.
ဒီနှစ်ကူးမှာ
ကိုယ်လိုချင်တာ
“အဖေ”
နောင့်ယိင်း င်္သင်ရွှမ် အတွက်
Thursday, January 28, 2010
ကိုယ်လိုချင်တာ
ရေးသားသူ
Ko Boyz
at
11:10 AM
12
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Monday, May 25, 2009
Boyz ဘာလဲ ဘယ်လဲ။
ညပိုင်း အွန်လိုင်းတက်မိတော့ တစ်ယောက်က Gtalk ထဲမှာ လာပြောတယ်...။ မနိုင်းနိုင်း Tag ထားတယ်တဲ့။ ဘာကိုတက်ဂ်တာလဲ မသိလို့ အဲဒီပို့စ်ကို သွားဖတ်လိုက်တယ်။ အဲ အခုသုံးနေတဲ့ နစ်နိမ်းကို ဘယ်လိုသဘောနဲ့ သုံးတယ်၊ ဘာ့ကြောင့် သုံးတယ်ပေါ့။ နောက်စီဘောက်မှာလဲ ငှက်ကလေးက လာအော်ထားတယ်။ သူ့ဆီ လာခဲ့ဆိုတော့ သွားကြည့်တော့ သူလဲ ကိုယ့်ကို နစ်နိမ်းဘာကြောင့်ပေး ဆိုတာကို တက်ဂ်ထားတာ တွေ့ပြန်သပေါ့။ အကြောင်းအရာ တူနေတဲ့ အတွက် တစ်ပို့စ်ထဲပဲ ပြန်ပေးလိုက်ပါတယ်။
နစ်နိမ်းဆိုလို့ အခု အွန်လိုင်းလောကမှာ သူများနာမည်တွေများ လှတပတ။ နာမည်ရဲ့ ရာဇ၀င်ကလဲ ခန့်ညားပါ့။ တစ်ချို့နာမည်လေးတွေက ခပ်ဆန်းဆန်းလေးတွေ။ နာမည်ရင်းနဲ့ ရေးနေသူတွေ ရှိသလို တစ်ခြားနာမည်တွေနဲ့ ရေးထားတွေကိုလဲ တွေ့တယ်။ တာရာပွကြီးဆိုတာ ထည့်မလို့။ သူများ ယူထားတာ တွေ့တယ်။ မိုးလုံးဟိန်းခြုံး တို့ နေထက်ပူပြင်း တို့ကတော့ ပညတ်သွားရာ ဓါတ်သက်ပါနေမှာ စိုးလို့ မယူတော့ပါဘူးလေ။ ဟဲဟဲ။
ကိုယ့်နစ်နိမ်းကို ဘာ့ကြောင့် Boyz လို့ ရွေးမိလဲ။ တိုတို ပြောရရင်တော့ ကိုယ့်ကိုယ်ကို Male မှန်း သိစေဖို့ပေါ့။ အဟက်...။ အဲလို တိုတိုတုတ်တုတ် ဖြေလိုက်ရင် ကိုယ့်ကို တက်ဂ်တဲ့သူတွေ စိတ်ညစ်သွားမယ်။ ဒီလိုပါ။
၁၉၉၄ လောက်တုန်းက အကြောင်းကြောင်းကြောင့် နိုင်ငံခြားဆိုတာ ရောက်ဖူးတယ်။ ဖြစ်ချင်တော့ ကိုယ်ရောက်တဲ့ နိုင်ငံလေးက လူကို နာမည်ရင်း မခေါ်ပဲ နစ်နိမ်းခေါ် နာမည်ပြောင်တွေပဲ ခေါ်ကြတာ။ ထိုင်း ကို ရောက်နေတာလေ။ သူတို့တစ်တွေက မွေးကတည်းက နာမည်ရင်းအပြင် နာမည်ပြောင်တွေ ရှိတယ်။ ရှိတဲ့ နာမည်ပြောင်တွေကလဲ အကောင်ပလောင် နာမည်တွေ။ ကိုယ့်ကိုလဲ အမျိုးတွေက နာမည်ပြောင်မရှိဘူးလား ဘာလား မေးကြတယ်။ မရှိဘူးဆိုတော့ တစ်ခုခု မှည့်ရမယ်ဆိုပြီး ပေးလိုက်တဲ့ တိရစ္ဆာန်နာမည်တွေ စုံနေတာပဲ။ Koongh လို့ခေါ်တဲ့ ပုဇွန်၊ Mooo လို့ခေါ်တဲ့ ၀က်၊ Kai လို့ခေါ်တဲ့ ကြက်... အို ရှိသမျှ အကောင်တွေ လာပေးနေတာ။ တိရစ္ဆာန်နာမည်တော့ မမှည့်ချင်ပါဘူး ဆိုပြီး ကိုယ့်ဟာကို ရွေးလိုက်တာ။ Boy ဆိုပြီး ဖြစ်သွားတာပဲ။ အဲဒီနာမည်ကလဲ ယောက်ျားလေးတွေ မှည့်နေကျ ဆိုတော့ အဆင်ပြေသွားတာပေါ့။
