Showing posts with label flu. Show all posts
Showing posts with label flu. Show all posts

Tuesday, May 12, 2009

H1N1 flu Related News

  • စင်ကာပူနိုင်ငံမှာ ဒီတုပ်ကွေးနဲ့ ပတ်သက်ပြီး တပ်လှန့်နှိုးဆော်ချက်များကို လိမ္မော်ရောင် အဆင့်မှ တစ်ဆင့်နိမ့်တဲ့ အ၀ါရောင် အဆင့်သို့ လျှော့ချတော့မယ် လို့ သိရပါတယ်။
  • စင်ကာပူနိုင်ငံကို လာရောက်မယ့် မက္ကဆီကို နိုင်ငံသားများအတွက် တုပ်ကွေးကူးစက်ကာလအတွင်း ကန့်သတ်တားမြစ်ချက်များကို အဂါင်္နေ့က စပြီး ရုပ်သိမ်းပေးပါတော့မယ်။
  • အစိုးရက တုပ်ကွေးတပ်လှန့် သတိပေးချက်ကို လျှော့လိုက်သော်ငြား ဟိုတယ်နဲ့ အခြားသော နေရာများမှာ ကျန်းမာရေး စစ်ဆေးချက်၊ ကိုယ်ပူချိန် စစ်ဆေးချက်များကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
  • အလိုဟာ ရီဆော့စ်မှာ တုပ်ကွေး ကူးစက်ခံရတယ်လို့ သံသယရှိပြီး သီးသန့်ထားရတဲ့ စင်ကာပူနိုင်ငံသား တစ်ယောက်သာ ကျန်ပါတော့တယ်။
  • တရုတ်နိုင်ငံရဲ့ ပထမဆုံးသော တုပ်ကွေး ကူးစက်သူ ကို တနင်္လာနေ့က တွေ့ရှိတယ်လို့ အစိုးရက တရားဝင် သတင်း ထုတ်ပြန်လိုက်ပါတယ်။
  • ကျူးဘားမှာလဲ မက္ကဆီကန် ကျောင်းသားတစ်ဦး တုပ်ကွေး ကူးစက်နေကြောင်း ဒီမနက်မှာပဲ သတင်း ထုတ်ပြန်ပါတယ်။
  • ကော်စတာရီကာမှာ ဖိတ်စင်သူဦးရေ ၅၀ ရှိသွားပြီ လို့ သတင်းမှတ်တမ်းများက ဆိုပါတယ်။
သတင်းမှတ်တမ်းများကို CNA က ရရှိပါတယ်။

ထပ်ဖြည့်။ ။ ဘန်ကောက်ပို့စ်က ရရှိတဲ့ သတင်းများအရ ဘန်ကောက်မှာ တုပ်ကွေးရောဂါ ကူးစက်ခွရတဲ့ လူနာရဲ့ သွေးနမူနာကို စစ်ဆေးရာမှာ H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ ဖြစ်ကြောင်း ၀န်ကြီးချုပ်က အတည်ပြု ပြောကြားသွားပါတယ်။ အဆိုပါလူနာဟာ ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။ ဘန်ကောက်မှာ ပထမဆုံးသော H1N1 တုပ်ကွေး ကူးစက်သော လူနာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတစ်ခုက လောလောလတ်လတ် ပြန်လာတဲ့ ထိုင်းနိုင်ငံသား တစ်ဦး ဖြစ်ပါတယ်။

Friday, May 1, 2009

Swine Flu, Singapore, Orange Alert

Singapore နိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနဲ့ရဲ့ ဧပြီလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြောငြာတဲ့ ၀က်တုပ်ကွေး ရောဂါ နောက်ဆက်တွဲ သတင်းမှာ ယမာန်နေ့က အ၀ါရောင် အဆင့်အဖြစ် သတ်မှတ်ထားရာကနေ နောက်တစ်ဆင့် လိမ္မော်ရောင် အဆင့်သို့ ထပ်တိုးလိုက်ပါပြီ။ ၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ မရှိသေးပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက တိုးမြှင့် ထုတ်ပြန်လိုက်တဲ့ သတိပေး Level ဖြစ်တဲ့ အဆင့်ငါးနဲ့ လိုက်ပြီး တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံသို့ ခရီးသွားလာပြီး ပြန်ရောက်လာတဲ့ နိုင်ငံသားများကိုလဲ Home Quarantine Order ထုတ်ပြီး ၇ ရက်အတွင်း အပြင်မထွက်ဖို့ကို တိုက်တွန်းနူိးဆော်ထားပါတယ်။

