Wednesday, February 4, 2009

Google Latitude (New!!!)

Google Latitude



ခုတစ်လော Google က နည်းပညာ အသစ်တွေ ထုတ်လာပါတယ်။ ပြီးခဲ့ ၄ ရက်လောက်ကပဲ Google Earth မှာ သမုဒ္ဒရာ ကြမ်းပြင်ထိကို တိုက်ရိုက်ကြည့်နိုင်တဲ့ လယ်ဗယ် အထိ မြှင့်တင်ခဲ့တာ မကြာသေးပါဘူး။ အခု နောက်တစ်ခါ Google Maps ကနေ တစ်ဆင့် မိမိ တည်ရှိရာ နေရာကို ပြနိုင်တဲ့ နည်းပညာ အသစ်ကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ Google Latitude လို့ ခေါ်ပါတယ်။ GPS မလိုတော့ပါ။ ဒါပေမဲ့ Google နဲ့ ဒေတာတွေ ချိတ်ဆက်ရယူဖို့ကတော့ အင်တာနက် ကော်နက်ရှင် တစ်ခုခု ရှိရပါမယ်။

ဒီနည်းပညာနဲ့ မိမိ ဘယ်မှာ ရှိနေတယ်၊ မိမိတို့ရဲ့ သူငယ်ချင်း ဘယ်မှာ ရှိနေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဂျီမေးလ် အကောင့်နဲ့ ၀င်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ ဖုန်းကနေ တစ်ဆင့် အသုံးပြုနိုင်သလို ကွန်ပြူကနေတစ်ဆင့်လဲ သုံးပြနိုင်ပါတယ်။

ဖုန်းထဲကို Google Maps ဆော့ဖ်ဝဲ အသစ်ကို သွင်းပါ။ မိမိတို့ ဖုန်းရဲ့ WAP Browser ထဲကို google.com/latitude ဆိုတာကို ရိုက်သွင်းပါ။ အဲဒီနောက် ဆော့ဖ်ဝဲကို ဖုန်းထဲ ဒေါင်းလုဒ်လုပ်ပါ။ အင်စတောလ် လုပ်ပါ။ Voila!!!! ချက်ချင်း အသုံးပြုလို့ ရပါပြီ။

လက်ရှိ အသုံးပြုနိုင်တဲ့ စမတ်ဖုန်း အမျိုးအစားအတွေကတော့

Google Latitude is a feature of Google Maps for mobile on these phones:
  • Android-powered devices, such as the T-Mobile G1
  • iPhone and iPod touch devices (coming soon)
  • most color BlackBerry devices
  • most Windows Mobile 5.0+ devices
  • most Symbian S60 devices (Nokia smartphones)
  • many Java-enabled (J2ME) mobile phones, such as Sony Ericsson devices (coming soon)

လောလောဆယ်တော့ ကျွန်တော့်ဖုန်းက ဆိုနီအဲရစ်ဆန် UIQ3.0 Symbian OS 9.1 ကို သုံးထားတာ ဆိုတော့ ဒီနည်းပညာက Support မလုပ်သေးပါဘူး။

Windoes Mobile 6.0 အသုံးပြုထားတဲ့ စမတ်ဖုန်းနဲ့ စမ်းကြည့်တော့ အဆင်ပြေပါတယ်။ လောလောဆယ် သူငယ်ချင်းတွေဆီကို invite လုပ်ပြီး သုံးခိုင်းထားတယ်။ သူတို့က accept လုပ်ပြီး Latitude ကို အင်စတောလ် လုပ်မှ ဒီနည်းပညာ ဘယ်လို အသုံးဝင်တယ်ဆိုတာ သိမယ်။ လောလောဆယ်တော့ still pending in invitation progress ပေါ့။ ကျွန်တော် ပို့လိုက်တဲ့ invitation link ကို ရတဲ့သူများ ဆက်လက် စမ်းကြည့်ပါ။ ချိတ်ဆက်လို့ ရမရ စမ်းကြည့်ချင်ရုံ သက်သက်ပါ။

ကွန်ပြူတာနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့

View it on your computer

See your friends' locations and status messages on a full screen even without a compatible phone or data plan.

This service is free from Google; carrier charges may apply.

- အကျယ်ကို ဒီမှာ ဆက်ဖတ်လို့ ရပါတယ်။
- ဖုန်းသမားများ အတွက် ဒီမှာ ဆက်ဖတ်ပါ။
- ကွန်ပြူတာ သမားများအတွက် ဒီမှာ ဆက်ဖတ်ပါ။

အသုံးပြုကြည့်ပြီး ကောင်းမကောင်းကို ဒီမှာ ပြန်လာပြောနော်။
ဗွီဒီယိုကို ဒီမှာ ကြည့်နိုင်ပါတယ်။

22 comments:

  1. လေ့လာနေပါတယ်။
    နိုကီရာ ရှေးရိုးမော်ဒယ်ဆိုတော့သု့းလို့မရသေးဘူး.
    နောက်တစ်ခေါက် မှဘဲ..

    ReplyDelete
  2. you tube မှာလဲ ကိုဘ မပြောခင်ကတည်းကသွားကြည့်ပြီးသွားပြီ.
    ဒီက ဥာဏ်ရည်မြင့်တယ်လေ..
    ငှင်းငှင်း..

    ReplyDelete
  3. ကွန်ပြူတာနဲ့လ သုံးလို့ရပါတယ်ဆိုနေ။

    ReplyDelete
  4. ကြည့်နေတာဘဲ မတွေ့သေးဘူး
    ညံ့ကြောင်းဝန်ံခံလိုက်ရပြီ.

