Friday, August 14, 2009

သီချင်းငှက်သို့ အမှတ်ရခြင်း။

ကိုထူးအိမ်သင် ဆုံးပါးသွားခဲ့တာ ဒီနေ့မှာ ၅နှစ်တင်းတင်း ပြည့်သွားပါပြီ။
ကျွန်တော့်ရဲ့ လူငယ်ဘဝ သက်တမ်းတစ်လျှောက်မှာ သီချင်းနဲ့ ပတ်သက်လို့ အဆိုပညာ ကို သေချာ သင်ကြားမိတာ ကိုထူးအိမ်သင်ရဲ့ သီချင်း အများစု ပါပါတယ်။ ကိုငှက်အကြောင်းကတော့ ရေးပြီးသူများ ရေးပြီးနေကြတော့ ထူးထူးထွေထွေ မရေးတော့ပါဘူး။ ကျွန်တော် ခံစားမိသလောက် ကိုငှက် အကြောင်းများကိုသာ မျှဝေချင်ပါတယ်။ မှတ်မိသလောက်လေးပါ။

နာရီပေါ်က မျက်ရည်စက်များ။
အဲဒီ အခွေထွက်တုန်းက သီချင်းစာအုပ်က နှစ်မျိုးထွက်ဖြစ်တယ် တင်တယ်။ အဲဒီတုန်းက ၇ တန်းလားမသိဘူး။ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က စာအုပ် ယူလာပြတယ်။ သီချင်းစာအုပ် အဖုံးက အနက်ရောင်မှာ ရွှေမှင်ရောင် ပန်းချီလေး။ နာရီတစ်လုံးရဲ့ ဒိုင်ခွက်ကို ဆွဲပြထားတာ။ အဲဒီမှာ ရောမ ဂဏန်းတွေနဲ့ နာရီ အချိန်တွေကို ရေးထားတယ်။ အီဂျစ် အရုပ်စာတွေလဲ ပါလေရဲ့။ တစ်ခွေလုံးကို ကြိုက်သွားတယ်။ ညီလေးရေ ဆို အကျိုးပြု သီချင်း တစ်ပုဒ် မပါမနေရ ထည့်ရတယ် ဆိုပေမယ့် ပြီးပြီးရော မလုပ်ပဲ အသေအချာ အားစိုက်ထားတာ တော်တော် သိသာတယ်။

နောက်ပိုင်းမှာတော့ ခေါင်းလောင်းလေးတွေ မြည်နေပြီ။ တစ်နေ့နေ့တော့ ချစ်၍ လာလိမ့်မည် စတဲ့ သီချင်းတွေဟာ ကျွန်တော်တို့ ကျောင်းသား လူငယ်ထုကြားမှာ တော်တော်လေးကို ရေပန်းစားလာခဲ့တယ်။ ကိုယ့်စိတ်တွေ မရိုးသားတော့ဘူး ဆိုတာ သူငယ်ချင်း ကောင်မလေးကို ဆိုပြနေကျ သီချင်းလေး။
အမေ့အိမ်ဆိုတဲ့ သီချင်းလေးအစမှာ ဒရမ်သံလေးနဲ့ ရထားသံပေါက်အောင် ထည့်ထားတဲ့ အိုင်ဒီယာကို သဘောကျတယ်။ ရထား မရှိတဲ့ ကျွန်တော်တို့ မြို့လေးမှာ သူ့သီချင်းကို ခံစားလို့ရခဲ့တယ်။ ရော့်ခ်အဲန်ရိုး အပျိုမ ဆိုတဲ့ သီချင်းလေးဟာ အစက ကော်ပီ သီချင်းလို့ အငြင်းအခုံ ဖြစ်ကြသေးတယ်။ အမှတ်မမှားဘူးဆို ကိုငှက်ကိုယ်တိုင် ရေးထားတဲ့ ရော့်ခ်အဲန်ရိုး သီချင်းပါတဲ့။

မဟေသီ??? အလင်္ကာ??? မှာ ကိုငှက်ဘိုင်အိုဂရပ်ဖီကို ဝတ္ထုလို ရေးထားတဲ့ အခန်းဆက်လေးက စောင့်ဖတ်ရတဲ့ ကဏ္ဍ ဖြစ်ခဲ့တာပေါ့။ ပုသိမ် ကန်သုံးဆင့် ရေကန်ဆိုလား သူ့ကြောင့် သိခဲ့တယ်။ သူက ပုသိမ်ကို တော်တော် သံယောဇဉ်ကြီးတယ်။ အစ်မခင်မင်းဇော်တို့နဲ့ တစ်နှစ်ထဲလား မသိဘူး။ ပုသိမ်မှာ သူ တီးဝိုင်းထောင်တာ ဘာညာ။ နောက်တော့ မော်လမြိုင်ကို ပြောင်းသွားရပေမယ့် ပုသိမ်ကို ခဏခဏ လာဖြစ်တာ။ ပုသိမ်မှာ ဆရာသမား ကောင်းကောင်းနဲ့ ဂီတကို သေချာလေ့လာ ဖြစ်တာ။အားကျစရာတွေပဲ။

