Sunday, January 25, 2009

မေဆွိနှင့် သူ၏ သီချင်းများ

ကျွန်တော်တို့ ငယ်ငယ်ကတည်းက နတ်မြင်းပျံနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် (ဒေါ်)မေဆွိ ရဲ့ သီချင်းတွေပါ။ သီချင်းတွေကို တစ်စိုက်မတ်မတ် သီဆိုလာခဲ့သူမို့ သူ့ကို သတိထားမိပါတယ်။ ရုပ်ရှင်တွေ ဘာတွေ သူရိုက်လိုက်ပါသေးတယ်။ သီချင်းဆိုတာ ပိုကောင်းပါတယ်။ ခေတ်ဟောင်း ရုပ်ရှင်မင်းသမီး (အခုခေတ် တစ်ချို့ အမေခန်းတွေမှာ ပါ သရုပ်ဆောင်တဲ့) အန်တီ မြင့်မြင့်ခင်ရဲ့ သမီးပါ။ အဆိုပါရမီကို အတော့်ကို ပါတဲ့ ၊ အတော်ကို ထူးချွန်တဲ့ မဆွေ ခေါ် မေဆွိပါ။ တစ်ခေတ်တစ်ခါ ဆိုသလို မေဆွိ သီချင်းတွေဟာ အတော့်ကို ခေတ်စားခဲ့ပါတယ်။

သီချင်းဆိုတာမှာ ရင်ထဲက လာတဲ့ အသံနဲ့ ဆိုပါတယ်။ ဌာန်ကရိုဏ်း မှန်တယ်။ မြင်ဆရာ၊ ကြားဆရာပေါ့။ စိုင်းထီးဆိုင်ပြီးရင် သူ့သီချင်းတွေက ဒုတိယ နားထောင်ဖြစ်တယ်။ ငယ်ငယ်တုန်းက သူ့သီချင်းတွေကို အိမ်က လူကြီးတွေ တော်တော်များများ ဖွင့်ကြလို့ နားထောင်ဖူးပါတယ်။ သီချင်းတွေ ဘာတွေ ဆိုရင် သူ့သီချင်းတွေ ညည်းမိတာ ပိုများပါတယ်။ အဟဲအရှိုက်လေးများဆို သူဆိုပုံဆိုနည်းတွေကနေ အတုယူပါတယ်။

အခုတော့ ခွေမထုတ်တော့ပါဘူး။ အမေရိကားမှာ ကြင်သူသက်ထား ခင်ပွန်းသည်နောက်ကို သျှောင်နောက် ဆံထုံးပါသွားပြီး နောက်ပိုင်း မွေးနေ့ အမှတ်တရ ခွေ ထုတ်တယ်။ နောက်ပိုင်း ထပ်ထုတ်တာ သိပ်မတွေ့တော့သလိုပဲ။ ဗွီစီဒီ ထွက်တဲ့နေ့က မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်ခင်ကသာ လာရောက် လက်မှတ်ထိုးပေးတယ် သိရတယ်။

အခု မေဆွိ သီချင်းတွေကို အင်တာနက်ထဲမှာ အမှတ်မထင် တွေ့ရာက နားထောင်ရင်းနဲ့ နောင်တစ်ချိန်မှာ ကိုယ်ပြန် နားထောင်ချင်ရင်၊ အရုပ်နဲ့ ကြည့်ချင်ရင် ကြည့်လို့ရအောင် စုစည်းသိမ်းထားချင်တဲ့ သဘောပါ။ ဒီအတွက် အခုပို့စ် ဖြစ်လာရပါတယ်။

ပထမဦးဆုံး ကျေးဇူးတင်ချင်တာကတော့ အခုပို့စ်ထဲမှာ ပါတဲ့ Youtube လင့်ခ်ထဲက ဗွီဒီယို တွေကို upload လုပ်ထားတဲ့ USannAung ကိုပါ။ တစ်ဆက်တည်းပဲ ဒီကနေပြီး လင့်ခ်တွေ အသုံးပြုခွင့်ကို တောင်းခံပါတယ်။

ဒေါ်မေဆွိလဲ သူ့သီချင်းတွေကို ဒီမှာ ပရိသတ်တစ်ယောက်က စုစည်းပေးထားတာကို နားလည်ခွင့်လွှတ် ပေးနိုင်မယ်လို့ ယူဆပါတယ်။ ထုတ်လုပ်သူများကလဲ ရှားပါးလှတဲ့ ဒီလို ကလစ်တွေကို အဝေးရောက်သူတွေ အနေနဲ့ ဒီလို တစ်နေရာတည်းမှာ စုစည်းထားရတဲ့ ရည်ရွယ်ချက်ကို သဘောပေါက် ခွင့်လွှတ်မယ် ထင်ပါတယ်။

၀၁။ အိပ်ဆေး မရှိ။
Masterpiece လို့ မဆိုနိုင်ပေမဲ့ ဒီသီချင်းနဲ့ မေဆွိကို တွဲသိကြတာ များပါတယ်။ ငယ်ငယ်က မြန်မာ့အသံမှာ ခေတ်ပေါ်သီချင်းတွေ လာရင် တီဗွီရှေ့ တစ်မေ့တစ်မော သွားကြည့်ကြတဲ့ သီချင်းထဲက တစ်ပုဒ် အပါအ၀င်ပါ။
Link : ဒီမှာပါ။
နောက်ပိုင်း အမေရိကားမှာ ပြန်ဆိုတဲ့ ဗားရှင်းကတော့ ဒီမှာပါ။

၀၂။ ဂီတာတီးပေါ့ ကိုကိုရယ်။
စိတ်ညစ်နေတဲ့ ရည်းစားကို စိတ်ညစ်ပျောက်အောင် ဂီတာတီးခိုင်းတဲ့ သီချင်းပေါ့။ ကျွန်တော်တို့ တစ်တွေ ဖျက်ဆိုတာက စိတ်ညစ်ရင် ဘီယာသောက်ပါလား ကိုကိုရယ်...။
Link : ဒီမှာပါ။

