Monday, August 31, 2009
As Usual
ရေးသားသူ
Ko Boyz
at
9:23 AM
12
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Food
Saturday, August 29, 2009
ကျွန်တော် ငပွကြီး
ငယ်ငယ်တုန်းက ဖတ်စရာ စာတွေ အလွန်ရှားတယ်။
နေရတဲ့ နေရာက သွားလာရေး ခက်ခဲတဲ့ တောင်ပေါ်လေ...။
အသစ်ကုန်သွားရင် အဟောင်းတွေကို အစကနေ ပြန်ဖတ်တယ်။
အများဆုံး ဖတ်မိတာ သုတစွယ်စုံပဲ။
အဲဒီခေတ်က ခဲစာလုံးခေတ်။ ခဲစာလုံးခေတ်ဆိုတော့ စာတစ်မျက်နှာကို ခဲစာလုံးတွေ စီရတယ်။ ခဲစာလုံးတွေက စာလုံးပြောင်းပြန်တွေ။ ဆိုတော့ စီတဲ့သူက စီပြီးရင် အဲဒီ စီထားတာကို ပရုဖတ်တဲ့ စာပြင်ဆရာဆီ ပို့ရတယ်။ စာပြင်ဆရာဆိုတာ နာမည်အတိုင်းပဲ စာကိုပြင်တာ။ စာအနေအထား၊ စာပိုဒ်ခွဲပုံ၊ သတ်ပုံ၊ ဘာညာ ဘာညာ...။
အဲဒီတော့ အရင်ခေတ်က (ကွန်ပြူတာနဲ့ စာမစီသေးတဲ့ ခေတ်) ထုတ်တဲ့ စာအုပ်တွေမှာ သတ်ပုံ အကျအပေါက်နည်းတယ်။
ဆိုတော့ အဲဒီ စာလုံးပေါင်း သတ်ပုံမှန်တဲ့ စာတွေချည်းပဲ ဖတ်ရတာ ဆိုတော့ ကိုယ်က စာရေးရင် စာလုံးပေါင်း သတ်ပုံအမှားတွေ အများကြီး မဟုတ်တောင် တော်တော်နည်းတယ် ဆိုတဲ့ အဆင့်ပဲ။ စာဖတ်လိုက်ရင် စာလုံးပေါင်းမှားတဲ့ နေရာဆို ဖတ်ရတာ ထောင့်တောင့်တောင့် ဖြစ်တယ်။
နောက်ပြီး ဖတ်စရာရှားတဲ့ အရပ်ဆိုတော့လဲ နောက်ဆုံးကို ဖတ်စရာမရှိရင် ကျောင်းဖတ်စာအုပ်တွေ ဖတ်ဖြစ်တယ်။ ကျောင်းစာအုပ်ဆိုတာ နိုင်ငံတော်ကနေ ထုတ်တာဆိုတော့ အမှားအယွင်း နည်းတယ်။
ခုတစ်လော စာတွေကို စာအုပ်နဲ့ အသေအချာ မဖတ်ဖြစ်တာ တော်တော်ကြာပြီ။ အွန်လိုင်းပေါ်ကစာတွေပဲ လိုက်ဖတ်ဖြစ်တယ်။ လိုက်ဖတ်တော့ တော်ရုံမမှားသင့်တဲ့ အမှားတွေ တော်တော်များများ တွေ့တယ်။ သတ်ပုံအမှားတွေ့တိုင်း လိုက်လိုက်ပြောပြီး ပြင်ချင်တာ ကျွန်တော့် ဝသီပဲ။ ကျွန်တော် ဝင်နေကျ ဖိုရမ်တွေမှာ ကျွန်တော် သိတဲ့ သတ်ပုံ အမှားတွေကို သိသလောက် ပြင်ပေးတယ်။ ကျွန်တော့် CBox မှာ လာရေးတဲ့သူတွေထဲက ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတွေကို သတ်ပုံအမှားရေးတာ မြင်ရင် ပြင်ပေးတယ်။ ရင်းနှီးသူတစ်ချို့ရေးတဲ့ Blog တွေမှာ သူတို့ Post တွေ သတ်ပုံအမှားတွေ့ရင် ပြင်ပေးတယ်။ ယုတ်စွအဆုံး ဂျီတော့ခ်မှာ ပြောနေရင်း မှားရင် ကျွန်တော် ပြင်ပေးတယ်။
အစကတော့ သတ်ပုံမှားနေတာကို အမှန်ပြင်ပေးရင် လူတွေ လက်ခံလိမ့်မယ်လို့ ကျွန်တော် တွေးတယ်။ နောက်တော့ မဟုတ်တော့ဘူး။ ဖိုရမ်တစ်ခုမှာ ကျွန်တော် ပြင်ပြင်ပေးတော့ ကျွန်တော့်ကို အမြင်ကပ်သူများက ခပ်ထေ့ထေ့နဲ့တစ်ဖုံ၊ ပေါ်တင်ပြောခြင်းဖြင့်တစ်နည်း၊ စောင်းပါးရိပ်ခြည်ဖြင့် တစ်သွယ် ပြောကြတယ်။
