Saturday, August 29, 2009

ကျွန်တော် ငပွကြီး

ငယ်ငယ်တုန်းက ဖတ်စရာ စာတွေ အလွန်ရှားတယ်။
နေရတဲ့ နေရာက သွားလာရေး ခက်ခဲတဲ့ တောင်ပေါ်လေ...။
အသစ်ကုန်သွားရင် အဟောင်းတွေကို အစကနေ ပြန်ဖတ်တယ်။
အများဆုံး ဖတ်မိတာ သုတစွယ်စုံပဲ။
အဲဒီခေတ်က ခဲစာလုံးခေတ်။ ခဲစာလုံးခေတ်ဆိုတော့ စာတစ်မျက်နှာကို ခဲစာလုံးတွေ စီရတယ်။ ခဲစာလုံးတွေက စာလုံးပြောင်းပြန်တွေ။ ဆိုတော့ စီတဲ့သူက စီပြီးရင် အဲဒီ စီထားတာကို ပရုဖတ်တဲ့ စာပြင်ဆရာဆီ ပို့ရတယ်။ စာပြင်ဆရာဆိုတာ နာမည်အတိုင်းပဲ စာကိုပြင်တာ။ စာအနေအထား၊ စာပိုဒ်ခွဲပုံ၊ သတ်ပုံ၊ ဘာညာ ဘာညာ...။
အဲဒီတော့ အရင်ခေတ်က (ကွန်ပြူတာနဲ့ စာမစီသေးတဲ့ ခေတ်) ထုတ်တဲ့ စာအုပ်တွေမှာ သတ်ပုံ အကျအပေါက်နည်းတယ်။
ဆိုတော့ အဲဒီ စာလုံးပေါင်း သတ်ပုံမှန်တဲ့ စာတွေချည်းပဲ ဖတ်ရတာ ဆိုတော့ ကိုယ်က စာရေးရင် စာလုံးပေါင်း သတ်ပုံအမှားတွေ အများကြီး မဟုတ်တောင် တော်တော်နည်းတယ် ဆိုတဲ့ အဆင့်ပဲ။ စာဖတ်လိုက်ရင် စာလုံးပေါင်းမှားတဲ့ နေရာဆို ဖတ်ရတာ ထောင့်တောင့်တောင့် ဖြစ်တယ်။
နောက်ပြီး ဖတ်စရာရှားတဲ့ အရပ်ဆိုတော့လဲ နောက်ဆုံးကို ဖတ်စရာမရှိရင် ကျောင်းဖတ်စာအုပ်တွေ ဖတ်ဖြစ်တယ်။ ကျောင်းစာအုပ်ဆိုတာ နိုင်ငံတော်ကနေ ထုတ်တာဆိုတော့ အမှားအယွင်း နည်းတယ်။
ခုတစ်လော စာတွေကို စာအုပ်နဲ့ အသေအချာ မဖတ်ဖြစ်တာ တော်တော်ကြာပြီ။ အွန်လိုင်းပေါ်ကစာတွေပဲ လိုက်ဖတ်ဖြစ်တယ်။ လိုက်ဖတ်တော့ တော်ရုံမမှားသင့်တဲ့ အမှားတွေ တော်တော်များများ တွေ့တယ်။ သတ်ပုံအမှားတွေ့တိုင်း လိုက်လိုက်ပြောပြီး ပြင်ချင်တာ ကျွန်တော့် ဝသီပဲ။ ကျွန်တော် ဝင်နေကျ ဖိုရမ်တွေမှာ ကျွန်တော် သိတဲ့ သတ်ပုံ အမှားတွေကို သိသလောက် ပြင်ပေးတယ်။ ကျွန်တော့် CBox မှာ လာရေးတဲ့သူတွေထဲက ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတွေကို သတ်ပုံအမှားရေးတာ မြင်ရင် ပြင်ပေးတယ်။ ရင်းနှီးသူတစ်ချို့ရေးတဲ့ Blog တွေမှာ သူတို့ Post တွေ သတ်ပုံအမှားတွေ့ရင် ပြင်ပေးတယ်။ ယုတ်စွအဆုံး ဂျီတော့ခ်မှာ ပြောနေရင်း မှားရင် ကျွန်တော် ပြင်ပေးတယ်။

