Friday, January 9, 2009

New System in MRT


ခြသေ့င်္ကျွန်းက သယ်ယူပို့ဆောင်ရေး စံနစ်ဟာ စင်းလုံးချော မဟုတ်သည့်တိုင် ခရီးသွားများအတွက် အဆင်ပြေပြေနဲ့ သက်တောင့်သက်သာဖြစ်အောင် စီစဉ်ထားပါတယ်။ အခု အထူးပြု ရေးသားပေးမှာကတော့ တစ်မြို့လုံးနီးပါး (အဲလေ) တစ်နိုင်ငံလုံးနီးပါး အားထားစီးနေရတဲ့၊ စီးနင်းကြတဲ့ MRT (Mass Rapid Transport) လို့ခေါ်တဲ့ ရထား ပို့ဆောင်ရေးစံနစ်ပါ။

ဒီအမ်အာတီ စံနစ်မှာ တစ်ကြောင်းကို ရထားတွဲပါင်း အနည်းဆုံး ၆ တွဲ တပ်ဆင်ထားပြီး ပြေးဆွဲပေးပါတယ်။ စီးနင်းလိုကပါသူများကို ကြေငြာချက်များ ထုတ်ပြန်ပေးပါတယ်။ ၁၀၉ မျိုးသော လူမျိုးများအတွက် ဘုံဘာသာ စကားလေးမျိုးနဲ့ ပီအေစံနစ်တွေ တပ်ဆင်ထားပါတယ်။ အင်္ဂလိပ်၊ မလေး၊ အိန္ဒိယ၊ တရုတ် စတဲ့ ဘာသာ စကားတွေနဲ့ ကြေငြာပေးပါတယ်...။

ဒါပေမဲ့လဲ ဒီကြေငြာတဲ့ စံနစ်မှာ ချို့ယွင်းချက် ဟာကွက်တွေ ရှိပါတယ်။ ရထားတွဲတစ်တွဲရဲ့ အလယ်မှာ ရှိနေတဲ့ ခရီးသည်ဟာ အဆိုပါ ကြေငြာချက်ကို ပီသကြည်မြစွာ နားဆင်နိုငပေမယ့် ရထားတွဲနှစ်တွဲကြားမျာ ရောက်နေတဲ့ ခရီးသည်များက ကြေငြာချက်ကို ကောင်းကောင်းမကြားရပါဘူး။ အဲဒီအတွက် ကိုယ်ဆင်းရမယ့် မှတ်တိုင်ကို ကျော်ပြီးမှ ဆင်းမိတာတွေ ခဏခဏ ဖြစ်ပါတယ်။ တိုင်ကြားချက်ပေါင်း ၁,၀၀၀,၀၀၀ နဲ့ တစ်ခု တိတိကို ရရှိပြီးနောက်ပိုင်းမှာ အမ်အာတီစနစ်ကို လက်ဝါးကြီး အုပ်ထားတဲ့ ကုမ္ပဏီက ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ဖို့ ကြံဆလာရပါတော့တယ်။ မလုပ်လို့လဲ မရဘူးလေ။ သတင်းစားများ၊ မီဒီယာများကနေ လူထုအော်သံဆိုပြီးတော့ ရေးရေးနေကြတာကို မျက်ကွယ်ပြု၊ မမြင်ချင်ယောင်ဆောင်လာတာ ၄-၅ နှစ်ရှိပြီဆိုတော့ လုပ်ပေးရတော့မှာပေါ့...။

အဲဒါနဲ့ အစီအစဉ် အသစ်ကို အကောင်အထည်ဖေါ်နေကြပါတယ်။ ဒီအစီအစဉ်ကို ၂၀၀၉ ခုနှစ် ၄ လပိုင်းလောက်မှာ စတင်ပြီး အကောင်အထည်ဖေါ်မှာပါ။ လက်ရှိမှာတော့ ပိုင်းလော့ ပရောဂျက် အဖြစ် အချို့သော ရထားတွဲတွေမှာ စတင်နေပါပြီ...။

အစီအစဉ် အချို့ကို အမြည်းအနေနဲ့ ပြသရရင်တော့

အခုလို တံခါးပေါက် အဝင်အထွက်နေရာမှာ မီးလင်းနေတဲ့ ဆိုင်းဘုတ်ကို တပ်ဆင်ထားပါမယ်။ ဘူတာတစ်ခုတိုင်းကို ပြတဲ့ နေရာမှာ မီးလုံးလေးတစ်လုံးကို တပ်ဆင်ထားပါတယ်။ မရောက်သေးတဲ့ ဘူတာနားက မီးလုံးလေးတွေဟာ စိမ်းနေမှာ ဖြစ်ပြီး ရောက်လတ္တံ့သော ရှေ့မှတ်တိုင် ဘူတာအတွက်ဆိုရင် မီးလုံးလေးက အနီရောင်မှိတ်တုတ် မှိတ်တုတ် ဖြစ်နေမှာပါ။