    ReplyDelete
  5. တွေ့သွားပြီ..ရန်ကုန်လိုရိုက်လိုက်တာ ရန်ကုနမှာလဲတွေ့တယ်ဗျာ။

    ReplyDelete
  6. google မြေပုံကိုသုံးဘူးပါတယ်။ အခု(ဂျီမေးလ်လစ်ထဲက ဘော်ဘော်တွေ နေတဲ့ နေရာကို ပြတဲ့ ဆော့ဖ်ဝဲဗျ...။) ကိုလဲ တွေ့ပါပြီ. အသုံးပြူကြည့်ပါတယ်။ မြင်ရပါတယ်။
    Singapore လို့မရိုက်ဘဲ Yangon လို့ရိုက်လိုက်တာလဲ ရန်ကုန်မှာ ကိုယ့်နာမည်ပေါ်တဲ့အကြောင်းပြောတာပါ။ စမ်းကြည့်ပါလာ။။ ဒီထက်တော့လဲ မရှင်ြး့ပတတ်တော့ဘူး။

    ReplyDelete
  7. ဒီလောက်ဘဲ ..ကျန်တာတော့ N2 နဲ့ဘဲဆွေးနွေးတော့.။

    ReplyDelete
  8. I'v got yr acceptance mail. But I didn't see u on map. r u hiding yr location ??

    ReplyDelete
  9. ကုိဘြိုက္စ္လဲ hide ထားတာဘဲ။

    ReplyDelete
  10. ကျွန်တော် မဟိုက်ပါ။ ဖုန်းက Your location is currently not available ဆိုပြီး ကျွန်တော့်နေရာကို ပြမထားလို့ပါ။ ဘယ်လိုပဲ ကြိုးစားပေမယ့် မပေါ်ပါ။

    “ကုိဘြိုက္စ္လဲ hide ထားတာဘဲ။” ဆိုတော့ အန်တီဂွိက ပုန်းထားတာကိုး...။

    ReplyDelete
  11. ကောမန့် 10 ခုရနေလို့ ဖတ်ကြည့်တော့ မိတ်ဆွေ ၂ ယောက် စကားစမြည်ပြောနေကြသကိုး....။
    ဖတ်ပြီးပါပြီ.. ခိုင်းတာတွေ လုပ်မကြည့်ရသေးပါ....
    ရှာဖွေ၊တင်ပြ..အဲ..ရှာဖွေဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. နည်းပညာတွေက ကြောက်စရာကောင်းလောက်အောင် တိုးတက်လာတာပဲနော်...
    တို့ကတော့ ဘာမှမတတ်၊ ဘာမှ နားမလည်လို့ ဘာမှကို ရှာမကြည့်ဘူး...
    မှတ်ကရော...
    Latest Information အတွက်တော့ ကျေးဇူးပါ ကိုဘွိုင်းဇ်ရေ...

    ReplyDelete
  14. ကိုဘွိုက် အဲသဟာက ဗေ့စ်ကောင်းမှစမ်းနိုင်တာဗျ ..ဆိုတော့ကာ Why don't we test together? ဗမာလို သူများတွေနားလည်အောင် ပြောရရင်တော့ဗျာ .. ဘာဖြစ်လို့ ကျွန်တော်တို့နှစ်ယောက် အတူတူမစမ်းကြသလဲပေါ့။ အတူတူစမ်းကြရအောင်လားပေါ့။ (ဟမ် ..အဲသဟာလိုဆိုရင်ဖြင့် ကျွန်တော်တို့ ဘာတွေစမ်းကုန်ကြပြီလဲဆိုပြီး သို့လော သို့လောတွေ တွေးကုန်မှဖြင့် ..တိန်!)

    ReplyDelete
  15. ကိုဒီဘီအေ ဗေ့စ်ဆိုတာ ဘာပါလိမ့်ဗျာ...။
    Base ကို ပြောချင်တာလား...
    ကျွန်တော့် အီးမေးလ်လိပ်စာကို အဒ်လိုက်ပါ။ စမ်းရအောင်။
    စလုံးကတော့ ၂၇ နိုင်ငံထဲတော့ မပါသေးဘူးဗျ...။

    ReplyDelete
  16. နို့ .. အီးမေးလိပ်စာမှ အသိဘဲဟာကို။ ပရိုဖိုင်မှာ သွားရှာတာလဲမတွေ့။

    ReplyDelete
  17. ထုံအဖွဲ့ထဲတော့ ပါချင်နေပြီနဲ့တူတယ်...။ ထည့်ထားပေးပါဒယ်...။ ရအောင် ရှာပါလေ...။ ဟိ

    ReplyDelete
  18. “ဘေ့စ်”များရင် မကောင်းဘူး။ “အက်ဆစ်”များရင် ရှော့ရှိတယ်။ အကောင်းဆုံးက “ပီအိပ်ခ်ျဆဲဗင်း”ပဲ။

    ReplyDelete
  19. ထုံထဲအထည့်ခံရတော့မှာလား မသိ ခုထိကို မတွေ့တာ။ :(

    ReplyDelete
  20. ကြိုးစားပါ.ကြိုးစားကြပါ။ ပီအိပ်ခ်ျ. eight ဖြစ်အောင် ကြိုးစားကြပါ။

    ReplyDelete
  21. ကိုကိုဒီဘီရယ်။ သက်ပြင်းချသွားသည်။

    ReplyDelete
  22. တို့ကိုတော့လာမစမ်းနဲ့။ယားတတ်တယ်။

    ReplyDelete