CBox မှာလဲ လာပြောကြတယ်။ ဒါတောင် တစ်ချို့Blog က comment တွေမှာ ကျွန်တော် လိုက်ပြင်ပြီးမှ နောက်ပိုင်း တက်လာတဲ့ comment တွေကို ကျွန်တော် လိုက်မဖတ်ဖြစ်သေးလို့ ဘယ်လို action တွေ လာမယ်ဆိုတာ မသိတာ...။
နောက်ဆုံးမှာ ကျွန်တော် ကြုံလိုက်တာက ပြောမနာ ဆိုမနာ ညီမလေးတစ်ယောက်နဲ့ ဂျီတော့ခ်မှာ ပြောနေရင်းနဲ့ သူ့မက်ဆေ့ခ်ျတွေမှာ သတ်ပုံအမှား ပြင်ပေးမိရာကနေ သူစိတ်ဆိုးသွားတယ်။ သတ်ပုံပြင်မယ်ဆို သူနဲ့ မပြောနဲ့တဲ့။ မပြောနဲ့ဆိုတော့လဲ မပြောဘူးပေါ့။ ကျွန်တော်လဲ ပြောလက်စ ဂျီတော့ခ်ကို ပိတ်လိုက်တယ်။ ခုထိ အဆက်အသွယ် မလုပ်တော့ဘူး။
မင်းက ဆရာကြီးလားလို့ မေးရင် သင်ယူနေဆဲ စာသင်သမား ပါလို့ပဲ ပြောချင်ပါတယ်။
ကျွန်တော် ငပွကြီးလား...။
သတ်ပုံအမှားကို ရေးမိတဲ့ အကြောင်းရင်းကို ကောက်ချက်ချရရင်
၁။ သတ်ပုံအမှန်ကို မသိလို့
၂။ ကီးဘုတ်မှာ ရိုက်ရမယ့် မြန်မာ လက်ကွက်အမှန်ကို မသိလို့
၃။ ယပင့်၊ ယရစ်(အကြီး အသေး) တွေမှာ အမြီးပြတ် ခေါင်းပြတ် ရိုက်ရတာတွေ၊ တစ်ချောင်းငင် နှစ်ချောင်းငင် တွေကို အတိုလား အရှည်လား ရိုက်ရတာတွေဟာ ဇော်ဂျီ ကီးဘုတ်မှာ နည်းနည်းခက်တယ်။ အဲဒါကြောင့်
အထက်ပါ အကြောင်းအချက်များကြောင့် သတ်ပုံအမှား ရေးဖြစ်တယ်လို့ ကောက်ချက် ချမိတယ်။။
နံပါတ် ၃ အတွက် ကျွန်တော် ဇော်ဂျီလက်ကွက် ဗားရှင်း၂၀၀၈ ကိုသုံးပြီး ဘယ်စာလုံးဟာ ဘယ်နေရာဆိုတာကို တတ်နိုင်သလောက် ဒီနေရာမှာ ပို့စ်တစ်ခု အနေနဲ့ တင်ပေးဖူးတယ်။ အောက်ကလင့်ခ်ကို ကလစ်နှိပ်ကြည့်ပြိးတော့ ဘယ်စာလုံးကို ဘယ်လက်ကွက်မှာ ရိုက်နိုင်တယ်ဆိုတာ မြည်းစမ်းကြည့်ပါလားဗျာ။
http://heartstations.blogspot.com/2008/07/blog-post_09.html
မြင်သာအောင် ပုံနဲ့တစ်ကွ ဖေါ်ပြလိုက်ပါတယ်။
Credit to Alpha Zawgyi Group
လောလောဆယ်တော့ မြန်မာသတ်ပုံကျမ်းကလဲ အဟောင်းနဲ့ အသစ်မှာ တစ်ချို့စာလုံးတွေ နှစ်မျိုးဖြစ်နေတာ တွေ့ရတယ်။ အများလက်ခံတာကိုပဲ သတ်ပုံ အမှန်လို့ပဲ ယူဆရမှာပ။
ရေးသားသူ
Ko Boyz
at
9:24 AM
34
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: zawgyi
Tuesday, August 25, 2009
ကျွန်ပ်တို့၏ ကမ္ဘာမြေကြီး။ HOME
ဒီနှစ် စပါး အထွက်နည်းတယ်။
ဆောင်းဝင်နောက်ကျတယ်။
မုန်တိုင်းကျတာ မနှစ်ကထက် ပိုများလာတယ်။
ဆယ်လ်မွန်ငါးတွေ ဒီနှစ် ကနေဒါကို မပြန်ကြတော့ဘူး။ ၄% သာ ပြန်လာကြတယ်။
အယ်နီညိုး ပြန်ဖြစ်လာပြီ။
ရေခဲတောင်တွေ တော်တော်ပြိုနေတယ်။
