Tuesday, January 27, 2009

Internet Explorer 8 (RC)

ီMicrosoft ကနေပြီးတော့ သူ့ရဲ့ အင်တာနက်ဘရောက်ဇာကို ဗားရှင်း ၈ (RC) အနေနဲ့ ထုတ်လုပ်လိုက်ပြန်ပါပြီ။
အရင့်အရင် ဗားရှင်းတွေထက် လုံခြုံရေး အရ ပိုကောင်းလာမယ်။ သုံးရပိုလွယ်လာမယ်။ လုပ်ဆောင်ချက် အသစ်တွေ ပါလာမယ်လို့ ဆိုထားပါတယ်။ ကြည့်မိသလောက်တော့ အခု လက်ရှိ မြေခွေးမီးလျှံ ၃.၀၊ Google's Chrome တွေမှာ ပါရှိနေပြီ ဖြစ်တဲ့ အတွက် အသစ်အဆန်းတွေ မဟုတ်လောက်ပဲ သူ့ရဲ့ လုံခြုံရေး ဟာကွက်ကို ပိတ်ထားတဲ့ ဗားရှင်း အဖြစ်သာ မြင်မိပါတယ်။ အိုင်အီး အသုံးပြုသူများအတွက် အဆင့်မြှင့် သုံးစွဲသင့်ပေမယ့် မြေခွေးမီးလျှံ သုံးနေတဲ့ ကျွန်တော်တို့လို FireFox User တွေကတော့ ပြောင်းလဲ သုံးစွဲလိမ့်မယ်လို့ မထင်မိပါ။

သတင်းများကို ဖတ်ချင်ရင်တော့
ဒီမှာဒီမှာ နဲ့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

8 comments:

  1. လူတွင်ကျယ် လုပ်တယ်ပဲပြောပြော။ “အိုင်အီး”ကို အထင်ကြီးလို့ကို မရဘူး။ “နက်စကိတ်ပ်”ကို ကလိမ်ကကျစ်ကျလိုက်ထဲကိုက ခံစားလို့မရဖြစ်နေတယ်။ အလကားရတာချင်း တူလို့ကတော့ “မီးလျှံမြေခွေး“ ပဲသုံးမယ်။

    ReplyDelete
  2. သဘူတောပါတယ်...။ ဖိုရမ်မှာလဲ မြန်မာစာကို ကောင်းကောင်း မရိုက်နိုင်ကတည်းက အိုင်အီးကို လှည့်မကြည့်တာပါ။

    ReplyDelete
  3. ဘာမှန်းတော့မသိပါဘူး. ဘလော့စလုပ်ကတည်းက မြေခွေးဖြစ်သွားတာပါဘဲ။

    ReplyDelete
  4. အန်.. ဒါဆိုလဲ.. လင့်တွေကို သွားကြည့်မနေတော့ဘူးးးး။

    ReplyDelete
  5. အဲ.. တစ်ခုတော့ရှိတယ်...။ ကိုကေစမ်းချောင်းရေးတဲ့
    "ကျွန်တော် Blogger ဖြစ်ပြီလား" ကို Mozilla နဲ့ ဖတ်ရင် အပေါ်စာပိုဒ်တွေက စာတွေဖတ်မရဘူး၊ unicode နဲ့ ရေးတဲ့စာကို font မရှိပဲမြင်ရသလို ဖြစ်နေတာ..။ IE နဲ့ ဖတ်မှ ဖတ်လို့ ရတယ်..။ ခုထိပဲ.. ။ အဲဒီတစ်ပုဒ်ထဲကို အဲလိုဖြစ်နေတာ...။ အဲဒါတစ်ခုတော့ ၇ှိပါကြောင်း..၊ ဘာဖြစ်မှန်းလည်းမသိပါ...။

    ReplyDelete
  6. ဆင်ဆင်စက်တော့ တစ်ခုခုတော့ မှားနေပြီ ထင်တာပဲ။ ကျွန်တော်တော့ ဖတ်လို့ရတယ်ဗျာ။ စက်ထဲမှာ ဇောဂျီ တစ်မျိုးထဲပဲ ထည့်ထားတာ။ မြန်မာ၃၊ ပိတောက်၊ ဘာညာ တစ်ခြားဖွန်း ထည့်မထားဘူး။

    ReplyDelete
  7. ဟုတ်ကဲ့.. တခြားသူတွေလည်း ဖတ်လို့ရတယ်...။ တစ်ယောက်ထဲ ဖတ်မရဖြစ်နေတာ...။ အိုင်အီးနဲ့ကျ ရနေပြန်ရော..။
    စက်ထဲမှာက ဇော်ဂျီ၊ မြန်မာ ၃ နဲ့ တခြား မြန်မာပြည်မှာ သုံးလေ့ရှိတဲ့ မြန်မာ
    Font အတော်များများထည့်ထားမိတယ်...။

    ReplyDelete
  8. ဒါဆို သေချာ်ပြီ...။ ရွာသူနောက်တာ...။ အဲ.. အဲ မိုင်မြန်မာ နောက်နေတာ။

    ReplyDelete