Monday, June 6, 2011

ငါးပိရည်ကျို လုပ်စားဖြစ်တယ်။

ကိုယ်မနေ့က ငပိရည်ကျို လုပ်စားဖြစ်တယ်။
ရှိသမျှ တံခါးတွေ ဖွင့်..
ပန်ကာ အကုန်ဖွင့်ပြီး လုပ်တာ.....
မျှင်စိမ်းစားငပိကို သေချာမီးဖုတ်...
နောက် ပွက်ပွက်ဆူအောင် ပြုတ်
ငရုတ်သီးခြောက်ကို မီးဖုတ် ထောင်း..
ကြက်သွန်ဖြူကိုလဲ မွေးသွားအောင် မီးဖုတ်ထောင်း..
ပုဇွန်ခြောက်ကို ဘလဲန်ဒါထဲ ထည့်..
အမှုန့်မဖြစ်တစ်ဖြစ်လောက်အောင် ခြေ..
နောက် ပွက်နေတဲ့ ငပိရည်ကျို အိုးထဲ ထည့်မွေ..
နာရီဝက်လောက် လုပ်လိုက်တာ...
အပေါ်ထပ်က ပွစိပါစိ အော်သံကြားလောက်တော့မှ ဂက်စ်ပိတ် မီးဖိုပေါ်ချ...
ဂေါ်ဖီထုပ်ပြုတ်၊ ပဲသီးတောင့်ရှည်နဲ့ တို့စားလိုက်တာ...
ဆွေမျိုးတောင် မေ့တယ်။
ပုံမတင်တော့ပါဘူး။ 

ဟင်.. ဒါလဲ ပို့စ်တင်တာပဲလားဆိုတော့ တင်လိုက်ချင်လို့ပါ။ 
ငါးပိက ဒီအတိုင်းဆို ငန်နေလို့ ပုဇွန်ခြောက်လေးထည့်လိုက်မှ အငန်သက်သာသွားတယ်။

9 comments:

  1. မော်ဒန် ကဗျာလား မှတ်ရတယ် .. တော်ချက်။

    ReplyDelete
  2. မျှင်စိမ်းစားငါးပိနဲ့ လုပ်တယ်....? ရေချိုငါးအစစ်နဲ့ သိတ်ထားတဲ့ ငါးပိကမှ ချိုပြီး မွှေးပြီး စားကောင်းတာဟ.....

    ReplyDelete
  3. ကျေးဇူးပါ ကဒီဘီ.. ဟိဟိ

    မမစီကေအေ...။ မျှင်ငါးပိက မေဂျော်ရတီအနေနဲ့ ပါဝင်ပြီး အစ်မပြောတဲ့ ရေချိုငါးပိတို့ တစ်ခြားသော ငါးပိတို့လဲ ပါဝင်တဲ့ ရောရာငါးပိတွေနဲ့ လုပ်တာပါ...။ ဘုန်းကြီးကျောင်းက ဟင်းလေးအိုးလိုများလား မသိ.. ရောရာဆိုတော့ ပိုကောင်းသွားသလိုပဲ။

    ReplyDelete
  4. ဒန် နေ တဲ့ က ဗျာ . . .း))

    ReplyDelete
  5. အော် သူများသားသမီးတွေများ ငါးပိရေကျို ကျိုတာလဲ စာဖြစ်
    အတွင်းခံဘောင်းဘီသားရေကြိုးပြတ်တာလဲစာဖြစ်
    ဆေးစက်ကျရာ အရုပ်ထင်လိုက်ကြတာ
    ဒေါ်ခင်မျိုးချစ်ပြောတဲ့ ဝမ်းတွင်းစုန်း တွေပေါ့
    ကိုယ်တို့များကျတော့လဲ ဘာဆိုဘာမှရေးလို့မထွက် ဘူးသွင်းတာတောင် မဝင်တဲ့ စုန်းတုစုန်းရောင်
    အော်ဘဝဘဝ............

    ReplyDelete
  6. - ဒန်ဗျာ... တဲ့ မမတက်ဝေ..
    - မစုရေ... ကိုယ့်ဘလော့မို့ ကိုယ်တင်နိုင်တာပါဗျာ.. လာလည်ပေးလို့ ကျေးဇူးတင်ပါ၏။ :)

    ReplyDelete
  7. ပွစိပါစိ ဆိုတာဘာလဲ.. ရှင်းပြပါ..

    ReplyDelete
  8. ငါးပိက ဒီအတိုင်းဆို ငန်နေလို့ ပုဇွန်ခြောက်လေးထည့်လိုက်မှ အငန်သက်သာသွားတယ်။..
    မှတ်ထားပါ့မယ်။
    (ငါးပိမကျိုတတ်သူလေး)

    ReplyDelete
  9. ဟောဗျာ......
    ဒီလိုလုပ်စားရကောင်းမှန်းခုမှ သိတော့တယ် ကိုဘွိုင်းဇ်...
    ဒါနဲ့ လေ .. မကြာသေးခင်က ကျွန်တော်တို့ ဆီက ကိုဘွိုင်းဇ် လို ပဲ
    ငပိကို ဆီပူထိုးကြော် သူတစ်ယောက်ကြောင့် ပြဿနာတွေ တက်သွားလေ
    ရဲ့ ...ဟဟဟဟ
    ဥရောပတိုက်သားတွေ၊ ကုလားတွေ၊ အမေရိကန်တွေ ကျွန်တော် တို့ ဗမာမီးဖိုချောင် မပြောနဲ့  အဝေးကတောင် နှာခေါင်းပိတ်ပြေးပါလေ ရောဗျာ......ဟဟဟဟ
    အားပေးတယ် ရှလွတ်..........
    ခင်မင်တဲ့
    မောင်မောင်(KABUL)

    ReplyDelete