Friday, December 3, 2010

iPhone apps: Viber





အိုင်ဖုန်းထဲမှာ သုံးထားတဲ့ apps တွေထဲက ကောင်းတာလေး တစ်ချို့ကို ဝေမျှချင်လို့ပါ။
ဒီ apps က ဖုန်းအစားထိုးပြောလို့ရတယ်လို့လဲ ပြောလို့ရတယ်။ သူက skype လိုမျိုးပဲ။ တစ်ခု ပိုကောင်းသွားတာက skype လို account တစ်ခု သတ်သတ် ရှိစရာ မလိုဘူး။ အဲဒီ apps ကို Install လုပ်ပြီး run လိုက်တာနဲ့ သူက ကိုယ့် contact ထဲက ရှိတဲ့ လူတွေထဲက အလားတူ Viber apps သုံးတဲ့ လူတွေဆီကို တန်းခေါ်လိုက်လို့ရတယ်။ သူက Wifi, 3G network ကနေတစ်ဆင့် အလုပ်လုပ်တာမို့လို့ အချိန်မရွေး သုံးစွဲနိုင်တဲ့ အနေအထားပါ။ ကိုယ့်မှာတော့ Data Plan တော့ ရှိဖို့ လိုပါလိမ့်မယ်။ စင်ကာပူက iPhone သုံးစွဲသူ အများစုကတော့ ပလန်စယူကတည်းက 12GB Data Plan ပါတဲ့ ပလန် အမျိုးအစားကို ယူကြတာ များတော့ ဒေတာ သုံးစွဲမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး။ တစ်ခြားသော နိုင်ငံက သုံးစွဲသူတွေတော့ ဒေတာ ပလန်ကို သေချာ စိစစ်ဖို့ လိုပါတယ်။ (ဒေတာပလန်နဲ့ ပတ်သက်လို့ စလုံးက တစ်ခုကောင်းတာက တစ်လတစ်လကို 12GB အထိ အများဆုံး ပေးသုံးထားပါတယ်။ ပိုရင်လဲ ပိုသလောက်ပေးရပြီး အပိုကြေးကို အများဆုံး ဒေါ်လာ ၃၀ အထိပဲ ပေးရပါတယ်။ ကျွန်တော်ကတော့ တစ်လတစ်လ ဖုန်းက ဒေတာတွေ သုံးတာ 4GB တောင် မရှိဘူး။)

အခု Viber ကတော့ သူ့ကို ပိတ်ထားရင်လဲ Viber ကနေ ကိုယ့်သူငယ်ချင်းက ဖုန်းဆက်လာရင် မြည်ပါတယ်။ Background မှာ run မနေရင်တောင် push notification နဲ့ alert ပေးပါတယ်။ Battery power စားသုံးမှု အလွန်နည်းပါတယ်။ Viber use ကနေ Viber user အချင်းချင်း ဖုန်းခေါ်တာ ဖရီးပါ။ ကိုယ့် contact list ထဲက နံပါတ်ကို သုံးပြီး ခေါ်တာပါ။ နိုင်ငံရပ်ခြားက Viber User ကို ခေါ်လဲ ဖရီးပါပဲ...။ သုံးသင့်တဲ့ application တစ်ခုမို့လို့ မျှဝေလိုက်တာပါ။

Download လုပ်ချင်တယ် ဆိုရင်တော့ apple apps store ကနေ search အောက်မှာ Vibre free ဆိုတာကို ရိုက်ပြီး ရှာလိုက်ပါ။ နောက် Install လုပ်လိုက်တာနဲ့ တန်းသုံးလို့ ရပါပြီ။ Install လုပ်ပြီး နောက်ပိုင်း ကိုယ့်ဖုန်းနံပါတ်အမှန်ကို တောင်းလာရင် ပေးလိုက်ဖို့ မမေ့ပါနဲ့။ Activation code ကို ကိုယ့်ဖုန်းဆီကို မက်ဆေ့ခ်ျ အနေနဲ့ ပို့လာမှာ မို့လို့ပါ။

နိုင်ငံရပ်ခြားကို ဖုန်းခေါ်ဆိုခ မကုန်ပဲ အလွယ်တကူ ခေါ်နိုင်ကြပါစေ။

Viber website ကနေ apps ကို download လုပ်နိုင်သလို iTunes ကနေ ဒီလိပ်စာနဲ့လဲ Download လုပ်နိုင်ပါတယ်။

စာကြွင်း။ ။
၁။ iOS 4.xx သွင်းထားတဲ့ iPhone 3GS/ iPhone 4 တွေမှာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် အလုပ်လုပ်တာ တွေ့ရပါတယ်။
ှ၂။ မရှင်းတာရှိရင် ဒီလင့်ခ် ကနေ ဝင်ဖတ်နိုင်ပါတယ်။

(ကြော်ငြာခ မရပါ။ အသုံးဝင်လို့သာ မျှဝေခြင်း ဖြစ်ပါတယ်။ ဒီ apps ကို သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာသော အကျိုးအပြစ်များကို စာရေးသူမှ တာဝန်မယူပါကြောင်း.....။)

Description

Viber is an iPhone application that lets you make free phone calls to other iPhone users that have Viber installed. When you use Viber, your phone calls to any other Viber user are free, and the sound quality is much better than a regular call. You can call any Viber user, anywhere in the world, for free. All Viber features are 100% FREE and do not require any additional “in application” purchase.


******************************************************

Viber - Free Phone Calls


  • Free
  • Category: Social Networking
  • Updated: Nov 24, 2010
  • Current Version: 1.0.4
  • 1.0.4 (iOS 4.0 Tested)
  • 6.0 MB
  • Languages: English, Chinese, French, German, Japanese, Russian, Spanish
  • Seller: Viber Media Inc.

Requirements:Compatible with iPhone, iPod touch, and iPad. Requires iOS 3.0 or later

7 comments:

  1. ကျေးဇူး ko Boyz

    ReplyDelete
  2. သုံးပြီးပြီလား...။
    စလုံးကနဲ့ ထိုင်းက သူငယ်ချင်းတွေကို ခေါ်ကြည့်တာ ကြည်ချက်.. ကိုယ့်အနားကို လာပြောနေသလိုပဲ...။

    ReplyDelete
  3. သုံးကြည့်မယ် သူငယ်ချင်းတွေလဲ ပြောကြတယ် :)10Q

    ReplyDelete
  4. သုံးကြည့်ပါ အစ်မရေ။
    လောလောဆယ်တော့ ဖုန်းဖိုး သက်သာနေတယ်ဗျ...။ ကြည်လဲ ကြည်တယ်။
    ကိုယ့် 3G ကလဲ လိုင်းပြည့်ရင် ပိုကြည်တာပေါ့ဗျာ...။
    (ပွဲတုန်းက အစ်မကို မတွေ့ဖြစ်တာက အလုပ်တွေ ရှုပ်နေလို့ပါ...။ လူကို ပြိုင်းသွားတာပဲ။ နောက်တစ်ခါ တွေ့ကြတာပေါ့နော် အစ်မ.. မောင်တီ ပွဲ တွေ့ဖြစ်မယ် ထင်တယ်။)

    ReplyDelete
  5. myanmar ko call yin yaw ... ya lar?

    ReplyDelete
  6. the person u call must install viber apps. This is for viber apps to viber apps user only...

    ReplyDelete