ကျွန်တော်တို့ ဆယ်တန်းဖြေတော့ အထီးကျန်ဆိုတဲ့ သီချင်းလေးက တော်တော်ညည်းလို့ ကောင်းတဲ့ သီချင်းလေး။ သူငယ်ချင်းတွေနဲ့ တူတူစု စာကျက်တော့ အိပ်ချင်လာပြီဆို ချမ်းစီးစီးညလေးထဲကို တစ်ယောက်ထဲ ထွက်လာခဲ့။ ထိန်ထိန်သာနေတဲ့ လမင်းကို မော့ကြည့်ရင်း ငါဟာ တစ်ယောက်တည်း အထီးကျန်ဆိုတဲ့ သီချင်းလေးကို အဖော်ပြု။ အဲဒီတုန်းက အသည်းကွဲ ဝေဒနာ ဆိုတာကို စတင် ထိတွေ့ မြည်းစမ်းနေခဲ့တာ ဆိုတော့ သီချင်းလေးနဲ့ ကိုယ့်အနေအထားက အတော်ကို လိုက်ဖက်နေခဲ့တယ်...။

လွမ်းမိတယ် ဆိုတဲ့ သီချင်းက ဂျပ်စင်ဆိုတာလေး ပါတော့ ဘာမဆိုင် ညာမဆိုင် ကိုယ်လဲ ရောယောင်ပြီးတော့ လွမ်းနေမိခဲ့တယ်။ ကျောင်းဖွင့်ချိန်မှာ ကျောင်းပြန်လာ မတက်တော့တဲ့ တစ်ယောက်သောသူကို လွမ်းနေရှာတဲ့ အဆောင်သူတစ်ယောက် နေရာကို ကိုယ်တိုင် ဝင်ခံစားနိုင်လောက်အောင် သီချင်းက ထိရှနေခဲ့။

သိပ်ကိုရှက်တတ်တဲ့ ကိုယ့်ရဲ့မိန်းမလှလေး ဒီလို တစ်လှမ်းချင်း လျှောက်လာလား။
ကိုယ့်နှလုံးသွေးများ ရပ်တန့်သွားပြီဟေ့ ရီဝေမိန်းမော မူးမိုက်သွား။
ကိုယ့်နှလုံးသားထဲ မင်းဟာ နတ်မိမယ်။
ဒါကို မင်းလေ... သိရဲ့လား။
အတော်ကို ဆိုရခက်တဲ့ odd beat သီချင်းလေး တစ်ပုဒ်ပါ။ နတ်မိမယ် ထင်ပါ့။ ဘိဒ်တွေ အကြောင်း သိပ်မသိပါ။ 4/4 timing လား 6/8 တို့ 3/4 လား...။ အဲလိုမျိုးထဲက ထင်ပါ့။ အချစ်နဲ့ ဂီတာက simigol တစ်ယောက် လာဖတ်မိရင် ပြောပါနော့။ အဲဒီသီချင်းကို ဆိုတတ်အောင် ကက်ဆက်ရှေ့မှာ ဝမ်းလျားမှောက်ပြီး သီချင်းကို တစ်ကြောင်းချင်း အနုလုံ ပဋိလုံ နားထောင်နေခဲ့တာ မှတ်မိသေးတယ်။ တစ်ကယ်လဲ ဆိုရခက်တဲ့ သီချင်းတစ်ပုဒ်ပါ။ ဘယ်လို အနုပညာမှော်နဲ့ ဖန်တီးခဲ့လဲဆိုတာ အံ့သြယူရတယ်။ အဲဒီခေတ်က 32 track တွေ မပေါ်သေးဘူး ထင်တယ်။ (ထပ်ဖြည့်။ ။ ကော်မန့်မှာ ကို ck လာပြင်ပေးသွားပါတယ်။ နတ်မိမယ် သီချင်းက 4/4 timing ပါတဲ့။ )

စုံတွဲသီချင်းတွေ ဆိုတာ ရှားတဲ့ ကိုငှက်။ စုံတွဲတစ်ပုဒ် ပါခဲ့တယ်။ တစ်ပုဒ် ဆို တစ်ပုဒ် ပြောရလောက်အောင်ကို ကောင်းနေခဲ့တယ်။ “ဝေးသွားတဲ့အခါ” ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းကို ကိုငှက်က စိမ်းမို့မို့နဲ့ ဆိုဖို့ စီစဉ်ထားပြီးသား။ အဲဒီမှာ စိမ်းမို့မို့ဘက်က အကြောင်းတစ်ခုခုကြောင့် မဆိုနိုင်တော့တဲ့ အခါ ကိုငှက် အတော်ကို ဒုက္ခရောက်သွားတယ်။ အဲဒီမှာ သူ ပုသိမ်တုန်းက ကျောင်းတူတူတက်ခဲ့တဲ့ ပေါက်ပေါက်ကို သတိရမိတယ်။ ပေါက်ပေါက်က တာမွေမှာ ရောက်နေတယ်ဆိုတော့ ချက်ချင်း သွားခေါ်ပြီး ဆိုနိုင် မဆိုနိုင် မေးမနေတော့ပဲ ပေါက်ပေါက်ကို ဆိုခိုင်းတယ်။ ကိုငှက်က အနုပညာနဲ့ ပါတ်သက်လာရင် တော်ရုံ ပြီးစလွယ် မလုပ်တတ်ဘူးတဲ့။ ပေါက်ပေါက်ကို သူတစ်ကယ် ယုံကြည်လို့ ဆိုခိုင်းတာပဲ။ အဲဒီတုန်းက ပေါက်ပေါက်ဆိုပြီး သူနဲ့ တွဲဆိုတော့ ကျွန်တော်တို့ တစ်တွေက ပေါက်ပေါက် ဘာအခွေတွေ ထုတ်ဖူးလဲဆိုတာ အသည်းအသန် လိုက်ရှာကြသေးတယ်။ အဲဒီ စုံတွဲ သီချင်း တစ်ကယ်ကောင်းပါတယ်။

