Friday, October 31, 2008

မိုး (၃)

ကိုရင်သာအေး ငံ့လင့်နေသော မိုးသည် မောင်မောင်ခေါ်စဉ်က ဗျာမထူးပဲ အောင်ကျော်ဟု အသံ ခပ်မာမာနှင့် ခေါ်မှ ထူးလာလေ၏...။
ကြည့်လေတိုင်း ဖွေးဖွေးလှုပ်ရုံမျှမက လှေနှင်သွားလာရလောက်အောင် သွန်ချလိုက်သည့်အလား ဒလဟော ဒင်းကြမ်း ရွာချလေ၏...။
အိမ်အောက်မှ ရွှံ့ပုပ်နံ့များ အဲ့အဲ့ ထွက်လာချေသည် တစ်မုံ့...။
ကိုရင်သာအေး ဆေးပေါ့လိပ်ကိုသာ တွင်တွင် ဖွာနေချေ၏။ အနံ့ဆိုးများမှ သက်သာလို သက်သာငြား...။

ဟိုမှာဒီမှာဆီမှ အုံအင်အသံများ နားကွဲလောက်အောင် ထွက်လာချေသည်...။
ဖားထီးများက ဖားမများကို ဖိုသံပေးနေချေပြီတကား...။
မိုးတွင်းတုန်းက မကမြင်းလိုက်ရရောထင့်။
အတိုးချကာ တီတီတာတာ အသံပေးနေကြ၏။

မိုးတွင်း မိုးမရွာသဖြင့် စပါးပျက်လေသော ကိုရင်သာအေးတစ်ယောက် သိမ်းထားသော ရေနံဆီ မီးခွက် ရှာချေ၏။
ခေါင်ထုပ်ပေါ် တင်ထားသော ရှားနှစ်တုတ်ကို လက်ဝယ် ဆွဲကိုင်ကာ ခမောက်ကိုဆောင်း၏။
ဟိုတစ်နှစ်က သိမ်းထားသော လွယ်အိတ်ကို စလွယ်သိုင်းသည်။
လုံချည်တိုတို ၀တ်၏။
ညာဘက်တွင်ကား ရှားနှစ်တုတ်၊ ဘယ်ဘက်တွင်ကား ရေနံဆီ မီးအိမ်ကို ကိုင်ကာ အိမ်ပေါ်မှသည် အိမ်အောက်သို့ ဆင်းချေ၏။

မြွေပါးကင်းပါး မကြောက်ပါလော ကိုရင်သာအေး...။
မကြောက်ရေးချ မကြောက်...။
လည်ရှည်ဖိနပ် အသိမ်းလွန်သဖြင့် ပြန်ရှာမရတော့ချေ။

မယ်မြတစ်ယောက် အိမ်နောက်ဖေး မီးဖိုချောင်တွင် ကြက်သွန်သင်နှင့်လေ၏။
မိုးကား အငြိုးနှင့်ရွာမဆုံးသေး...။

6 comments:

  1. သြော် .ဝတ်ထုတို ရေးနေတာကိုး။ ကိုယ်တွေ့်ဇာတ်လမ်းထင်လှို့။

    ReplyDelete
  2. တောင်ပေါ်သားလေး ကလည်း အင်းလေးအကြောင်း မရေးဘဲ….အောက်ပြည်သားတွေ အကြောင်းဖွဲ့နေတယ်။

    ReplyDelete
  3. အခန်းက ဆက်သေးတယ်။
    (အခန်းဆက်= အပိုင်းခွဲခြင်း အပိုင်း ၁. ၂။ စသည်ဖြင့်)
    (တခါထည်းရှင်ြး့ပခဲ့ပါသည်။)

    ReplyDelete
  4. ကိုရင်သာအေး ဖားရိုက်တော့မယ်..အောချတ်မှာ..အဲလေ လယ်ထဲမှာ :D

    ReplyDelete
  5. Khin Oo May - အစက ဒန်မလို့ပါပဲ...။ နောက်တော့ ဂန်ချင်တာနဲ့ မှန်လိုက်ရတယ်...။

    ဆင်ဒဏ်လာ - အောချတ်မှာ ဖါးရှိတယ်တဲ့လား...။ သိဘူးရယ်...။ သွားရိုက်ဦးမှပါပဲ...။ ဖါးခုံညင်းဖြစ်ဖြစ် ဖါးပေါင်စင်းဖြစ်ဖြစ် ရခဲ့လဲ ကောင်းတာပေါ့...။ ဖါးကြက်သွန်ခြောက်စပ်လေး စားရတာပ...။

    ReplyDelete
  6. ငယ်ငယ်လေးပါမောင်ရယ်….မျက်လုံးကြောင်တောင် ဖားကောင်ကဆို……စားလည်းစားတော့မယ်ဆို…၀ါးလည်းဝါးတော့မယ်ဆို….
    သာအေးရယ်တဲ့….မြီးတံတို…အို..၀ို..၀ို….မြီးတံတို………..

    အင်း……မိုးအေးအေးနဲ့ သာအေးအကြောင်းဖတ်ရတာ သာပေး ချင်လာပြီနော်….။

    ReplyDelete