အောက်က ပုံမှာ ကြည့်ရှုကုန်လော့။ (ဤတွင် ဆားချက်ခြင်း အမှု ပြီးဆုံးပြီတည်း။)

21 comments:

  1. ကောင်းလှောင့်တေး..။
    MRT မှာ ကြေညာသံကြားနေရပေမယ့်
    စကားအမျှင်မပြတ်ပြောရင်း ပြောင်းပြန်တက်စီး၊ ၂ ဘူတာ
    လွန်လောက်မှ ကြားပြီး ရထားပြန် ပြောင်းစီးရသူများအတွက်
    တယ်လီပသီနည်းဖြင့် အလိုအလျောက်လက်လာတို့သော
    စနစ်တီထွင်ရန် လူထုအော်သံ...။

    ReplyDelete
  2. တယ်ငယ်တဲ့ပို့စ်ပါလားနော်

    ReplyDelete
  3. ကဘ.. အပေါ်ဆုံးက shwenyi ဆိုတာ နာနော်...
    ဂျီမေးမှာ ကိုယ့်အကောင့်မဟုတ်တာ သတိမထားလိုက်မိလို့...။ :D

    ReplyDelete
  4. ဟိုက်။ ရှာလပတ်ရည်။ MRT = Mass Rapid Transport ဆိုပါလား။ နေ့လည်က ညီတစ်ယောက်က မေးတယ်။ “အကို။ MRT ဆိုတာ ဘာအဓိပ္ပါယ်လဲ” တဲ့။ ကျွန်တော်လည်း ကြုံတုန်း ဘာရမလဲ။ “ဟဲ့ကောင်။ Poly ကျောင်းသားလုပ်ပြီး ဒီလောက်တောင် ညံ့ရလား။ Ministry of Railway & Transport ပေါ့ကွ” လို့ ဟောက်စားလုပ်လိုက်မိတာ။ သွားပါပြီ။ မရှိတဲ့ အရှက်တော့ကွဲပါပြီ။

    ReplyDelete
  5. - ဆင်ထုံအတွက် အထူး စပါယ်ရှယ်တယ်လီပသီ လက်တို့နည်းကို ဘကုန်းကုလားများမှ တီထွင်ပေးလိမ့်မည်။
    - ငယ်တယ်ကြီးတယ် ပဓါန မဟုတ်ပါ။ အရည်အချင်းသည်သာ အဓိက ဖြစ်ပါသည် နန်းညီ။ (နာတွ... တော်သွားပြန်ပြီ)
    - ကိုကေ.. ကိုကေ့၏ လျှပ်တစ်ပြက် တင်္ခဏုပ္ပတ္တိ ညဏ်ကို အထူးပင် လေးစားမိပါသည်။ ပြန်တွေးကြည့်တော့ ဟုတ်သလိုလိုပင်...။ သို့သော် မဟုတ်ပါ...။

    ReplyDelete
  6. ဆင်ထုံအတွက်နည်းကို စဉ်းစားပေးတဲ့ ကိုဘွိုင်းဇ်အား ချီးကျူးပါတယ်။
    ရီလိုက်ရတာ။

    ReplyDelete
  7. How about writing a new ezlink card system? They are gonna change it to a new one soon. But not very sure which service of new one is better than the current one.

    ReplyDelete
  8. ဒီမှာတော့ LRT နဲ့ Monorail ကိုအားပြုနေရတာဗျို့။ အသုံးများတာကတော့ KL Rapid ဘတ်စ်တွေပဲ။ ရထားစနစ်က ဒီမှာလည်း အဲ့အတိုင်းပါပဲ။

    ReplyDelete
  9. ကိုဘ စလုံးရောက်နေပြန်ပြီလား။ ဘာတွေလည်းမသိတော့ဘူး။ စလုံးက MRT စီးရတာ အရမ်းကောင်းပါတယ်။ လင်းထင်း သန့်ရှင်းနေတာပဲ။ တခြားနေရာတွေ ရောက်မှ ပိုသိတာ။

    ReplyDelete
  10. ရထားတွဲ ၂ တွဲ ကြားက လူက ကြားလဲ မကြားရဘူး။. အခုလို ဆိုတော့လဲ မမြင်ရပါဘူးလေ။ ထူးပါ့မလား.။ မောင်ဘွိုက်စ် ရဲ၊့။