နောက်တော့ “ရင်ခုန်ရင် အချစ်” တို့... (ပေါက်ပေါက်နဲ့ ဆိုပြီးမှာ မေဆွိနဲ့ နောက်ပြန်ဆိုတာလား မသိဘူး) “နှလုံးသား ကျမ်းစာ”တို့... နောက် ကော်နီနဲ့ ဆိုတဲ့ သီချင်းက ဘာပါလိမ့် အဲဒါတော့ မသိတော့ဘူး။ ဘာသာ မတူတာ ဘာကြောင့်လဲ .. တို့တော့ ဒါတွေ နားမလည်... မေရယ် မောင်ရယ် ကံကို ဆိုးတယ်...။ (ကာရန်မညီသော ဖြစ်ပါတယ်။ ကျေးဇူးပါ မသက်ဝေ)

ကိုငှက်က စုံတွဲတွေကို ကြိုကြားကြိုကြား တွေပဲ ဆိုတယ်။ လက်ချိုးရေလို့ ရတယ်။ နောက်ဆုံး ဆိုသွားတဲ့ စုံတွဲ သီချင်းက အမှတ် မမှားဘူးဆိုရင် မို့မို့ရဲ့ ပထမဦးဆုံး အခွေမှာ ဝင်ဆိုပေးတဲ့ “မျက်စိမှိတ် ချစ်နေမယ်” ဆိုတဲ့ သီချင်းလေးပဲ။
သီချင်းကောင်းပဲ။ မို့မို့လဲ အဆိုကောင်း၊ ကိုငှက်လဲ ဟာမိုနီဆိုတာ ကောင်း ဆိုတော့ သီချင်းကောင်းလေး တစ်ပုဒ် ပေါ်လာတာ မဆန်းပါဘူး။

နောက် ၁၉၉၃ မှာ ရာဇဝင်များရဲ့ သတို့သမီး ဆိုတဲ့ ကိုငှက်ရဲ့ မာစတာ ပစ်စ် သီချင်း တစ်ပုဒ် ပေါ်လာခဲ့တယ်။ မှတ်မှတ်ရရ ပြည်ပ ရောက်နေချိန်မှာ အဲဒီသီချင်းကို လေးဖြူက ဂျပန်မှာ ကျင်းပတဲ့ အာရှလူငယ် ရော့်ခ်သီချင်း ပွဲတော်မှာ သီဆိုခဲ့တာကို တီဗွီဖန်သားပြင်ပေါ်က တွေ့ခဲ့ရတယ်။ အဲဒီတုန်းက လေးဖြူဆိုတာ မသိဘူး။ ဆံပင်ရှည်နဲ့ မြန်မာသီချင်းကို မာန်ပါပါ ဆိုတာကို အောက်က ဂျပန်စာတန်းထိုးပြီး တိုက်ရိုက် ဘာသာပြန်ပေးနေတာကို မှတ်မိနေခဲ့တယ်။

၉၄ မှာ ကိုလေးဖြူ စန်းထနေချိန်။ ကိုငှက်လဲ သူ့ခေတ်ပဲ...။ တာရာ ဆိုခဲ့တဲ့ ပုလဲသီ တစ်ကွဲစီ စီးရီးစ်ထဲက သီချင်းမှာ ကိုငှက် စုံတွဲ ဝင်ဆိုပေးတဲ့ သီချင်းလေး။ အသည်းကွဲ ညနေခင်း ဆိုတဲ့ သီချင်းပေါ့။ နောက်ပိုင်းမှာ ကိုအောင် က ပြန်ဆိုထားတာ ရှိတယ်။ မှန်အိမ်လေး အခွေထဲမှာ...။

အလင်းမဲ့တဲ့ အခန်းကျဉ်းထဲက ဝိုးတစ်ဝါး တေးကဗျာ အပိုင်းအစတွေ။
ရှိခဲ့တဲ့ ချစ်သံယောဇဉ်လေးတွေ ပြန်မြင်ယောင်တမ်းတ။
ဟိုးတုန်းက ရှိခဲ့ဖူးတဲ့ မင်းရဲ့အချစ်ကို ယုံကြည်ရင်း
လျှောက်ခဲ့တဲ့ လမ်းလေးထက်က မင်းရဲ့အရိပ်တွေ မြင်ယောင်ရင်း။
ရှိခဲ့တဲ့ ချစ်သံယောဇဉ်လေးတွေ ပြန်မြင်ယောင်တမ်းတ။
ဒီလို အသက်မဲ့ နေ့ရက်များနဲ့ ကိုယ့်ရဲ့ အသည်းကွဲ ညနေခင်းများ
မာနများလဲ တစ်စစီ ကွဲရှ ကိုယ့်ရဲ့ အသက်မဲ့ ညနေခင်းများ
ရင်ခုန်ရင်း (ရင်ခုန်ခြင်းတွေလဲ)
ငိုရှိုက်ရင်းနဲ့ (ငိုရှိုက်ရင်းနဲ့)
လွမ်းမဆုံးဘူးလား.....။
(သီချင်းစာသားများ မှားယွင်းနိုင်သည်။)
အဲဒီမှာ ထူးအိမ်သင်က တာရာနဲ့ စုံတွဲဆိုတယ်ဆိုပေမယ့် ဟာမိုနီအနေနဲ့သာ လိုက်ပေးခဲ့တာပါ။ သံစဉ်တွေ စီထားတာ လှတယ်။ ကိုအောင် ပြန်ဆိုတာကျတော့ ကိုအောင့်စတိုင်အတိုင်း နည်းနည်း မာနေတယ်။ နောက် ဂရေဟမ်လဲ ပြန်ဆိုထားတယ် ထင်ပါရဲ့။ ဒါပေမယ့် တာရာ ဗားရှင်းကို နားထဲ စွဲနေတော့ နောက်ပေါ်တဲ့ ဗားရှင်းကို စိတ်ထဲ မဝင်မိဘူး ဖြစ်တယ်။ ကျွန်တော် ဟာမိုနီတွေ သဘောကျလာတာလဲ အဲဒီ သီချင်းကြောင့်လဲ ပါတာပေါ့။

