Showing posts with label CJ7. Show all posts
Showing posts with label CJ7. Show all posts

Wednesday, February 6, 2008

CJ7 သို့မဟုတ် ထင်သလောက် မအောင်မြင်သော စတီဖင်ချောင်း၏ ဟာသကားသစ်တစ်ကား


ဒီနေ့တော့ အားနေတာနဲ့ အစ်ကို့ကို ခေါ် ပြီး sneak view ပြနေတဲ့ CJ7 ရုပ်ရှင်ကို သွားကြည့်လာတယ်...။ အခု နာမည်ကြီးတန်းဝင်လာတဲ့ စတီဖင်ချောင်း (Kung Fu Hustel ရိုက်ကူး/သရုပ်ဆောင်သူ) ပါဝင်သရုပ်ဆောင် ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ကိုယ်တိုင် ၀င်ရိုက် ဒါရိုက်တာ လုပ်တဲ့ ကား ဖြစ်ပါတယ်...။ ကလေးများအတွက် ရည်ရွယ်ပြီး ရိုက်ထားတဲ့ ကားဖြစ်ကြောင်းကို ရုံထဲရောက်ပြီး နာရီဝက်လောက်မှ သိလိုက်ရပါတယ်။ ကြည့်ပျော်တဲ့ ကားတစ်ကားပါ။ ကလေးသရုပ်ဆောင်လေး မဆိုးဘူး...။ အပြစ်ကင်းတဲ့ မျက်နှာပေးလေးနဲ့ သူ့ဇာတ်ရုပ်ကို သူ ပီပီပြင်ပြင် သရုပ်ဆောင် သွားနိုင်တယ်...။ ဒီကားက စတီဖင်ချောင်းဇာတ်ရုပ် သိပါမပေါ်ပဲ ကလေးကို အသားပေး ရိုက်သွားတဲ့ ကား ဖြစ်ပါတယ်...။ ကလေးလေးကလဲ ပိုင်နိုင်စွာ သရုပ်ဆောင် သွားပါတယ်...။
ဇာတ်လမ်းအကျဉ်း ပြောရရင်တော့ စတီဖင်ချောင်းက ပညာမတတ်တဲ့ ဆောက်လုပ်ရေး အလုပ်ကြမ်းသမား၊ ကလေးတစ်ယောက် အဖေ မုဆိုးဖို ဖြစ်ပါတယ်...။ သူ့သားကို ကျောင်းဝတ်စုံတောင် အနိုင်နိုင် ဆင်ပေးရရှာတဲ့ ဆင်းရဲသား လူတန်းစားပေါ့...။ တစ်နေ့မှာ သူ့သားလေးအတွက် အရုပ်ဝယ်မပေးနိုင်လို့ စိတ်မကောင်း ဖြစ်ပြီး လမ်းဘေး အမှိုက်ပုံက ကောက်လာတဲ့ အရုပ်လေးတစ်ရုပ်ကို ပေးပါတယ်...။ တစ်ကယ်တော့ အဲဒီ အရုပ်ကလေးဟာ တစ်ခြားဂြိုဟ်က လာတဲ့ ဂြိုဟ်သားတွေဆီက ကျန်ရစ်ခဲ့တဲ့ ဂြိုဟ်သားလေး ဖြစ်နေပါတယ်...။ အဲဒီမှာ...

ပိတ်ကားပေါ် ဆက်လက်ကြည့်ရှုပါကုန်...။ ဒီကားကို စတီဖင်ချောင်းရဲ့ အရင်ကား ကွန်ဖူးဟပ်စ်တယ်လို တန်းမီမယ်လို့ ထင်ထားပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါဘူး...။ ကြည့်ပျော်တဲ့ သာမာန် မိသားစုကားလေး တစ်ကားပါ...။ ကလေး ပညာပေးကားတစ်ကား ဖြစ်ပါကြောင်း...။