Saturday, September 5, 2009
Correct Answer for Irish College Entrance Exam
ရေးသားသူ
Ko Boyz
at
8:46 PM
0
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Friday, September 4, 2009
နောင်တစ်ချိန် အိုမင်းမစွမ်းချိန်၌ အမှတ်ရစေခြင်းငှာ။
ယောကျာ်းလေးတွေအတွက် တစ်သက်မှာ သုံးခါ ပျော်ရတယ်တဲ့။ ရှင်လိင်ပြန်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့၊ နောက်တစ်နေ့က ဘာလဲတော့ မသိဘူး မေ့သွားပြီ။
မိန်းကလေးများအတွက်ကတော့ ပထမဦးဆုံး မင်္ဂလာဆောင်တဲ့ နေ့ဟာ တစ်သက်မှာ တစ်ကြိမ်တည်းသော အပျော်ဆုံးနေ့ပါတဲ့။
ဒီကောက်ချက်ကို ကြည့်ရရင် မိန်းကလေးများက ယောကျာ်းလေးများလောက် အပျော်ဆိုတာကို မခံစားတတ်ဘူးလို့ ထင်ရသလိုပါပဲ။
ဒါပေမဲ့ သေချာ ပြန်တွေးရင် မိန်းကလေး ရှင်လိင်ပြန်တယ်ဆိုတာ ရှိမှ မရှိတာနော့...။
ဒါ့ကြောင့် ရှင်လိင်ပြန်တဲ့ အပျော်ဆိုတာ မိန်းကလေးတွေအတွက် အကျုံး မဝင်ဘူးပေါ့။
ထောင်ကထွက်တဲ့နေ့ ပျော်ရအောင်ဆိုတာလဲ မိန်းကလေးအများစုက မိုက်မိုက်ကန်းကန်း မရှိကြလေတော့ ထောင်တန်းကျတယ်ဆိုတာ မရှိသလောင်ပါပဲ...။
တစ်သက်မှာ တစ်ခါ ပျော်ရတဲ့ ဒီမင်္ဂလာဆောင်ပွဲမှာ မိန်းကလေးတွေဟာ ဖြစ်နိုင်ရင် အမှတ်ရစရာ တစ်ခုအဖြစ် တစ်သက်တာ သိမ်းဆည်း အမှတ်ရစေချင်တယ်။ နောင်တစ်ချိန် အဖိုးကြီး ငါ့ကို အဖွားကြီးက မောင်တွေ ဘာတွေ ခေါ်ပါဦး ဘာညာ ရယ် ဖြစ်လာရင် တွေးတွေးပြီး ကြည်နူး အမှတ်ရနိုင်အောင် တစ်ခုခုတော့ ချန်ထားခဲ့ချင်ကြတာပဲ။
အောက်က ယူထုလေး ကြည့်ပြီးတော့ မင်္ဂလာဆောင်ချင်စိတ်လေးများ မပေါ်မိဘူးလား။
(Native Myanmar Forum မှာ Alive တင်ထားတာလေးကို ကြည့်ရင်းနဲ့ ဘလော့ဂ်ကြွလာ မိတ်သဟာများကိုပါ မျှဝေချင်မိလို့ တင်လိုက်တာပါ။)
Credit to : TheKheinz
ရေးသားသူ
Ko Boyz
at
11:37 PM
11
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Miscellaneous, Youtube
Tuesday, September 1, 2009
ရင်ခုန်သံ ကြိမ်နှုန်းများ ထပ်တူကျခြင်း။
တစ်ခါမှ မကြုံဖူးတဲ့ သူစိမ်းတစ်ယောက်ယောက်နဲ့ ရင်ခုန်နှုန်းများ ထပ်တူကျတာ ကြုံဖူးလား။
ရင်ဘတ်တူ မိတ်ဆွေများနဲ့ ရင်ခုန်သံ ကြိမ်နှုန်းတွေ ထပ်တူကျတာ ကြုံဖူးလား။
လတ်တလောကမှ သတိထားမိတာလေးပါ။
ညလေးတစ်ညမှာပေါ့။ သာနေတဲ့ လရောင်အောက်မှာ အပေါင်းအဖော်များနဲ့ သီချင်းလေး ညည်းနေရင်း...