၀၃။ အချစ်ဆူး။
ဒီသီချင်းတော့ ရုပ်ရှင်သီချင်းလား မသိဘူး။ နားထောင်မိတဲ့ အခွေတွေထဲမှာ မကြားမိသလိုပဲ။
Link : ဒီမှာပါ။

၀၄။ မြန်မာပြည်သား။
နိုင်ငံတော် အကျိုးပြု သီချင်းပါ။ အနုပညာရှင် အစုံ ပါဝင်တဲ့ ဒီကလစ်မှာ မေဆွိလဲ ပါဝင်ဆိုထားသေးတယ်။ (အမျိုးသား အနုပညာရှင်များ မိတ်ကပ်တွေ ဖွေးနေတာပဲ။)
Link : ဒီမှာပါ။

၀၅။
မယ်သီတာလို မိန်းမသား။
သီချင်းခေါင်းစဉ်က မှားချင် မှားနိုင်ပါတယ်။ မယ်သီတာလို မိန်းမသား (သို့) ဒဿလို မိန်းမ ဖြစ်မယ်။ ပြင်ပေးကြပါ။ ကျွန်တော် ဒီသီချင်းနဲ့ မဆွေကို စသိခဲ့တာပါ။ မဆွေ အဲဒီသီချင်းဆိုတုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ ပရို တစ်ယောက်လိုပဲ။ အဲဒီတုန်းက အနိုင်တို့ မင်းအောင်တို့ ခေတ်စားနေတုန်း ထင်ပါရဲ့။ သီတာ၊ ရာမ၊ လက္ခဏာ ဆိုတာ ဒီသီချင်း နားထောင်ပြီး စာအုပ်တွေထဲ လိုက်ရှာဖတ်မိတယ်။ ရွှေသွေး အထူးထုတ်ထဲမှပဲ သိတော့တယ်။ အခုသီချင်းကတော့ မူရင်း သီချင်း မဟုတ်ပဲ အမေရိကားက ကွန်ဆတ် တစ်ခုမှာ ဆိုထားတဲ့ သီချင်းပါ။ အဲဒီတုန်းက မဆွေ အက်ဆီးဒင့်ဖြစ်တယ်ဆိုတဲ့ ကောဟလဠတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလ ဖြစ်ပါလိမ့်မယ်။ သီချင်း မဆိုခင်မှာ မဆွေ ဖြေရှင်းချက် ထုတ်ထားတာ တွေ့ရပါတယ်။
ဒီလင့်ခ်တင်သူကတော့ asian4u007 ဖြစ်ပါတယ်။
Link : ဒီမှာပါ။

၀၆။ မင်းအချစ်တွေ ယူ ထွက်မသွားနဲ့။
မြန်မာ့အသံက လွင့်တဲ့ မေဆွိ မွေးနေ့ အမှတ်တရမှာ အဲဒီတုန်းက အပျိုကြီး စာရင်းဝင်တွေလို့ စာနယ်ဇင်းတွေက ခဏခဏ စနေတဲ့ မဆွေနဲ့ တစ်ခေတ်ထဲ သီချင်းဆိုလာတဲ့ မကော် ခေါ် ကော်နီတို့ တူတူ ဆိုတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၀၇။ မယ်သီတာလို မိန်းမသား။
ဒီသီချင်းကို မဆွေ မွေးနေ့ပွဲမှာ နီနီဝင်းရွှေနဲ့ နှစ်ယောက်တွဲပြီး ပြန်ဆိုထားတာပါ။ တစ်ယောက်တစ်ပိုဒ်စီ ဆိုထားတာပေါ့။ အလေးနဲ့ အပေါ့ ရောထားတဲ့ ဟင်းတစ်ခွက်လိုပေါ့...။
Link : ဒီမှာပါ။

၀၈။ နန်းစတော့်ပ် သီချင်း။
ဒီသီချင်းမှာတော့ သီချင်းသုံးလေးပုဒ်ကို တစ်ဆက်တည်း ဆိုထားတာ။ မြန်မာ့အသံနှစ်ပါတ်လည်လား၊ မေဆွိ မွေးနေ့လား မသိဘူး။ ၁၉၉၇ တုန်းက ဆိုထားတာ။ “ကော်နဲ့ ကပ်ထားတယ်”တို့၊ “ကမ်းစပ်နဲ့ ရေလှိုင်း”တို့၊ ကို ဆက်ဆိုထားတာ။ မြူးတယ်။
Link : ဒီမှာပါ။

၀၉။ မမြင်နိုင်သော ကြိုးများ။
ဒီသီချင်းကို ဆရာဝန်၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် စိုးသူနဲ့ နှစ်ယောက်သား ဆိုထားပါတယ်။ ဒီသီချင်းကို နောက်ပိုင်းမှာ သံစဉ်သာ ယူထားပြီး စာသားပြောင်းဆိုထားတဲ့ အငဲနဲ့မဒီ စုံတွဲ ထွက်သေးတယ်။
Link : ဒီမှာပါ။

၁၀။ အချစ်ရဲ့သီချင်း။
သုခမိန်လှိုင်ရေးထားတဲ့ သီချင်းပါ။ လေယာဉ်ပျံ စီးရီးစ်ထဲက ဖြစ်ပါတယ်။ ဒီသီချင်းကို မခိုင်ခေါ် ထွန်းအိန္ဒြာ
ဗိုလ်နဲ့ ဆိုထားပါတယ်။ မဆွေပဲ ပိုကောင်းပါတယ်။ ဒီသီချင်းကို ဇော်ဝင်းထွဋ်လဲ ဆိုထားပါတယ်။
Link : ဒီမှာပါ။