    ReplyDelete
  11. အဲဒီတွဲ ကြားလေး က စီးလို့ကောင်းတယ်။ လူရှင်းရင် သွားသွား စီးတတ်တယ် .သဘောကျလို့။ လှူပ် လှူပ် လှူပ်နဲ့ ဆော့နေရသလိုဘဲ။ ကလေးများ စလုံးမှာ မြင်းအရုပ် စီးနေသလိုပေါ့။ ပြား ၂၀ မကုန်ဘူးလေ။

    ReplyDelete
  12. - တီသု။ အဲဒီ ဘကုန်းနည်းက အထိရောက်ဆုံးပဲ။ မူပိုင်တီထွင်ခွင့်တောင် မှတ်ပုံတင်ထားရင် ကောင်းမလား မှတ်တယ်။
    - Shin - အီးဇီးလင်ခ့်ကဒ်က နေနေလဲ ရေးထားတယ်။ ညီမူယာလဲ ရေးထားတယ်။ နောက်မှာ သွားကူးချလာပြီး ဒီမှာ ကိုယ်ရေးသလို ဘာလိုလိုနဲ့ ရောကြိတ်လိုက်မယ်။ တိတ်တိတ်နေနော်...။
    - ခရေတန်း - ကေအယ်လ်မှာတော့ မစီးဖူးလို့ မသိပါဘူး။ ကေအယ်လ်အိုင်အေနဲ့ ကေအလ် ၂၈ မိနစ်ကြာအောင် စီးရတယ်လို့တော့ ကေအယ်အိတ်က်စပရက်စ် ကြော်ငြာ လက်ကမ်း စာစောင်တွေမှာ တွေ့ဖူးတယ်..။
    - မီယာ.. ပြန်ရောက်ပါပြီ..။ ပြန်သွားရဦးမယ်။ နှစ်ကူးကို ပင်လယ်ထဲ ယက်ကန် ယက်ကန် ကူးနေရမယ် ထင်တာပဲ။ စလုံးက ကျဉ်းလေတော့ သူတို့က အားလုံးနေရာစုံအထိ အသေးစိတ် လိုက်လုပ်နိုင်တာပါ။
    - အမ်းမား ... တွဲ၂ တွဲကြားရောက်နေပေမယ့် ခေါင်းလေး ဟိုဘက် ဒီဘက် တိမ်းလိုက်ရင် အဲဒီ ဆိုင်းဘုတ်ကို မြင်နိုင်ပါတယ်...။

    ReplyDelete
  13. http://nyimuyar.blogspot.com/2009/01/new-ez-link-card.html

    သို့
    ရှင်


    အီးဇီးလင့်ခ် ကဒ်သစ်လဲခြင်း
    at Friday, January 09, 2009 Labels: MM , Singapore Posted by nyimuyar

    အီးဇီးလင့်ခ် ကဒ်သစ်လဲခြင်း



    ez-link card တွေ စပြီး လဲပေးနေလို့  ဒီညနေပဲ စီးတီးဟော ဘူတာက လက်မှတ်ကောင်တာ မှာ သွားလဲ လိုက်တယ်။ နာရီဝက်လောက် တန်းစီ ပြီးတော့ မှ ကိုယ်တွေ အလှည့်ရောက်တယ်။ လူတွေ ကလည်း အသစ် လဲပေးတယ် ဆိုတော့ တန်းစီကြတာပေါ့။
    ရလာတဲ့ ကဒ်အသစ်လေးက စီမ်းပြာလေးပါ၊ ကဒ်ဟောင်းထဲက ငွေတွေကို ကဒ်အသစ်ထဲ ပြောင်းပေးလိုက်တယ်။ နဂို စဘော် ငွေ လို အပေါင် သဘောမျိုး ပေးထားတဲ့ ၃ ဒေါ်လာလဲ ပြန်ထဲ့ပေးလိုက်တယ်။ ကဒ်အသစ် က စဘော်ငွေ သုံးဒေါ်လာ မရှိတော့တဲ့ အတွက် အထူးသတိထားဖို့  လိုပါတယ်။ ဒီကိစ္စက တော်တော် သတိထားရမယ့် ကိန်းပဲ။ မေ့တတ်ပုံနဲ့ တော့ ဟုတ်နေပါပြီ။








    ကဒ်ထဲမှာလက်ကျန်က ၅ ဒေါ်လာအောက် နည်းနေပြီဆို ကား စီးတဲ့အခါ ကားပေါ်က စက်က စီမ်းဝါရောင်အချက်ပေးမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၃ ဒေါ်လာရှိမှ ကား၊ရထား စီးသင့် တယ်လို့  လည်း လက်ကမ်းစာရွက်မှာ အကြံပေးထားပါတယ်။