၁၉၉၅ နှစ်ဦးပိုင်းလောက်မှာ ကျွန်တော် ရန်ကုန်ကို တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်ပွဲ ဝင်နွဲဖို့ ကြုံခဲ့တယ်။ မန္တလေးကနေ ညရထား စီးလာခဲ့တဲ့ ကျွန်တော် ရန်ကုန်ရောက်ခဲ့တဲ့ ညမှာပဲ ကိုထူးအိမ်သင်ရဲ့ One Man Show Unplugged Show ကို သိမ်ကြီးဈေးနားက မေဟွားခန်းမမှာ ကျင်းပခဲ့တယ်ဆိုတာ အတော်နောက်ကျမှ သိလိုက်ရတယ်။ (ထပ်ဖြည့်။ ။ ကိုck ကပဲ ပွဲကျင်းပတဲ့ နေရာကို ထပ်ပြင်ပေးသွားပါတယ်။ မေဟွားမှာ ကျင်းပတာ မဟုတ်ပဲ အောင်ဆန်းကွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်တဲ့။ ကျွန်တော်က သိမ်ကြီးဈေး မေဟွားမှာ ရှိုးပွဲကို ဆိုင်းဘုတ်ကြီးကြီး တပ်ထားတာ မေဟွား ခန်းမ လို့တော့ တွေ့ခဲ့တာပဲ။) ကျွန်တော် ကပ်လွဲသွားတယ်။ သီချင်းသည် တစ်ယောက် ဝမ်းစာပြည့်တယ် မပြည့်ဘူးဆိုတာ သူ့ရဲ့ သီချင်းအယ်လ်ဘမ် တစ်ခုတည်း မကြည့်ရဘူးတဲ့။ အပြင်မှာ လိုက်ဖ် ဆိုနေချိန်မှာ ဒီတစ်ယောက် တစ်ကယ် ဆိုတတ်တယ် မဆိုတတ်ဘူး ဆိုတာ ပိုထင်ရှားတယ်တဲ့။ ကိုငှက်ကတော့ အဲဒီပွဲမှာ အသေအချာကို ထုတ်ပြသွားတာပါ။ ကိုလေးဖြူလဲ အဲဒီပွဲမှာ ကိုငှက်ကို မေတ္တာနဲ့ အားဖြည့် သီဆိုပေးခဲ့ပါတယ်။ အဲဒီ ပွဲကို ဗွီစီဒီ မထုတ်ဖြစ်ခဲ့ပဲ စီဒီ အနေနဲ့သာ ထုတ်ခဲ့တယ်။ ကျွန်တော်ကတော့ ရန်ကုန် ဆင်းလာတာ နောက်ကျလို့ အဲဒီပွဲကို မကြည့်လိုက်ရဘူး။ စီဒီပဲ ဝယ်နားထောင်ရတယ်။ စီဒီကာဗာက ဟောလိုဂီတာကို အဝါရောင် ခပ်ကဲကဲနဲ့ ခြယ်မှုန်းထားတဲ့ ပန်းချီလေး။ unplugged ဆိုတဲ့ စာလုံးကို လက်နှိပ်စက် ဖွန့်နဲ့ ရိုက်ထားတာ မှတ်မိတယ်။ အမ်တီဗွီံ ထွက်မလား မျှော်လင့်သေးတယ်။

အဲဒီအခွေကို နားထောင်ဖူးသူတိုင်း ကိုငှက်ရဲ့ အနုပညာကို ပိုပို လို့သာ လေးစားလာခဲ့တယ်။ အမေ့ရဲ့ ဒုက္ခအိုးလေး ဆိုတာမှာ နောက်ဆုံးမှာ အသံဆွဲဆိုတာ နားထောင်ကြည့်ပါ။ မြူးဇစ်ရဲ့ သဘောသဘာဝ အနိမ့်အမြင့်ကို သေချာ ကျေညက်သူ တစ်ယောက်မို့လို့သာ လိုသလို သံစဉ်လေးကို ကစားသွားတာ တွေ့ရပါမယ်။ “အမေ့အိမ်” သီချင်းကို ကိုငှက်နဲ့ ကိုလေးဖြူနဲ့ နှစ်ယောက်သား အပေးအယူ မျှမျှတတနဲ့ သမ္ဘာတွေ ထုတ်ပြီး ဆိုသွားခဲ့တယ်။

လွမ်းသူ့အိပ်မက်ကို ဗားရှင်းပြောင်းဆိုတယ်။ ဆိုလိုမှာ ဒရမ်ကို လှလှပပလေး ကစားစေခဲ့တယ်။ Come on Baby, Come On Baby ဆိုပြီး ဒရမ်သံကို ဆွဲခေါ်တဲ့ ကိုငှက်ရဲ့ creation။ “အိုး.. တစ်ဆောင်းသစ်ပြန်ပြီ” ဆိုတဲ့ တစ်ကြောင်းထည်းကိုပဲ ရသ အမျိုးမျိုး၊ သံစဉ် အမျိုးမျိုးနဲ့ လှလှပပလေး သီကျူးခဲ့တယ်။ ကိုငှက်ရဲ့ ပညာတွေ ထုတ်သုံးထားခဲ့တယ် အံဒီ Unplugged Show ကို လွဲသွားတဲ့ ကျွန်တော်.. အခွေကို နားထောင်လိုက်ရချိန်မှာ ပိုလို့ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ အဲဒီပွဲကို သွားတဲ့လူတွေတော့ အတော်ကံကောင်းခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ကိုငှက်က နောက်ပိုင်းမှာ တစ်ကိုယ်တော်ပွဲတွေ မရှိတော့လို့ပဲ။ အနုပညာအရသာ သီချင်းကို သီဆိုချင်ခဲ့တဲ့ ကိုငှက်က စီးပွားရေးအတွက်ကို အာသီသ မရှိခဲ့လို့ ကိုငှက်ပွဲတွေဟာ ရှားတယ်။