မြရဲ့ညကို ခံစားနေရင်းနဲ့... သီချင်းလေးတွေနဲ့ စီးမျောနေကြတာပေါ့။
ဂီတာတီးပေးတဲ့ အတီးသမားက ကိုယ်တို့တွေထက် နည်းနည်း စီနီယာကျမယ် ထင်ပါရဲ့။
တီးတဲ့ သီချင်းတွေက အခုခေတ် ကလေးတွေ မသိတဲ့ သီချင်း။
ကိုယ်တွေ ခေတ်တုန်းက ပေါက်ခဲ့တဲ့ သီချင်း။
အစပ်အဟပ်တည့်တာပေါ့ကွယ်။
သူနဲ့ကတော့ အမြဲမဟုတ်တောင် တွေ့ဖူးနေကျ ဆိုတော့ သူတီးတတ်တဲ့ သီချင်းတွေ ကိုယ်ရတယ်။ ကိုယ်သဘောကျတဲ့ သီချင်းတွေ သူတီးတတ်တယ်။
ကိုယ်တို့တွေ လုပ်နေတာက ဆိုရှယ် ဂဲသားရင်းဆိုတော့ အပေါင်းအဖေါ်မိတ်ဆွေ အသစ်များလဲ ပါတယ်လေ။
အဲဒီအထဲကမှ တစ်ယောက်သော သူကို သတိထားမိတယ်။
သူလဲ တို့လို သီချင်းကြိုက်တတ်သူပါလား။
နှစ်၂၀က တေးများ အထိ သူလိုက်ညည်းတတ်တယ်။
ကိုယ်တွေ ကြိုက်တတ်တဲ့ taste က သူ့taste နဲ့တူနေတယ်။
အင်္ဂလိပ်သီချင်း၊ မြန်မာ သီချင်း မိုနို စတီရီယို အကုန်ရတယ်။
မိန်းကလေးတွေထဲမှာ သီချင်းကို ဌာန်ကရိုဏ်းမှန်အောင်၊ စည်းနဲ့ဝါး မှန်အောင် ဆိုတတ်တာ အရှားသားကလား။
အဲဒါကြောင့် သတိထားမိတာပေါ့။
ဆိုတဲ့သူကလဲ ဆို၊ ပွဲတောင်းသူကလဲ တောင်းနဲ့ အဆိုနဲ့ အတီးက အပေးအယူမျှနေတယ်။
တစ်ချိန်မှာ ကိုယ်တစ်ခု Request လုပ်လိုက်တယ်။
သီချင်းတစ်ပုဒ်တီးဖို့ပေါ့။
အတီးသမားကို သီချင်းခေါင်းစဉ်ပြောပြတော့ သူ သိပ်မသိဘူး ဖြစ်နေတယ်။
ဆိုပြမယ်ဆိုပြီး ဆိုတော့ အဲဒီ မိန်းကလေးက လိုက်ဆိုတယ်။
အဲဒီမှာ သူ့ကို ချီးကျူးမိသွားတယ်။
တော်ရုံ သီချင်း ကြိုက်တတ်သူတွေထက်ကို ပိုခံစားတတ်တဲ့ ရင်ခုန်သံချင်း ထပ်တူကျတဲ့ တစ်ယောက်ဖြစ်တယ်ဆိုတာ လက်ခံလိုက်တယ်။
ဝမ်းလဲ သာမိတယ်။
ကျောင်းတုန်းက ဒီလို ရင်ခုန်သံခြင်း ထပ်တူကျတဲ့ သူငယ်ချင်းမလေး တစ်ယောက် တွေ့ဖူးတယ်။
သူလဲ ကိုယ်တွေလိုပဲ သီချင်းကောင်းလေးတွေ ကြိုက်တတ်တယ်။
ခုများတော့ အိမ်ထောင်ကျပြီး နောက်ပိုင်း ဘယ်တောင် ရောက်နေလဲ မသိ။
အခုတော့ ကိုယ်လို ဟာမိုနီ ဖြစ်တဲ့ သူငယ်ချင်းမလေးတစ်ယောက် ထပ်ရပြန်ပြီ။
ကျေးဇူးတင်ပါတယ်။
(ကျွန်တော်ပြောခဲ့တဲ့ သီချင်းလေးက ဟင်္သာတို့ရဲ့ နန်းတော်ရှေ့လို့ အမည်ရတဲ့ လွမ်းမိုးရဲ့ သီချင်းလေးပါ။ ခုချိန်မှာ ကျွန်တော်တို့လို နိုင်တီးဂွမ်တီးက လူကလွဲရင် အဲဒီသီချင်းသိတဲ့သူ တော်တော်နည်းတယ်။)
ရေးသားသူ
Ko Boyz
at
11:09 AM
22
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Music