မိုးနည်းရေရှား ရပ်ဝန်းတော်တော်ကျယ်ပြန့်လာတယ်။
ဖန်လုံအိမ်အာနိသင်ကြောင့်တဲ့။
ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေ လေထုထဲ ရောက်ကုန်လို့တဲ့...။
ဘာ့ကြောင့် ဒီလိုတွေ ဖြစ်နေတယ်ဆိုတာကို အောက်က လင့်ခ်မှာ အချိန်ယူပြီး ကြည့်ကြစို့လား။
တစ်နာရီကျော်ကျော် ကြာပါတယ်။
ဒီဗွီဒီ တစ်ချပ်စာကို သက်ဆိုင်ရာ ကုမ္ပဏီက Youtube ပေါ် အခမဲ့ ကြည့်နိုင်အောင် တင်ထားပေးတာပါ။
Subtitle လဲ English လို စာတမ်းထိုးထားပေးပါတယ်။
High Definition Full HD အနေနဲ့ ကြည့်လို့ရအောင် တင်ထားပေးပါတယ်။
ကော်နက်ရှင် နှေးသူများအတွက် Standard Definition အနေနဲ့လဲ ကြည့်နိုင်ပါတယ်။
We are living in exceptional times. Scientists tell us that we have 10 years to change the way we live, avert the depletion of natural resources and the catastrophic evolution of the Earth's climate...
HOME
Credit to : Home Project, YouTube
ရေးသားသူ
Ko Boyz
at
10:54 PM
11
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Youtube
Monday, August 24, 2009
Yoga Vs. Whisky

Picture 1. It takes years of practice to do this asana.
Wait....
Pls, scroll down to see something unusual.
...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Picture 2. It takes only 8 pegs of whisky also to do the same kind of asana.
Picture 2. It takes only 8 pegs of whisky also to do the same kind of asana.
So Why pratice? Just have whisky, huh?
(No offense, just want to ease the Monday Blue tension.)
Got it from email.
ရေးသားသူ
Ko Boyz
at
1:22 PM
8
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Joke
Thursday, August 20, 2009
A Little Tips To Play In Mafia Wars for Entry Level Members

Facebook ထဲက Game တစ်ခုဖြစ်တဲ့ မာဖီးယားဂိမ်းကို အခုမှ စတင်ကစားမယ့် Entry Level များအတွက် ကိုယ်သိသလောက်လေး နည်းနည်းချင်း မျှပေးတာပါ။ ပထမဦးဆုံး http://www.facebook.com မှာ Register လုပ်လိုက်ပါ။ Game ကစားရုံသက်သက်ဆိုရင် ကိုယ့်ရဲ့နာမည်တွေ၊ ကိုယ်ရေးမှတ်တမ်းတွေကို အတိအကျ ပေးစရာ မလိုပါဘူး။ နာမည်ပြောင်၊ ဘိုင်အိုဒေတာ အတုတွေနဲ့ register လုပ်လို့ရပါတယ်။ အကောင့်တစ်ခု ဆောက်ပြီးပြီဆိုရင် application ထဲက Mafia Wars ဆိုတာကို ရွေးပါ။ ဖေ့ဘွတ်အကောင့် တစ်ခု ဆောက်ပြီးတာနဲ့ အလိုအလျောက် မာဖီးယား ဆော့လို့ရပါတယ်။