မျက်နှာနာရတဲ့ ပွဲတွေမှာသာ ကိုငှက် တက်ဆိုပေးတော့တယ်။ သူဝါသနာပါရာ သီချင်းဆိုတာကိုတော့ အခွေတွေ လုပ်ရင်းနဲ့သာ နှစ်မြုပ်နေခဲ့တယ်။ ရူးချင်ယောင်ဆောင် မနေနဲ့ ဆိုတဲ့ သီချင်းက လေးဖြူ က ကမ္ဘာသစ်တေးမှာ ဆိုထားတဲ့ သီချင်းလေးပါ။ ထူးအိမ်သင်က အောင်ရင်၊ ဘိုဘိုတို့နဲ့ တွဲဆိုတဲ့ ဗားရှင်းက စုပေါင်းစပ်ပေါင်း အခွေတစ်ခုထဲမှာ တွေ့နိုင်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း ထွက်တယ် ထင်ပါရဲ့ (အမှတ်မှားနိုင်ပါတယ်။)

တစ်ခါသားမှာ မြဝတီက လွှင့်ခဲ့တဲ့ ကိုငှက် သီချင်းတစ်ပုဒ်မှာ ကိုငှက် တော်တော်ကို ရုပ်ကျနေတာ သိခဲ့တယ်။ အလွမ်းရဲ့ မီးလျှံများ ဆိုတဲ့ သီချင်းပေါ့။ လက်နှစ်ဘက်ကို မြှောက်ပြီး သီချင်းဆိုနေတာ ဆေးစွဲနေတဲ့ ပုံစံဗျ။ ခေါင်းကို ပုဝါကြီးကြီးနဲ့ ပတ်ထားတယ်။ ပင်လယ်ဒမြ လိုလို ဘာလိုလိုနဲ့။ စတူဒီယိုထဲလား စတိတ်ရှိုးကလား ဆိုတာတော့ မသိဘူး။ မြဝတီကလဲ နောက်ပိုင်း အဲဒီသီချင်းကို သိပ်မလွှင့်ဖြစ်ခဲ့ဘူး ထင်တာပဲ။ ကိုငှက်က ပြင်ပ ဗဟေဒ္ဓိကသာ ကျနေပေမယ့် သီချင်းဆိုတော့ မလျှော့ဘူး။ အပြည့်ပေးတယ်။

နောက် မှတ်မှတ်ရရ ပုဂံဆိုဒ်ဘာတက်ခ်က သူရဲ့ သုံးစွဲသူများကို ကျေးဇူးဆပ်ပွဲဆိုပြီး မြရိပ်ညိုမှာ ဂီတပွဲတော် ကျင်းပတယ်။ အဲဒီမှာ ကိုငှက်လဲ ပါတယ်။ ဒါပေမယ့် အဲဒီမှာ ကျွန်တော် ကိုငှက်ကို စိတ်ထဲ ချဉ်သွားတဲ့ ကိစ္စ တစ်ခု တွေ့လိုက်တယ်။ ကိုငှက် အဲဒီနေ့က ကုတ်အကျီင်္ ဝတ်လာခဲ့တယ်။ ဂျင်းပဲန်နဲ့ပေါ့။ သီချင်းဆိုရင်း တစ်ဝက်လောက်မှာ ကုတ်အကျီထဲက ပုလင်းထုတ်လိုက်ပြီး အထဲက တစ်ခုခုကို မော့သောက်တာ လူတိုင်း မြင်နေရတယ်။ ရေမဟုတ်တာတော့ သေချာတယ်။ ပုလင်းက ဂျက်ဒန်နီရယ်လိုလိုပဲ အဝေးက ဆိုတော့ သေချာ မမြင်ရဘူး။ ဒါပေမဲ့ အဲဒီညမှာ ကိုငှက် နည်းနည်း ယိုင်နေတယ်။ မဆိုနိုင်ဘူး ထင်နေတာ။ သီချင်းဆိုတော့ အကောင်းပဲ။ အိတ်ထောင်ထဲက ဘာဂျာတောင် ထုတ်ပြီး မှုတ်ပြလိုက်သေးတယ်။
(ကိုယ်ချစ်တဲ့ အနုပညာရှင်ကို ခြောက်ပစ်ကင်း သဲလဲစင်စေချင်တဲ့ စေတနာလားတော့ မသိဘူးဗျာ...။)

ကိုငှက်နဲ့ ပါတ်သက်ပြီး ပြောရရင် အများကြီးပါ။ ကျွန်တော် သီချင်းတွေ ဘာတွေ စိတ်ဝင်စားတာ ဘာညာကလဲ ကိုငှက် လွမ်းမိုးမှုတွေ အများကြီးပါတယ်။ သိပ်တော့ မရေးတတ်ဘူးဗျာ။ ခုထိ ကိုငှက်သီချင်းတွေဆီက ပညာတွေ ရနေတုန်းပဲ။

လှပတဲ့ သီချင်းများနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုငှက်။

34 comments:

  1. As a matter of fact, နတ်မိမယ် is of the 4/4 timing.

    ၁၉၉၅ နှစ်ဦးပိုင် ကိုထူးအိမ်သင်ရဲ့ One Man Show Unplugged Show ကို သိမ်ကြီးဈေးနားက မေဟွားခန်းမမှာ ကျင်းပခဲ့တယ်ဆိုတာ - not true. It was done at the Aung San Stadium on 23 Feb.