၁၁။ စနိုးဝှိုက်။
ငြိမ်းငြိမ်းအိ သီချင်းကို မဆွေက ဆိုတာပါ။ ဒီမွေးနေ့ အမှတ်တရ ပွဲမှာ မဆွေက ငြိမ်းငြိမ်းအိနဲ့ နှစ်ယောက်တွဲ ဆိုထားပါတယ်။ မဆွေက ဟာမိုနီ လိုက်ပေးထားတယ်။ စွယ်စုံရတဲ့ မဆွေပါ။ မဆွေကို တော်တော် လေးစားပါတယ်။
Link : ဒီမှာပါ။

၁၂။
စကားရှိတိုင်း ပြောရမှာလား။
ဒီသီချင်းကတော့ မြန်မာ့အသံ ခေတ်ပေါ်တေးကဏ္ဍမှာ လွှင့်ထားတဲ့ ကလစ်ပါ။ ဇော်ဝင်းထွဋ်က နောက်စာသားပြောင်းပြီး အရွယ်လွန်အချစ်လို့ ပြန်ဆိုထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၁၃။
ဧဒင်ဥယျာဉ်ထဲက အနမ်း။
တေးရေး မျိုးသိင်္ခရဲ့ သီချင်းပါ။ စိမ်းမို့မို့နဲ့ နှစ်ယောက်တွဲ ဆိုထားတာပါ။ Take Me Home Country Road သီချင်းအလိုက် ယူထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၁၄။ မောင်။
မေဆွိရဲ့ Masterpiece လို့ဆိုရမယ့် သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကို မြန်မာ့အသံမှာ ခဏခဏ လွှင့်သလို့ ဗွီဒီယိုရုံတွေမှာ ကားတွေ မပြခင် ပရိသတ်ခေါ်တဲ့ အခါမှာ ဒီသီချင်းကို ခဏခဏ လွှင့်နေကျပါ။ တေးရေးကတော့ အာယု ဖြစ်ပါတယ်။ အာယုဆိုတာ သုမောင်တို့ညီအစ်ကို အာယု၊၀ဏ္ဏ၊ သုခ၊ ဗလ ထံက တစ်ယောက်လား၊ သတ်သတ် အာယုလားတော့ မသိဘူး။ ဒီသီချင်းတစ်ပုဒ်ထဲ ရေးခဲ့တယ်လို့တော့ သိရတယ်...။ (မူရင်း မောင် သီချင်းတော့ မတွေ့မိဘူးဗျာ။ ) Update : မူရင်းသီချင်း တွေ့ပါပြီ။ စာဖတ်သူ ပလုံက လင့်လေး လာပေးထားပါတယ်။ ဒီမှာ မောင်မူရင်းကို နားဆင်နိုင်ပါပြီ။
Link : ဒီမှာပါ။ (ဆန်ဖရန်စ္စကိုမှာ ဆိုထားတဲ့ ဗားရှင်းပါ။ အချီပိုဒ်ပြီးတော့ chorus ပိုဒ်မှာ ဒရမ်ဘိဒ်ကို မြူးမြူး တီးရမှာကို အတီးဆရာတွေ နည်းနည်းမှားသွားတယ်။ မဆွေ နည်းနည်းထိန်းဆိုသွားရတယ်။ မူရင်းကို နားထောင်ဖူးသူဆို သိပါလိမ့်မယ်။)
ဟေမာနေ၀င်း သီဆိုတဲ့ မောင် သီချင်းကတော့ ဒီမှာပါ။ မဆွေ ဆိုထားသလောက်ကို ရင်ထဲ မထိဘူး ဖြစ်နေတယ်။

၁၅။ မီးမီးလေးရဲ့ မေ့မေ့ကျောင်း။
သီချင်းရေးစရာ နေဇော်အောင် ရေးထားတဲ့ သီချင်းပါ။ အဆိုကဝေ၊ ဘုရားပေး အသံပိုင်ရှင် အန်တီနွဲ့ယဉ်ဝင်းနဲ့ တွဲဆိုထားတာပါ။ အမေ့ကျောင်း လား တော့ မသိပါ။
Link : ဒီမှာပါ။

၁၆။ မြန်မာသံ မိုနို သီချင်းတစ်ပုဒ် (နာမည် မသိ)။
ခေတ်ပေါ် သီချင်းသာမက မြန်မာသံကို ပါ ပိုင်နိုင်ကျွမ်းကျင်တဲ့ မေဆွိရဲ့ သီိချင်းတစ်ပုဒ်ပါ။
Link : ဒီမှာပါ။

၁၇။ အိမ်ပြန်ချင်တယ်။
sukiyaki ဆိုတဲ့ နာမည်ကြီး ဂျပန်သီချင်းကို ကော်ပီလုပ်ထားတဲ့ မေဆွိရဲ့ သီချင်း တစ်ပုဒ်ပါ။
Link : ဒီမှာပါ။


၁၈။ ရှေးကုသိုလ်။
မေဆွိနဲ့ အောင်ရင်တို့ နှစ်ယောက် တွဲဆိုထားတဲ့ မြန်မာသံ စုံတွဲ သီချင်းလေး တစ်ပုဒ်ပါ။
Link : ဒီမှာပါ။

၁၉။ နေရာတိုင်းမှာ။
ရင်ထဲက စိုင်းထီးဆိုင်၊ နှလုံးသားထဲက စိုင်းထီးဆိုင် ဆိုပြီး ကိုထီး သီချင်းတွေနဲ့ သီဆိုခဲ့တဲ့ မေဆွိတစ်ယောက် အခု ကလစ်မှာ ကိုထီးနဲ့ တွဲဆိုထားပါတယ်။
Link : ဒီမှာပါ။