အဲဒီကနေ တောက်လျှောက် ကိုယ့်ကို Boy ဆိုပြီးပဲ ခေါ်လာကြတာ နာမည်ရင်းတောင် မေ့တယ်။ နာမည်ရင်းကို မှတ်ပုံတင်နဲ့ ရုံးတွေမှာသာ သုံးဖြစ်တော့တယ်။ အဲ တစ်ခါသားမယ် အွန်လိုင်းဆိုတာကြီးကို တက်ဖို့ ဖြစ်လာရော။ အဲဒီမှာ MSN နဲ့ Yahoo ဆိုတာကို သုံးဖို့ ဖြစ်လာတော့ နာမည်ရွေးဆိုတာနဲ့ ဒီ Boy ကိုပဲ နောက်က z ဆိုတာကို ထည့် နောက် ၆ လုံးပြည့်အောင် မွေးနှစ် ဂဏန်းနှစ်လုံးကို ထည့်ပြီး register လုပ်လိုက်တယ်။ ချက်ရွမ်းပေါ်တက်တော့ Boyz ဆိုတာပဲ သုံးဖြစ်လိုက်တာပေါ့။
အဲဒီတုန်းက BoyzIIMen ဆိုတဲ့ ကပ္ပလီ အဖွဲ့က နာမည်ကြီးနေတုန်း။ သူတို့အဖွဲ့နာမည်ကို သတိထားမိတယ်။ အဲဒီအဖွဲ့ရဲ့ နာမည်က Boyz ဆိုတာလေး သဘောကျမိတယ်။ Boyz ကို ပေါင်းတာ Z ထည့်ပြီး ပေါင်းတာပေါ့။ အဲဒါလဲ ပါတယ်။ အဲဒီတုန်းက တောက်လျှောက် Boyz ဆိုတဲ့ နစ်နဲ့ သုံးဖြစ်တာပဲ။ နောက်တော့ မြန်မာပြည် ပြန်ရောက်တာနဲ့ အင်တာနက် ဆိုတာနဲ့ မထိတွေ့ဖြစ်တော့ဘူး။ ရက်ဂျစ်စတာ လုပ်ထားတဲ့ ရာဟူးမေးလ်၊ အမ်အက်စ်အဲန်တွေလဲ acitvate မဖြစ်တာနဲ့ ပျက်သွားတာ ခုထိ ပြန်လုပ်လို့ မရတော့ဘူး။ ကြားထဲမှာ Boyz ဆိုတဲ့ နစ်လေးကို မေ့တေ့တေ့ ဖြစ်တာပေါ့။
နောက်ပိုင်း မြန်မာပြည်မှာ အများ ပြည်သူကို အင်တာနက်နဲ့ မိတ်ဆက်ပေးတဲ့ အွန်လိုင်းဆိုတာနဲ့ ထိတွေ့ပြန်တယ်။ အဲဒီအချိန်မတိုင်မီက ရှေ့ဆောင်ရုံမှာ ကာတွန်းအယ်နီမေးရှင်းကား The AntZ ဆိုတဲ့ ကားလေး တင်တယ်။ အဲဒီမှာ ဇာတ်ကောင်လေး နာမည်ကို Ant Z လို့ ပေးထားတာကို သဘောကျသွားတယ်။ ဒီအချိန်မှာ ပုဂံနက်ဆိုတဲ့ အိုင်အက်စ်ပီက ဖွင့်တဲ့ အေအက်စ်ပီ ဆိုတဲ့ ချက်ရွမ်းနဲ့ မိတ်ဆက်ပေးတယ်။ အေအက်စ်ပီချက်ပေါ်တက်တော့ နစ်နိမ်း လိုတာနဲ့ အရင်က သုံးဖြစ်တဲ့ Boyz ဆိုတဲ့ နစ်ကိုပဲ ရီဂျစ်စတာ လုပ်ပြီး သုံးဖြစ်ခဲ့တာ ခုထိပါပဲ။ နာမည်သွားရာ ဓါတ်သက်ပါတာလား မသိဘူး။ ခုထိ လူက Boyz ဆိုတဲ့ အတိုင်း နုနေတုန်းလို့ အပြင်မှာ တွေ့ဖူးသူများက ပြောကြပါတယ်။ ဒါ့ကြောင့် ခုထိ ဒါ့ပုံ မတင်ဖြစ်တာသာ ကြည့်ပေတော့။ ဟဲဟဲ။ နောက်တာပါ။