    ကဒ်အသစ်မှာ ၂၇ ဖေဖေါ်ဝါရီ ၂၀၀၉ ကနေ စလို့  ခရက်ဒစ်ကဒ် တွေ ဂျိုင်ယို(Giro) ငွေပေးချေ မှုတွေ နဲ့ ချိတ်ဆက်ထားပြီး အလိုအလျှောက် ပိုက်ဆံဖြည့်တင်း တဲ့ စံနစ်တွေ ကျင့်သုံးထား နိုင်ပါမယ်တဲ့။ ကဒ်ပျောက် တာတို့  ခရက်ဒစ်ကဒ်တွေ နဲ့ မဟုတ်မမှန် အသုံးပြုတာတို့ကို ကာကွယ်ဖို့ အတွက် အီဇီး ရှီး (EZ-Link CardShield)အကာကွယ် အာမခံ ကို တရက်ကို ၁၅ ဆင့် နဲ့ ၀ယ်ယူ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    ကဒ်အသစ်က နံပါတ်ကို အသုံးပြုပြီး အီဇီးလင့်ခ် အင်တာနက် စာမျက်နှာမှာ အကောင့်အသစ်ဖွင့် မှတ်ပုံတင်လိုက်မယ်ဆိုရင် မတော်တဆမှုကြောင့် ရာသက်ပန် ဒုက္ခိတ ဖြစ်မှု (accidental Permanent Total Disability insurance coverange) ကို ကာကွယ်ပေးတဲ့ အာမခံကို ၆ လ အလကား ရရှိနိုင်မှာ ဖြစ်ပြီး၊ အဲသလိုများ ဒုက္ခိတ ဖြစ်သွားရင် အလျှော်ငွေ ၅၀၀၀ ရရှိမှာ ဖြစ်ပါတယ် လို့  ဆိုထားပါတယ်။

    ကဒ်အသစ်ကို အရင်ကဒ်အတိုင်း သုံးလို့ ရတဲ့ နေရာတိုင်းမှာ သုံးလို့ ရနိုင်မယ့် အပြင် မော်တော်ယာဉ်တွေ မှာ သုံးစွဲမယ့် နောက်မျိုးဆက်သစ် စက်တွေမှာလည်း သုံးနိုင်မှာဖြစ်ပါတယ်။
    ထူးခြားချက်
    ၁) ကဒ်ထဲမှာ စဘော်ငွေ တပြားမှ ချန်ထားဖို့ မလိုအပ်ပါဘူး။
    ၂) မော်တော်ယာဉ်တွေ မှာ သုံးစွဲမယ့် မျိးဆက်သစ် လမ်း တံတားဖြတ်သန်းခ စက်တွေ နဲ့ အဆင်ပြေစွာသုံးနိုင်မယ်။
    ၃) ကဒ်ထဲမှာ အများဆုံး ငွေ ၅၀၀ ထည့်ထားလို့ ရပါမယ်။
    အသုံးပြုနိုင်မယ့် နေရာများကတော့
    ၁) အများသုံး ဘက်စ်ကား၊ ရထား များမှာ ချက်ခြင်းသုံးနိုင်ပါမယ်။
    ၂) ကျောင်းကန်တင်းတွေ ၊ ပုံနှိပ်လုပ်ငန်းများ၊ စားသောက်ဆိုင် များမှာ ၂၀၀၉ ပထမ သုံးလပါတ်အတွင်း စသုံးနိုင်ပါမယ်။
    ၃) ဆဲဗင်းအလဲဗင်း ဆိုင်တွေ၊ လမ်းတံတားခတွေ ၊ အက်စ်အမ်တာတီ အငှားယာဉ် တွေ ၊ ကျောင်းစာအုပ်ဆိုင်များ ၊စာကြည့်တိုက် တွေ နဲ့ မက်ဒေါ်နယ် စားသောက်ဆိုင်တွေ မှာ ၂၀၀၉ ဒုတိယ သုံးလပါတ်အတွင်း စသုံးနိုင်ပါမယ်။
    ၄) အအေး ရောင်းစက်တွေ ၊ ရေကူးကန်တွေ နဲ့ ဆေးရုံတွေ မှာ ၂၀၀၉ တတိယ သုံးလပါတ်အတွင်း စတင် သုံးနိုင်ပါမယ်။
    အဲသလို လက်ကမ်းကြော်ငြာ စာရွက်မှာ ဖေါ်ပြပါရှိတာကို အညောင်းခံ ရေးသားရင်း ပို့စ်တခု တင်လိုက်ပါတယ်။

    ညီမူရာ

    images from: www.ezlink.com.sg, www.transitlink.com.sg
    1 comments:

    1.
    January 9, 2009 4:35 PM
    တေမိ said...

    ခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် . မြန်မာလိုလေး ရေးပြပေးတော့ ဖတ်ရတာ ပိုအဆင်ပြေပြီး ခေါင်းထဲ တခါတည်း တန်းရောက်သွားတာပေါ့ .