၂၀။
အနမ်းပန်း?? အောင်မြင်မှု??။
မေဆွိဆိုရင် ကိုင်ဇာကို မေ့ထားခဲ့လို့ မရပါဘူး။ သူတို့နှစ်ယောက် တစ်ချိန်တည်းလိုလို အောင်မြင်မှုတွေ တူတူ ရခဲ့တဲ့ အနုပညာ မောင်နှမ ဖြစ်ပါတယ်။ ဒီသီချင်းကို သူတို့နှစ်ယောက် ဆယ်တန်းဖြေပြီး နောက်တစ်နေ့မှာ သွင်းခဲ့တယ်လို့ မှတ်သားဖူးတယ်။
Link : ဒီမှာပါ။

၂၁။ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်။
စိုင်းထီးဆိုင် သီချင်း တစ်ပုဒ်ဖြစ်တဲ့ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ် ဆိုတဲ့ သီချင်းတစ်ပုဒ်ပါ။ အမေရိကားမှာ ဆိုထားတဲ့ သီချင်းပါ။ (ဒီသီချင်းက တေးရေးဆရာ စိုင်းခမ်းလိတ်က သူ့မဟေသီ ဒေါ်နွဲ့တင်အတွက် ရေးပေးခဲ့တယ်ဆိုလား။)
Link : ဒီမှာပါ။


၂၂။
အနမ်းပန်း?? အောင်မြင်မှု??။
မေဆွိဆိုရင် ကိုင်ဇာကို မေ့ထားခဲ့လို့ မရပါဘူး။ သူတို့နှစ်ယောက် တစ်ချိန်တည်းလိုလို အောင်မြင်မှုတွေ တူတူ ရခဲ့တဲ့ အနုပညာ မောင်နှမ ဖြစ်ပါတယ်။ ဒီသီချင်းကို သူတို့နှစ်ယောက် ဆယ်တန်းဖြေပြီး နောက်တစ်နေ့မှာ သွင်းခဲ့တယ်လို့ မှတ်သားဖူးတယ်။
Link : ဒီမှာပါ။


၂၃။
နားပန်းဆံ။
မေဆွိနဲ့ သူ့မာတာမိခင် အန်တီမြင့်မြင့်ခင် တို့နှစ်ယောက် တူတူဆိုထားတာပါ။ ဒီသီချင်းက အန်တီ ဒေါ်မြင့်မြင့်ခင်ရဲ့ နာမည်ကျော် သီချင်းပါ။ နတ်မြင်းပျံ စီးရီးစ်မှာ ပါတာလား မသိဘူး။ မှားချင် မှားနိုင်ပါတယ်။ ကျိုင်းတုံ ရှိုးပွဲလာတုန်းက အန်တီ ဒီသီချင်းကို ညတိုင်းညတိုင်း ဆိုတယ်။
Link : မြန်မာ့အသံ ဗားရှင်း ၁၉၉၇ က ဒီမှာပါ။ နောက်ထပ် မွေးနေ့ပွဲ ကျင်းပတော့ ၂၀၀၀ ခု နောက်ပိုင်း ထင်ပါရဲ့။ အဲဒီပွဲက ဗွီစီဒီ ဗားရှင်းကတော့ ဒီမှာပါ။


၂၄။
ကိုကိုစိတ်ကူးယဉ်။
မေဆွိနဲ့ မေခလာတို့ တူတူ တွဲဆိုထားတဲ့ သီချင်းလေးပါ။ အနုပညာ မောင်နှမ နှစ်ယောက် :D ဆိုထားတဲ့ မလေးကော်ပီ သီချင်းတစ်ပုဒ်ပါ။
Link : ဒီမှာပါ။

၂၅။ အချစ်အချစ်အချစ်။
ကုလား သီချင်း တစ်ပုဒ်လို့ သိရပါတယ်။ မှားရင် ပြင်ပေးပါ။
Link : ဒီမှာပါ။


၂၆။
တင့်တင့်တယ်တယ်။
ရွှေတိုင်ညွှန့် (ဇော်ဝင်းထွဋ်တို့ အဖိုး) ရဲ့ သီချင်းကို တွံတေးသိန်းတန်နဲ့ တွဲပြီး ဆိုထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၂၇။ အနီးဆုံးလူ။
စိုးပိုင်ရဲ့ သီချင်းတစ်ပုဒ်ပါ။ ရင်ထဲက စိုးပိုင် စီးရီးစ်ထဲမှာ မေဆွိဆိုထားတာပါ။ စိုးပိုင်လဲ တွဲဖက် ပါဝင်ကူညီ သီဆိုပေးထားပါတယ်။
Link : ဒီမှာပါ။


၂၈။
နော်ကိုကိုနော် (ကိုကိုရေ)။
မေဆွိဆိုရင် နော်ကိုကိုနော် သီချင်းကို မေ့ထားလို့ မရပါဘူး။ တစ်ခေတ်တစ်ခါမှာ ပျိုပျိုမေတို့ အသည်းစွဲ သီချင်းလေးပေါ့။ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ဘာညာ စီးရီးစ်ထဲက။
Link : ဒီမှာပါ။

၂၉။ မနဲ့မောင်။
နောက်ဆုံး တစ်ပုဒ်အနေနဲ့ မေဆွိရဲ့ Masterpiece ဖြစ်တဲ့ မနဲ့မောင် သီချင်းကို တင်ချင်ပါတယ်။ အဆိုမှော်အောင်ထားတဲ့ မဆွေ အစွမ်းပြထားတဲ့ သီချင်းပေါ့။ မနဲ့ မောင် ဇာတ်လမ်းလေးတွေ အတွက် ဒီသီချင်းလေးက အသင့်တော်ဆုံးပေါ့။ အဲဒီခေတ်က ရုပ်ရှင်ကားတွေမှာ ပလေးဘက်အနေနဲ့ ခဏခဏ သုံးခဲ့တဲ့ သီချင်းပေါ့။ ကော်ပီ သီချင်း တစ်ပုဒ်။ I've Never Been To You ဆိုလား မသိဘူး။
Link : ဒီမှာပါ။