    ReplyDelete
  2. Ko Boyz said...

    - လေးဖြူ က ကမ္ဘာသစ်တေးမှာ ဆိုထားတဲ့ သီချင်းလေးပါ။
    - ထူးအိမ်သင်က အောင်ရင်၊ ဘိုဘိုတို့နဲ့ တွဲဆိုတဲ့ ဗားရှင်းက စုပေါင်းစပ်ပေါင်း အခွေတစ်ခုထဲမှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ထွက်တယ် ထင်ပါရဲ့ (အမှတ်မှားနိုင်ပါတယ်။)
    - မှတ်မှတ်ရရ ထူးအိမ်သင်ရဲ့ အန်ပလပ်ဂ် တစ်ကိုယ်တော်ရှိုးကို အဲဒီတုန်းက သိမ်ကြီးဈေးက မေဟွားခန်းမမှာ လုပ်ခဲ့တာ မှတ်မိတယ်။ ၁၉၉၇ အစလား မသိဘူး။ အဲဒီပွဲမှာ လေးဖြူက ထူးအိမ်သင်နဲ့ တွဲပြီး အမေ့အိမ်ကို တစ်ပိုဒ်စီ ဆိုထားတဲ့ သီချင်းဟာ သီချင်းဆို သမ္ဘာတွေ ကိုယ်စီ ထုတ်ပြတဲ့ ပွဲပဲ။ နှစ်ယောက်စလုံး အပေးအယူမျှမျှနဲ့ ဆိုသွားတာ။ ကိုဇက်တီ ကြည့်ရတယ်ဆိုတဲ့ အမ်တီဗွီ ခွေကြမ်းဟာ အဲဒါ ဖြစ်ဖို့ များတယ်။ ကျွန်တော်ကတော့ ရန်ကုန် ဆင်းလာတာ နောက်ကျလို့ အဲဒီပွဲကို မကြည့်လိုက်ရဘူး။ စီဒီပဲ ဝယ်နားထောင်ရတယ်။ စီဒီကာဗာက ဟောလိုဂီတာကို အဝါရောင် ခပ်ကဲကဲနဲ့ ခြယ်မှုန်းထားတဲ့ ပန်းချီလေး။ unplugged ဆိုတဲ့ စာလုံးကို လက်နှိပ်စက် ဖွန့်နဲ့ ရိုက်ထားတာ မှတ်မိတယ်။ အမ်တီဗွီံ ထွက်မလား မျှော်လင့်သေးတယ်။
    Friday, August 14, 2009 12:26:00 PM

    ReplyDelete
  3. http://thu-hninsee.blogspot.com/

    Ko Boyz said...

    - လေးဖြူ က ကမ္ဘာသစ်တေးမှာ ဆိုထားတဲ့ သီချင်းလေးပါ။
    - ထူးအိမ်သင်က အောင်ရင်၊ ဘိုဘိုတို့နဲ့ တွဲဆိုတဲ့ ဗားရှင်းက စုပေါင်းစပ်ပေါင်း အခွေတစ်ခုထဲမှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ထွက်တယ် ထင်ပါရဲ့ (အမှတ်မှားနိုင်ပါတယ်။)
    - မှတ်မှတ်ရရ ထူးအိမ်သင်ရဲ့ အန်ပလပ်ဂ် တစ်ကိုယ်တော်ရှိုးကို အဲဒီတုန်းက သိမ်ကြီးဈေးက မေဟွားခန်းမမှာ လုပ်ခဲ့တာ မှတ်မိတယ်။ ၁၉၉၇ အစလား မသိဘူး။ အဲဒီပွဲမှာ လေးဖြူက ထူးအိမ်သင်နဲ့ တွဲပြီး အမေ့အိမ်ကို တစ်ပိုဒ်စီ ဆိုထားတဲ့ သီချင်းဟာ သီချင်းဆို သမ္ဘာတွေ ကိုယ်စီ ထုတ်ပြတဲ့ ပွဲပဲ။ နှစ်ယောက်စလုံး အပေးအယူမျှမျှနဲ့ ဆိုသွားတာ။ ကိုဇက်တီ ကြည့်ရတယ်ဆိုတဲ့ အမ်တီဗွီ ခွေကြမ်းဟာ အဲဒါ ဖြစ်ဖို့ များတယ်။ ကျွန်တော်ကတော့ ရန်ကုန် ဆင်းလာတာ နောက်ကျလို့ အဲဒီပွဲကို မကြည့်လိုက်ရဘူး။ စီဒီပဲ ဝယ်နားထောင်ရတယ်။ စီဒီကာဗာက ဟောလိုဂီတာကို အဝါရောင် ခပ်ကဲကဲနဲ့ ခြယ်မှုန်းထားတဲ့ ပန်းချီလေး။ unplugged ဆိုတဲ့ စာလုံးကို လက်နှိပ်စက် ဖွန့်နဲ့ ရိုက်ထားတာ မှတ်မိတယ်။ အမ်တီဗွီံ ထွက်မလား မျှော်လင့်သေးတယ်။
    Friday, August 14, 2009 12:26:00 PM