    ReplyDelete
  14. အမ်းမား - တွဲကြားမှာ စီးရင် သတိထားစီးပါ။ မတော် တွဲ၂တွဲ ပြုတ်ကျသွားလို့ My b friend 4,5,6 တွေ ကျွန်တော်တို့ မဖတ်ရပဲ နေဦးမယ်...။ အဲဒီတွဲနှစ်ခုကို ဆက်ထားတဲ့ သံပြားက အရှင်တွေပါ။ ကျွန်တော်ဆို အဲဒီအပေါ်ကို ရပ်ပြီးတော့ ရထားရဲ့ ဗိုက်ဘရေးရှင်းကို ခံစားကြည့်တာ မဆိုးပါဘူး...။

    ReplyDelete
  15. မပူနဲ့ အမ်းမား...။
    ခဏနေရင် ကျွန်တော့်ဗားရှင်း လုပ်မယ်...။ ဟိ..။ ၏ နေရာမှာ သည်ပြောင်းတာတို့ ဖြစ်သည် နေရာမှာ ဖြစ်တာပေါ့ တို့ လုပ်ပြီး ဖြတ်ညှပ်ကပ် လုပ်ပေးမယ်...။ ဟားဟား

    ReplyDelete
  16. http://naynaynaing.blogspot.com/2008/12/new-ez-link-card-from-2009-singapore.html

    Friday, December 26, 2008
    New ez-link card from 2009 (Singapore)

    အခုလက်ရှိ စင်္ကာပူမှာ မီးရထား၊ ကားစီးရာတွေမှာ အသုံးပြုနေတဲ့ EZ-Link Cards တွေကို Contactless ePurse Application (CEPAS) Standard မှီတဲ့ Cards အသစ်တွေနဲ့  အစားထိုးမယ်လို့  သိရပါတယ်။

    ၂၀၀၉ ဇန်န၀ါရီလမှ စပြီး အခုလက်ရှိအသုံးပြုနေတဲ့ Cards အဟောင်းတွေကို Cards အသစ်တွေနဲ့  (one-to-one exchange) လဲပေးမှာဖြစ်ကြောင်း သိရှိရပြီး ဘယ်လို ပုံစံလဲလှယ်ပေးမယ် ဆိုတဲ့ အသေးစိတ် အချက်အလက် တွေကို ၂၀၀၉ ဇန်န၀ါရီမှာ သတင်းထုတ်ပြန်မယ်လို့  သိရပါတယ်။
    [Singapore ezlink Cards]

    အသစ်နဲ့ အဟောင်း ဘာတွေကွာခြားသလဲဆို.. Card အသစ်တွေမှာ အခုလက်ရှိ အသုံးပြုနေတဲ့ ez-link card တွေလို deposit S$3 မပါတော့ပဲ card အသစ်ကို အသုံးပြုတဲ့အချိန်မှာ ကိုယ့်ရဲ့ card ထဲမှာ ကိုယ်သွားမယ့် ခရီးအတွက် လုံလောက်တဲ့ ပိုက်ဆံပမာဏ ရှိနေမှသာ အသုံးပြုလို့ ရမှာ ဖြစ်တယ်လို့  ရေးထားတယ်။

    ကတ်အသစ်တွေမှာ ပြောထားတဲ့ လုံလောက်တဲ့ ပမာဏဆိုတာ MRT(ရထား) စီးမယ်ဆို S$3 လို့ ဆိုလိုခြင်း ဖြစ်တယ်လို့  သိရတယ်။ ကိုယ့်ရဲ့ ကတ်အသစ်မှာ S$2.99 ဒါမှမဟုတ် ဒီထက် နည်းတဲ့ ပမာဏပဲရှိနေမယ် ဆိုရင် MRT Counter တွေကို ကတ်လေး ကတ်လိုက်တဲ့အခါ အသံတွေ တတီတီမြည်ပြီး ဖြတ်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကားစီးမယ် ဆိုရင်တော့ ကိုယ်တက်တဲ့ Bus Stop ကနေ အဲဒီကား နောက်ဆုံးရောက်မယ့် Bus Top အထိ ကုန်ကျမယ့် ခရီးသွားစရိတ်ထက်များတဲ့ ပမာဏရှိနေမှာသာ ကတ်ကိုအသုံးပြုပြီး ကားစီးလို့ ရပါလိမ့်မယ်။ Bus တွေ သွားတဲ့ ခရီးအနီးအဝေးတွေက မတူတော့ ဘယ်လောက်ကုန်မယ် မှန်းမသိရင် အနည်းဆုံး S$3 လောက်ထည့်ထားပို့  တိုက်တွန်းပါတယ်လို့ ရေးထားတယ်။
    [EZ Link Card]
    ပထမ ဖတ်ကြည့်ပြီး စိတ်ထဲ Deposit S$3 ပါတဲ့ card အဟောင်းတွေနဲ့  Deposit မပါနဲ့  Card အသစ်တွေ ဘာမှ သိပ်မကွာဘူးလိုပဲ။

