Friday, February 6, 2009

EZ Link ကဒ် နောက်ဆက်တွဲ။

ဒီမှာ အရင်က နည်းနည်း ရေးဖူးထားတာ ရှိပါတယ်။ အခု အဲဒီကဒ်နဲ့ ပါတ်သက်ပြီး နည်းနည်းပါးပါး အသုံးဝင်လာတာလေး တွေ့ရလို့ ပြန်လည် တင်ပြခြင်းပါ။

မှတ်မှတ်ရရ ဇန်န၀ါရီ ၂၂ ရက်နေ့ပါ။ လေဆိပ်က အပြန်မှာ SMRT တက်စီ စီးမိပါတယ်။ ယာဉ်မောင်းသူနဲ့ စကားစမြည်ပြောပြီးတော့ ဟိုဟိုဒီဒီ ကြည့်မိတာ အောက်က ပုံလေး တွေ့တယ်ခင်ဗျ။

သူ့ကို မေးကြည့်တော့ အဲဒါ အီးဇီးလင့်ခ်ကဒ်နဲ့ တက်စီဖိုး ချေလို့ရတယ်တဲ့..။ ကဒ်ကို ဒီအတိုင်း တင်လိုက်ရုံနဲ့ ငွေချေပြီးသားတဲ့။ အဆင်ပြေတာနဲ့ အဲဒီနေ့က တက်စီဖိုးကို အသင့်ပါလာတဲ့ အီးဇီးလင့်ခ်ကဒ်နဲ့ ချေလိုက်တယ်။ တစ်ခါကလည်း ဆဲဗင်းအီလဲဗင်းမှာ ပိုက်ဆံ မလောက်တာနဲ့ ချေဖူးတယ်။ နောက်ဆို ဘယ်နေရာတွေမှာ အီးဇီးလင့်ခ်ကဒ်နဲ့ ချေနိုင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ကြပါစို့။


ဘောနပ်စ်
ဘောနပ်စ်အနေနဲ့ကတော့ ဟိုတစ်လောက အင်းလေးမှာ သွားစားလာဖြစ်တဲ့ စားသောက်စရာ ပုံတွေကို တင်ပေးလိုက်ပါတယ်။



ဝက်သားနီချက်ပါ။ အဲဒီနေ့က မနူးလို့လား မသိဘူး နည်းနည်းမာတယ်။


တောင်ကြီး တိုဟူးနွေးနဲ့ ဆင်တယ်။ နည်းနည်းကျဲတယ်။ ကျိုင်းတုံ တိုဟူးနွေးကတော့ ပိုပျစ်တယ်။



တိုဟူးနွေးနဲ့ တွဲစားဖို့ မုန်ညင်းချဉ်။


တိုဟူးနွေးနဲ့ တွဲစားဖို့ တိုဟူးခြောက်ကြော်။

စားပြီးသောက်ပြီး အအီပြေ သောက်ဖို့ မန်ကျည်းဖျော်ရည်။

(Bonus က မူရင်းပို့စ်ထက်တောင် ပိုများသွားတယ်။)

20 comments:

  1. 7-11 မှာ ချေလို့ရတာက ကြာပြီထင်တယ်..။ ကဒ်အဟောင်းနဲ့တုန်းကထဲကလေ....
    Bonus ကို အောက်ဆုံး ၂ ပုံမှတပါး သွားရည်မကျပါ...။
    ဒါတောင် တိုဟူးခြောက်ကြော်က အစွန်းလေး ပဲ့နေတယ်..၊
    ဖဲ့စားပြီးမှ ဓာတ်ပုံရိုက်တာလားမသိ...။

    ReplyDelete
  2. တိုဟူးခြောက်ကြော်က နှစ်ချပ်ထပ်နေတာပါ ကျောင်းအစ်မ။
    သေချာကြည့်ပြီးမှ အပြစ်ပြောပါလေ...။

    ReplyDelete
  3. ဟိဟိ.. ဟုတ်သားဘဲ.. သားသားလည်း အောက်ဆုံးနှစ်ပုံသာ ကြိုက်၏ :D

    ReplyDelete
  4. ကိုဘွိုင်းဇ်…. ၀က်သားလျှော့စားနော်။ မဟုတ်ရင် ပို ၀လာလိမ့်မယ်။ စာတွေ့မဟုတ်…ငါတွေ့။