ကျန်းမာရေး ၀န်ကြီးရဲ့ ပြောကြားချက်အရ မက္ကဆီကိုက ၀က်တုပ်ကွေး ရောဂါကို ပထမဆုံး ကူးစက်ခံနိုင်ရဖို့ အခွင့်အလမ်း အများဆုံးက အရှေ့တောင်အာရှနိုင်ငံများထဲမှာ စင်ကာပူနိုင်ငံက ဖြစ်နိုင်ခြေ အများဆုံး ဖြစ်တဲ့ အတွက် သတိနဲ့ နေဖို့ တိုက်တွန်းလိုက်ပါတယ်။ ဖြစ်လာတဲ့ ဒဏ်ကို ကြောက်ရွံ့ခြင်းမရှိပဲ စံနစ်တကျ ခုခံကာကွယ်နိုင်ဖို့ အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားပါတယ်။

ဆားစ်ရောဂါ ဖြစ်တုန်းက ခုခံကာကွယ်မှုမျိုးဟာ အခုတစ်ကြိမ် ရောဂါအသစ်အဆန်းနဲ့ ကြုံလာချိန်မှာ အသုံးဝင်ချင်မှ ၀င်ပေမယ့် တစ်ကယ်တမ်း ဖြစ်လာချိန်မှာ ခြေကုန်လက်ပန်းကျနေတာ မဖြစ်ရလေအောင် သတိပေး ကာကွယ်ချက်တွေကို လိုတာထက် ပိုမလုပ်မိစေဖို့ ပြောကြားပါသေးတယ်။

လိမ္မော်ရောင် သတိပေးချက် အဆင့်မှာ ကိုယ်ပူချိန် တိုင်းတာနဲ့ ၀က်တုပ်ကွေးရောဂါ လက္ခဏာ စစ်ဆေးချက်တွေကို ဆေးရုံနဲ့ ဆေးခန်းတွေမှာ စစ်ဆေးမှာပါ။ ဆေးရုံများမှာ ဆေးစစ်တာ၊ ဆရာဝန်လာပြတာ တွေကို လူနာနဲ့ လိုက်ပါသူ အဖေါ် တစ်ဦးသာ ခွင့်ပြုမှာ ဖြစ်ပြီး နှစ်ယောက်စလုံးကို ကိုယ်ပူချိန် တိုင်းတာနဲ့ တုပ်ကွေး လက္ခဏာ စစ်ဆေးမှာ ဖြစ်ပါတယ်။
(လွန်ခဲ့တဲ့ တနင်္လာနေ့က ချန်ဂီဆေးရုံကို ခါးရိုး ဓါတ်မှန်ရိုက်ဖို့ အသွားမှာ ကျွန်တော်နဲ့ ပါလာသူ အဖေါ် တစ်ဦးကို Thermal Scanning, နားထဲ သာမိုမီတာ နဲ့ ကိုယ်ပူချိန် တိုင်းတာတွေ လုပ်ပါတယ်။ အဲဒီတုန်းက ကျွန်တော့် ကိုယ်အပူချိန် မြင့်နေလို့ ဆိုပြီး Fever Patient လူနာများ စောင့်ဆိုင်းရာ နေရာမှာ သွားစောင့်ခိုင်းတာ ကြုံပါတယ်။ Screening လုပ်တဲ့ အချိန်မှာ ကိုယ်ပူချိန် မရှိဆိုပြီး ရိုးရိုး လူနာခန်းထဲမှာပဲ သွားထားပါတော့တယ်။)

လူနာကို နီးနီးကပ်ကပ် ပြုစုစောင့်ရှောက်တဲ့ ကျန်းမာရေး ၀န်ထမ်းတိုင်းကို ကာကွယ်ရေး ၀တ်စုံ၊ ကိရယာတွေ အပြည့်အစုံ ၀တ်ဖို့ ညွှန်ကြားချက် ထုတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

