Showing posts with label Another Cyclone. Show all posts
Showing posts with label Another Cyclone. Show all posts

Wednesday, May 14, 2008

မုန်တိုင်း နောက်တစ်လုံး လာနိုင်မလား.. သတိထားကြပါ...။

ဒီစာကို ရေးနေတဲ့အချိန်ဟာ မြန်မာ စံတော်ချိန် ၄း၃၀ နာရီ ရှိနေပါပြီ...။ မုတ္တမ ပင်လယ်မှာ တိမ်တွေ တစ်အားထူနေပါတယ်...။ လေတိုက်နှုန်းက တစ်နာရီကို ၃၀-၄၀ ရေမိုင်နှုန်းနဲ့ တိုက်ခတ်နေပါတယ်...။
အင်တာနက်ပေါ်မှာတော့ မုန်တိုင်းဖြစ်နိုင်ချေ သတိပေးချက်များ အဆက်မပြတ် ထွက်ပေါ်နေပါတယ်...။

မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမျာ လေဖိအားနည်း ရပ်ဝန်းတစ်ခု သိသိသာသာ
ဖြစ်ပေါ်နေပါတယ်...။ ဖုန်းသတင်းအရ ဖျာပုံမှာ လေတိုက်နှုန်း တော်တော် ပြင်းနေပါတယ်...။ ယူအန်က ထုတ်ပြန်တဲ့ ကြေငြာအချက်အရ ၁၈ နာရီမှ ၂၄ နာရီအတွင်း ဆိုင်ကလုံး မုန်တိုင်းတစ်ခု ဖြစ်ပေါ်ဖွယ်ရာ ရှိတယ်လို့ သိရပါတယ်...။ ယူအက်စ် မိုးလေ၀သ ခန့်မှန်းရေးဌာနကလဲ ဆိုင်ကလုံး ဖြစ်ပေါ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်...။

ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဖူးပြီးသားမို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားစေချင်ကြပါတယ်...။ ရန်ကုန်အောက်ပိုင်းကနေ ကုန်းတွင်းပိုင်းကို စတင် ၀င်ရောက်ပြီး ရန်ကုန်မြို့ကို အဖျားခတ်သွားကာ အနောက်မြောက် (မြောက်) အရပ်သို့ ရွေ့လျားဖွယ်ရာ ရှိကြောင်း ခန့်မှန်းထားပါတယ်...။


Google Earth က မြေပုံကတော့ အခု အချိန် မိုးလေ၀သ အခြေအနေကို ပြသနေပြီး


နောက်တစ်ပုံကတော့ တွက်ချက်ထားတဲ့ မုန်တိုင်းလမ်းကြောင်းပါ...။
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားဖို့ နီးစပ်ရာကို သတိပေးကြပါ...။ အိမ်က မှန်တံခါးတွေကို သစ်သားနဲ့ လိုက်ရိုက်ပိတ်ထားပါ..။ အရေးကြီးပါတယ်...။
အောက်ကပုံကတော့