သီချင်းလေးတွေကတော့ အခုနောက်ပိုင်းကလေးတွေ သိပ်မသိလောက်တော့ပါဘူး။ တစ်ချို့တစ်လေသော သီချင်းတွေကို နောက်ပေါက် အဆိုတော် တစ်ချို့က ပြန်ဆိုထားလို့သာ သိချင် သိနေပါလိမ့်မယ်။ မဆွေ သီချင်းတစ်ပုဒ်ကို ဒီဘက်ခေတ် အဆိုတော်ကောင်မလေး တစ်ယောက်က ပြန်ယူဆိုထားတာကို အန်တီကြီးတစ်ယောက် လိုက်ဆိုတာ သူ့တူမလေး ကြားတော့ ခေတ်မှီတယ်၊ သူတို့ခေတ်က သီချင်းတွေကို အန်တီ လိုက်ဆိုနိုင်တယ် ဆိုပြီး ချီးကျူးနေတော့ သူ့အန်တီခင်မျာ ဘာပြောရမှန်း မသိဘူးတဲ့။

31 comments:

  1. လာဖတ်ပါတယ်။
    အချိန်တို အတွင်း အမြန်ပြူစုနိုင်တာ လေးစားမိတယ်။ အခြေခံကောင်းတာကိုး..
    တစ်ခါတလေ တော့လည်း.. အလုပ်ဖြစ်သားဘဲ။

    အဲဒီ address ကို သွားနားထောင်ဖြစ်ဘူးပါတယ။် အံသြမိသေးတယ်။ ဘယ်လိုများ သူစုဆောင်းနိုင်ပါလိမ့်လို့.

    ReplyDelete
  2. ထူးချွန်တဲ့ မဆွေ ခေါ် မေဆွိပါ

    (မိဆွေ မို့လို့ မေဆွိလို့ခေါ်တယ် ထင်တာဘဲ။ မှားရင်လဲ စိတ်မရှိကြပါနဲ့ ။ရေးချင်တာ ရေးလို့ရတယ်ဆိုလို့ပါ.

    ဓါတ်ပုံ ကိုစန်းအောင်များလား..။ မဖြစ်နိုင်ဘူးထင်တယ်. စုံစမ်းကြည့်ဦးမှ

    ReplyDelete
  3. ဟုတ်တယ်လေ နံမည်ရင်းက ဆွေအေးမြင့် မို့လို့ သူငယ်ချင်းတွေက မိဆွေလို့ ခေါ်လို့ မေဆွိ ဖြစ်လာတာပဲ...

    ကို boyz ကို ကျေးဇူးတင်ပါတယ်ဗျာ တစုတစည်းထဲ နားထောင်နိုင်အောင် စုစည်းပေးထားလို့

    ReplyDelete
  4. ကိုBoyz ကို ကျေးဇူးတင်ပါတယ် နောက်ဘယ်အဆိုတော်ရဲ့ သီချင်းတွေလာအုန်းမလဲ မျှော့ နေပါတယ်

    ReplyDelete
  5. - ယူကျူ့မှာ တင်ပေးတဲ့ ဦးစန်းအောင်ကို ကျွန်တော်က ပိုလို့တောင် ကျေးဇူးတင်တယ်ဗျာ။
    - ဒဿလို မိန်းမ သီချင်းကို ငယ်ငယ်ကတည်းက နားထောင်ပြီးနောက်ပိုင်း ကြီးလာတော့ မကြားမိတော့ဘူး။ တိတ်ခွေခေတ်ဆိုတော့ ခွေတွေက မှိုတွေ တက်ကုန်တော့ ဘယ်လိုမှ ပြန်ဖွင့်လို့ မရနဲ့ နှမြောလိုက်တာ။ အခုမှ သူ့လင့်ခ်တွေ နောက်ကို သေချာ ပြန်လိုက်မှ အဟောင်းတွေ ပြန်တွေ့တယ်။ တိတ်သားတွေ တုန်တုန် တုန်တုန်နဲ့ PAL နဲ့ NTSC ခေတ်တစ်ခေတ်ကိုတောင် သတိ ပြန်ရမိသေး။
    - အထိန်းအသိမ်းကောင်းတဲ့ မြန်မာ့အသံမှာတော့ အခွေတွေ မာစတာတိတ်အနေနဲ့ ကျန်ဦးမယ် ထင်တာပဲ။ (ရှိခဲ့ရင်ပေါ့လေ)။

    ReplyDelete
  6. မြင်းထိန်းငတာက ယောအတွင်းဝန်ရေးတဲ့ ဥတုဘောဇနကျမ်းကို ချီးမွမ်းသလိုမျိုး ဖြစ်နေမလားလို့ ဒီပို့စ်ကို ရေးတော့ စဉ်းစားမိသေးတယ်။ ကြိုက်ကြတယ်ဆိုလို့ ရင်ထဲက အလုံးကျသွားတယ်။

    ReplyDelete
  7. နောက်မေဆွိသီချင်းတွေ နားထောင်ချင်ရင် ဒီမှာ လာနားထောင်မယ်။ ဦးစန်းအောင်ရဲ့ ယူကျူ့ဆိုဒ် ကိုလည်း ရောက်ဖူးတယ်။ သီချင်းတွေ တော်တော် စုံတယ် တူးတူးသီချင်းလိုက်ရှာရင်းနဲ့လေ..ကိုဘ ကျေးဇူး