တုပ်ကွေး ရောဂါသည် ကိုယ်ခံအား နိမ့်ပါးတဲ့ အချိန်မှာ ၀င်ရောက် တိုက်ခိုက်နိုင်တာမို့ ကျန်းမာရေး ကောင်းနေတဲ့ နိုင်ငံသားတိုင်း ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်း ဖြစ်တဲ့ အပြေးလေ့ကျင့်ခန်း၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ စတာတွေ ကို ပုံမှန် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ အိပ်ရေး ၀၀ အိပ်ဖို့လဲ တိုက်တွန်းထားပါတယ်။

အကယ်၍ Swine Flu ၀က်တုပ်ကွေးနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်များ သိရှိလိုပါက ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ၀က်ဘ်ဆိုဒ်ဖြစ်တဲ့
www.moh.gov.sg သို့လည်းကောင်း၊ Hot Line Phone ဖြစ်တဲ့ 1800-333 9999 သို့လည်းကောင်း ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Source : CNA

Thursday, April 30, 2009

3S "Swine Flu, Stockpile, Singapore"

အခုလို တစ်ကမ္ဘာလုံးက တပ်လှန့်ထားရတဲ့ အခြေအနေ ရောက်နေတဲ့ ၀က်တုပ်ကွေးနဲ့ ပတ်သက်လို့ စင်ကာပူမှာ ဆေးဝါးများ သိုလှောင်ထားမှု အခြေအနေကို ကြည့်ရအောင်လား။

အကယ်၍ ၀က်တုပ်ကွေး ရောဂါ ကျရောက်လာခဲ့ရင် ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးများဟာ အလုံအလောက် ရှိပါတယ်။ ဆေးရုံများကိုလဲ အရေးပေါ်ဖြစ်လာခဲ့ရင် ချက်ချင်းကုသနိုင်အောင် ကုတင်များကို အသင့်ပြင်ထားပါတယ်။ Tan Tock Seng ဆေးရုံမှာတော့ အဖျားရောဂါနဲ့ ရောက်လာတဲ့ လူနာသည် ကိုယ်အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ကျော်နေမယ်၊ အသက်ရှုလမ်းကြောင်း အခက်အခဲ ဖြစ်နေမယ်၊ ၀က်တုပ်ကွေး ရောဂါ ဖြစ်ပွားရာ တိုင်းပြည်ကနေ ၇ ရက်အတွင်း ခရီးသွားလာဖူးသူ ဖြစ်မယ်ဆိုရင် ချက်ချင်းပဲ စင်ကာပူ ကျန်းမာရေး ဌာနရဲ့ တုပ်ကွေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ရောဂါရှာဖွေရေးများကို စမ်းသပ်မှာ ဖြစ်ပါတယ်။

အကယ်၍ ရှွာေ တွေ့ရှိချက်များဟာ သာမာန် တုပ်ကွေးရောဂါ လက္ခဏာနဲ့ တူညီမှု မရှိပါက Genome Sequence နဲ့ လူနာကို စမ်းသပ်ပြီး လူနာကို ချက်ချင်းပဲ CDC လို့ အတိုကောက် ခေါ်တဲ့ Communicable Disease Center မှာ သီးသန့်ထားရှိမှာ ဖြစ်ပါတယ်။

ကျန်းမာရေး ၀န်ကြီးဌာန၊ ကူးစက်ရောဂါများ ဌာန ဒါရိုက်တာ Dr. Lyn James က ပြောကြားရာမှ “အကယ်၍ ပုံမှန်မဟုတ်သော တုပ်ကွေးလက္ခဏာ ပြသတဲ့ လူနဲ့ တွေ့ခဲ့ရင် ပထမဦးဆုံး သေချာအောင် စမ်းသပ်မှုများ ပြုလုပ်ပါတယ်။ ကျွန်တော်တို့ဆီမှာ လက်ရှိ ဆောင်ရွက်နိုင်တာကတော့ တစ်စိတ်တစ်ပိုင်း စမ်းသပ်မှုများသာ ဖြစ်ပါတယ်။ အဲဒီနောက် ရောဂါဖြစ်စဉ်ကို စစ်တမ်းထုတ်ပြီး Swine Flu ဖြစ်စဉ်နဲ့ နှိုင်းယှဉ်ပြီးမှသာ ၀က်တုပ်ကွေး ဖြစ်နိုင် မဖြစ်နိုင် ကို စစ်ဆေးနိုင်ပါမယ်။”