    အခု လက်ရှိ Card တွေဆို Card ထဲမှာ Deposit ဆိုပြီး ပေးထားရတဲ့ ပိုက်ဆံ S$3 ရှိနေတဲ့ အတွက် အသုံးပြုချိန်မှာ အသုံးပြုလို့ ရတဲ့ ပိုက်ဆံ S$0.01 ရှိတယ်လို့  ပြနေရင် ရထားစီး၊ ကားစီးလုပ်လို့ ရပြီ။ ခရီးဆုံးတဲ့ အချိန်မှာ Card ကို ပိုက်ဆံဖြတ်တဲ့ အခါ အနှုတ်ဖြစ်သွားမယ်။ ကိုယ်သွားတဲ့ ခရီးက S$1.00 ကျတယ်ဆို Card မှာ ပိုက်ဆံ (0.01-1.00) -S$0.99 ဖြစ်သွားမယ်။ အဲလို အနှုတ် ဖြစ်နေရင်တော့ ပိုက်ဆံထပ် ဖြည့်ပြီးမှသာ အဲဒီကတ်ကို သုံးပြီး ခရီးဆက်လို့ ရတယ်။ Deposit S$3 ကြောင့် အနှုတ်ဖြစ်ခွင့်ပေး လိုက်တာ။

    အသေအချာ ထပ်စဉ်းစားကြည့်တော့ ကွာတယ်ဆိုတာ သိလိုက်ရတယ်။

    Deposit S$3 က ez-link card စ ၀ယ်ကတည်းက ထည့်ထားရပြီး၊ အနှုတ်တခါတလေ ဖြစ်လို့ ရတာက လွဲရင် ကိုယ်သုံးလို့ မရတဲ့ ပိုက်ဆံ။ ခရီးသွားတဲ့ ကိစ္စပဲ စဉ်းစားမယ်ဆို သိပ်မထူးခြားသလို ဖြစ်ပေမယ့် အခု နောက်ပိုင်းက ez-link card တွေကို ကား၊ ရထားစီးတဲ့ နေရာမှာတွေတင် အသုံးလို့ ရတာ မဟုတ်ဘူး။ တခြား payment တွေအတွက်ပါ သုံးလို့ ရလာတယ်။ အဲဒီနေရာတွေ အတွက်စဉ်းစားလိုက်ရင် Card ထဲရှိတဲ့ ပိုက်ဆံ အကုန် သုံးလို့ ရသွားတာဟာ ပိုကောင်းသွားတယ်။ ITL အနေနဲ့ လည်း ez-link card တိုင်းကနေ S$ 3 ယူထားပြီး သူတို့ လုပ်ချင်တာ လုပ်လို့ မရတော့ဘူး။

    နောက်ထပ် ဘာပိုကောင်းလဲ မကောင်းလည်း စဉ်းစားတာကို ဒီလောက်နဲ့ ရပ်လိုက်တယ်။ ခေါင်းပူတယ်၊ အချိန်ကုန်ခံပြီး ထပ် မစဉ်းစားတော့ဘူး။ ကောင်းကောင်း မကောင်းကောင်း သုံးရမှာပဲလေ။

    ကိုယ့်အတွက် အဆင်ပြေမပြေဆိုတာကိုပဲ ဆက်တွေးမိတယ်။ အခု Card တွေမှာ ခရီးအဆုံးအထွက် MRT Station ထဲက အထွက် card ကတ်လိုက်တယ်ဆို အနှုတ်ပြ သွားပြီဆို အနီရောင်ပြပေးတယ်။ ပိုက်ဆံရှိတယ်ဆို အစိမ်းရောင်။ အဲလိုနီသွားရင် ကျွန်မ ပိုက်ဆံ ဖြည့်လိုက်တယ်။ ဒါမှ နောက်တစ်နေ့ မနက် အလုပ်သွားတဲ့အခါ အဆင်ပြေမှာ။ အလုပ်သွားဖို့ ဆို အချိန်အတိအကျပဲ အိမ်ကထွက်လေ့ရှိတော့ မနက်ပိုင်းမှာ Card ကို ပိုက်ဆံဖြည့်ဖို အချိန်မရဘူး။ အခု card အသစ်တွေမှာရော S$3 အောက် ရောက်သွားရင် အနီရောင်ပြ မလား။