Promote : အဲဒါက သူတို့ကို တစ်ခြားဂိုဏ်းနဲ့ ချတဲ့နေရာမှာ ဘယ်နေရာမှာ ဘာတာဝန်ဆိုတာ ခွဲဝေ တာဝန်ချတာပါ။ Mafia ရဲ့ Home မှာ တွေ့နိုင်ပါတယ်။ စစ်တိုက်ကောင်းသူကို ရှေ့တန်းထား.. အတွက်အချက် ကောင်းသူကို စာရင်းကိုင်ထား.. အဲလိုပေါ့...။ အဲဒီနေရာ တစ်ခုမှာ မန်ဘာတစ်ယောက်ကို ထားကြည့်လိုက်။ ကိုယ့်အတွက် ဘယ်% တက်မလဲ ကြည့်လိုက်။ နောက်တစ်ယောက်ကို ထားကြည့်လိုက် ဘယ်% လဲ မှတ်လိုက်...။ အများဆုံး % ပေးနိုင်သူကို အဲဒီနေရာမှာ ထားပေါ့ကွယ်။
သူများကို သွား Fight မယ်ဆိုရင် Fight ဆိုတဲ့ Button ကို အရင်နှိပ်ရတယ်။ နှိပ်လိုက်ရင် Fight, Hit List, Declare War, Rob ဆိုတဲ့ Tab လေးခု (တစ်ချို့ Entry Level များအတွက် Rob Function က နောက် အဆင့်မြင့်မှ ပါတယ်။) တွေ့လိမ့်မယ်။ Experience များများရချင်ရင်တော့ fight ကိုသာ များများလုပ်ပါ။ ပိုက်ပိုက်ရတာ နည်းတယ်။ Rob က Exp နည်းပြီး ပိုက်ပိုက်ရတာ များတယ်။ Exp များလာရင် လယ်ဗယ် တစ်ဆင့် တက်ပါတယ်။ လယ်ဗယ် တစ်ခါတက်ရင် ကိုယ့်မှာ ရှိတဲ့ Health, Energy နဲ့ Stamina ပွိုင့်တွေ ၁၀၀% ပြန်ပြည့်ပါတယ်။ ယင်းအပြင်ကို Skill Point 5 point အပို ရပါတယ်။ အဲဒီပွိုင့်တွေကို Attack or Defense or Stamina or Health or Energy စတာတွေမှာ သွားတိုးနိုင်ပါတယ်။ Attack ပွိုင့်များရင် သူများကို တစ်ခါချရင် Exp များများရသလို တစ်ဘက်သားက မြန်မြန်ကျဆုံးပါတယ်။ Defense များရင် ကိုယ့်ကိုယ် တစ်ဘက်ရန်သူက လွယ်လွယ် လာလုပ်ကြံလို့ မရပါဘူး။ Stamina က Robbing လုပ်တာမှာ သုံးတာပါ။ တစ်ခါ Rob လုပ်တိုင်း Stamina တစ်ပွိုင့် လျော့ပါတယ်။ လျော့သွားခဲ့ရင် ၅မိနစ်တစ်ပွိုင့်နှုန်းနဲ့ တိုးပေးပါတယ်။ Fight ကျတော့ Energy ရှိမှ Fight လုပ်လို့ရပါတယ်။ သူလဲ ၅မိနစ်ကို တစ်ပွိုင့်နှုန်း တိုးတာလား မသိဘူး။ Energy တွေက အချင်းချင်း ပို့ပေးလို့ ရပါတယ်။ ပို့လာတဲ့ Energy ကို သုံးမယ်ဆိုရင် လက်ရှိကိုယ့် Energy ရှိသလောက် အပြည့်ဖြည့်ပေးတဲ့ အပြင်ကို ၂၅% အပိုဆောင်း ဘောက်ဆူးရပါတယ်။ Health ပွိုင့်ကျတော့ ကိုယ်သွားပြီး Fight or Rob လုပ်တဲ့ တစ်ဘက်သားရဲ့ ခုခံတိုက်ခိုက်စွမ်းရည်ပေါ် မူတည်ပြီး လျော့နည်းပါတယ်။ သူက ပိုက်ပိုက်ရှိရင် ဆရာဝန်ကို ကုခိုင်းလို့ရတယ် တစ်ခါကုပြီး ၃ မိနစ် Gap ခံတယ်။ ၃မိနစ်ကျော်မှ ထပ် ကုလို့ရတာပါ။
