Monday, June 4, 2012

How to Jailbreak iPhone , iPad on iOS 5.1.1 with Absinthe

Apple product တွေ ဖြစ်တဲ့ iPhone နဲ့ iPad ကို Absinthe 2.0.4 ဖြစ်တဲ့ Jailbreak software ကို အသုံးပြုပြီး ထောင်ဖောက်ပုံ အဆင့်ဆင့်ပါ။
၁။ မိမိ ကွန်ပြူတာထဲမှာ iTunes ကို ဒေါင်းလုဒ် လုပ်ပြီး အင်စတော လုပ်ထားပါ။
၂။ Absinthe Software ကိုလဲ အောက်ကလင့်ခ်ကနေ မိမိသုံးတဲ့ ကွန်ပြူတာ အမျိုးအစားကို (Mac or Windows OS) လိုက်ပြီး Download လုပ်ထားပါ။

For Mac : https://sites.google.com/site/greenpois0nabsinthe/absinthe-mac-2.0.4.dmg?attredirects=0&d=1

For Windows : https://sites.google.com/site/greenpois0nabsinthe/absinthe-win-2.0.4.zip?attredirects=0&d=1

For Linux : https://sites.google.com/site/greenpois0nabsinthe/absinthe-linux-2.0.4.tar.bz2?attredirects=0&d=1

၃။ မိမိရဲ့ အိုင်ဖုန်း အိုင်ပက်ကို ကွန်ပြူတာနဲ့ ချိတ်ပြီး အိုင်ကျွန်းကနေ ဝင်လိုက်ပါ။ (အိုင်ကျွန်းက မိမိနရဲ့ အိုင်ဖုန်း အိုင်ပက်ကို Download and update လုပ်မလား။ Download only ပဲ လုပ်မလား မေးလာရင် Download only ပဲ ရွေးပြီး အိုင်ကျွန်းက ဒေါင်းလုဒ် လုပ်တာ ပြီးတဲ့ အထိ စောင့်ပေးပါ။)
၎။ အိုင်ကျွန်းမှာ ပေါ်နေတဲ့ Left Pane ထဲက မိမိရဲ့ အိုင်ဖုန်း/အိုင်ပက်ကို Right Click နှိပ်ပြီး Backup ဆိုတာကို ရွေးပေးပါ။ အိုင်ကျွန်းက မိမိဖုန်းထဲက အချက်အလက် Data, Contacts, SMS, Notes စတဲ့ အရေးကြီး အချက်အလက်တွေကို Backup လုပ်ပြီး သိမ်းထားပေးပါလိမ့်မယ်။ အိုင်ကျွန်း Title Bar က Backup status လေး ပျောက်သွားတဲ့ အထိ စောင့်ပေးပါ။
၅။ အိုင်ကျွန်းက Left Pane ထဲကပဲ အိုင်ဖုန်း/အိုင်ပက် ကို ကလစ်တစ်ချက် နှိပ်ပေးပါ။ Main Windows မှာ update နဲ့ Restore ဆိုတာ ပေါ်လာပါမယ်။ အဲဒီမှာ Restore ကို ရွေးပါ။ Factory Setting ကိုပဲ ရွေးပါ။ (Restore from Backup မရွေးပါနဲ့။)
၆။ အိုင်ကျွန်းက မိမိ အိုင်ဖုန်း/အိုင်ပက်ကို Restore လုပ်နေတာကို စောင့်ပေးလိုက်ပါ။ အိုင်ဖုန်း/အိုင်ပက်က ပါဝါ ဖွင့်ချည် ပိတ်ချည် လုပ်ပြီးရင် အိုင်ဖုန်း အိုင်ပက်သည် Restore လုပ်ပြီးပါပြီ။
၇။ အမှတ်စဉ် ၂ မှာ ဒေါင်းလုဒ်လုပ်ထားတဲ့ ဖိုင်ကို ဖြည်လိုက်ပါ။ ဖိုင်ဖြည်ပြီးရင် အရိုးခေါင်းပုံကို ကလစ်နှိပ်ပြီး Enter ခေါက်ပါ...။ 
၈။ ဖိုလ်ဒါ တစ်ခု ပေါ်လာပါမယ်။ ပေါ်လာတဲ့ ဖိုလ်ဒါထဲက Absinthe ဆိုတဲ့ apps ကို double click နှိပ်လိုက်ပါ...။
၉။ Absinthe ဆော့ဖ်ဝဲက အိုင်ဖုန်း/အိုင်ပက်ကို detect လုပ်မိရင် jailbreaking အဆင့်ကို စတင်ပါမယ်။
၁၀။ မိမိတို့ရဲ့ အိုင်ဖုန်း အိုင်ပက် အမျိုးအစားကို လိုက်ပြီး ထောင်ဖောက်ခြင်း ကြာချိန် ၂-၃ မိနစ်ခန့် ကြာတတ်ပါတယ်။ (မိမိဖုန်းကို ထောင်ဖောက်နေစဉ် ကာလအတွင်းမှာ ထိတို့ခြင်း မပြုပါနဲ့။ ဖုန်းက အော်တို ဖွင့်တာ ပိတ်တာ ပြုနေပါမယ်။)