    ReplyDelete
  8. Ko Boyz: မိဆွေ(ဆွေအေးမြင့်) ဆိုတဲ့ အိမ်နံမည်ကို ရုပ်ရှင်မင်းသားကြီး (ဦး)ဝင်းညွန့်(ကွယ်လွန်) (ရုပ်ရှင်မင်းသား(ဦး)ဝင်းဦး ရဲ့အစ်ကို)က အဆိုတော်နံမည်အဖြစ် မှည့်ပေးခဲ့တာလို့ ဖတ်ဖူးပါတယ်။ ရင်းနှီးသူတွေက မဆွေ(အသံမပီသူတွေက မရွှေ)လို့ခေါ်ကြတယ်။ သိသလောက်လေး ရွှီးသွားတာရတာကို ဂုဏ်ယူမိပါတယ် ဟဲဟဲ..။ နောက်ပြီး ဒီလင့်လေးကို မဆွေက တရားစွဲချင် စွဲလို့ရအောင် အီးမေးလ်နဲ့ အကြောင်းကြားထားတယ်..။ တရားရုံးက ဆင့်ခေါ်စာ မကြာခင် မျှော့်...။

    ReplyDelete
  9. မေဆွိ ပရိသတ် အစစ်ကြီးပါ။ အသံပါ မဟုတ်၊ မျက်နှာပါ ချိုလို့ ပိုကြိုက်မိတာ။ တခေတ်တယောက် ဆိုတာမျိုး။

    ReplyDelete
  10. ဟယ်..မေဆွိက ရင်လျားကြီးနဲ့နော်။ မေဆွိအသံကို စူးလို့မကြိုက်ဘူး။

    ReplyDelete
  11. မိုးချိုသင်းကစာရေးတာပါ ချိုသေးတယ်... အဲဒဲါနဲ့ အချိုတွေ များသွားလို့ အဲလိုဖြစ်သွားတာပါဘဲကွယ်။

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. ၆ ခေါင်းစဉ်က "အဝေးမသွားနဲ့ အချစ်ရယ်" .. လားလို့။
    ကိုကိုဘာလို့မုန်းတာလဲ နဲ့ မောင် သီချင်း ၂ ပုဒ်ကိုတော့ မေဆွိဆိုတာ နားပိုစွဲတယ်...။ ကျော်သူနဲ့မေဆွိ မုန်းရခက်ကြီး ရုပ်ရှင်ကို ၁၀ နှစ်သမီး လောက်ကတည်းက ကြည့်ထားပေမယ့် အရမ်းကြိုက်တော့ ခုထိမမေ့သေး...။
    မေဆွိက မယ်သီတာလုပ်ပြီး ကနေတုန်း ဒသဂီရိဝင်လာပြီး မျက်နှာဖုံး ချွတ်လိုက်တော့ သူ့ကိုတဖက်သတ်ကြိုက်နေတဲ့ ကိုကျော်ဖေ ဖြစ်နေတော့ "ဟင်.. ကိုကျော်ဂီရိ.. အဲလေ.. ကိုကျော်ဖေ "ဆိုပြီး မေဆွိ ပြောလိုက်လို့ ရယ်ရတာတွေမှတ်မိနေတယ်..။

    ReplyDelete
  14. အလွန်ကောင်းတဲ့ သီချင်းစုစည်းမှုတွေပါ...
    သီချင်းနာမည်လေး တချို့  ပြောပြပါရစေ...
    ၀၅ - ဒဿလို မိန်းမ
    ၀၆ - အဝေးမသွားနဲ့  အချစ်ရယ်
    ၀၇ - ဒဿလို မိန်းမ
    ၁၆ - ကျေးစေတမန်

    ReplyDelete
  15. မေဆွိသီချင်းတွေ ပြန်နားထောင်ခွင့်ရလို့  ကျေးဇူး အများကြီးတင်ပါတယ်

    ReplyDelete
  16. ကိုဘွိုက်ဇ်.. ညနေစောင်းကတည်းက MTV ထိုင်ကြည့်နေတာ အားလုံးပြီးသွားပြီ..။ သီချင်းဆို နားထောင်ရတာပဲကြိုက်တာ၊ ရုပ်မကြည့်ဖြစ်တာများတယ်..။ ဒီတစ်ခါတော့ 1980 ကျော်က
    ပုံတွေပါပါတော့ ကြည့်ဖြစ်တယ်..။ငယ်ငယ်တုံးက ကိုလည်း သတိရသွားတယ်...။
    ကဘ ကိုလည်း ကျးဇူးတင်ပါတယ်.. အတည်၊ အတည်၊ အတည်
    (၃ ကြိမ်ပြောသည်။)
    ၂၂ က အနမ်းပန်း မှန်ပါတယ်..၊ မနဲ့မောင်က အန်တီနွဲ့ယဉ်ဝင်း အရင်ဆိုသလားလို့ ။ အန်တီနွဲ့ယဉ်ဝင်း အသံကို ပိုနားစွဲနေတယ်..။

    ReplyDelete
  17. 26 Jan 09, 22:23
ုkom: တို့က..ကိုဘကို သိတ်ကူညီချင်တာ မကူညီတတ်လို့ ခက်နေတာ..ကျေဇူးသက်ဝေ (သုံးခါပြောသည်)
    26 Jan 09, 22:23
ုkom: ကိုကျော်ဂီရိ.. အဲလေ.. ကိုကျော်ဖေ "ဆိုပြီး မေဆွိ ပြောလိုက်လို့ (အဲဒီအထိ တော့မမှတ်မိဘူးကွယ်။. စင်စင် မှတ်ညဥက် ကလဲကျောင်းစာ ကလွဲရင်အားလုံးကောင်းတယ်ထင်ရဲ့။ သက်ဝေ ကတော့စူပါမန်းဘဲ.။ တို့ကသိတ်ကူညီချင်တာ
    26 Jan 09, 22:21
ုkom: shwenyi ကလာပြန်ပြီ..တို့ဆို အော်..ဂျီကို ဖွင့်ကို မဖွင့်ရဲဘူ.. ဟီးဟီးး အဲလိုဖြစ်မှာစိုးလို့။ မုန်းရခက်ကြီး ထဲက သကြန်ခန်းမှာ တို့အစ်ကိုမ်ကွဲ အမေရီက0ကားမှာ အခုနေတဲ့တစ်ယောက် ပါတယ။် မန်တပ်မှာလေး....ဟီ.

