Wednesday, February 4, 2009

iPhone Rival From Toshiba

Photo Credit : http://www.pcmag.com
ခုတစ်လော အိုင်ဖုန်းနဲ့ ပါတ်သက်တဲ့ သတင်းတွေ တော်တော်များများ ပလူပျံနေပါတယ်။ Palm ကနေ ပြီးတော့ အိုင်ဖုန်းကို ယှဉ်ပြိုင်နိုင်မယ့် Palm Pre အမျိုးအစားကို ထုတ်လိုက်တဲ့ သတင်း၊ အဲဒီလို ထုတ်လိုက်တာနဲ့ အိုင်ဖုန်း ထုတ်တဲ့ Apple ကုမ္ပဏီက သူ့ရဲ့ တီထွင်မှုတွေကို တုပတယ်ဆိုပြီး စကား စစ်ထိုးလိုက်ကာ တရားဥပဒေကြောင်းအရ တရားစွဲဆိုမယ်လို့ ဆိုတဲ့ သတင်း၊ Apple ကနေပြီးတော့ အိုင်ဖုန်းမှာ သုံးထားတဲ့ နည်းပညာများကို မူပိုင်ခွင့် ပြုလိုက်တဲ့ သတင်း၊ ကွန်ပြူတာတွေကိုပဲ တစ်စိုက်မတ်မတ် ထုတ်လာတဲ့ DELL က စမတ်ဖုန်း ထုတ်တော့မယ် ဆိုတဲ့ သတင်း (အိုင်ဖုန်းကို ယှဉ်ဖို့ ထုတ်မယ်လို့ ဆိုပါတယ်။) အစရှိသည် ပေါ့လေ။

အခု နောက်ဆုံး ရရှိတဲ့ သတင်းအရ တိုရှီဘာကနေပြိးတော့ အထက်ဖေါ်ပြပါ ပုံပါအတိုင်း TG01 အမည်ရ Touch Screen Smart Phone ကို ထုတ်လုပ်ပါတော့မယ်။ ၂၀၀၉ ခုနှစ်ရဲ့ ပထမ သုံးလပါတ်လည်မှာ ဒီဖုန်းကို ဥရောပ တစ်လွှားမှာ သုံးစွဲနိုင်ပါမယ်။ သိသာထင်ရှားတဲ့ အချက်ကတော့ ဖုန်းရဲ့ စကရင်ကို 4.1" အထိ ထုတ်လုပ်မယ်ဆိုတာပါပဲ။ Windows Mobile OS ကို အသုံးပြုမှာ ဖြစ်ပြီး WM6 or WM 6.1 လား ဆိုတာတော့ မသိရသေးပါဘူး။ မိုက်ခရိုဆော့ဖ်က Windows Mobile 7 ကို ဈေးကွက်တင်ဖို့က နှောင့်နှေးနေတာနဲ့ လက်ရှိ WM6 OR WM 6.1 OS ကိုသာ သုံးစွဲမယ်လို့ မျှော်လင့်ရပါတယ်။ ထုတ်ခဲ့သမျှ Windows Mobile OS ကို အသုံးပြုတဲ့ ဖုန်းတွေမှာ စကရင် ပမာဏ အရွယ် အကြီးမားဆုံးလို့ သိရပါတယ်။ နောက်ဆုံးပေါ် စမတ်ဖုန်း တွေမှာ ပါရှိတဲ့ လုပ်ဆောင်ချက်တွေ အကုန်ပါမယ်လို့ သိရပါတယ်။

အသေးစိတ် အချက်အလက်များကိုတော့ ကုမ္ပဏီက တရားဝင် ထုတ်ပြန် ကြေငြာထားခြင်း မရှိပေမယ့် လာမယ့် နှစ်ပါတ်မှာ ကျင်းပမယ့် MWC (Mobile World Conference) မှာတော့ အသေးစိတ် သိရှိနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာမှုကြောင့် နောက်ပေါ်တဲ့ ဖုန်းများက သာစမြဲဆိုတဲ့ အတိုင်း ဒီတိုရှီဘာက ထုတ်မယ့် ဖုန်းမှာ ဘယ်လို အားသာချက်တွေ ပါမလဲ ဆိုတာ စောင့်ကြည့်ရအောင်။ လက်ရှိ အိုင်ဖုန်းနဲ့ တစ်တန်းတည်း ယှဉ်ထိုး ပြောဆိုနေတဲ့ ဖုန်းတွေကတော့ HTC Touch HD, Nokia N97 တို့ ဖြစ်ပါတယ်။

Source : PC Mag, Gearlog, GSMArena

ထပ်ဖြည့်။ ။ ဖုန်းက ၀င်းဒိုး ၆.၁ ဗားရှင်း ကို သုံးမှာပါ။


7 comments:

  1. ပုံတွေကြည့်ပြီး သရေပဲကျနိုင်တယ်။ဝယ်နိုင်ဖူး။

    သူ့ထက်ကဲတွေချဉ်းပဲ။

    ReplyDelete
  2. ဟုတ်ပါ့...။ အိတ်ခ်ျတီစီ တပ်ခ်ျ အိတ်ခ်ျဒီတောင် အနိမ့်ဆံး ၂နှစ် ပလန် ယူရင် ၇၀၀ လောက် ကျနေတယ်...။ အလွတ်ဈေးဆို ၁၂၀၀ ကျော်တယ်...။

    တိုရှီဘာ ဖုန်းဆို မိုးထိုးနေမှာ...။ နိုကီယာ အန်၉၇ လဲ တူတူပဲ နေမှာ..။
    ထွက်ပြီး တစ်နှစ်လောက်နေမှ ပလန်ကို အပ်ပ်ဂရိတ် လုပ်ရင်းနဲ့ စောင့်ပြီး ၀ယ်မယ် စိတ်ကူးထားတယ်။

    အဲဒီ အချိန်လဲ ရောက်ရော သူ့ထက်ကဲ ရွှေပြည်စိုး အသစ်တွေက ပေါ်နေလောက်ပြီ...။

    ReplyDelete
  3. အတော်ပဲ…စင်္ကာပူမှာရောင်းရင် ၀ယ်ကိုင်ဦးမှ။ အခုကိုင်နေတဲ့ အိုင်ဖုန်းပေါ် ယင်တကောင်နားသွားလို့ မသုံးချင်ဖြစ်နေတာ။

    ReplyDelete
  4. ကျွန်တော်တော့ အိုင်ဖုန်း ၀ယ်မှာတော့ မဟုတ်ဘူး။ သူများထက် ထူးအောင် ယူဖုန်းဆိုတာ ၀ယ်မှာ ကိုပေါရ...။

    ReplyDelete
  5. အားကျစရာကွယ်။ ကိုပေါတို့များ ယင်ကောင်နားရင်တောင် ဆက်မကိုင်တော့ဘူးတဲ့။ တို့အမ်းမနဲ့များ ကွာပါ့။ အီးပိုက်ထဲကျသွားတဲ့ ဖုန်းကို ရေးဆေးပြီး ပြန်ကိုင်တယ် ဆိုလားပဲ။

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. ဖုံး .. လို့ စာလုံးပေါင်းတာပါ ခင်ဗျာ ...။

    ReplyDelete