို့လို ဟိုကလိ ဒီကလိ လုပ်တတ်တဲ့ သူတွေ အတွက်တော့ အာမခံက ဝယ်ထားမှ ဖြစ်တာဗျ။ နားကျပ်တစ်ခါသွားလဲ လာပြီးပြီ။ ပြတင်းပေါက်နားက နေရောက်အောက်မှာ တစ်ပတ် ဆက်တိုက် ထားမိလို့ ပလပ်စတစ်တွေ အရည်ပျော်ကုန်တာ။ အဲဒါ Warranty သွား claim လာတာ ပေးတယ်ဗျာ။ အခု အဲဒီ အသစ်ကို ရလာတာ တစ်ပတ်လောက်ပဲ ရှိတာကို အပြေးလေ့ကျင့်ရင်း နားထောင်နေတာ ချွေးဝင်တာလား ဘာလား မသိဘူး.. အခု mic က အလုပ်မလုပ်ဘူး။ စပီကာကတော့ အသံထွက်နေတုန်းပဲ။ ဒီလ ၁၆ ရက်ကို telco ဆီက Warranty က ကုန်တော့မှာ။ မကုန်ခင် ပြန်ပေးလိုက်ဦးမယ်။

    ReplyDelete
  4. ကျွန်တော့ ညာဘက်နားကျပ် မကောင်းတော့လို. စင်ကာပူဘယ်နေရာမှာ သွားလဲလို.ရလဲ သိပါရစေ။

    ReplyDelete
  5. extended warranty ၀ယ်လိုက်တော့  နောက် ၁၂လ စိတ်ပူစရာ မလိုတော့ဘူးပေါ့

    ReplyDelete
  6. @Idea Planter - ကိုယ်ဝယ်လာခဲ့တဲ့ ဖုန်းကုမ္ပဏီဆီသာ သွားပါလေ။ စတားဟပ်ဆို တန်းပနစ်မောလ် ဒုတိယထပ်၊ ပလာဇာစင်ကာပူရ မြေညီထပ် တွေမှာ သွားပြီး complaint တက်လို့ရတယ်။ (Warranty ကာလ မကုန်ရင်ပေါ့)။ စင်းတဲလ်ဆို Orchard နားက Comcenter ကိုသွားရမယ်။ ဆမ်းမားဆက်နဲ့ ပိုနီးမလား မသိဘူး။

    @AMK - သူက Repair and Phone Support ပေးတာပါ။ One to one exchange တော့ မပေးလောက်တော့ဘူး ထင်တယ်။ ပထမတစ်နှစ်သာ one to one exchange ပေးတယ် ထင်ပါတယ်။

    ReplyDelete