    ReplyDelete
  5. ၀က်သားက တစ်သက်လုံး စားလာတာကို ခုမှ လျှော့ခိုင်းနေတယ်။ ခုမှ ပိုဝလာတာ ဆိုရင်တော့လဲ အအိပ်မက်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်တော့မယ်။ အစားတော့ လျှော့မစားနိုင်ပေါင်...။
    ကိုပေါရေ.. ကျေးဇူးပါဗျာ...။

    ReplyDelete
  6. ပိုကောင်းစေချင်လို့ ဝေဖန်တာပါလေ.....
    ဟိ..(လေချိုသွေးခြင်း)

    ReplyDelete
  7. ဘောင်းဘီခါးပတ်လျှော့စားခိုင်းတာပါ.....ရန်စွယ်ငေါငေါနဲ့......။
    ကိုပေါ စိတ်မကောင်းဖြစ်သွားရှာပြီ..(ကိုယ့် "စေ" ကို "ဝေ" ထင်တာလားတဲ့....)

    ReplyDelete
  8. EZ link ကဒ် ကိုအမျိုးမျိုးသုံးလို့ရတာထက် တို့ဟူးနွေးကို ပိုပြီးစိတ်ဝင်စားတယ် ။ စားချင်စဖွယ်ပဲ ။ ပုံတွေအကုန်လုံးကို ဆက်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်ကိုလည်းတွေ့တယ်....း)

    ReplyDelete
  9. ဟုတ်တယ် အချို.txai တွေမှာပေးလို့ရတယ်။လွန်ခဲ့တဲ့ ၁လ ကျော်လောက်က

    တွေ.ဖူးတယ်။

    ReplyDelete
  10. အောက်ဆုံးမှာ ကောင်မလေးတစ်ယောက်တွေ့တယ် ...

    ReplyDelete
  11. (((ဘောင်းဘီခါးပတ်လျှော့စားခိုင်းတာပါ.....ရန်စွယ်ငေါငေါနဲ့......။
    ကိုပေါ စိတ်မကောင်းဖြစ်သွားရှာပြီ..(ကိုယ့် "စေ" ကို "ဝေ" ထင်တာလားတဲ့....))))
    စင်ဒန်လား....အဟီး...ကိုယ့်ကိုလည်း အဲသည်လို တိုက်တွန်းတဲ့လူတွေများသလောက် ကိုယ်ကိုယ်တိုင်ကျတော့ လျှော့မစားနိုင်တဲ့အတွက် မောင်ဘွိုင်းဇ်ကို ခပ်တည်တည်နဲ့ (စေတနာယောင်ယောင်နဲ့) ဆရာ လာလုပ်ကြည့်တာ။ ကောင်လေးကလည်း အစားထိရင် ဓါးကြည့်လေးထင်ပါရဲ့ (ရန်စွယ်ငေါငေါနဲ့) ။း-)

    ReplyDelete
  12. ၁. ဖတ်သွားသည်.ထက်အောက်စုန်ဆန် သုံးသပ်သွားသည်။
    ၂. e ကဒ် က မလဲရင် မရဘူးလား။ compulsory လဲရမှာလား။
    ၃. မန်ူကျည်းဖျော်ရည်ပုံ ကိုကြိုက်လွန်ူသောကြောင့် ငါးခါ ကလစ်လုပ်ကာ သဲလွန်စ ရှာသွားသည်။
    ၄. တို့ဟူးခြေက်ာကြော် က ကပ်ကပ်သပ်သပ် နှစ်ခုထဲတော့မှာမယ်မထင်ဘူး. ဆိုင်က အလကားပေးတာဖြစ်နိုင်ပါတယ်။
    ၅။ မိန်းမယူတော့မယ် ဆိုတာ တစ်ကယ်လား။

