Tuesday, April 12, 2011

ပွင့်ကြွေတစ်ချို့

Photo Credit to : Hnin Wut Yi

ရတတ်သမျှအချိန်တွင် ကောက်သင်းကောက်သလို သူကောက်ချင်သော်လည်း ပွင့်ကြွေများက သူမျှော်လင့်ထားသလို အရေအတွက်များများ ကျမလာခဲ့။
တစ်ချို့က ချောက်ထဲသို့..
တစ်ချို့က ချောက်နှုတ်ခမ်းကျလုလု။
အရင်နေရောင်များများ ရခဲ့သော ကာလက ကောက်သင့်သလောက် မကောက်မိပဲ လေလွင့်သွားသော ပွင့်ကြွေများကို သူမြင်ယောင်မိသည်။
လေနတ်သားကိုပဲ အပြစ်တင်ရမည်လား...
ပွင့်ကြွေတွေ အများကြီး ကျန်နေသေးတယ်ဟု သူ့ကိုယ်သူ ဆင်ခြေပေးခဲ့တာကိုပဲ အပြစ်တင်လေမလား...။

တွေ့သမျှကို တံချူနှင့် ချူလိုက်ချင်သော်လည်း သူ့ချူတံကပဲ တိုလို့လား အပွင့်တွေက မြင့်လွန်းလို့ပဲလား မသိ။ မမှီနိုင် ဖြစ်နေသည်။ တစ်ချို့သော အပွင့်များသည် အလှမ်းမှီသော်လည်း လိုချင်သည့် အချိန်တွင် ချူနိုင်၍ ချန်ထားသည်။
လေနတ်သား နောက်တစ်ချက် အသော့ ပြန်လာသော အခါ အညှာမခိုင်သော အပွင့်တစ်ချို့ကြွေလာပြန်၏။
ကိုယ်လိုချင်သော အပွင့်တစ်ပွင့် ပါလာသည်ကိုတွေ့လေတော့ လက်နှင့် အယမ်း ....
ချောက်နှုတ်ခမ်းသို့ ရောက်သွားသည်။
အရှိန်ကြောင့် အောက်သို့ ကျလေသလော....
လေအေးစူးစူးက အောက်မှ ဒလစပ် ပင့်တင် ထိုးခွဲတက်နေသည်ကို ခံစားမိသည်။
တစ်ဟူးဟူး လေသံများသည် နားထဲသို့ အငမ်းမရ တိုးဝင်...

ငြိမ့်ကနဲ ငြိမ့်ကနဲ.....

သူအိပ်မက်မှ ဂယောင်ခြောက်ချား လန့်နိုးမိလေသလား...
ပွင့်ကြွေတွေကတော့ ဟိုတစ်ပွင့် ဒီတစ်ပွင့်...

5 comments:

  1. ချူတံတိုတယ်ဆိုတော့ တွေးစရာတွေ များကြီး ရသွားတယ်.. အင်းး =P

    ReplyDelete
  2. အိပ်မက်ယောင်နေတဲ့ သူတယောက်နဲ့အတူ ပွင့်ကြွေတွေ ဟိုတစ ဒီတစနဲ့ ပျံ့ကြဲနေတာ မြင်ယောင်လာတယ်... ကြိုက်တယ်...။

    Photo Credit လို့ မရေးနဲ့လေ... ဒါ Art Work ပါ...း))

    နှစ်ယောက်ပေါင်းလို့ ဖြစ်လာတဲ့ ပိုစ့်တခု... ချစ်စရာ...။

    ReplyDelete
  3. ဒလစပ် => တရစပ်
    http://myanmarwords.pikay.org/2008/12/ta-one.html

    မှီ = မီ ?

    :D

    ReplyDelete
  4. အဲသာနဲ့ဘဲ ဘာမှ မရလိုက်ဘူးဆိုပါတော့.

    ReplyDelete
  5. တိုတော့တိုတယ်။ ဒါပေမယ့် ကောင်းလိုက်တာ။

    ReplyDelete