Wednesday, April 13, 2011

"Thin Gyan Moe" Myanmar Classic Movies : သင်္ကြန်မိုး

ပျော်ရွှင်စရာကောင်တဲး့ သင်္ကြန်နှစ်ကူး အခါသမယပါ။
မြန်မာမှန်ရင် သင်္ကြန်ဆိုတာနဲ့ သင်္ကြန်မိုးဇာတ်ကားကို ပြေးမြင်မိကြမှာပါ။ ၁၉၈၅ လောက်တုန်းက ရိုက်ကူးပြသခဲ့တဲ့ ကားဖြစ်ပါတယ်။
ယူကျူ့ပေါ်မှာ ဦးစန်းအောင် တင်ထားတဲ့ “သင်္ကြန်မိုး” ဇာတ်ကားလေး တွေ့မိလို့ အဝေးရောက် မြန်မာများ သင်္ကြန်အလွမ်းပြေစေရန် ပြန်လည် မျှဝေပေးလိုက်ပါတယ်။



အဲဒီကားမှာ သုံးခဲ့တဲ့ သင်္ကြန်သီချင်း အများစုဟာ ယခုထက်တိုင် သင်္ကြန်ရာသီချိန်ရောက်တိုင်း တီးမှုတ်နေကြတဲ့ ကလပ်စစ် သင်္ကြန်သီချင်းများ ဖြစ်လို့နေပါတယ်။
ရိုက်ကူးခဲ့သူကတော့ ဒါရိုက်တာ မောင်တင်ဦးပါ။
အဲဒီကားထဲက အခန်း အကူးအပြောင်းလေးတွေလဲ လှပါတယ်။
နောက်ဆုံးခန်း ရောက်ခါနီးမှာ သက်ထွေးကို သင်္ကြန်လည်ခွင့် မပေးခဲ့တဲ့ ဖခင် ကိုငြိမ်းမောင်တစ်ယောက် အမြင်မှန်ရပြီး အရက်ပုလင်းကို ရိုက်ခွဲလိုက်တဲ့အခန်းကနေ သင်္ကြန်မိုး အလှပြယာဉ်ပေါ်က ဒရမ်မာ ဒရမ်ကို ရိုက်ချလိုက်တဲ့ ရိုက်ချက် အခန်းနဲ့ အကူးအပြောင်း လုပ်ထားတာ မိုက်တယ်။ ပညာပါတယ်။ ကြည့်လိုက်ကြပါလား....

2 comments:

  1. ကြည့်ဘူး အသည်းက နုတယ်။

    ReplyDelete
  2. အသံကြာ့းရင်ကိုမျက်ရည်ကလည်ချင်တာ.။

    ReplyDelete