Wednesday, February 4, 2009

Gmail New Button or Google Bugs again


ခုနကပဲ အတိအကျ ပြောရရင် မြန်မာစံတော်ချိန် ၈း၃၀ နာရီလောက်ကပဲ ဂျီမေးလ်ကို စစ်လိုက်တာ ခါတိုင်းတွေ့နေကျ သရီးဒီ ပြူးတူးပြဲတဲ ခလုတ်တွေက အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း သေသေသပ်သပ် ချပ်ချပ်ရပ်ရပ် ဗိုင်းကောင်းကျောက်ဖိ ခလုတ်လေးတွေ အသွင် ပြောင်းသွားသတဲ့ကွယ်...။

ဒါလဲ Bug လား... Human Error လားဆိုတာ ဂူဂယ်က စာထုတ်ရဦးမယ် ထင်ပါရဲ့..။ ဟိုတစ်လောကလဲ (၂-၃ ရက်လောက်က) ဂူဂယ် ဆာ့ခ်ျအင်ဂျင် သုံးလိုက်တဲ့ လူတွေ မျက်လုံးပြူးသွားလောက်အောင် ရှိရှိသမျှ ဆိုဒ်တွေကို Malware ပါလို့ အန္တရာယ် ရှိပါတယ်ဆိုပြီး အင်တာနက်ဆိုဒ် အကုန်လုံးကို လေဘယ်လ် တပ်လိုက်တာ စီအီးအိုကိုယ်တိုင် တောင်းပန်စာ ထုတ်လိုက်ရပါရောလား...။ အဲဒါက စာရိုက်တာ အမှားပါသွားလို့တဲ့...။

ကြည့်ကျက်လုပ်ဦး ဂူဂယ်လ်ရယ်...။

4 comments:

  1. ဟိဟိ..ဗိုင်းကောင်းကျောက်ဖိ ခလုတ်ဆိုလို့ သဘော မကျဘဲ မနေနိုင်ဘူး။ အီးမေးလ် စစ်တုန်းကတောင် သတိမထားမိလိုက်ဘူး။ ဒီပို့စ်ဖတ်ပြီးမှ တစ်ခါ သွားပြန်ကြည့်တာ။ ဟုတ်သားဘဲဆိုပြီး။ webpage တစ်ခုကို တော်တော့်ကို စေ့စေ့ပေါက်ပေါက် ကြည့်တယ်နော်။ :-)

    ReplyDelete
  2. ခါတိုင်း သုံးနေကျ ခလုတ်တွေက အခုတော့ ချပ်ချပ်ရပ်ရပ်လေး ဖြစ်နေလို့ သတိထားမိတာပါ...။

    ReplyDelete
  3. Google က gmail မှာ Folder ဆိုတဲ့ Feature တစ်ခု အသစ် intro လုပ်လို့ ပါ။

    Gmail Blog မှာ "the buttons and menus at the top of your inbox will look a bit different" ဒီလို ပြောထားတယ်..

    http://gmailblog.blogspot.com/2009/02/new-ways-to-label-with-move-to-and-auto.html

    ReplyDelete
  4. မနေ့ညက ဖတ်တာ အဲဒီပို့စ် မတွေ့လိုက်ဘူး...။
    Paper Vs iPhone ဆိုတဲ့ အထိပဲ ဖတ်မိလို့။ http://gmailblog.blogspot.com/2009/02/tasks-paper-vs-iphone.html
    ဒီနေ့မှ အသစ်တင်တာ ဆိုရင်တော့ မသိဘူးရယ်...။

    ထပ်ဖြည့်။ ။ ခုပဲ သွားကြည့်လာတာ မနက်က တင်ထားတာပဲ။

    ReplyDelete