အစကတော့ သတ်ပုံမှားနေတာကို အမှန်ပြင်ပေးရင် လူတွေ လက်ခံလိမ့်မယ်လို့ ကျွန်တော် တွေးတယ်။ နောက်တော့ မဟုတ်တော့ဘူး။ ဖိုရမ်တစ်ခုမှာ ကျွန်တော် ပြင်ပြင်ပေးတော့ ကျွန်တော့်ကို အမြင်ကပ်သူများက ခပ်ထေ့ထေ့နဲ့တစ်ဖုံ၊ ပေါ်တင်ပြောခြင်းဖြင့်တစ်နည်း၊ စောင်းပါးရိပ်ခြည်ဖြင့် တစ်သွယ် ပြောကြတယ်။

CBox မှာလဲ လာပြောကြတယ်။ ဒါတောင် တစ်ချို့Blog က comment တွေမှာ ကျွန်တော် လိုက်ပြင်ပြီးမှ နောက်ပိုင်း တက်လာတဲ့ comment တွေကို ကျွန်တော် လိုက်မဖတ်ဖြစ်သေးလို့ ဘယ်လို action တွေ လာမယ်ဆိုတာ မသိတာ...။

နောက်ဆုံးမှာ ကျွန်တော် ကြုံလိုက်တာက ပြောမနာ ဆိုမနာ ညီမလေးတစ်ယောက်နဲ့ ဂျီတော့ခ်မှာ ပြောနေရင်းနဲ့ သူ့မက်ဆေ့ခ်ျတွေမှာ သတ်ပုံအမှား ပြင်ပေးမိရာကနေ သူစိတ်ဆိုးသွားတယ်။ သတ်ပုံပြင်မယ်ဆို သူနဲ့ မပြောနဲ့တဲ့။ မပြောနဲ့ဆိုတော့လဲ မပြောဘူးပေါ့။ ကျွန်တော်လဲ ပြောလက်စ ဂျီတော့ခ်ကို ပိတ်လိုက်တယ်။ ခုထိ အဆက်အသွယ် မလုပ်တော့ဘူး။

မင်းက ဆရာကြီးလားလို့ မေးရင် သင်ယူနေဆဲ စာသင်သမား ပါလို့ပဲ ပြောချင်ပါတယ်။


ကျွန်တော် ငပွကြီးလား...။

သတ်ပုံအမှားကို ရေးမိတဲ့ အကြောင်းရင်းကို ကောက်ချက်ချရရင်
၁။ သတ်ပုံအမှန်ကို မသိလို့
၂။ ကီးဘုတ်မှာ ရိုက်ရမယ့် မြန်မာ လက်ကွက်အမှန်ကို မသိလို့
၃။ ယပင့်၊ ယရစ်(အကြီး အသေး) တွေမှာ အမြီးပြတ် ခေါင်းပြတ် ရိုက်ရတာတွေ၊ တစ်ချောင်းငင် နှစ်ချောင်းငင် တွေကို အတိုလား အရှည်လား ရိုက်ရတာတွေဟာ ဇော်ဂျီ ကီးဘုတ်မှာ နည်းနည်းခက်တယ်။ အဲဒါကြောင့်
အထက်ပါ အကြောင်းအချက်များကြောင့် သတ်ပုံအမှား ရေးဖြစ်တယ်လို့ ကောက်ချက် ချမိတယ်။။

