မျှော်နေသော မိုး မလာသောကြောင့်
ကိုရင်သာအေး ရင်ဆို့ချေပြီ...။
လှည်းပေါ် ရေစည်တင်ကာ
အလွန်ဝေးသော အရပ်ဆီမှ
ရေတွင်းသို့ အသော့နှင်ချေ၏။
ရေတွင်းအောက်ခြေမှ ကားကားလေး သေနေသော ဖားသာ တွေ့ချေ၏။
အမောဆို့လေသတည်း...။
ခြောက်သယောင်းနေသော ပျိုးခင်းသည်
ကိုရင်သာအေး အပြန်ကို ငံ့လင့်နေသည့်အလား...။
Monday, October 27, 2008
မိုး (၂)
ရေးသားသူ
Ko Boyz
at
1:38 AM
Labels: Miscellaneous
Subscribe to:
Post Comments (Atom)
စိတ်မကောင်းလိုက်တာ။
ReplyDeleteဘာကိုဆိုလိုလဲဆိုတာ ဆက်တွေးလိုက်ဦးမယ်။
Basic နည်းရှာပေသကိုး...။
ReplyDeleteဆိုလိုချင်တာကို ပါးပါးလေး ထည့်ပေးထားတာဗျ...။ ခွိခွိခွိ...။
မိုးကောင်းတုံးရွာထားဦးပေါ့ကွာ။
ReplyDeleteအို....အသင်ဖား.....ဟီရိသြတ္တပ တရားနည်းပါးလှချေကလား။ သေတာတောင် မဖွယ်မရာအနေအထားနဲ့ သေပြသည်ဆိုတော့.....
ReplyDelete- မိုးကောင်းလွန်းလို့ ထွန်ချနှေးတဲ့ ကိုရင် သာအေး ရေနစ်နေပြီ အမ်းမားရ...။
ReplyDelete- အလို ကိုပေါငှဲ့...။
ဖားဖြစ်အင် အုံးအင် မပြောချင်ဘု...
သူ့ခမျာ ရေ၀င်နည်းတာကြောင့်
ခြေကားယားသေရတယ်...။
ဆွေး မဆုံးနိုင်ဘု...။
အို...ဘွိုင်းဘွိုင်းဇ်ငဲ့.... ဟောသည်မှာ လှိုင်ထိပ်ခေါင်ပေါ ရဲ့ ဖားတင်္ဂါလေးကို မြည်းစမ်းကြည့်ပါဦး။
ReplyDeleteဖားသူငယ်
တွင်းလယ်မှာ ရေခန်းလို့
နွမ်းလျပူဆွေး။
လှမတူ
ဝသူ ဧကန်ရောက်မှာဖြင့်
ရေစည်ကို စိန်နဲ့မွှန်းပါ့မယ်
တွန်းပါ့သာအေး။
ဟဟ..ရီရတယ်...ဆက်ကြပါဦးးးဘွိုင်းဇ်ဦးမင်း နဲ့ ပေါဦးမင်းးးးးး
ReplyDeleteတည့်မတော်
ReplyDeleteရေစည်ကို စိန်နဲ့မွန်းတယ်
တွန်း...ရော့ လှိုင်ပေါ...။
ခက်သနော်
ဖေအီကို ပိန်ချိချိပေမို့
ဝသူကို မ ကူခိုင်းစေဖို့
နှစ်ဆယူပါ ရေသယ်ခကိုလာ့
ယွန်း...ပေါ့ ဂနိုင်တော...။
- ခွိခွိ... ကိုယ့်ဟာကိုယ် ဖတ်ပြီး ရီလိုက်ရတာ ပြောမနေပါနဲ့တော့ ကိုပေါရာ...။
- ဆင်ဒဏ်လာ - နာမည်ပေးတော်တယ်...။ တားကတော့ လူဦးမင်းပဲ... ဖိုးသူတော်ဦးမင်းက ကိုပေါနဲ့မှာ လိုက်တာ...။