    တချို့ သူတွေက ဘဏ်တွေကနေပြီး ez-link ကတ်ထဲကို ပိုက်ဆံအလိုအလျောက် ထည့်တာတို့ ၊ City Bank က SMRT Credit Card ကိုသုံးတာတို့ လုပ်ကြတယ်။ ဒီလူတွေအတွက် Bank တွေက အရင်လို ပိုက်ဆံကုန်မှ မဟုတ်ပဲ S$3 ထက် နည်းတယ်ဆို ပိုက်ဆံဖြည့်ပေးကြမယ် ထင်တယ်။ ဟိုးအပေါ်က ပြောသလို အနီရောင်ဖြစ် မဖြစ် စိတ်ပူနေမယ့် အစား ဒီအထက်က နည်းတွေ၊ City Bank ကတ်တွေသုံးပါလားဆို မသုံးချင်လို့  ရိုးရိုး ez-link ကတ်ပဲ သုံးနေတာ အလွယ်တကူတော့ ပြောင်းသုံးဖြစ်မှာ မဟုတ်ဘူး ထင်တယ်။


    New ez-link card from 2009 (Singapore)
    ez-link Card ကို အစားထိုးမယ့် Card အသစ် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အပြည့်အစုံကို အသေးစိတ်အချက်အလက်တွေကို သိချင်တယ် ဆိုရင် (Land Transport Authority Singapore) မှာ နဲ့  ပိုစတာ ကို ဒီနေရာ မှာသွားကြည့်နိုင်ပါတယ်။

    နောက် စလုံးက MRT Station တွေမှာ ezlink card အသုံးပြုပုံ သိချင်တယ်ဆို How to ride MRT in Singapore မှာ ပုံတွေနဲ့  တကွ ကြည့်နိုင်ပါတယ်။

    Posted by Nay Nay Naing at 12/26/2008

    Labels: News, Singapore

    10 comments:

    khin oo may said...

    သူဋ္ဌေးဆိုတော့ သိတ်မတွေးပါဘူး . ။ အမြဲတမ်း ၁၀ အထက် ရှိတယ်။
    Friday, December 26, 2008
    Nay Nay Naing said...

    သူဋ္ဌေး တွေးစရာလိုဘူးဆိုတော့ ကောင်းတာပေါ့။ အားကျတယ်။
    Friday, December 26, 2008
    မီယာ said...

    MRT ကဒ်တွေပျောက်ကျတတ်လွန်းလို့ ကဒ်ဆိုကြောက်တယ်။ ပိုက်ဆံလည်းဆုံး ဒဏ်ကြေးလည်းဆောင်ရနဲ့ အရမ်းစိတ်ညစ်ရတယ်။
    Friday, December 26, 2008
    choco thazin said...

    Electronic Road Pricing (ERP) တို့
    Electronic Parking System (EPS) တို့ payment ပေးရင်လည်းပေးနိုင်သေးတယ်လေ
    အရင် card အဟောင်းက အများဆုံး $100 ပဲထည့်လို့ရပေမယ့် အခု card အသစ်က $500 ထိထည့်ထားလို့ရတယ်တဲ့
    Saturday, December 27, 2008
    Nay Nay Naing said...

    မီယာ >> MRT ကတ် ၂ ခုလောက်တော့ အမြဲရှိတယ်။ တခုပျောက်ရင် တခုသုံးလို့ ရအောင်လို့ ။
    ဒဏ်ကြေးဘာလို့ ဆောင်ရတာလဲ။ ကျောင်းသားမို့ လား။ တခြားကတ်တွေကို ပြောတာလား။
    တခြားနိုင်ငံက တခြားကတ်တွေကိုပြောတာလား။

    choco thazin >> information အတွက်ကျေးဇူးပါ။
    MRT ကတ်သုံးပြီး ပေးလို့ ရတဲ့ နေရာတွေ ရှိတာ ကြားဖူးပေမယ့် တခါမှမပေးဖူးဘူး။
    EPS တို့  ၊ ERP တို့ က ကိုယ်နဲ့ မရင်းနှီးတော့ ပိုပြီး သတိမထားမိဘူး။
    ၅၀၀ ဆိုတာ အတော်များတာပဲ။ ပျောက်သွားရင် နှမျောစရာကြီး။
    အခုကတ်တွေမှာတော့ ပျောက်ရင် ထည့်ထားတဲ့ ပိုက်ဆံအကုန်ပါမှာ။
    ဒါနဲ့ ကတ်အသစ်မှာ ကတ်ပျောက်သွားရင် ထည့်ထားတဲ့ပိုက်ဆံတွေ ပြန်ရဖို့နည်းလမ်းရှိတယ် ကြားမိသေးလား။
    Saturday, December 27, 2008
    sin dan lar said...