နံပါတ် ၃ အတွက် ကျွန်တော် ဇော်ဂျီလက်ကွက် ဗားရှင်း၂၀၀၈ ကိုသုံးပြီး ဘယ်စာလုံးဟာ ဘယ်နေရာဆိုတာကို တတ်နိုင်သလောက် ဒီနေရာမှာ ပို့စ်တစ်ခု အနေနဲ့ တင်ပေးဖူးတယ်။ အောက်ကလင့်ခ်ကို ကလစ်နှိပ်ကြည့်ပြိးတော့ ဘယ်စာလုံးကို ဘယ်လက်ကွက်မှာ ရိုက်နိုင်တယ်ဆိုတာ မြည်းစမ်းကြည့်ပါလားဗျာ။
http://heartstations.blogspot.com/2008/07/blog-post_09.html

မြင်သာအောင် ပုံနဲ့တစ်ကွ ဖေါ်ပြလိုက်ပါတယ်။
Credit to Alpha Zawgyi Group
လောလောဆယ်တော့ မြန်မာသတ်ပုံကျမ်းကလဲ အဟောင်းနဲ့ အသစ်မှာ တစ်ချို့စာလုံးတွေ နှစ်မျိုးဖြစ်နေတာ တွေ့ရတယ်။ အများလက်ခံတာကိုပဲ သတ်ပုံ အမှန်လို့ပဲ ယူဆရမှာပ။

34 comments:

  1. အဟက်... အခု တင်လိုက်တဲ့ ပို့စ်မှာတောင် အမှားတွေ ရှိကောင်းရှိနေဦးမယ်။
    ဟယ်... ခုမှ ကိုယ့်ကိုယ်ကို မှန်ထဲ ကြည့်မိတယ်။
    မျက်ချေးတွေ တစ်ပုံတစ်ခေါင်းပါလားကွယ်။

    ReplyDelete
  2. သတ်ပုံပြင်ပေးတာကို ကြိုက်တယ်....။
    အဓိကက လက်ကွက်မသိတာ။
    တခါတလေကျလည်း သတ်ပုံမှန်မသိလို့ မှားရေးတာ...။

    သတ်ပုံမှားတဲ့စာဖတ်ရတာ မိန်းမချောချောလေးတစ်ယောက်
    နှုတ်ခမ်းနီတွေဘေးမှာပေနေတာကြည့်ရသလိုပဲ....။

    ပြင်ရင်လည်း ကာလံ၊ဒေသံကြည့်ပြင်ပေါ့အေ.....။
    အရေးကြီးတာ ပြောနေတုံး သတ်ပုံပြင်ပေးနေရင်တော့ စိတ်လေမှာပေါ့....။

    ReplyDelete
  3. တကယ်တော့ အမှားပြင်ပေးခြင်းကို စိတ်ဆိုးစရာမဟုတ်ပါ....
    အပေါ်ကမှတ်ချက်ထဲက
    ကိုယ့်ကိုယ်ကို က အမှန်လား
    ကိုယ့်ကိုကိုယ် က အမှန်လား ဆိုတာကို ဖြေပေးပါဦး....

    mie nge

    ReplyDelete
  4. ဟားဟား…. ကိုဘွိုင်းဇ် ဠူပြိုကျီး ဖျစ်ယချင်းအိ အကျောင်းယင်းခန်ဂို သိသွားဗီ။ ဏော်ဆိုယင် ခြစ်ဠို့ ပျဉ်ပေးဋာပါဠို့ စကားခန်ပျီး ပျောပေါ့။

    ReplyDelete
  5. ဆောဒီး... “ဏောက်ဆိုယင် ဠို့ ဖပ်ယံ။

    ReplyDelete
  6. ထောက်ခံ၏
    သတ်ပုံအမှားတွေကိုသုံးခြင်းက မြန်မာစာပေလောကရဲ့ရုပ်သွင်ကို အကျည်းတန်စေပါတယ် ... အရည်အသွေးကိုလည်း ကျဆင်းစေပါတယ် ...