    ReplyDelete
  13. ဆင်ဆင် - ဒို့နှစ်ယောက်ကြားကို ချောက်တွန်းဖို့ မကြံစည်လေနဲ့...။ ကြားလေသွေးတောင် ဝေးမှာ မဟုတ်ဘူး...။ နော့ ကိုပေါ...။

    သန့် - ပို့စ်က အီးဇီးလင့်ခ်ကဒ် အကြောင်း၊ ဘောနပ်စ်က အစားအကြောင်း။ ရည်ရွယ်ချက်က တစ်မျိုး၊ သူရသွားတာက တစ်မျိုး...။ ခက်စ်တော့ ခက်စ်နေပြီ...။

    ဇွန်ဝမ်း - အဲဒီတုန်းက ကဒ်နဲ့ ပေးလိုက်သေးလား...။ တစ်ချို့တက်စီ ဒရိုင်ဗာတွေက သိပ်လက်မခံချင်ကြဘူးလို့ ပြောတယ်။

    ကိုကိုဒီဘီ - ပေးချင်တဲ့ မက်ဆေ့ခ်ျကို ရအောင်သာ ယူပါလေ...။ ကောင်မလေးကို ဘေးမဲ့ ပေးလိုက်ပါ..။

    ကိုပေါ - ကိုယ်မလုပ်နိုငတဲ့ အလုပ်ကို တစ်ခြားသူကို လုပ်ခိုင်းပါဆိုတဲ့ ဆောင်ပုဒ် လက်ကိုင်ထားသလား အောင်းမေ့ရတယ်... အဲငှယ်...

    တီဂွိ -
    ၁။ ထက်အောက် စုန်ဆန် သုံးသပ်တော့ ဘာတွေ့လဲ။
    ၂။ အီးကဒ်က စက်တင်ဘာ ကျော်ရငတော့ မလဲမနေရ လဲရပါလိမ့်မယ်...။
    ၃။ မန်ကျည်းဖျော်ရည်ကို စိတ်ဝင်စားတာလား။ ဘက်ကရောင်းကို စိတ်ဝင်စားတာလား။ သူလဲ မက်ဆေ့ခ်ျတစ်လွဲတွေ ရသွားတယ် ထင်တယ်။
    ၄။ အဲဒီနေ့က ထိုဟူးနွေးက မီနူးအော့်ဖ်သည်ဒေးမှာ ပါပါတယ်။ ထိုဟူးခြောက်ကြော်က တွဲဖက်ပါလာတာပါ။
    ၅။ ဖိတ်စာ တစ်ခြမ်း ကြိုရိုက်ထားပါတယ်။ နောက်တစ်ခြမ်း ဖြည့်မယ့် ကံဆုံးသူ မယ်ရှင်ကို စောင့်ကြိုနေလျက်ပါ...။ (ဘယ်ဆီကို မင်းရောက်နေလဲ.. ဘာတွေနဲ့ အစားထိုးနိုင်မလဲ... တမ်းတရင်းနဲ့.. ငေးမောရင်းနဲ့... လွမ်းမိပါတယ်...။ အဒူရေးရဲ...)


    ဘောနပ်စ် - စာဖတ်သူတွေ မက်ဆေ့ခ်ျ အမှား မရစေခြင်းငှာ နောက်ဆို ပုံတွေကို ဓါတ်ပုံဆိုင်မှာ ပြင်ပြီးတော့ တင်ရမလားလို့ အကြီးအကျယ် ခေါင်းစားသွားတယ်...။

    ReplyDelete
  14. မလုပ်ပါနဲ့ ..ဒီလိုလေး က ပရိတ်သတ် ကို ပိုပြီး စိတ်ဝင်စားစေတယ်။ အနုပညာမှာ ဒါမျိုးကို လှူပ်ပေးတယ်လို့ခေါ်တယ်. အခုဟာက တမင် မဟုတ် မရည်ရွယ်ဘဲဖြစ်သွားတာလေးတွေ က ပိုပြီးကောင်းပါတယ်။
    နောက်ကိုလည်း စောင့်မျော်နေပါ့မယ်။