ဇော်ဂျီဖွန် ထည့်သွင်းခြင်း။
၁။ ထောင်ဖောက်ပြီးရင် cydia ဆိုတာလေး home screen မှာ ပေါ်ပါလိမ့်မယ်။
၂။ အဲဒီ cydia ထဲက Manage> Source> Edit ကို နှိပ်ပြီး အောက်က Repo လင့်ခ်ကို Add ပေးပါ...။
http://cydia.macforus.com
၃။ Repo လင့်ခ်ကို ထည့်ပြီးတာနဲ့ Cydia က source ကို update လုပ်ပါလိမ့်မယ်။
၎။ အဲဒီနောက် cydia.macforus.com ကို နှိပ်ပြီး အောက်က ပုံထဲက အမှန်ခြစ် အစိမ်းလေး ခြစ်ထားတဲ့ ဖိုင် နှစ်ဖိုင်ကို install လုပ်လိုက်ပါ။


၅။ အိုင်ဖုန်း အိုင်ပက်ကို ပြန်ပြီး ရီစတတ်လုပ်လိုက်ပါ....။
၆။ ဖုန်း ပြန်ပွင့်လာရင် Setting > General > Keyboard > Add ကနေ Czech ကီးဘုတ်ကို Add ပေးလိုက်ပါ။ ဖုန်းကို ပြန်ပြီး Restart လုပ်လိုက်ပါ။
မြန်မာစာနဲ့ ပတ်သက်တဲ့ ပို့စ်များ၊ ဖိုင်များ ဖတ်ရှုနိုင် ရေးသားနိုင်ပါပြီ။


Credit : greenpois0n.com

7 comments:

  1. Iphone 4s ကိုရော ဒီနည်းနဲ့ Jbreak လုပ်လို့ရလားခင်ဗျာ

    ReplyDelete
  2. Apple ကထုတ်တဲ့ ပန်းသီး ထုတ်ကုန် အကုန်လုံး ဂျေးဘရိတ် လုပ်လို့ ရပါတယ်ခင်ဗျာ

    ReplyDelete
  3. ko Boyz ရေ 4s ကို jailbreak လုပ်တာ အားလုံးအဆင်ပြေ
    အောင်မြင်စွာပဲ ရရှိခဲ့ပါတယ်။ အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
    အလွယ်ကူဆုံးနဲ့ အရှင်းလင်းဆုံးနည်းပဲဖြစ်ပါတယ်။ အစ်ကိုကျန်းမာစွာ
    ဖြင့်အောင်မြင်မှုတွေရပါစေဗျာ။
    လေးစားစွာဖြင့်
    ကျော်သူရ
    စင်္ကာပူ

    ReplyDelete
  4. ကိုကျော်သူရရေ..
    အဆင်ပြေသွားတယ်ဆိုလို့ ဝမ်းသာပါတယ်။
    အကူအညီ လိုအပ်တဲ့ သူငယ်ချင်းများကိုလဲ လက်ဆင့်ကမ်း ကူညီပေးလိုက်ပါ...။
    အောင်မြင်ပါစေ...

    လေးစားလျက်
    ကိုဘွိုင်းဇ်

    ReplyDelete
  5. ကိုဘွိုင်းဇ် 5.0.1 jailbreak လုပ်ထားတာကို ဘယ်လို ၅.၁.၁ jailbreak လုပ်၇မလဲဗျ ..5.0.1 jailbreak လုပ်ထားတဲ့ ဖုန်း ကို ရီစတိုး လုပ် ios ၅.၁.၁ update လုပ် ပြီးမှ ၅.၁.၁ jailbreak ကိုပြန်လုပ်ရမှာလား ဗျ အားရင် ဖြေပေးပါအုံး

    ReplyDelete
  6. ကျွန်တော့် အိုင်ဖုန်း 4s တုန်းကတော့ ဂျေးဘရိတ် လုပ်ထားတာကို ရီစတိုး မလုပ်ပဲ အိုင်ဖုန်းထဲက Setting ထဲကနေ တန်းပြိး iOS ကို update လုပ်လိုက်တယ်။ ပြီးတော့ Absinthe V1.0 နဲ့ ဂျေးဘရိတ် လုပ်တယ် အဆင်ပြေတယ်။

    ဒါပေမယ့် အိုင်ပက်တူးကျတော့ မရလို့.. အိုင်ကျွန်းနဲ့ ချိတ်ပြီး Restore ပြန်လုပ်...။ iOS ကို upgrade လုပ်.. အဲဒါတွေ ပြီးမှ ဂျေးဘရိတ် လုပ်ရတယ်။
    safe side ယူချင်ရင်တော့
    ၁။ ဘက်အပ်ပ် အရင်လုပ်၊
    ၂။ နောက် ရီစတိုးလုပ်၊
    ၃။ နောက် အိုင်အိုအက်စ်ကို အပ်ပ်ဂရိတ်လုပ်၊
    ၄။ အားလုံးပြီးမှ ဘက်အပ်ထဲက ရီစတိုးလုပ်...
    ၅။ ပြီးမှ ထောင်ဖောက်ရုံပဲ...။

    ReplyDelete
  7. ကျေးဇူး Ko Boyz .

    ReplyDelete