    ReplyDelete
  18. စင်စင်ပြောတာ မှန်တယ် ။ မနဲ့ မောင်က နွဲ့ယဉ်ဝင်းရဲ့ နာမည်ကြီးသီချင်းလေ။
    သူကိုယ်တိုင်ရေးထားတာ။ သူဆိုတာ ပိုကောင်းတယ်။ နောက် အမကတော့ မေဆွိအသံကို စူးလို့ သိပ်မကြိုက်ခဲ့ဘူး။ ဒါတော့မွန်မွန်နဲ့တူတယ်။ ဒါပေမယ့် မောင် တို့ ဒဿလို မိန်းမတို့မှာတော့ ကောင်းသား မစူးဘူး။ လေစိမ်းတွေ တိုက်နေတယ် အခွေလဲ ကောင်းတာပဲ။ နောက် မပြန်နဲ့ဦး အချစ်ဆုံး နေမွန်းမတည့်မီ ... ဘာညာ ပါတဲ့ အခွေလဲ တော်တော်ကောင်းတယ်။ အတ္တဆူး ဆိုတဲ့သီချင်းကလဲ ပေါက်တာပဲ။ ဟဲဟဲ ပြောရရင် ပို့စ်တခု ဖြစ်သွားတော့မယ်။ ဘွိုင်းဇ်ကိုအားနာလို့ ရပ်လိုက်ပြီ..( သိပ်မကြိုက်လို့ပဲနော် အကုန်မှတ်မိတယ် ဟိ)

    ReplyDelete
  19. မိုက်တယ်ဗျာ....ကျေးဇူးပါပဲ....
    မောင် သီချင်းက ကျွန်တော် မိသားစုမှာ အတော်ကို နားထောင်ဖြစ်တယ်ဗျ...
    အဖေတော်တော်ကြိုက်တယ်။ အဲဒီသီချင်းကြောင့် (တစ်ချိန်က)ပြည့်ဝစားတော်ဆက်မှာ ပန်းကုံးဖိုး ဘယ်လောက်ကုန်လဲဆိုတာ မရေတွက်နိုင်အောင်ပါ...

    ReplyDelete
  20. ထပ်မန့်လိုက်အုံးမယ်။ မုန်းရခက်ကြီးထဲက.. မေဆွိဆိုတာလေ..
    ထမင်းစားဝိုင်းမှာ ခွေးဝင်သည် ပျိုမေရွံပါသည်။ သူ့နားကပ်ရင် ၀ဲစော်နံ
    ပျိုပျို မစားချင်သည်... ဆိုလား။ ရီရလို့မှတ်မိနေတယ်။

    ReplyDelete
  21. ဟုတ်တယ်.. ကျော်သူကလည်း ပြန်ဆိုတယ်..။
    ထမင်းစားဝိုင်းမှာ ခွေးဝင်သည် ကိုကို ရွံပါသည်။ သူ့နားကပ်ရင် ၀ဲစော်ညှီ
    ကိုကို မစားချင်သည်...
    မမကေအိုအမ်.. သာမီး ဘာလို့ အဲလောက်မှတ်မိနေလဲဆိုတော့
    အိမ်မှာက အဲဒီဝတ္ထု (ကြူမွှေးရေးတာ) ကို အပိုင်ရှိတော့ အထပ်ထပ်ဖတ်ပြီးသား၊ ရုပ်ရှင်ပါကြည့်လိုက်တော့ ပိုမှတ်မိနေတာ။

    ReplyDelete
  22. မီယာ - နောက်ထပ်ကို အလ်လွန်းဝါ သီချင်းတွေ စုမလား စဉ်းစားနေပါတယ်။

    Summer Field - ကို KMA များလား မသိဘူး။ လောလောဆယ်တော့ အဲဒီ သမ္ဗာန်စာ(Summon Letter) လို့ ခေါ်တဲ့ ဆင့်စာတော့ မလာသေးဘူးဗျ...။ စောင့်နေတာ။ လာရင်လဲ နိုင်ငံကျော် အနုပညာရှင်ကို ကိုယ့်ကို အရေးတယူ လုပ်တယ်ပေါ့ဗျာ...။

    သုနှင်းဆီ - တီသုရေ...။ အခုက ရင်လျားတာ ဖက်ရှင်ဗျန့်...။ မဆွေက အသံစူးပေမယ့် နားထောင်လို့ ကောင်းပါတယ်...။

    မချိုသင်း - အကြိုက်တူနေတာ တွေ့ရတဲ့ အတွက် ၀မ်းသားပါတယ်။ ကျွန်တော် သီချင်းတွေ နားထောင်ခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ ကိုထီးပြီးရင် သူက ဒုတိယ ကျွန်တော့်ကို အလွမ်းမိုးဆုံးပဲ။