Monday, August 31, 2009
As Usual
ရေးသားသူ
Ko Boyz
at
9:23 AM
12
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Food
Saturday, August 29, 2009
ကျွန်တော် ငပွကြီး
ငယ်ငယ်တုန်းက ဖတ်စရာ စာတွေ အလွန်ရှားတယ်။
နေရတဲ့ နေရာက သွားလာရေး ခက်ခဲတဲ့ တောင်ပေါ်လေ...။
အသစ်ကုန်သွားရင် အဟောင်းတွေကို အစကနေ ပြန်ဖတ်တယ်။
အများဆုံး ဖတ်မိတာ သုတစွယ်စုံပဲ။
အဲဒီခေတ်က ခဲစာလုံးခေတ်။ ခဲစာလုံးခေတ်ဆိုတော့ စာတစ်မျက်နှာကို ခဲစာလုံးတွေ စီရတယ်။ ခဲစာလုံးတွေက စာလုံးပြောင်းပြန်တွေ။ ဆိုတော့ စီတဲ့သူက စီပြီးရင် အဲဒီ စီထားတာကို ပရုဖတ်တဲ့ စာပြင်ဆရာဆီ ပို့ရတယ်။ စာပြင်ဆရာဆိုတာ နာမည်အတိုင်းပဲ စာကိုပြင်တာ။ စာအနေအထား၊ စာပိုဒ်ခွဲပုံ၊ သတ်ပုံ၊ ဘာညာ ဘာညာ...။
အဲဒီတော့ အရင်ခေတ်က (ကွန်ပြူတာနဲ့ စာမစီသေးတဲ့ ခေတ်) ထုတ်တဲ့ စာအုပ်တွေမှာ သတ်ပုံ အကျအပေါက်နည်းတယ်။
ဆိုတော့ အဲဒီ စာလုံးပေါင်း သတ်ပုံမှန်တဲ့ စာတွေချည်းပဲ ဖတ်ရတာ ဆိုတော့ ကိုယ်က စာရေးရင် စာလုံးပေါင်း သတ်ပုံအမှားတွေ အများကြီး မဟုတ်တောင် တော်တော်နည်းတယ် ဆိုတဲ့ အဆင့်ပဲ။ စာဖတ်လိုက်ရင် စာလုံးပေါင်းမှားတဲ့ နေရာဆို ဖတ်ရတာ ထောင့်တောင့်တောင့် ဖြစ်တယ်။
နောက်ပြီး ဖတ်စရာရှားတဲ့ အရပ်ဆိုတော့လဲ နောက်ဆုံးကို ဖတ်စရာမရှိရင် ကျောင်းဖတ်စာအုပ်တွေ ဖတ်ဖြစ်တယ်။ ကျောင်းစာအုပ်ဆိုတာ နိုင်ငံတော်ကနေ ထုတ်တာဆိုတော့ အမှားအယွင်း နည်းတယ်။
ခုတစ်လော စာတွေကို စာအုပ်နဲ့ အသေအချာ မဖတ်ဖြစ်တာ တော်တော်ကြာပြီ။ အွန်လိုင်းပေါ်ကစာတွေပဲ လိုက်ဖတ်ဖြစ်တယ်။ လိုက်ဖတ်တော့ တော်ရုံမမှားသင့်တဲ့ အမှားတွေ တော်တော်များများ တွေ့တယ်။ သတ်ပုံအမှားတွေ့တိုင်း လိုက်လိုက်ပြောပြီး ပြင်ချင်တာ ကျွန်တော့် ဝသီပဲ။ ကျွန်တော် ဝင်နေကျ ဖိုရမ်တွေမှာ ကျွန်တော် သိတဲ့ သတ်ပုံ အမှားတွေကို သိသလောက် ပြင်ပေးတယ်။ ကျွန်တော့် CBox မှာ လာရေးတဲ့သူတွေထဲက ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတွေကို သတ်ပုံအမှားရေးတာ မြင်ရင် ပြင်ပေးတယ်။ ရင်းနှီးသူတစ်ချို့ရေးတဲ့ Blog တွေမှာ သူတို့ Post တွေ သတ်ပုံအမှားတွေ့ရင် ပြင်ပေးတယ်။ ယုတ်စွအဆုံး ဂျီတော့ခ်မှာ ပြောနေရင်း မှားရင် ကျွန်တော် ပြင်ပေးတယ်။