ဆက်ပြီး Fight ကို ရွေးလိုက်ရင် ကိုယ့်ဂိုဏ်း မဟုတ်တဲ့ တစ်ခြားဂိုဏ်းက လူတွေ စာရင်းအရှည်ကြီး ထွက်လာလိမ့်မယ်။ အမြဲတမ်း ကိုယ့်အောက် လယ်ဗယ်နိမ့်ပြီး ဂိုဏ်းဝင် အရေအတွက် နည်းတဲ့ ရန်သူကိုသာ တိုက်ခိုက်ပါ။ Health ပွိုင့် ၂၀ အောက်ရောက်နေရင် Fight လုပ်လို့ မရပါဘူး။ ဆရာဝန်ဆီ ပြေးပြီး ဆေးကုပါ။ The Hospital ဆိုတာ နှိပ်ပြီး Heal လုပ်ပါ။
Declare War ကတော့ အချင်းချင်း ပြန်တိုက်တာ ပြောတာ။ သူက ခုတစ်ပတ်မှ ပေါ်လာတာ။ ကောင်းကောင်း မဆော့ဖြစ်သေးဘူး။ ဒါပေမဲ့ သူက အချင်းချင်း သတ်တာပဲ။
Rob ကျတော့ သူများကို သွားဒမြတိုက်တာပါ။ သူ့ကျတော့ Exp နည်းနည်းပဲ ရပြီး ပိုက်ပိုက်များများရတာပါ။ ကိုယ့်ကိုယ် သူများလာတိုက်ရင် ကိုယ်ပိုင်တဲ့ ပစ္စည်းတွေ ပျက်စီးပြီး ငွေရှိရင် ငွေပါ လုယူသွားတတ်တယ်။ ပစ္စည်းတွေ ပျက်စီးရင် ပြန်ပြင်ရပါတယ်။ စရိတ်ကုန်ပါတယ်။ ပြင်ပြီးရင် ရဲကို လာဘ်ထိုးပြီး ကိုယ့်ပစ္စည်းကို အစောင့်အရှောက်လုပ်ခိုင်းလိ
ပိုက်ပိုက်တွေ များလာရင် ဟော်တယ်တွေ၊ မီဂါ ကာစီနိုတွေ၊ စားသောက်ဆိုင်တွေ၊ အပါ့တ်မဲန့်တွေ ဆောက်နိုင်ပါတယ်။ အဲဒါတွေ ဆောက်ဖို့ သက်ဆိုင်ရာ မြေကွက်တွေ ဝယ်ပေးရပါသေးတယ်။ မီဂါ ကာစီနို ဆောက်ဖို့ Prime Downtown Lot ဝယ်ရပါတယ်။ ထိုနည်းတူ ဟော်တယ် ဆောက်ဖို့ Beach Front lot ဝယ်ရပါတယ်။ အဲဒါတွေ ဝယ်ထားရင် သူတို့ဆီကနေ တစ်နာရီတစ်ခါ ဝင်ငွေ မှန်မှန်ဝင်ပါတယ်။ သူများ လာတိုက်လို့ ပျက်စီးသွားရင် ပြန်ပြင်ရတဲ့အတွက် ပြင်စရိတ် ကုန်ပါတယ်။
တစ်ခါဝယ်ရင် ဈေးတွေက ခုန်တက်သွားပါတယ်။ တစ်ခါတစ်ကွက်၊ တစ်လုံး၊ တစ်ဆိုင် မဝယ်ပဲ ပိုက်ဆံအရင်စုပြီး တစ်ခါကို ၁၀ ယူနစ်စီ ဝယ်တာ သက်သာပါလိမ့်မယ်။ နို့မို့ တစ်ခါ တစ်ယူနစ်ဝယ်လိုက်ရင် နောက်တစ်ကြိမ်မှာ ဒီ့ထက် ဈေးပိုကြီးတာကို ဝယ်ရပါလိမ့်မယ်။ ၁၀ ယူနစ်စာ ပိုက်ဆံစုထားပြီး တစ်ခါကို ၁၀ယူနစ်စီဝယ်တာ ပိုကိုက်ပါတယ်။
ရလာတဲ့ ပိုက်ဆံတွေကို ကိုယ့်ဆီမှာ သိမ်းမထားပဲ ဘဏ်မှာ သွားအပ်ခြင်းဖြင့်
၁။ ငွေမဲကနေ ငွေဖြူ ဖြစ်နိုင်ပါတယ်။
၂။ သူများတွေ ကိုယ့်ဆီ လာတိုက်ရင် ငွေတွေ ပါမသွားပါဘူး။
ဒါပေမဲ့ ဘဏ်ကို ငွေဖြူ ပြောင်းခ Laundry Fees ၁၀% ပေးရတယ်။ ဘဏ်မှာ သူတို့ အပ်ထားတဲ့ ပမာဏ တစ်ခုခု ပြည့်မှီရင် Acheivement တစ်ခု ရပါတယ်။ ဒါကတော့ ဘာမှ အသံး မဝင်ပေမယ့် ကိုယ်ဘယ်လောက် ပိုက်ပိုက် ရှိတယ်ဆိုတာ ကြွားတဲ့ သဘောပါ။
Jobs ကျတော့ ဘယ် Jobs သည် ဘယ်လောက် Energy လိုအပ်တယ် ဘာ items လိုအပ်တယ် ဆိုတာ ရှိပြီးသားပါ။ Jobs တစ်ခါလုပ်တိုင်း Exp ဘယ်လောက် ပိုက်ပိုက် ဘယ်လောက်ဆိုတာ ရပါတယ်။ Loot items များလဲ ရနိုင်ပါတယ်။ Jobs တစ်ခု ပြီးရင်လဲ ၁ ပွိုင့်ရပါတယ်။