ကနဦးမှာတော့ ၀က်တုပ်ကွေးရောဂါ ဟုတ်မဟုတ် စစ်ဆေးခြင်းသည် ၇ ရက်ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။ အခု လက်ရှိ စမ်းသပ်ထားတဲ့ ရောဂါရှာဖွေရေး ကိရိယာ တီထွင်ခြင်းများ အောင်မြင်ပါက ဒီ့ထက်ပို မြန်ဆန်စွာ စစ်ဆေးနိုင်မယ်လို့ ပြောကြားသွားပါတယ်။

သုံးပုံတစ်ပုံသော ၀က်တုပ်ကွေး ရောဂါ ကူးစက်ခံရသူဟာ စစချင်းမှာတော့ ဘယ်ရောဂါလက္ခဏာမှ ပြသခြင်း မရှိတဲ့ အတွက် ရောဂါဖြစ်ပွားရာ တိုင်းပြည်များဆီသို့ သွားလာခဲ့သူ ပြည်သူများအနေနဲ့ ရောဂါအစပျိုးတဲ့ ကာလဖြစ်တဲ့ ပထမ ၇ရက်အတွင်း အများပြည်သူ လူထူထပ်ရာနေရာများသို့ မသွားဖို့ ကျန်းမာရေး ၀န်ကြီးဌာနက တိုက်တွန်းထားပါတယ်။

၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ SARS ရောဂါအတွက် ကုသနိုင်မယ့် ဆေးဝါးများ မရှိခဲ့ပါဘူး။ ယခုအခါမှာတော့ Tamiflu , Relenza အစရှိတဲ့ ဆေးဝါးများဟာ Swine Flu ဖြစ်တယ်လို့ သေချာခဲ့ရင် ၄၈ နာရီအတွင်း ထိရောက်စွာ ကုသနိုင်တဲ့ ဆေးဝါးတွေ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

Tamiflu ဆေးဝါးဟာ ကာကွယ်ဆေး မဟုတ်ဘူးလို့ ဆရာဝန်များက တစ်ညီတစ်ညွှတ်တည်း ပြောကြားထားပါတယ်။ စိုးရိမ်တတ်သူ တစ်ချို့က အဆိုပါ ဆေးဝါးကို ကာကွယ်ဆေးအနေနဲ့ ကြိုတင် သုံးစွဲထားလို့ရှိရင် မိမိရဲ့ ရောဂါ ကာကွယ်ရေး ခုခံအား အပေါ် တစ်နည်း တစ်ဖုံ ထိခိုက်နိုင်တယ်လို့ ဆရာဝန်များက သတိပေး တားမြစ်ထားပါတယ်။

စင်ကာပူ ကျန်းမာရေး ဌာနက ထုတ်ပြန်ချက်အရ လောလောဆယ် သိုလှောင်ထားတဲ့ ဆေးဝါး ပမာဏကတော့ Tamiflu = 1.15 million course, Relenza = 50,000 Course အသီးသီး ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိဈေးကွက်ထဲမှာ ရောင်းချနေတဲ့ တာမီးဖလူး ဆေးဝါးများသည် Swine Flu ကို ကာကွယ်ရန် လုံလောက်သော အာနိသင် မရှိကြောင်းနဲ့ သုံးစွဲမိပါက ရောဂါပိုးသည် ဆေးယဉ်ပါးမှု ပြဿနာနဲ့ ကြုံတွေ့နိုင်ပြီး ကုသရ ခက်လဲမယ်လို့ သတိပေးထားပါတယ်။

၁၉၁၈ ခုနှစ်က ဒီလို တုပ်ကွေး ဖြစ်ပွားခဲ့ရာမှာ ကမ္ဘာသူ ကမ္ဘာသား သန်း ၅၀ အသက်ဆုံးရှုံးခဲ့ပါတယ်။ အခုလဲ ဒုတိယအကြိမ် တစ်ကျော့ ပြန်လာပါပြီ။ မိမိပတ်ဝန်းကျင်မှာ ရောဂါလက္ခဏာ ကူးစက်မှု လက္ခဏာများ တွေ့ရှိပါက ပေါ့ပေါ့တန်တန် မနေကြဖို့ ဆရာဝန်များက သတိပေးထားပါတယ်။