သူများတွေလို နာမည်လေးတွေက ခန့်ခန့်ညားညား၊ ချစ်စရာ၊ ရာဇ၀င်နဲ့ လာတာ မဟုတ်ပေမယ့် တက်ဂ်သူ ရှိလို့ ရေးလိုက်ပါတယ်။ ဆက်တက်ဂ်ချင်သူများကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ အသိုင်းအ၀ိုင်းထဲက ဖြစ်ပြီး နာမည်နောက်ကြောင်း ရာဇ၀င်ကို လူတွေ သိပ်မသိတဲ့သူတွေ တက်ဂ်ချင်ပါတယ်။ နေနေနိုင် ကို သွားတက်ဂ်ရင်တော့ သူက တိုတိုတုတ်တုတ် ဒါ သူ့နာမည်ပဲ ဆိုပြီး ပြောမှာ ဖြစ်တယ်ဆိုတာ သိနေတဲ့ အတွက် မတက်ဂ်တော့ပါဘူး။ ဒီကိုလာ လို့ခေါ်တဲ့ သဉ္ဇာအေးခေါ် တီဇက်အေကတော့ အများ သိကြတဲ့ အတိုင်း ဒီကိုလာခဲ့ ဆိုပြီး လူခေါ်တဲ့ စတိုင်နဲ့ နာမည် ပေးထားတယ် ဆိုတော့ သူ့ကိုလဲ မတက်ဂ်တော့ပါဘူး။ စမ်းချောင်းမှာ နေတဲ့ အတွက် ကိုစမ်းချောင်း လို့ နာမည် အတိုကောက် ယူထားတဲ့ ကိုksg ကိုလဲ မတက်ဂ်တော့ပါဘူး။ လူတွေကို ထွင်းထုတတ်လို့ ကိုလူထွင်းလို့ နာမည် အပေးခံရတဲ့ ကိုလူထွေးလဲ နာမည်ကိုက ရှင်းနေတော့ မတက်ဂ်တော့ပါဘူး။
(Tag Game မှာ အတက်ဂ်မခံရပေမယ့်လဲ နာမည်ပါရင် ရေးရတယ်လို့ ငှက်ကလေးက သူ့ပို့စ်ထဲမှာ ကျွန်တော့်ကို လူလည်ကျထားတော့ ကျွန်တော်လဲ တစ်ဖန် ပြန်လည် လူလည်ကျလိုက်ရပါတယ်။)
လောလောဆယ်တော့ ကိုယ်တက်ဂ်ချင်သူက များနေတယ်။ အကုန်လုံးကို တက်ဂ်ချင်ပေမယ့် တစ်ချို့တွေက အတက်ဂ်ခံပြီး ဖြစ်နေတဲ့ အတွက် လူနိုင်ထဲကပဲ တက်ဂ်လိုက်ပါတယ်။ (လူနိုင်လို့တော့ ထင်တာပဲဗျာ။)
သူတို့ကတော့
၁။ အများက စိတ်ဝင်တစ်စားနဲ့ လာရောက်ဖတ်ရှုတဲ့ ဘလော့ဂ်ပိုင်ရှင်၊ စာတစ်ကြောင်းပဲရေးရေး၊ ပုံတစ်ပုံပဲ တင်တင် ဘလော့ဖတ်သူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ အန်တီဂွိ၊ အရီးကွမ် ခေါ် kom၊
၂။ မအယ်ဇီ တစ်ဖြစ်လဲ မဂျူနို၊
၃။ ကိုကိုဒီဘီ လို့ သူ့ကို ခေါ်စေချင်တဲ့ mrdba blog ပိုင်ရှင် ကိုဒီဘီအေ၊
တို့ပဲ ဖြစ်ပါတယ်။
အားတဲ့ အချိန်လေးများမှာ မိမိရဲ့ နစ်နိမ်းလေးများရဲ့ ရာဇ၀င်ကို ခင်းကျင်းပေးကြပါလို့။
ရေးသားသူ
Ko Boyz
at
12:06 PM
24
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Tag
Tuesday, October 7, 2008
ဖြစ်သလို စားတာကို ဘယ်လိုရေးရမလဲ...။
မပြောမပြီး မတီး မမြည်...။
တက်ဂ်တဲ့သူက တက်ဂ်နေတော့ တက်ဂ်ခံလိုက်တာပေါ့...။
ဒါ့နဲ့ တက်ဂ်တယ်ဆိုတာ ဘာပါလိမ့်မဆိုပြီး အဘိဓါန် လှန်၊ ၀ီကီပီဒီးယား ဖွင့်နဲ့ အလုပ်ရှုပ်သွားသေးတယ်...။
Tagging ဆိုတာ တစ်ကယ်တော့ စားသောက်ကုန်တွေမှာ ၊ ကုန်ပစ္စည်းတွေမှာ အမှတ်အသား (Tag/label) လုပ်တယ်ဆိုတာကို ခေါ်တာတဲ့...။ ဒါက အကြမ်းဖျင်း ပြောတာ...။ ၀ီကီမှာတော့ အတော့်ကို စုံစုံလင်လင် ရှင်းထားတယ်...။