လယ်ဗယ် တစ်ခုပြီးရင် Reward Point ဆိုပြီး မာဖီးယား God Father များက ယုံကြည်ကိုးစားခြင်း အမှတ်ပေးပါတယ်။ အဲဒီ အမှတ်နဲ့ ပွိုင့်တွေ ဝယ်နိုင်တယ်။ ဂိုဏ်းသားအင်အား တိုးနိုင်ပါတယ်။
ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်ပါဦး။ နောက်ကို ထပ်တင်ပေးမယ်။
(အမှားအယွင်းရှိရင် ကော်မန့်ပေးခဲ့ပါ...။)
ရေးသားသူ
Ko Boyz
at
1:02 AM
10
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Wednesday, August 19, 2009
ကမောက်ကမ ဖြစ်စဉ်လေးတစ်ခု (PhD holder now a cabby)
ဒီနေ့ မနက် တက်လာတဲ့ သတင်းလေး တစ်ပုဒ်ပါ။ A*Star မှာ ၁၆ နှစ်ကြာ Researcher လုပ်လာခဲ့တဲ့ ပီအိတ်ခ်ျဒီ ဘွဲ့ရ တစ်ယောက် အလုပ်ပြုတ်ပြီးတော့ တက်က်စီဒရိုင်ဘာ ဖြစ်နေတဲ့ အကြောင်း။
သူက တရုတ်ပြည်က လာတာ။
အခုတော့ စင်ကာပူနိုင်ငံသား ခံယူထားတယ်။
သူ့အကြောင်းကို စထရိတ်တိုင်းမ်က သူတို့ရဲ့ အွန်လိုင်းသတင်းဆိုဒ်မှာ တင်ထားတယ်။
သူက သူ့ရဲ့ တက်စီမောင်းတဲ့ အတွေ့အကြုံကို ဘလော့တစ်ခုဖွင့်ပြီး တင်ထားတယ်။
အောက်က လင့်ခ်တွေမှာ စထရိတ်တိုင်းမ် သတင်းနဲ့ သူ့ဘလော့ကို ဖတ်နိုင်ပါတယ်.။
စထရိတ်တိုင်းမ်သတင်း
တက်စီဒရိုင်ဘာ ဘလော့
ဖတ်ပြီးတော့ ရင်မော။
Update : လင့်ခ်ပြုတ်နေတာ ပြန်ပြင်လိုက်ပါပြီ။
ရေးသားသူ
Ko Boyz
at
12:28 PM
17
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: news
Tuesday, August 18, 2009
ကမ္ဘာတစ်လွှား သတင်းတိုထွာများ News In Brief (180809)
- ပျောက်ဆုံးနေတဲ့ ရုရှားကုန်တင်သဘောင်္ကို ဗာဒီအငူကျွန်းစုနားမှာ သဘောင်္သား ၁၅ ယောက်နဲ့အတူ ပြန်လည် ရှာဖွေတွေ့ရှိပြီလို့ ဆိုပါတယ်။
- ရုရှားတောင်ပိုင်းက ရဲဌာနတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ လူပေါင်း၂၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရသွားပါတယ်။
- စုံစမ်းစစ်ဆေးမှုများအရ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ဖြစ်တဲ့ ရေအားလျှပ်စစ်သုံး ဓါတ်အားပေးစက်ရုံပေါက်ကွဲမှုမှာ ဝန်ထမ်း ၈ ယောက် သေဆုံးပြီး ၅၄ ယောက် ပျောက်ဆုံးနေတယ်လို့ သတင်းရရှိပါတယ်။
- လူပေါင်းမြောက်များစွာ သေကျေဒဏ်ရာရတဲ့ ကူဝိတ်မင်္ဂလာဆောင်တစ်ခုရဲ့ လက်သည်ဟာ သတိုးသားရဲ့ ဇနီးဟောင်း ဖြစ်တယ်လို့ ကိုယ်တိုင် ခံဝန်ချက်ထွက်ဆိုမှုများအရ သိရပါတယ်။