    ReplyDelete
  7. မှန်ထောင်ကြည့်ပါ ကိုဘ... ပွ မပွ ကို...ဟိဟိ

    ReplyDelete
  8. ကောင်းပါတယ် ဆရာ ပြင်ပေးတော့ အမှန်သိရတာပေါ့
    ဆရာလုပ်တယ်လို့ မထင်မိပါဘူး ဆရာ
    မဟုတ်ရင် အမှားကြီးကို အမှားအတိုင်းဆက်သွားနေရင် ပိုခက်ကုန်မှာပေါ့
    ကိုပေါ ပြောတာဖတ်ပြီး မူးသွားပြီ (သူပြောတာနဲ့  မဆိုင်ဘူးနော့ အေးအေးနေချင်လို့  အပူမရှာတာနော့) (စိတ်ထဲမှနေ၍ ကိုယ့်ဘာသာပြောခြင်း) ဖြစ်နိုင်တယ် ကိုပေါ ဖြစ်နိုင်တယ်

    ReplyDelete
  9. ကိုဘ က ပဲကြီးမှ မဟုတ်တာ မပွလောက်ပါဘူး
    ပိုသေချာအောင် ရေစိမ်ကြည့်ပါလား ကိုဘ

    ReplyDelete
  10. @ဆင်ဆင် - နှုတ်ခမ်းနီ ဥပမာလေး သဘောကျတယ်။ နောက်ကို ယူသုံးပါရစေကွယ်...။
    @မီးမီး - ကိုယ့် (ပိုင်ဆိုင်မှုပြနာမ် ဆိုလား) ရဲ့နောက်မှာ နာမ်(ကိုယ်)လိုက်မယ်လို့ ယူဆလို့ ကိုယ့်ရဲ့ကိုယ် ဆိုတာကို ယူသုံးပါတယ်။ ကိုယ့်ကိုယ် ကို အဲလို သဘောပါ။ မီးမီးရဲ့ အယူအဆကို ဖတ်ချင်ပါသေးတယ်။ (မီးမီးသုံးနေတဲ့ြ- ခေါင်းပြတ်ရရစ်က သေးသေးတင် ထည့်မှာတို့ လုံးကြီးတင် ထည့်မှာ တို့ စတဲ့ စာလုံးတွေမှာ သုံးတာ။ အဲဒါတွေ မပါဘူးဆို သာမာန် ယရစ်ကိုပဲ သုံးရမှာပါ။ ဥပမာ မြင်းခြံမြို့။ မြင်းမှာ ရိုရိုးရရစ်ြ-၊ ခြံနဲ့ မြို့မှာ ခေါင်းပြတ် ရရစ်ြ- ကို သုံးထားတယ်...။ ကြည့်လို့ ပိုမလှသွားပေဘူးလား။ မီးမီးနှုတ်ခမ်းနီဆိုးတာ နည်းနည်းပေနေလို့ တစ်ရှုးကမ်းပေးတာပါကွယ်.။ ကိုပေါလေသံနဲ့ ပြောရရင် ချစ်လို့ ပြင်ပေးတာ မှတ်ပါ...။ အခု နောက်ဆုံး modify လုပ်နေတာ့ zaegyi 2009 Version မှာဆိုရင်တော့ အဲဒီလို ခေါင်းပြတ်တွေ အမြီးပြတ်တွေကို သတ်သတ်ရိုက်စရာ မလိုပဲ ရရစ် ရိုက်ရုံနဲ့ အော်တို ခေါင်းပြတ် အမြီးပြတ်တွေ ပြင်ပေးမယ်လို့ သိရပါတယ်။ အောင်မြင်ပါစေ မာခ့် )
    @ကိုပေါ - ဆောဒီး မှားနေတယ် စောသီး ဖြစ်ရမှာ...။ အဟက် (ကိုပေါလို သက်သက်မှားနေတဲ့သူကျတော့ ပစ်ထားလိုက်တယ်...။)
    @ပုရစ်ဖူး - ကျေးဇူးတင်ပါတယ်။
    @သန္တာကျော် - မှန်ထောင်တော့ မျက်ချေးပဲ တွေ့မိတယ်။ :)

