အချိန်ဆိုတာ မတည်ငြိမ်ခြင်း၊ နေရာဆိုတာ မတည်မြဲခြင်းလို့ ယူဆကြတယ်။
ပင်လယ် ဘယ်လောက် ကြီးကြီး၊ အိုင်ငယ် ဘယ်လောက်သေးသေး ရေ ရေကတော့ အတူ။
Lyrics Credit : စိုင်းခမ်းလိတ်
ရေးသားသူ
Ko Boyz
at
1:51 PM
14
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Miscellaneous

ဒီကနေ့ညဟာဖြင့် ကမ္ဘာအရပ်ရပ်က ရှမ်းတိုင်းရင်းသားများ အားလုံး ရှမ်းနှစ်သစ်ဖြစ်တဲ့ ၂၁၀၄ ခုနှစ်ကို ကြိုဆိုကြတဲ့ အခါသမယ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့ကို ကူးပြောင်းသွားရင်း ရှမ်းနှစ်သစ် ဖြစ်တဲ့ ၂၁၀၄ နှစ်ထဲကို ချဉ်းနင်း ဝင်ရောက်သွားပါပြီ။
မွေးမြေ တောင်ပေါ်မှာတော့ နှစ်သစ်ကူးပွဲတော် ကြိုဆိုတဲ့ ည ကို ခြိမ့်ခြိမ့်သဲ ကြိုနေလောက်ရောပေါ့။
မွေးချင်းညီအစ်ကို ရှမ်းမောင်နှမများအားလုံး...
ရေးသားသူ
Ko Boyz
at
12:08 AM
15
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Miscellaneous
ငါ့ကို တစ်ကယ်ချစ်တဲ့ ချစ်သူလေးတစ်ယောက်ရှိခဲ့ရင် ပေးသနားပါ....။
သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးဝဿန်အောက်မှာ နွေးထွေးလုံခြုံတဲ့ လက်အစုံမှာ ခိုနားချင်လို့ပါ။
ဒီဒဏ်ရာတွေကို ကုစားနေခိုက်မှာ နာကျင်နေတဲ့ ငါ့နှလုံးသားကို ကာကွယ်ပေးဖို့ ချစ်သူလေးတစ်ယောက်ပေးပါ။
ကြမ်းတမ်းပြင်းထန်လှတဲ့ အအေးဒဏ်ကနေ ကာကွယ်ဖို့ အဆုံးမဲ့ နွေရာသီကို ပေးသနားတော်မူပါ အရှင်....။
အချိန်မတိုင်မီ အိုမင်းလာတာကို ခံစားနေရတယ်။
ကောင်းကင်ယံက နတ်သမီးတွေလဲ ငါ့မျက်ရည်ကို သိမ်းဆည်းပေးဖို့ အယူခံဝင်ပါတယ်။ ငါ့ကို ဒီအပြစ်လောက ကနေ အပြင်ကို ဖေးမခေါ်ယူပေးပါ။ အပြစ်တွေ အပြည့်နဲ့ ဒဏ်ရာတွေ ခံစားနေတဲ့ အပြစ်သား ငါရယ်ပါ။
ငါ့ဝိဉာာဉ်ဟာ အရှက်တရားများကို ကုစားနေခိုက်မှာ ငါဟာ ဒဏ်ရာများနဲ့ ညည်းတွားနာကျင်နေခဲ့ရတယ်။
အဖ ဘုရားသခင်.. ငါသည် ကိုယ်စွမ်းစိတ်စွမ်း တတ်အားသမျှ ကြိုးစားလုပ်ဆောင်ပြီးပါပြီ။
လူပေလူတေ တစ်ယောက်အဖြစ်ကနေ လူ့အလိမ္မာလေးဖြစ်အောင် ကြိုးစားနေပါတယ်။
ဒီဒဏ်ရာတွေကို ကုစားနေခိုက်မှာ နာကျင်နေတဲ့ ငါ့နှလုံးသားကို ကာကွယ်ပေးဖို့ ငါ့ကိုနားလည်ပေးနိုင်တဲ့ ချစ်သူလေး တစ်ယောက်ကို ပေးသနားတော်မူပါ အရှင်။
ငါ့အနားမှာ အချစ်တွေနဲ့ ထုံမွမ်းနေခိုက် ငါ့ကို ခဏတာ ငြိမ်းချမ်းခွင့်ပေးပါ။ ဆူးပြွမ်းတဲ့ လမ်းတွေမှာ ငါလဲကျဖူးတယ်။ ဒါပေမဲ့ ငါ့ဘေးမှာ အချစ်တွေက လွမ်းခြုံထားခဲ့တယ်။
ရေးသားသူ
Ko Boyz
at
9:28 PM
18
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Music
ရေးသားသူ
Ko Boyz
at
2:56 PM
16
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
ရေးသားသူ
Ko Boyz
at
1:02 AM
12
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
ဒီတစ်ခေါက်တော့ ဘဝအမောလေး ပြေစေဖို့ ဗွီဒီယိုလေးတွေ တင်ဆက်ပေးလိုက်ရပါတယ်။ အသံလေးနဲ့ တွဲကြည့်မှ ရယ်ရမှာပါ။ ရုံးချိန်အတွင်း မကြည့်မိဖို့ သတိပေးပါရစေ။ အသံထွက်ရယ်မိလို့ မန်နေဂျာကြီး မျက်ထောင့်နီနဲ့ လာကြည့်ရင် တာဝန်မယူပါ။
ရေးသားသူ
Ko Boyz
at
11:57 PM
6
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: comedy