Sunday, January 11, 2009

လရောင်လွမ်းတဲ့ည

Photo Credit : http://www.sciam.com

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က သာခဲ့တဲ့ လမင်းကြီးကို သတိရမိကြသေးလား...။ အဲဒီညမှာ သာခဲ့တဲ့ လဟာ ခါတိုင်းသာနေကျ လပြည့်ညတွေထက်ကို အရွယ်အစားအားဖြင့် ၁၂% ပိုမိုကြီးမားပြီး တောက်ပနှုန်းက ၃၀% တောက်ပနေခဲ့ပါတယ်။

အခု လပြည့်ည ဖြစ်တဲ့ ပြာသို လပြည့်ညမှာလဲ အဆိုပါ ဖြစ်ရပ်ကဲ့သို့ သာနေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ လအရွယ်အစား အကြီးဆုံးဖြစ်မယ့် လပြည့်ညပါ...။ နာဆာက ထုတ်ပြန်ချက်အရတော့ ဒီဇင်ဘာည လလောက်နီးပါး ရှိမယ် ဆိုတာပါပဲ...။

ဘာ့ကြောင့် ဒီလို ဖြစ်ရလဲ ဆိုတာ ဆန်းစစ်ကြည့်ရအောင်။ လဟာ ကမ္ဘာမြေကြီးကို ဘဲဥပုံ လမ်းကြောင်းအတိုင်း ပတ်နေပါတယ်။ ဆိုတော့ အစွန်းတစ်ဘက် အခြား အစွန်းတစ်ဘက်ထက် ကမ္ဘာမြေနဲ့ ပိုနီးပါတယ်။ ပိုနီးတဲ့ အစွန်းကို Perigee လို့ ခေါ်ပြီး ပိုဝေးတဲ့ အစွန်းကိုတော့ Apogee လို့ခေါ်ပါတယ်။ ဒီညမှာ လဟာ ပယ်ရီဂီးဖက်ကို ရောက်သွားလို့ ဒီလို ဖြစ်တာပါ။

နာဆာအဖွဲ့ကတော့ ဒီ ပယ်ရီဂီးလနဲ့ ပါတ်သက်ပြီးတော့ အတော်ကို စိတ်လှုပ်ရှားနေကြပါတယ်။ ဒီညလ အလင်းရောင်နဲ့ သတင်းစာဖတ်တာ၊ စက်ဘီးစီးတာ၊ စာရေးတာ၊ ကြယ်တွေ ရေတွက်တာ လုပ်နိုင်သတဲ့။ (အောင်မလေး နာဆာရယ်.. ဒါတွေကို ဘယ်လိုလုပ်ပြီး တစ်ပြိုင်နက် လုပ်နိုင်ပါ့မလဲ။ စမ်းမကြည့်နဲ့ဗျို့...။ ကျားကိုက်လိမ့်မယ်...။ )

တော်ပြီကွယ် .. ဒါ့ပုံတွေ ရိုက်ပြီးတော့ ကောင်းမယ် ထင်တာကို တင်လိုက်တယ်...။ Phone Camera လေးနဲ့ ရိုက်တာဆိုတော့ ကွာလတီ မကောင်းဘူးကွယ်...။ ၁၀ ရက်နေ့ညက ရိုက်တာပါ...။

Photo Credit : Boyz

9 comments:

  1. ဖုန်းကင်မရာမဟုတ်ရင် ပိုမိုက်မယ်နော်။ သွားလေရာ အုန်းသီးမသယ်ဘူးလား။

    ReplyDelete
  2. အုန်းသီး မဝယ်နိုင်ပါဘူးဂျာ....။

    ReplyDelete
  3. မြို့ပြကအလင်းရောင်တွေထက် လရောင်လေးက အမြဲအေးချမ်းတယ်။
    သေချာမခံစားရတာ ကြာလှပေါ့။

    ReplyDelete
  4. ဒီည ထပ်စောင့်ကြည့်လိုက်လေ...။ စက္ကန်းချဲန့်စ်ပေါ့။ မနေ့ညကတော့ အတော်လှတယ် ဆရာ...။ အခန်းမီးပိတ်ပြီး ပြတင်းပေါက်ကို တိုးဝင်လာတဲ့ လရောင်အေးအေးလေးန့ စာထိုင်ဖတ်နေတာ မီးမလိုဘူးရယ်...။

    ReplyDelete
  5. ဟုတ်ပါ့မလားမောင် ကျာဋူရဲ့။ ဒါတော့ပိုလွန်းပြီထင်တယ်။ ဘာစာဖတ်တာလဲ။ ဆိုင်းဘုတ်လား။

    ReplyDelete
  6. မပိုရပါဘူးဗျာ...။ အခုကို ထွက်ကြည့်ပါလား...။ သာနေတဲ့လ။ တော်တော်ကြီးပြီး လင်းထိန်နေတာပဲ။ စံတော်ချိန် - ဇန်နဝါရီ ၁၁ ရက် ၁၂း၂၂ နာရီ (ည) ကျွန်းပိစိ

    ReplyDelete
  7. ဒီလ က အခုမှ ထည့်လိုက်တာလား. အရင်က မတွေ့ဘူးလားလို့။

    ReplyDelete
  8. နျင်းဆီကတော့တွေ့ဘူးတယ်ဆိုဘဲ။ ငါမူးနေပြီထင်တယ်။

    ReplyDelete
  9. ဘာတံဆိပ် သူရာရည်ကို သောက်ပြီး မူးနေတာလဲ အန်တီဂွိ...။ လက နဂိုကတည်းက ထည့်ထားတာပါ...။ ပို့စ်တွေကို တင်ပြီးနောက်ပိုင်း ပြင်တာ ရှားပါတယ်...။

    ReplyDelete