    ReplyDelete
  11. မေ - ရေစိမ်ခါမှ မပွပဲ ရှုံ့သွားမှ ပိုဆိုးနေမယ်။ :P

    ReplyDelete
  12. ကျွတော်လည်းဘဲ သတ်ပုံမှန်တာ သဘောကျပါတယ်။။
    မှန်အောင်တော့ မရေးနိုင်သေးပါဘူး။။

    ReplyDelete
  13. ဆိတ်မစိုးပါဗူး။ မှါးနေယင် ပျင်ပေးပါ။ မပျင်ပေးရင် မှားမှမ်း ဘယ်သိပ့ မလဲနော်။ ကိုဘွိုက်ကိုစိုရင် အမှားပြင်ပေးမယ်လို့ မှတ်ထားတာ။ ဟိဟိ။

    ReplyDelete
  14. ဆိတ်မဆိုးတက်ပါဗူး မှားဏေရင်ပျင်ဘာ။ ပျင်ဘာ။

    ReplyDelete
  15. သတ်ပုံအကြောင်းပြောရင် သတ်ပွဲတွေလည်း ဖြစ်တတ်တယ် ကိုဘွိုင်းဇ်... သတိထား...း)

    ReplyDelete
  16. - စုဗူးအိမ်လို သက်သက်မှားရေးတဲ့သူကျတော့ မပြင်ပေးနိုင်ပါ။ :P
    - နာမည်ကိုက သတ်ပုံသတ်နည်းပါဆို ကိုအောင်သာငယ်ရယ်...။ အဟက်

    ReplyDelete
  17. ကိုဘွိုင်းရေ...ကျမ ရိုးရိုးရရစ် လုပ်ချင်ရင် ဘယ်ဟာကိုနှိပ်ရမယ်ဆိုတာ မသိလို့ပြပေးပါဦး...ခေါင်းပြတ်ရရစ်ဘဲ ကျမသိလို့ အဲဒါကိုဘဲနှိပ်နေဖြစ်တာပါ...ကျေးဇူးတင်ပါတယ်နော်....

    ကျမယူဆတာတော့ ပထမက ကိုယ့်ကိုကိုယ်လို့ ထင်တာပါ...
    အခုကိုဘွိုင်းရှင်းပြတော့မှဘဲ ကိုယ့်ကိုယ်ကို က အမှန်ဖြစ်မယ်လို့
    မှတ်သားလိုက်ပါပြီ...

    စားနေတုန်း ရေးနေတုန်း ပြောနေတုန်း တို့ဆိုရင် တုံး လို့ရေးတာမှားမယ်ထင်တယ်..အဲဒါလေးဖြေပေးပါဦးနော်...
    ကွန်ပျုတာပေါ်က ဗမာစာရိုက်တဲ့အထဲမှာ အမှားအများဆုံးက
    ခြင်း နဲ့ ချင်း ဖြစ်မယ်ထင်တယ်နော်...အမှားများလာရင် အဲဒါကိုဘဲ အမှန်လို့ယူဆလာနိုင်ကြတာမို့ အမှားပြင်ခြင်းက
    လုပ်သင့်တဲ့ကိစ္စတခုလို့ ယူဆပါတယ်..( ကိုအောင်သာငယ်ပြောသလို ပြောရရင်တော့ သတ်ပွဲဖြစ်မယ်ဆိုရင်လည်း ...)

    mie nge

    ReplyDelete
  18. ရိုးရိုးယရစ် (ရရစ်??)ြ- ကတော့ j ဆိုတဲ့ ခလုတ်လေးပါ။
    ခေါင်းပြတ် ရရစ်ြ- ကတော့ Shift ကို n နဲ့ တွဲရိုက်ပါ။
    အမြီးပြတ် ရရစ်ြ- ကတော့ Dead Key "~" ကို အရင်နှိပ်ပါ။ ပြီးမှ m ကို ရိုက်ပါ။