- အီရတ်နိုင်ငံမှာ လိင်တူဆက်ဆံသူများကို ရဲနဲ့ ပူးပေါင်းပြီး လုပ်ကြံသတ်ဖြတ်မှုများ ရှိလာတယ်လို့ လူ့အခွင့်အရေး အဖွဲ့က စိုးရိမ်စွာနဲ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
- နယူးဇီလန်က သူခိုးတစ်ယောက်ဟာ သူ့ရဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို အခင်းဖြစ်ပွားရာ နေရာမှာ သဲလွန်စချန်ထားခဲ့တယ်လို့ အံ့အားသင့်နေတဲ့ ရဲစုံထောက်များက ပြောကြားပါတယ်။
- ဝါရှင်တန် ဒီစီမှာသုံးစွဲနေတဲ့ ဒေါ်လာငွေစက္ကူများရဲ့ ၉၅% ဟာ ကိုကိန်းဓါတ်များနဲ့ ထိတွေ့ထားခံရတယ်လို့ စစ်တမ်းတစ်ခုက တွေ့နေရပါတယ်။
- တရုတ်ပြည် အလယ်ပိုင်း ရှန်စီးပြည်နယ်မှာ ကလေးပေါင်း ၆၀၀ ကျော် အဆိပ်သင့်မှု ဖြစ်ပွားနေပါတယ်။ အစိုးရ အရာရှိများက ခဲသတ္တု သန့်စင်အရည်ကျိုတဲ့ စက်ရုံကို အပြစ်တင်နေပါတယ်။
- ဝှိုက်ဟာ့လိန်းမှာ ကျင်းပခဲ့တဲ့ လီဗာပူး-စပါး ဘောလုံးပွဲမှာ ဘက်ဆောင်တစ်ယောက် နာမည်ကြီးသွားပါတယ်။ လီဗာပူးက ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
- အာဖဂန်နစ္စတန်မှာ လူအများကန့်ကွက်လျက် ရှိတဲ့ ဥပေဒ တစ်ခုကို အတည်ပြုလိုက်ပါတယ်။ အဆိုပါ ဥပဒေမှာ မိမိခင်ပွန်းနဲ့ လိင်ဆက်ဆံဖို့ ငြင်းဆန်တဲ့ ဇနီးကို အစာမကျွေးပဲ အငတ်ထားနိုင်တယ်လို့ ခွင့်ပြုထားပါတယ်။
- ရုရှားနိုင်ငံက လေကြောင်းသရုပ်ပြပွဲတစ်ခုမှာ ဂျက်လေယာဉ်အချင်းချင်း တိုက်မိမှုကြောင့် ပိုင်းလော့ တစ်ဦး သေဆုံးပြီး မြေပြင်ပေါ်က ၅ ယောက် ဒဏ်ရာရသွားပါတယ်။
- ဒုတိယ သုံးလပတ် ကာလမှာ ဂျပန်စီးပွားရေး စတင်ပြန်လည် ဦးမော့ လာပါပြီ။ စီးပွားပျက်ကပ်ကနေ လွှတ်မြောက်လာတဲ့ အခြေအနေလို့ စီးပွားရေး ပညာရှင်များက သုံးသပ်နေပါတယ်။
- နိုင်ဂျီးရီးယူးနိုင်ငံ အနောက်မြောက်ပိုင်းက ဗလီတစ်ခုကို ရဲများက ဝင်ရောက်စီးနင်းရာမှာ မူဆလင် ဘာသာဝင်ပေါင်း ၆၀၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းများက ဆိုပါတယ်။
- ၂၀၀၁ ခုနှစ်နောက်ပိုင်း တပ်စွဲမှုမှာ အခုအချိန်ထိ ဗြိတိန်တပ်သားများ တာဝန်ထမ်းဆောင်ရင် သေဆုံးမှုဟာ ၂၀၁ ယောက်ထိ ထိုးတက်သွားပါတယ်။
- လွန်ခဲ့သော ဆယ်နှစ်ကျော်က မိုင်းဗုံးနင်းမိမှုကြောင် ခြေထောက်ဆုံးရှုံးခဲ့ရတဲ့ ထိုင်းနိုင်ငံက ဆင်တစ်ကောင်ဟာ ယခုအခါ ခြေထောက်တု အသစ်နဲ့ ပြန်လည် လမ်းလျှောက်နိုင်ပြီလို့ ဆိုပါတယ်။
- အွန်လိုင်း ဝဘ်ဆိုဒ်ပေါ်မှာ တည်းခိုခကို မှားယွင်းကြော်ငြာ တင်မိတဲ့ ဗင်းနစ်က ဟော်တယ်တစ်ခုဟာ အဆိုပါ အမှားအယွင်းကို လက်ခံပြီး ကြိုတင်အွန်လိုင်း ဘွတ်ကင်တင်သူများကို အရှုံးခံဝန်ဆောင်မှု ပေးသွားမယ်လို့ ဂတိပြု ပြောကြားသွားပါတယ်။ ယူရို ၁၅၀ တင်ရမှာကို တစ်ညကို တစ်ဆင့်ထဲသာ ပေးဆောင်ရမယ်ဆိုပြီး မှားယွင်း ကြော်ငြာမိတဲ့အတွက် ဖြစ်ပါတယ်။