ဟောင်ကောင်၊ နယူးဇီလန်၊ သြစတေးလျမှာတော့ တစ်ချို့ တွေဟာ မျက်နှာဖုံးများ Masks များ တပ်ဆင်ကာ သွားလာနေတာ တွေ့ရပါတယ်။

Source : CNA

Update :
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက အဆိုပါ ၀က်တုပ်ကွေးကူးစက်မှုအတွက် တပ်လှန့်ရာမှာ ယခင် အဆင့် ၄ မှ ယခု အဆင့် ၅ သို့ တိုးမြှင့် တပ်လှန့်ထားပါတယ်။ Swine Flu Outbreak သို့ ရောက်ရန် တစ်ဆင့် သာ လိုပါတော့တယ်။

Wednesday, April 29, 2009

Swine Flu Outbreak

အခု စလုံး အစိုးရက ၀က်တုပ်ကွေးနဲ့ပတ်သက်လို့ စိုးရိမ်ရတဲ့ အဆင့် Yellow Alert အဆင့်အထိ သတ်မှတ်လိုက်ပါတယ်။ အစိမ်းကနေ အ၀ါရောင်ပေါ့နော်...။ ကူးစက်ရောဂါ ဖြစ်ပွားတဲ့ လူနာ မရှိသေးပေမယ့် ကာကွယ်ထားတာပါတဲ့။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မက်ကဆီကိုမှာ ဆယ်မီနာ တက်ပြီး ပြန်လာတဲ့ အမျိုးသမီး တစ်ယောက်ကို တုပ်ကွေး ကူးစက်ခံရတယ် သံသယ ဖြစ်ပြီး သီးသန့်ခန်းထဲ ပြုစုထားပါတယ်...။
နယူးဇီလန်မှာ စပြန့်နေပါပြီ။ သြစတေးလျလဲ ပါနေပါပြီ...။
စင်ကာပူလဲ လူဝင်လူထွက်များတော့ သတိထားနေကြပါ။ အအိပ်မှန် အစားမှန်အောင် လုပ်ကြပါ...။ ကိုယ်ခံအား ကောင်းအောင်နေကြပါလို့...။
သတင်း အကျယ်ကို ဒီမှာ နဲ့ ဒီမှာ သွားဖတ်ကြပါ...။

Update :
(SG STD 8:30 pm 290409)
အမေရိကားမှာ ပထမဆုံးသော ၀က်တုပ်ကွေး ကူးစက်ခံရတဲ့ ကလေး အသက်ဆုံးရှုံးသွားပါပြီ။ တက်ဆပ်စ် ပြည်နယ်က အသက် တစ်နှစ်နဲ့ ၁၁လ အရွယ် ကလေးတစ်ယောက် ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူ ၆၄ ယောက် ရှိပါတယ်။ နယူးယောက်က ၄၅ ယောက် အပါအ၀င် ဖြစ်ပါတယ်။ မက္ကဆီကိုမှာတော့ လူပေါင်း ၁၅၉ ယောက်ကို ဇီဝန်ခြွေသွားပါပြီ။ နယူးယောက် မြို့တော်ဝန်ရဲ့ ပြောကြားချက်အရ ရာပေါင်းများစွာသော ကလေးငယ်များဟာ ၀က်တုပ်ကွေးရောဂါ ကူးစက်မှုနဲ့ ဆေးရုံမှာ ကုသမှု ခံယူနေကြပါတယ်။ လက်ရှိ ရောဂါပိုး ကူးစက်မှု ရှိတယ်လို့ တရားဝင် သတင်း ထုတ်ပြန်တဲ့ နိုင်ငံများကတော့
၁။ အမေရိကား
၂။ မက္ကဆီကို
၃။ ကနေဒါ
၃။ အစ္စရေး
၎။ နယူးဇီလန်
၅။ စပိန်

စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ အာရှမှာ အကူးစက်နိုင်ဆုံးက နိုင်ငံခြားသား ခရီးသည် အ၀င်အထွက်များတဲ့ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။

သတင်း အကျယ်ကို ဒီမှာ နဲ့ ဒီမှာ ဖတ်ကြပါ။