    ReplyDelete
  15. http://winzaw-mdy.blogspot.com/2009/02/7th-feb.html

    ReplyDelete
  16. ဘောနပ်စ်ကို ပိုစိတ်ဝင်စားပါတယ်။ မုန်ညှင်းချဉ်လေးတွေကို သေးသေးလေးတွေ လှီးရင် ပိုစားကောင်းတယ်။ တိုဖူးနွေးလိုဟာနဲ့ စားရင် ပိုတောင် ကောင်းသေး။ တိုဖူးခြောက်ကြော်လေးလည်း ကောင်းမယ့်ပုံပဲ။ မန်ကျည်းဖျော်ရည် ဘေးနားက ဘာအသုပ်လဲ။ သူများတွေ ပြောလို့ သဲလွန်စ ရှာတာ အရိပ်လေးတောင် မတွေ့ပါ။ 3D လိုမျိုး ကြည့်တဲ့နည်းတွေ ရှိရင် မျှကြပါ။

    ReplyDelete
  17. မန်းကျည်းဖျော်ရည်ကို သံ့ပုရာညှစ်သတဲ့..စိန်ကလေးပါထည့်လိုက်ပါလား။

    ReplyDelete
  18. http://khinminzaw.blogspot.com/2009/02/blog-post_07.html
    (တီဇက်အေတို့ ဘွိုင်းဇ် တို့က သူတို့ ချက်တာတွေ မဟုတ်ပဲလဲ အစားအသောက်တွေ တင်တင်နေလို့ အားကျမခံ တင်ကြည့်ရင်း ဆားချက်လိုက်ပါတယ်၊)
    ချစ်ခင်စွာဖြင့်
    ခင်မင်းဇော်

    ReplyDelete
  19. တခါမှတလေ လာလည်တာမို့ ဒီတခါလဲ နောက်ကျပြန်ပြီပေါ့..။ မှန်း..ဘာတွေများ ကျန်သေးတုံး..တို့ဟူးကြော်က နှစ်ယောက်စာထဲဆိုတော့ အပဲ့အကြေလေးတောင် ကျန်မှာ မဟုတ်ဘူး။ တို့ဟူးနွေးကလဲ ဆီတွေ အိုင်နေတာဘဲ..၊ ရေခပ်ချိုးလို့ ရလောက်မယ်..၊၊ လျှော့..လျှော့.. မိန်းမ မရခင် ဆီလျှော့စား..တော်ကြာ တယောက်ယောက်နဲ့ တူနေလို့ ရောင်းမစွံဖြစ်နေမယ်..။'စေ'ပါဗျာ..'ဝေ'လို့မယူဆစေချင်ပါ.. :P
    (တယောက်ယောက်သို့..ဟုတ်ကဲ့..သင့်ကို... ရင်းနှီးစွာ ရည်ညွှန်းပါသည်။:P)

    ReplyDelete
  20. [bold]မီယာ [/bold]- မန်ကျည်းဖျော်ရည် နောက်ကွယ်က ဖြစ်ရပ်ကို လူတွေ ပြောနေတာပါ။ အနီတစ်ဖက် အပြာတစ်ဖက်ပါတဲ့ သရီးဒီ မျက်မှန်နဲ့ သေချာကြည့်ပါ. မရှိရင် ဆီစိမ်စက္ကူ အနီအပြာ (သီတင်းကျွတ်မီးထွန်းပွဲသုံး မီးပုံးများမှ ဆီစိမ် စက္ကူကို သုံးလဲရတယ်။)

    မန်ကျည်းဖျော်ရည် ခွက်ဘေးနားက ပန်းကန်လေးက ရှောက်သီးသုပ် ပန်းကန်ဆိုတာ ထည့်ပြောဖို့ မေ့သွားတယ်။

    ကို [bold]Summer Field[/bold]ရေ - စေကို ဝေလို့ မထင်ပါ။ ကျေးဇူးပါ...။ နောက်ကို နေ့စဉ် မှန်မှန် သုံးစွဲ.. အဲ.. လာရောက်လည်ပတ်ပါက စားသောက်ဖွယ်ရာများကို လက်မလွတ်တမ်း စားသုံးနိုင်မျာ ဖြစ်ပါတယ်။

    ReplyDelete