ဥပမာ - Dog Tag ဆိုပါတော့...။ သူက ခွေးလည်ပတ်မှာ ဆွဲထားတဲ့ သံပြားကို ခေါ်တာ...။ ခွေးပိုင်ရှင် နာမည်၊ ကာကွယ်ဆေး ထိုးထား / ထိုးမထား ၊ ရောဂါ ကင်းရှင်းမှု ရှိမရှိ စတဲ့ အချက်အလက်တွေကို ရိုက်ထားတဲ့ အပြားလေး...။
(ဒါလေး ဖတ်မိတော့ မောင်ဘွိုင်းတစ်ယောက် ကိုယ့်လည်ပင်းကို ပြန်စမ်းမိတယ်...။)
နောက်တစ်ခုကျတော့ ကွန်ပြူတာ ပရိုဂရမ်မင်း နဲ့ ပတ်သက်တာ...။ HTML Tag တဲ့...။ ရိုးရှင်းလွယ်ကူတဲ့ ကွန်ပြူတာ ဘာသာစကားတစ်မျိုးပါ...။ ဒီလို tag တာကျတော့ ကိုယ်နဲ့ မဆိုင်သလိုပဲနော်...။
ဖတ်ရင်းဖတ်ရင်းနဲ့ မျက်စိလည်လာတော့ လာတက်ဂ်တဲ့သူ ဘလော့ဂ် သွားဖတ်ကြည့်တယ်..။ အတက်ဂ်ခံရသူက ဘာလုပ်ပေးရတာပါလိမ့်... စပ်စုကြည့်တယ်...။
အော်... တက်ဂ်တယ်ဆိုတာ ကိုယ်ရေးချင်တာကို ခေါင်းစဉ်ပေးပြီး တစ်ခြားသူတစ်ယောက်ကို ရေးခိုင်းတာကိုး...။ အဲဒါကို tagging လုပ်တယ်လို့ ခေါ်သလား...။ မသိပါဘူးဗျာ... Blogabulary တွေကို...။ ကိုယ်က ဘလော့ဂ်သာ ရေးနေတာ...။ အဲဒီလို Tag Game များတော့ သတိမထားမိပါဘူးဗျာ...။
အခုလဲ နန်းညီ က ဖြစ်သလိုစားတဲ့ အကြောင်းကို ရေးခိုင်းထားတယ်ဗျာ...။
(Tag လုပ်ထားတယ်ပေါ့ဗျာ...။)
ရေးခိုင်းတဲ့သူက ရေးခိုင်းပြီး မရေးမချင်း အကြွေးရှင် လာတောင်းနေသလို တောင်းနေတော့ ရေးပေးရသပ...။
ခက်တာက ကိုယ် ဖြစ်သလိုစားတယ်ဆိုတာတွေက မရှိသလောက်ပါပဲ...။ အလဲ့...။
စားတာတွေကတော့ ရှိပါတယ်...။
ဖြစ်သလို ကြက်ကုန်းပေါင်ကို ၀က်စတူးနဲ့ စားတာမျိုး...
တစ်ခါတစ်လေ အချိန်မရလို့ ပါရီက ပုဇွန်စိမ်းသုတ်ကို ကမန်းကတန်း ကိုယ်ပိုင်လေယာဉ်နဲ့ မှာလိုက်ပြီး စားလိုက်ရတာမျိုး...
အလုပ်များလွန်းလို့ ဂျပန်က ငါးပူတင်းစွပ်ပြုတ်နဲ့ နှစ်ပါးသွားရတာမျိုးတွေက ရှိပါ့...။
ဒါပေမယ့် ဘယ်ဒင်းဘယ်ဟာကို ဘယ်လိုစားမှ ဖြစ်သလိုစားတာ ဆိုတဲ့ စံသတ်မှတ်ချက်ကလဲ မရှိတော့ ရေးရခက်နေတယ်...။
ဆိုတော့က ဖြစ်နိုင်ရင်ပေါ့နော်... ညီမလေးနန်းညီရယ်... ဘယ်လိုဘယ်ပုံ ရေးရမယ်ဆိုတာလေး Guide လေးပေးပါဦးလို့...။
နည်းလေး ဘာလေး သိတော့ ရေးရတာ ပိုလွယ်သွားတာပေါ့နော့...။
အဟက်...။
၈ ရက်နေ့ကို ခရီးထွက်ရမယ်ဆိုတော့ ပြန်လာမှ ပြန်ရေးပေးမယ်ကွယ်...။
တာ့တာ
ရေးသားသူ
Ko Boyz
at
12:27 PM
1 ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Tag