    ဆင်ဆင် - သီချင်းခေါင်းစဉ် ပြင်ပေးတဲ့ အတွက် ကျေးဇူးပါ။ သေချာအောင် ထပ်ရှာလိုက်ပါမယ်။ သေချာရင် ခေါင်းစဉ်ကို ပြန်ပြင်ပေးလိုက်ပါ့မယ်။ မုန်းရခက်ကြီးကတော့ ကျွန်တော့်အဒေါ်တွေ ကြူမွေး ၀တ္ထု ဖတ်ပြီးကတည်းက သူတို့ ပြောနေတာ ကြားတာ။ ရုပ်ရှင်ရိုက်တော့ အဲဒီ ထမင်းစားခန်းမှာ ပြောတဲ့ စာသားတွေကို ရုပ်ရှင်ကနေ အိမ်ပြန်လာတာတောင် တစ်ပတ်လောက်ကြာတဲ့ အထိ စားမြုံ့ပြန်လို့ မဆုံးသေးဘူး...။ ကျွန်တော် မှတ်မိတာကတော့ “ထမင်းစားချိန် ခွေးဝင်သည်။ ပျိုပျို မစားချင်ဘု” ဆိုလားပဲ...။ မနဲ့မောင်ကတော့ အန်တီ နွဲ့ယဉ်ဝင်း အရင်ဆိုတာ မှန်ပေမယ့် အန်တီ့အသံက မေဆွိ အသံထက်ကို စူးနေလို့ သိပ်မကြိုက်သလိုပဲ။ နောက်ပြီး မေဆွိ ပြန်ဆိုတာမှ အတီးပိုငးက ပိုသေသပ်လာသလို မေဆွိရဲ့ အဆိုပညာ ပါးနပ်မှုကြောင့် မေဆွိ ဗားရှင်းကို ကျွန်တော် ပိုကြိုက်ပါတယ်။

    မသက်ဝေ - သီချင်းခေါင်းစဉ်များ ပြင်ပေးတဲ့ အတွက် ကျေးဇူးပါ။ သေချာအောင် စုံစမ်းလိုက်ပြီး ပြန်ပြင်လိုက်ပါ့မယ်။

    ခင်မင်းဇော် - အစ်မရေ.. သူစူးတာက ပညာပါပါနဲ့ အဆိုန့ ထိန်းသွားတော့ သာယာနာပျော်ဖွယ် အသံဖြစ်သွားတာပေါ့ဗျာ...။ အစ်မပြောတဲ့ သီချင်းတွေ အချိန်ရရင် ထပ်ရှာပြီး ဖြည့်လိုက်မယ်...။ လေစိမ်းတွေ တိုက်နေတယ် ဆိုတဲ့ သီချင်းလဲ အထင်ကရပဲနော်...။

    ဖိုးသိန်း - ပန်းကုံးဖိုး နှမြောတာလား ... ကိုယ်ကိုယ်တိုင် ပန်းကုံးတွေ မစွပ်လိုက်ရလို့ မကျေမနပ်နဲ့ ရင်ဖွင့်နေတာလားဗျာ...။

    ဆင်ဆင် - ကိုကျော်ဂီရကတော့ မမှတ်မိတော့ပါ။ ဟာသအတွက် ကျေးဇူးပါ...။

    ReplyDelete
  23. 'KOM'ပြောတော့ ကျုံတိုင်းသားဆို..။ ပညာရှိများ တွေးကြည့်တာထက် ပြေးကြည့်တာက ပိုမှန်တာပေါ့။ ဒါနဲ့ စီဘောက်မှာ ဟင့်ပေးခဲ့တာကိုများ..သွား လူဆိုး..။ ကွန်မင့်လွယ်လွယ်ပေးလို့ မရအောင် လုပ်ထားတာ ကောင်းလား..။

    ReplyDelete
  24. Summer Field - ကွန်မင့်များ ဘာပါတ်ဝါ့ဒ်တွေ ဘာတွေမှ ထည့်စရာ မလိုအောင်ကို လုပ်ထားတပါ။ သူများကွန်မန့် (ဥပမာ - တီဇက်အေကို ပြောခြင်းမဟုတ်) မှာဆို မန့်ချင်တိုင်း မန့်လို့ မရဘူးဗျန့်။ သူပြထားတဲ့ ယင်းဂလိပ်စာတွေ မှန်အောင် ရိုက်နိုင်မှ ကိုယ်တင်ထားတဲ့ စာကို တင်ခွင့်ပြုတာကလား။ တစ်ချို့ စန်းစန်းတင့် ဖြစ်တဲ့သူတွေဆို ကော်မန့်ကို ဒီအတိုင်း တင်မပေးပဲ သူတို့ သဘောကျတဲ့ဟာမှ၊ လက်ခဲ့တဲ့ဟာမှ တင်ခွင့်ပြုတာ တစ်ပုံကြီးပါ။

    အတိုချုံးပြောရရင်တော့ ကွန်မန့်တင်တာမှာ ကျွန်တော့်ဆီက ကွန်မန့်တင်ဖို့က လွတ်လပ်မှု အပြည့်ဝဆုံး ၊ ဒီမိုကရေစီ အရှိဆုံးလို့ ပြောပါရစေ...။

    ခွိခွိခွိ... ကိုယ့်ဖြေရှင်းချက်ကို ပြန်ဖတ်ပြီး ဟာသတွေ ဖြစ်နေတယ်။

    ReplyDelete
  25. စန်းစန်းတင့်ဆိုတာဘာလဲ။

    ReplyDelete
  26. ဘေ့စ်စ်နည်းသူများ အတွက်...။
    စန်းစန်းတင့် = sensitive

    ReplyDelete
  27. အော်..(ညံ့ကြောင်းဝန်ခံသွားသည်။)
    နေနှင့်ဦးပေါ့ကွာ ဟု စိတ်ထဲမှ ကြုံးဝါးသွားသည်။

    ReplyDelete
  28. မွန်သိတယ်။ အမ်းမားက မွန်မွန်နဲ့ ပေါင်းပြီး မသိတာတော့ ညံ့တာပေါ့။
    မွန်ကြားရင် အော်ရီနေဦးမယ်...။

    ReplyDelete
  29. မေဆွိကို တော်တော်ကြိုက်ကြတယ်နော်။
    ကိုယ်တော့ ခံစားမရ။

    ReplyDelete
    Replies
    1. အနုပညာကို ခံစားတာလေ...။

      Delete
    2. အောင်မာ.. ခုမှ တစ်ရေးနိုး

      Delete