    ReplyDelete
  4. ဘာဘာညာညာတော့မပြောတတ်ဘူး
    ထူးအိမ်သင်ကိုကြိုက်ပါတယ်။

    ReplyDelete
  5. http://rose-sharon.blogspot.com/2009/08/blog-post_14.html

    သူ့သီချင်းလေးတွေကိုခံစားရင်း ဆယ်ကျော်သက်အရွယ်မှာရင်ခုန်ခဲ့ဘူးတယ်... တနေ့နေ့တော့ချစ်လာလိမ့်မည် ဆိုတဲ့သီချင်းလေးကိုသဘောကျပြီး အဲဒီသီချင်းထဲကအတိုင်း ထီးနီနီနဲ့ ဖိနပ်နီနီလေး ဝယ်ပေးဘို့ အမေ့ကိုပူဆာခဲ့ဘူးတယ်.... ရထားနဲ့ခရီးထွက်ရတိုင်း အမေ့အိမ်သီချင်းထဲက ရထားခုတ်သံလေးကို လွမ်းမိတယ်... ဘယ်သူနဲ့ဝေးဝေး သူ့ရဲ့ ဝေးသွားတဲ့အခါ ဆိုတဲ့သီချင်းလေး ဖွင့်ပြီး ကြွေခဲ့ဘူးတယ်... ကျောင်းဆင်းခေါင်းလောင်းထိုးတိုင်း ခေါင်းလောင်းလေးတွေမြည်နေပြီလို့ အတန်းထဲမှာ သူငယ်ချင်းတွေ အော်ဆိုခဲ့ဘူးတယ်...

    ရင်ခုန်ခံစားခဲ့ရသမျှ သူ့သီချင်းစာသားတိုင်းကိုသာ ချရေးရရင် ကုန်နိုင်မယ်မထင်ပါဘူး... အခု သူမရှိတော့တဲ့အခါ ရင်ခုန်လို့ကောင်းတဲ့သီချင်းလေးတွေ လက်တွေ့ဘဝအခြေအနေကို သီကုံးထားတဲ့သံစဉ်လေးတွေ သူ့ကိုယ်စားဘယ်သူက ဖန်ဆင်းပေးနိုင်မှာလဲ....

    (ထူးအိမ်သင်ပုံကို htooeainthin.com မှယူပါသည်။)
    Posted by rose of sharon at 11:37 AM
    2 comments:

    ရေတမာ said...

    ဂီတသူရဲကောင်းတစ်ဦးပါ။ သူလိုလူလည်းနောက်တစ်ယောက် မရှိနိုင်တော့ဘူး။
    August 14, 2009 12:54 PM
    အိမ့်ချမ်းမြေ့ said...

    သူ့သီချင်းတွေ မလေးလဲလွမ်းတယ်...
    August 14, 2009 1:54 PM

    ReplyDelete
  6. http://maynyane.blogspot.com/2009/08/blog-post_14.html

    ကိုငှက်ရေ.. ဘာလိုလိုနဲ့ ၅နှစ်တောင် ရှိပြီ..။ ဒါပေမဲ့ မနေ့တနေ့ကလိုပါပဲ...။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်တုန်းက အမေနဲ့ ဝေးနေတဲ့အခိုက် အမေ့အိမ်ကို လွမ်းလွမ်းနဲ့ ရေးခဲ့ ဆိုခဲ့တဲ့ သီချင်းလေးကလည်း ခုထိ လတ်ဆတ်ဆဲ..။ မဟောင်းသေးဘူး.. ကိုငှက်ရေ..။ ကိုငှက်နဲ့အတူ အမေ့အိမ်ကို လွမ်းခဲ့သူတွေမှာလည်း ခုထိတိုင် အဲဒီအလွမ်းက တမြေ့မြေ့လောင်မြိုက်ဆဲ..။ တချို့ခမျာမှာတော့ အမေ မရှိတော့ပြီဖြစ်တဲ့ အမေ့အိမ်တွေကို မှန်းဆရင်းနဲ့ပဲ ဝေးနေသေးတဲ့ ရွှေပြည်တော်အတွက်.. တိုက်ပွဲဝင်နေကြဆဲ...။ အဲဒီအခါ အမေ့အိမ်ကို လွမ်းတိုင်း.. "ထူးအိမ်သင်"ကိုလည်း လွမ်းကြရတော့တာပေါ့ ကိုငှက်ရယ်..။

    Posted by မေငြိမ်း at 10:31:00 AM

    Labels: လွမ်းဆွတ်ခြင်း

    ReplyDelete
  7. - အမှန်ပြင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုစီကေ။ ပို့စ်မှာ ပြင်ဆင်ချက် ထည့်လိုက်ပါပြီ။

    - အန်တီ ခင်ဦးမေ - တော်တော့်ကို မယ်စံရှား ပီသပါပေတယ်။

    ReplyDelete
  8. http://aungthange.blogspot.com/2009/08/blog-post_13.html
    သူရခဲ့တဲ့ အတောင်ပံတစုံနဲ့
    သူ့ကိုယ်သူ လုံအောင်ခြုံခဲ့သလို
    ကောင်းကင်ကို သူ အပိုင်စားခဲ့ပြီပဲ...

    သို့သော်လည်း
    လေပြည်ထက်မှာ
    မျက်ရည်စက်များတွဲခိုစီးလို့...

    ပျံနှင့်ဦးပေါ့ ငှက်ရေ့
    မနက်ဖန်မှ ဆုံကြမယ်...