    ရကောက်မှာလဲ ခြေထောက်ပြတ်တာနဲ့ မပြတ်တာ ရှိတယ်နော်။ “ရိုးရိုး” ဆိုတဲ့ စာလုံးက ရကောက် အမြီးပြတ်ကို ရိုက်ချင်ရင် Dead Key "~" ကို အရင်နှိပ်ပါ။ ပြီးမှ 7 ကို ရိုက်ပါ။

    http://heartstations.blogspot.com/2008/07/blog-post_09.html

    ဒီမှာ ဇော်ဂျီလက်ကွက်ထဲက ရိုက်ပုံရိုက်နည်းများကို ဖေါ်ပြထားပါတယ်။
    ဇော်ဂျီလက်ကွက်အတွက် စာလုံးနေရာများကို ပြသတဲ့ လက်ကွက်ကိုလဲ ပုံနဲ့တစ်ကွ အပေါ်က ပို့စ်မှာ ပြန်တင်ထားလိုက်ပါတယ်။

    ကိုယ့်ကိုယ်ကို ဆိုတာက အရှည်အနေနဲ့ ရေးတယ် ထင်ပါတယ်။
    ကိုယ့်ကို ကိုယ် ဆိုတာက ငါ့ကို သူ့ကို စသဖြင့် ပြောနေရေးနေကျ ဆိုတော့ ကိုယ့်ကိုယ်ကို အတိုကောက် ကိုယ့်ကို လို့ ရေးလိုက်တာ ဖြစ်မယ် ထင်ပါတယ်။ မှားနိုင်ပါတယ်။

    ReplyDelete
  19. မီးမီးမေးတဲ့ စားနေတုန်းမှာ တုန်းဆိုတဲ့ အသုံးအနှုန်းက ပိုမိုမှန်ကန် သင့်မြတ်ပါလိမ့်မယ်။
    တုံးဆိုတာက အတုံးအခဲ၊ တံဆိပ်တုံး၊ ချေးတုံး စတဲ့ နေရာတွေမှာ အသုံးများပါတယ်။

    ReplyDelete
  20. သာဓက ပြစရာ ရှားသလားအေ့.... ချေးတုံးတဲ့ အော့အော့ ...:(

    ReplyDelete
  21. လူတွေက သမားရိုးကျ ဥပမာတွေဆို ခေါင်းထဲ ထည့်မထားတတ်ဘူး။ နည်းနည်း ထူးခြားနေတာတွေဆို မသိစိတ်က သေချာ မှတ်သားထားတတ်တယ်။
    ဟော.. အခုဆို မယ်ဆင် တစ်ယောက် တုံးလား တုန်းလား ဝေခွဲမရ ဖြစ်နေချိန်မှာ ဟာ.. ဒါကိုဘွိုင်းဇ်ပေးတဲ့ ချေးတုံး ဥပမာ ဆိုတာ တန်းမြင်လိုက်တာနဲ့ ချေးတုံးလား ချေးတုန်းလား ဆိုတာ ချက်ချင်း သဘောပေါက်သွားပြီး မှန်ကန်တဲ့ အသုံးအနှုန်းကို သုံးတတ်သွားတာပေါ့။
    နောက်ဆို ဒီ့ထက် ထိရောက်တဲ့ ဥပမာတွေ ပေးတတ်ဖို့ ကြိုးစားလိုက်ဦးမယ်။

    ကျေးဇူး မယ်ဆင်...။

    ReplyDelete
  22. ထပ်ဆင့်ကျေးဇူးတင်သွားပါတယ် ဒိထက်ကောင်းတဲ့ ဥပမာများကိုလည်း စောင့်နေပါတယ်

    ReplyDelete
  23. ပြင်ပေးတာကောင်းပါတယ် အမြဲတမ်းပြင်ပေးနိုင်ရင်ပိုတောင် ကောင်းပါတယ်
    တချို့ နာမည်ကြီး ဘလော့ဂါတွေမှာတောင် မမှားသင့်တဲ့ အမှားတွေ မှားကြတယ်
    လည်း နဲ့ လဲ လိုစာလုံးတွေပေါ့

    ReplyDelete
  24. This comment has been removed by the author.

