ကဲ... လာပါပြီ....။ ပုံမမြင်ရလို့ စိတ်အဆာပြေသေးသူများ အောက်က ပံများကို သွားရည်ယိုနိုင်ပါကြောင်း...။
အပ်ချလောင်း....။
လာပါပြီ... ဒါက ၀က်ခေါက်...။ ဒါက ၀က်ခေါက်လေး (င်္ခပ်;မူဂ၀င်္မ်း)
အဆစ်အနေနဲ့ အဲဒီနေ့က စားခဲ့တဲ့ ကျိုင်းတံမုန့်တီကြော် (အကြော်) ကို ကြိုးစားပမ်းစား ချက်နေတဲ့ပုံလေးကို တင်ပေးလိုက်ပါတယ်...။ (အေဗရွန်ကြီး ၀တ်ပြီး အားရပါးရ မွေနေတဲ့ ကျွန်တော့်သူငယ်ချင်းက ခုထိ လူပျိုလူလွှတ်အနေနဲ့ ရှိနေပါသေးတယ်...။ ကြော်ငြာ...။ )
အဲဂလို ချွေးသီးချွေးပေါက် တစ်ဒီးဒီးကျအောင် အားရပါးရမွှေပြီး သကာလ မုန့်တီတစ်အိုးလုံး ပစ်သွားရပါတယ် လို့ မပြောပါ....။ တစ်အိုးလုံး ကုန်အောင် အားလုံးက ၀ိုင်းဝန်းအားပေးလိုက်ကြပါတယ်...။
အဲ...အခုမှ သတိရတယ်...။ အဲဒီမုန့်တီကြော်ထဲ ထည့်တဲ့ အဆာပလာများကတော့ အောက်ကပုံအတိုင်း ဖြစ်ပါတယ်...။
ကဲကဲ...။ ခဏနားလိုက်ဦးမယ်....။
(ကြည့်.. ကြည့်... သူဒီစာတွေ ဖတ်ပြီး မနက်ဖြန်ကျရင် Cold Storage ဖြစ်ဖြစ်၊ NTUC ဖြစ်ဖြစ်၊ Carrier Fore ဖြစ်ဖြစ်၊ အနီးဆုံးဈေးမှာ ဖြစ်ဖြစ် ပဲပင်ပေါက် သွားဝယ်ဖို့ ကြံနေပြီ မဟုတ်လား...။ အီဖေကိုယ် သိနေတယ်လေ....။ အခုတောင် ထသွားဝယ်ချင်နေတဲ့ စိတ်ပေါ်နေပြီ မဟုတ်လား...။ ဘေးက သူငယ်ချင်းကိုတောင် လှမ်းမေးလိုက်ဦးမယ်... ပဲပင်ပေါက်စားလို့ အသားအရေလှမလှ ဆိုတာကို ...။ အဲဒီသူငယ်ချင်းက ရှမ်းတိုင်းရင်းသား/သူ ဆိုတော့ ဒီတစ်ညတော့ အိပ်လို့ရမှာ မဟုတ်တော့ဘူး...။ တစ်ညလုံး အမေးခံနေရတော့မှာ။ )
All Photos Credit to Pi Voe Seng.
No comments:
Post a Comment