Sunday, June 15, 2008

Google Talk Bot Translation Service

မနေ့ကမှ တွေ့မိတဲ့ ဂူဂယ်ရဲ့ ဆားဗစ်တစ်ခုပါ...။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလကတည်းက ထုတ်တာဆိုတော့ ကြာသွားပါပြီ...။ ကျွန်တော်က ခုမှ တွေ့တာ ဆိုတော့ စမ်းသုံးကြည့်ရင်း နည်းနည်း သဘောကျတာနဲ့ ပြန်ဝေမျှပေးလိုက်ပါတယ်...။

ဂျီတော့ခ် သုံးကြတဲ့ မိတ်ဆွေများ တစ်ခါတစ်ရံမှာ အင်္ဂလိပ်စာက မိခင်ဘာသာ မဟုတ်တဲ့ ပုဂ္ဂိုလ်များနဲ့ ပြောချင်ရင် အဲဒီ ဂူဂယ်လ်ဆားဗစ်က Translation Bot က အသုံးဝင်မယ် ထင်ပါတယ်...။


Google Talk ထဲမှာအဲဒီ Translation Bot ကို invite လုပ်ပေးလိုက်ရုံပါပဲ...။ ကိုယ်လိုချင်တဲ့ ဘာသာစကားကို ပြန်ပေးမဲ့ bot ရဲ့ လိပ်စာကို add လုပ်ပေးရုံပါ...။ ပြီးတာနဲ့ အဲဒီ bot ကို ကလစ်နှိပ်ပြီး... ကိုယ်သိလိုတဲ့၊ ဘာသာပြန်စေလိုတဲ့ စာကြောင်းကို ရိုက်လိုက်ရုံးနဲ့ bot က သင့်လျော်တဲ့ ဘာသာပြန် ကို ရိုက်ပေးပါလိမ့်မယ်...။

ဥပမာ- ကျွန်တော်က အခု ကျွန်တော့် ဂျီတော့ခ် ထဲမှာ en2zh@bot.talk.goole.com ဆိုတဲ့ bot ကို ထည့်ထားပါတယ်...။ en2zh ဆိုတာက English to Zh (Chinese) ကို ဘာသာပြန်ပေးတာပါ...။ ကျွန်တော်ကံHow are you လို့ ရိုက်လိုက်ရင် bot က 您好吗 ဆိုပြီး တရုတ်လို ပြန်ပေးပါတယ်...။ နမူနာကို ကျွန်တော့် Gatlk Client နဲ့ အဲဒီ bot ကို အသုံးပြုပြီး ချက်နေတာကို အောက်ကပုံမှာ မြင်တွေ့နိုင်ပါတယ်...။


လောလောဆယ် သိရသလောက်တော့... အောက်က bot များ အဆင်သင့် ရှိနေပြီ ပြောပါတယ်...။

၀၁။ ar2en,
၁၆။ es2en,
၀၂။ bg2en,
၁၇။ fi2en,
၀၃။ de2en,
၁၈။ fr2de,
၀၄။ de2fr,
၁၉။ fr2en,
၀၅။ el2en,
၂၀။ hi2en,
၀၆။ en2ar,
၂၁။ hr2en,
၀၇။ en2de,
၂၂။ it2en,
၀၈။ en2el,
၂၃။ ja2en,
၀၉။ en2es,
၂၄။ ko2en,
၁၀။ en2fr,
၂၅။ nl2en,
၁၁။ en2it,
၂၆။ ru2en,
၁၂။ en2ja,
၂၇။ uk2en,
၁၃။ en2ko, ၂၈။ ur2en,
၁၄။ en2nl, ၂၉။ zh2en.
၁၅။en2ru,


အဆိုပါ bot များကို မိမိဂျီတော့ခ် ထဲ ဖိတ်ခေါ်ချင်ရင်တော့ နောက်ကနေ @bot.talk.google.com ဆိုတာလေးပါ တွဲရိုက် ထည့်ပေးဖို့ လိုပါလိမ့်မယ်...။

တရုတ်စာတတ်တဲ့ သူငယ်ချင်း သုံးလေးယောက်နဲ့ စမ်းကြည့်တာ သူတို့ရဲ့ feedback တွေကတော့ အားရစရာ မကောင်းလှပါဘူး...။ ဘာသာပြန်တာ တစ်လွဲတစ်ချော်တွေ ဖြစ်နေတာ တွေ့ရတယ်တဲ့...။
ဥပမာ - အေနဲ့ ဘီနဲ့ အချီအချ ပြောနေတဲ့ ဒီစာသား နှစ်ကြောင်းကို ဘာသာပြန်ပြတာကို ပြောပြပါတယ်...

အေ - Are You kidding
ဘီ - I am Serious

အဲဒါကို ရမ်းသန်းဘာသာပြန်လိုက်တာက

အေ - “မင်းက ကစ်တင်းလား။
ဘီ - “ငါက ဆီးရီးယပ်စ် ပါ။

ဒါပေမဲ့ အခု ဆော့ဖ်ဝဲမှာတော့ အဲလို တစ်လွဲပြန်တာ သိပ်မတွေ့ရသေးပါ...။ သုံးပျော်ပါတယ်...။ (အလကားရတာကို... ဟီး...။)
အလကားရတဲ့ နွားကို သွားဖြဲမကြည့်ရင် အောက်သွားမရှိတဲ့ နွားပြာကြီးရလိမ့်မယ်ဗျ...။ ဟဲဟဲ...။

No comments:

Post a Comment