- အာရှဖလား ဘတ်စကက်ဘောပြိုင်ပွဲ ယမန်နှစ်ချန်ပံယံ အီရန်က ပြိုင်ဖက် တရုတ်ကို ၇၂-၅၀ နဲ့ အနိုင်ရသွားပါတယ်။
- အိုးလ်ထရက်ဖို့ဒ်မှာ ယဉ်ပြိုင်ကစားသွားတဲ့ မန်ယူ-ဘာမင်ဂန်စီးတီး ဘောလုံးပြိုင်ပွဲမှာ ရူနီ ကန်သွင်းလိုက်တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ မန်ယူက အနိုင်ရရှိသွားပါတယ်။
- လူမျိုးရေး အဓိကရုဏ်းများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။
- အပူပိုင်းမုန်တိုင်းတစ်ခုဟာ ဖလော်ရီဒါပြည်နယ်ကို ဦးတည်နေတယ်လို့ မိုးလေဝသ သတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။
- နာမည်ကြီး ဘောလိဝုဒ် သရုပ်ဆောင် ရှားရွတ်ခန်းကို အမေရိကန် လူဝင်မှု ကြီးကြပ်ရေး အရာရှိများက လေဆိပ်မှာ တစ်နာရီကျော် ကြာအောင် စစ်ဆေးမေးမြန်းမှုကြောင့် အိန္ဒိယပြည်သူများက အမျက်ဒေါသ ထွက်နေကြပါတယ်။
- ဂျပန်အခြေစိုက် ဆိုနီကုမ္ပဏီဟာ ဆိုနီအဲရစ်ဆန် ကုမ္ပဏီမှာ ရှယ်ယာအများစုကို ထပ်မံ ဝယ်ယူပြီးနောက်ပိုင်းမှာ ထိပ်ပိုင်းဆိုင်ရာ အရာရှိများ အပြောင်းအလဲကို ပြုပြင်ဖြည့်တင်း လိုက်ပါတယ်။
- တရုတ်နိုင်ငံက အံ့ဖွယ် အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ ဆံပင်နဲ့ ကားပေါင်း ၆စီးတိတိကို ကီလိုမီတာ ၅၀ အကွာအဝေးအထိ ဆွဲနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်ကို ပြသသွားပါတယ်။
- အစိုးရပိုင် သံမဏိစက်ရုံမှ လုပ်သားများဟာ အုပ်ချုပ်ရေးပိုင်းမှ ခေါင်းဆောင်များကို ဓါးစာခံအဖြစ် ဖမ်းဆီးဆန္ဒပြခဲ့တဲ့အတွက် အဆိုပါ စက်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး တရုတ်အရာရှိများရဲ့ အစီအစဉ် ခေတ္တ ရပ်ဆိုင်းထားပါတယ်။
- တရုတ်ပြည်ဟာ အင်တာနက် ထိန်းချုပ်ရေးစီမံချက် တစ်ခုဖြစ်တဲ့ ပီစီ ကွန်ပြူတာများမှာ ထုတ်လုပ်သူများက ဖီလ်တာ ဆော့ဖ်ဝဲများ မဖြစ်မနေ ထည့်သွင်းစေမှုကို တန်ပြန်အနေနဲ့ အမေရိကန်က အဆိုပါဆော့ဖ်ဝဲကို ကျော်လွားနိုင်တဲ့ နည်းပညာများ တီထွင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
- ရစ်ခ်ျတာစကေး ၆.၉ နီးပါး ရှိတဲ့ ဆူမားတြား ငလျင်တစ်ခုမှာ လူ ပေါင်း ၇ ယောက် ဒဏ်ရာရသွားတယ်လို့ သတင်းရရှိပါတယ်။
ဤတွင် ယနေ့အတွက် သတင်းများကို ကြေငြာလို့ ပြီးပါပြီ။
ရေးသားသူ
Ko Boyz
at
9:07 AM
15
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: news