အစကတော့ သတ်ပုံမှားနေတာကို အမှန်ပြင်ပေးရင် လူတွေ လက်ခံလိမ့်မယ်လို့ ကျွန်တော် တွေးတယ်။ နောက်တော့ မဟုတ်တော့ဘူး။ ဖိုရမ်တစ်ခုမှာ ကျွန်တော် ပြင်ပြင်ပေးတော့ ကျွန်တော့်ကို အမြင်ကပ်သူများက ခပ်ထေ့ထေ့နဲ့တစ်ဖုံ၊ ပေါ်တင်ပြောခြင်းဖြင့်တစ်နည်း၊ စောင်းပါးရိပ်ခြည်ဖြင့် တစ်သွယ် ပြောကြတယ်။
CBox မှာလဲ လာပြောကြတယ်။ ဒါတောင် တစ်ချို့Blog က comment တွေမှာ ကျွန်တော် လိုက်ပြင်ပြီးမှ နောက်ပိုင်း တက်လာတဲ့ comment တွေကို ကျွန်တော် လိုက်မဖတ်ဖြစ်သေးလို့ ဘယ်လို action တွေ လာမယ်ဆိုတာ မသိတာ...။
နောက်ဆုံးမှာ ကျွန်တော် ကြုံလိုက်တာက ပြောမနာ ဆိုမနာ ညီမလေးတစ်ယောက်နဲ့ ဂျီတော့ခ်မှာ ပြောနေရင်းနဲ့ သူ့မက်ဆေ့ခ်ျတွေမှာ သတ်ပုံအမှား ပြင်ပေးမိရာကနေ သူစိတ်ဆိုးသွားတယ်။ သတ်ပုံပြင်မယ်ဆို သူနဲ့ မပြောနဲ့တဲ့။ မပြောနဲ့ဆိုတော့လဲ မပြောဘူးပေါ့။ ကျွန်တော်လဲ ပြောလက်စ ဂျီတော့ခ်ကို ပိတ်လိုက်တယ်။ ခုထိ အဆက်အသွယ် မလုပ်တော့ဘူး။
မင်းက ဆရာကြီးလားလို့ မေးရင် သင်ယူနေဆဲ စာသင်သမား ပါလို့ပဲ ပြောချင်ပါတယ်။
ကျွန်တော် ငပွကြီးလား...။
သတ်ပုံအမှားကို ရေးမိတဲ့ အကြောင်းရင်းကို ကောက်ချက်ချရရင်
၁။ သတ်ပုံအမှန်ကို မသိလို့
၂။ ကီးဘုတ်မှာ ရိုက်ရမယ့် မြန်မာ လက်ကွက်အမှန်ကို မသိလို့
၃။ ယပင့်၊ ယရစ်(အကြီး အသေး) တွေမှာ အမြီးပြတ် ခေါင်းပြတ် ရိုက်ရတာတွေ၊ တစ်ချောင်းငင် နှစ်ချောင်းငင် တွေကို အတိုလား အရှည်လား ရိုက်ရတာတွေဟာ ဇော်ဂျီ ကီးဘုတ်မှာ နည်းနည်းခက်တယ်။ အဲဒါကြောင့်
အထက်ပါ အကြောင်းအချက်များကြောင့် သတ်ပုံအမှား ရေးဖြစ်တယ်လို့ ကောက်ချက် ချမိတယ်။။
နံပါတ် ၃ အတွက် ကျွန်တော် ဇော်ဂျီလက်ကွက် ဗားရှင်း၂၀၀၈ ကိုသုံးပြီး ဘယ်စာလုံးဟာ ဘယ်နေရာဆိုတာကို တတ်နိုင်သလောက် ဒီနေရာမှာ ပို့စ်တစ်ခု အနေနဲ့ တင်ပေးဖူးတယ်။ အောက်ကလင့်ခ်ကို ကလစ်နှိပ်ကြည့်ပြိးတော့ ဘယ်စာလုံးကို ဘယ်လက်ကွက်မှာ ရိုက်နိုင်တယ်ဆိုတာ မြည်းစမ်းကြည့်ပါလားဗျာ။
http://heartstations.blogspot.com/2008/07/blog-post_09.html
မြင်သာအောင် ပုံနဲ့တစ်ကွ ဖေါ်ပြလိုက်ပါတယ်။
Credit to Alpha Zawgyi Group
လောလောဆယ်တော့ မြန်မာသတ်ပုံကျမ်းကလဲ အဟောင်းနဲ့ အသစ်မှာ တစ်ချို့စာလုံးတွေ နှစ်မျိုးဖြစ်နေတာ တွေ့ရတယ်။ အများလက်ခံတာကိုပဲ သတ်ပုံ အမှန်လို့ပဲ ယူဆရမှာပ။
ရေးသားသူ