    ကတ်အသစ်အကြောင်း ဘယ်လိုကျော်ဖတ်သွားလည်း မသိပါဘူး...
    ခုမှ သိတယ်။ ခေတ်နောက်ကျသွားတယ်....
    ပိုက်ဆံမလောက်တုံးက 7-11 မှာ EZlink ကတ်နဲ့ ပိုက်ဆံ တစ်ခါချေဖူးသေးတယ်။
    Monday, December 29, 2008
    Nay Nay Naing said...

    ကျွန်မ ရေးထားတာ နည်းနေလို့ ဆင်ဒဏ်လာက မမြင်ပဲ ကျော်ဖတ်သွားတာလားဟင်။
    7-11 တွေမှာ ez-link card reader တွေ တွေ့ ဖူးတယ်။ ပေးတော့ မပေးဖူးဘူး။
    Monday, December 29, 2008
    Moe Moe Aung said...

    This site explains in English:

    http://www.jawaexpress.com/home/index.php?option=com_content&view=article&id=102
    Tuesday, December 30, 2008
    နံငယ်ပိုင်း said...

    အနော်က ၁လပိုင်းကျရင် ရွာပြန်မှာဗျ..
    သူတို့က၁လပိုင်းမှာအသစ်နဲ့အဟောင်းနဲ့စလဲမယ်ဆိုရင် အနော်ပြန်လာရင် ကဒ်အဟောင်းကြီးနဲ့ဖြစ်နေမှာပေါ့..
    အဟောင်းနဲ့ရောဆက်သုံးလို့ရနေဦးမှာလား..
    ပြန်လာမှကဒ်အဟောင်းနဲ့ရထားတက်စီးလို့မရဖြစ်မှာစိုးလို့ပါဗျာ..
    သိရင်ဖြေပေးပါဦး
    Tuesday, December 30, 2008
    Nay Nay Naing said...

    မမိုးမိုးအောင် (မိန်းကလေးလို့ ထင်ပါတယ်)
    သတင်းပေးတာ ကျေးဇူးပါ။

    နံငယ်ပိုင်း >> သုံးလို့ ရပါတယ်။ စိတ်ပူ စရာမရှိပါဘူး။ သတင်းကို Official ezlink card ဆိုဒ် နဲ့  lta ဆိုဒ်တွေ မှာ ကြည့်လို့ ရတယ်။
    http://www.ezlink.com.sg/
    http://www.lta.gov.sg/
    ပိုစ့်တင်တုန်းက ကျွန်မ အဲဒီလင့်တွေ ထည့်ပေးဖို့ မေ့သွားတယ်။

    မေးတဲ့သူတောင် ရန်ကုန်ပြန်သွားပြီထင်တယ်။ :D.. အလုပ်ရှုပ်နေရင် ကွန့် မန့် တွေပြန်ဖို့ ရှိတာ သတိရပေမယ့် အားတဲ့ အချိန်မှာ Blog ကို လာကြည့်ဖို့ မေ့မေ့ နေတယ်။
    Friday, January 02, 2009

    ReplyDelete
  17. ဟယ်.
    စိတ်မကောင်းဘူး. ကိုဘ အကြံ မသိဘဲနဲ့ ကူညီချင်ဇော နဲ့ ကူညီနေတာ။ အဟိ.။

    ReplyDelete
  18. ရပါတယ်။ လက်ညောင်းသက်သာသွားတယ်...။
    ကျေးဇူး... အမ်းမား..
    နို့မို့ ပြန်ပြန် ရှာနေရဦးမျာ...။
    သတင်းခေတ်ဆိုတော့လက်ဦးမှု လိုတယ်လေ...။ ဟိ

    ReplyDelete
  19. အမယ်..မျှဝေသူနှင့်ယူသူ အဆင်ပြေနေကြလေ၏။
    ကောင်းလေစွ သဟိုးပါဝါ သရီး

    ReplyDelete
  20. armifbdGkif;aeaumif;&Juvm;

    ဝူးထွားထွား

    ဖတ်သွားကြောင်းထုံးတို့ခဲ့တာ။ ဘာမှ မဟုတ်။

    ReplyDelete
  21. ဆင်ထုံ။ နှစ်ဦးနှစ်ဖက် အဆင်ပြေနေချိန်တွင် ဆေးရိုးသည် ဝင်မလုပ်ပါနှင့်။ စိန်ပျောက်လျင် အစွပ်စွဲခံရတတ်သည်။ ဘူးသခွားဟားဟား...။

    နိနိ - နေကောင်းပါတယ်...။ နဖူးမှာ ထုံးရာလေးတွေနဲ့ ပုဏ္ဏား ဖြစ်ကျန်ခဲ့ပါတယ်...။

    ReplyDelete