    ReplyDelete
  25. သူငယ်ချင်းတစ်ယောက်ကတော့ လဲ နဲ့ လည်း ကို အောက်ပါအတိုင်း ဥပမာ။ ဥပမေယျ တွေနဲ့ ရှင်းပြသွားပါတယ်။

    လဲ = ပစ်လဲ။ အလဲအလှယ်၊ ဘာလဲ(အမေး)၊ လဲမှို့။
    လည်း = too, also, သူလည်းပဲ ငါလည်းပဲ။

    ReplyDelete
  26. ကျေးဇူးအများကြီးတင်ပါတယ်....သိပ်ထိရောက်တဲ့ ဥပမာတွေက အသဲစွဲမိစေပါတယ်....

    mie nge

    ReplyDelete
  27. သတ်ပုံပြင်တာ ကျေးဇူးပါ နောက်လည်း ပြင်ပါ

    ReplyDelete
  28. ပြင်ရင်လည်း ကာလံ၊ဒေသံကြည့်ပြင်ပေါ့အေ.....။
    အရေးကြီးတာ ပြောနေတုံး သတ်ပုံပြင်ပေးနေရင်တော့ စိတ်လေမှာပေါ့....။
    Sin Sin is absolutely right. :D

    ReplyDelete
  29. သူများပိုစ့်တွေမှာ သတ်ပုံ မှားနေရင်လဲ ပြင်ပေးပါနော်...
    အားကိုးပါတယ်... :-))

    ReplyDelete
  30. ပိုစ့်ကိုရော မန့်တွေကိုပါ ဖတ်ပြီးတော့ ခုမှ မန့်ရတာပါ။ ကိုကြီး ဟုတ်တယ် ။ မေလေးတို့လည်း မှားနေနိုင်တာရှိတယ်။ ကိုကြီးလို ပြင်ပေးသူ ရှိတာကိုပဲ ကျေးဇူးတင်ပါတယ်။ ပြီး မန့်ထဲကနေ နောက်ထပ် မသိသေးတဲ့ သတ်ပုံတွေကိုပါ သိသွားရတယ်။ ကိုကြီး ကျေးဇူး ။ နောက်ထပ် မြင်တွေ့တဲ့ သတ်ပုံအမှားတွေ(ဥပမာ မေလေးဆီမှာ)ကို ပြင်ပေးပါလို့ ။ မေလေးလည်း မြန်မာစာ သတ်ပုံတွေကို မမှားစေချင်လို့ပါ။

    ReplyDelete
  31. ကိုဘွိုင်းဇ်ရေ ကိုယ့်ကိုယ်ကို အသုံးလေး ရှင်းပြထားတာ သဘောကျပါတယ်။ ဒီမှာ သူငယ်တန်း ဖတ်စာ-၈ ပုံနှိပ်စာအုပ်က အသုံးကြီး အမနားမလည်ဘူး။
    ကြည့်ပေးပါဦး

    ReplyDelete
  32. သူငယ်တန်း ဖတ်စာက အသုံးကတော့
    “ကိုယ့်ကိုယ်” (ကံ Object ) ကို “ကိုယ်”(ကတ္တား Subject) နဲ့ ယူသုံးတယ်လို့ ယူဆပါတယ်။
    အဲဒီလိုလဲ မှန်ပါတယ်။ သူက ကတ္တားကို မမြုပ်ပဲ ဖေါ်သုံးထားတယ် လို့ ယူဆရပါတယ်။
    အတွေးပွားစေတဲ့ အတွက် ကျေးဇူးပါခင်ဗျ။

    ReplyDelete
  33. သပ် ဘုံ မှါး ဋဲ့ “ဉ”

    ReplyDelete
  34. ရပါတယ်..ကိုကိုဘွိုင်းဇ်.. အမြင်မတော်တာတွေ့ရင် ဆုံးမပါ..ပြင်ပေးပါနော်။
း)အတည်..အတည်ပြောတာ။

    ReplyDelete