Ko Boyz
at
9:24 AM
34
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: zawgyi
Tuesday, August 25, 2009
ကျွန်ပ်တို့၏ ကမ္ဘာမြေကြီး။ HOME
ဒီနှစ် စပါး အထွက်နည်းတယ်။
ဆောင်းဝင်နောက်ကျတယ်။
မုန်တိုင်းကျတာ မနှစ်ကထက် ပိုများလာတယ်။
ဆယ်လ်မွန်ငါးတွေ ဒီနှစ် ကနေဒါကို မပြန်ကြတော့ဘူး။ ၄% သာ ပြန်လာကြတယ်။
အယ်နီညိုး ပြန်ဖြစ်လာပြီ။
ရေခဲတောင်တွေ တော်တော်ပြိုနေတယ်။
မိုးနည်းရေရှား ရပ်ဝန်းတော်တော်ကျယ်ပြန့်လာတယ်။
ဖန်လုံအိမ်အာနိသင်ကြောင့်တဲ့။
ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေ လေထုထဲ ရောက်ကုန်လို့တဲ့...။
ဘာ့ကြောင့် ဒီလိုတွေ ဖြစ်နေတယ်ဆိုတာကို အောက်က လင့်ခ်မှာ အချိန်ယူပြီး ကြည့်ကြစို့လား။
တစ်နာရီကျော်ကျော် ကြာပါတယ်။
ဒီဗွီဒီ တစ်ချပ်စာကို သက်ဆိုင်ရာ ကုမ္ပဏီက Youtube ပေါ် အခမဲ့ ကြည့်နိုင်အောင် တင်ထားပေးတာပါ။
Subtitle လဲ English လို စာတမ်းထိုးထားပေးပါတယ်။
High Definition Full HD အနေနဲ့ ကြည့်လို့ရအောင် တင်ထားပေးပါတယ်။
ကော်နက်ရှင် နှေးသူများအတွက် Standard Definition အနေနဲ့လဲ ကြည့်နိုင်ပါတယ်။
We are living in exceptional times. Scientists tell us that we have 10 years to change the way we live, avert the depletion of natural resources and the catastrophic evolution of the Earth's climate...
HOME
Credit to : Home Project, YouTube
ရေးသားသူ
Ko Boyz
at
10:54 PM
11
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Youtube
Monday, August 24, 2009
Yoga Vs. Whisky

Picture 1. It takes years of practice to do this asana.
Wait....
Pls, scroll down to see something unusual.
...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Picture 2. It takes only 8 pegs of whisky also to do the same kind of asana.
Picture 2. It takes only 8 pegs of whisky also to do the same kind of asana.
So Why pratice? Just have whisky, huh?
(No offense, just want to ease the Monday Blue tension.)
Got it from email.
ရေးသားသူ
Ko Boyz
at
1:22 PM
8
ယောက်က ရေးချင်တာတွေ ရေးခဲ့တယ်...။
Labels: Joke