    (အောင်သာငယ်)

    ReplyDelete
  9. http://thet-wai-blog.blogspot.com/2009/08/blog-post_14.html

    ထူးအိမ်သင်နေ့

    အနှစ်သက်ဆုံး အဆိုတော်တယောက်ဖြစ်တဲ့
    တေးရေး တေးဆို ထူးအိမ်သင်ရဲ့ သီချင်းလေး တပုဒ်ပါ။
    အဓိပ္ပါယ်ရော စာသားရော ရည်ရွယ်ချက်ရော ပြည့်စုံလှပတဲ့ သီချင်းလေးတပုဒ်မို့
    သြဂုတ်လ ၁၄ ရက်နေ့ ထူးအိမ်သင်နေ့ အမှတ်တရအဖြစ် မျှဝေလိုက်ပါတယ်…။


    ညီလေးရေ

    ReplyDelete
  10. ရာဇဝင်များရဲ့သတို့သမီး. အတော်ကြိုက်တယ်။
    ပြောရင်းနဲ့ပြန်သွားနုားထောင်မိတယ်။
    http://www.youtube.com/watch?v=n8c8zbaXZlA

    ReplyDelete
  11. ကိုကြီး ကျေးဇူး နော်။ ထူးအိမ်သင် သီချင်းသံကို ဘယ်သူနဲ့တွဲဆိုဆို နားကဘက်လိုက်တယ် လို့ပြောခံရအောင်ကို မေလေးက ကြိုက်တယ်။

    ReplyDelete
  12. 14 Aug 09, 15:54
    Boyz: နောက်ပြီးတော့ ထစ်ချုန်းမိုး ခွေထဲမှာလား မသိဘူး။ ဆိုင်ကယ် စက်သံကို ထည့်ထားတာလေး။ ဒီကမ္ဘာမှာ ကောက်ကျစ်မှုတို့ မရှိတဲ့ ချစ်နယ်မြေသစ် အနာဂတ်သစ်ဆီ တွဲခေါ် ဆိုတာလေး။
    14 Aug 09, 15:52
    Boyz: တို့က.. အဝေး အဝေး အဝေး... ဆိုတာကို တစ်ဆင့်ခြင်း မြင့်တက် ဆိုသွားတာကို ပိုသဘောကျတယ်။
    14 Aug 09, 15:52
    သစ်သစ်: နန်းညီ ပို့စ်မှာ အမ်ပီသရီးသီချင်းဘယ်လိုတင်လဲဟင် သစ်တင်ချင်လို့ သိရင်မျှပါဦး
    14 Aug 09, 15:52
    Boyz: ပုသိမ်ရေးလိုက် ပြည်ရေးလိုက် ဖြစ်နေတယ်။ ပြည်က ဘယ်လို ပါလာတာလဲ မသိဘူး။ ပြင်လိုက်ပြီ။ ကျေးဇူး ဆင်ဆင်
    14 Aug 09, 15:51
    ညီ: ငါ မင်းရှေ့မှာ ကွဲကြေ.. မောဟိုက်ပင်ပန်းလွန်းခဲ့ပြီ .. ဒုက္ခမြစ်များသာ စီးဝင်ရာဟာ ငါကိုယ်တိုင်လားကွာ.. အဆိပ်ရည်များစီးနေ အရှည်လျားဆုံးမြစ်ဟာ ငါ့ရဲ့ဝိဥာဉ်လား
    14 Aug 09, 15:51
    သစ်သစ်: သစ်က ကိုယ်အလိုချင်ခဲ့ဆုံးအရာ ဘ၀မှာချစ်ခြင်းမေတ္တာ ...အဲဒီစာသားကိုကြိုက်တာ
    14 Aug 09, 15:50
    ညီ: သစ် ဆိုပြတဲ့သီချင်းမှာ.. နောက်ဆုံးအပီးသတ်နားလေး “ဝေးးးး.........” ဆိုပီး အော်တာလေး ခိုက်တာ
    14 Aug 09, 15:50
    Boyz: ထူးအိမ်သင် အကုန်ကြိုက်တယ် ညီ
    14 Aug 09, 15:50
    Boyz: နန်းညီ။ တာရာသီချင်းတွေတော့ မရှိဘူး။ မြန်မာအမ်ပီသရီးထဲမှာတော့ ပြန်ရှာပေးမယ်။ ရှိရင် ပြန်မျှပေးမယ်
    14 Aug 09, 15:50
    ညီ: အရင်ရက်တွေက သတိမရဘဲ ခုမှ သတိရကြတဲ့သဘောပေါ့နော်.. ဒါထက် “ဒုက္ခမြစ်များ”ကို မကြိုက်ကြဘူးလား သိပ်မပြောကြလို့
    14 Aug 09, 15:49
    Boyz: ဟုတ်တယ်။ မဟေသီမှာ အခန်းဆက် ပါဖူးတယ် ဆင်ဆင်။
    14 Aug 09, 15:49
    သစ်သစ်: မဆုံနိုင်တော့ဘူးကွယ် မင်းကိုကိုယ်ချစ်ခဲ့တယ် ဆွေး.....ဆွေး ရက်စက်တဲ့ ကံကြမ္မာကိုပဲ သိပ်နာကျည်းတယ် ...နောက်ဆုံးနှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ် ကိုယ်သွားပြီကွယ်.....အကြိုက်ဆုံးထူးအိမ်သင်သီချင်းလေး
    [older messages]
    14 Aug 09, 15:42
    sdl: ဟေ့ ကိုဘ ပုသိမ်က ကန်သုံးဆင့်ထင်တယ်... မဟေသီက ကိုငှက်အကြောင်းစောင့်ဖတ်ဖူးတယ်...။ သူ့အမေပုံတွေ ပါတယ်လေ
    14 Aug 09, 15:42
    ညီ: mp3 ရှိရင် မျှပါဦးဗျ.. မှန်အိမ်လေးခွေလည်း ပျောက်သွားပီး( ..
    14 Aug 09, 15:39
    Boyz: ကွယ်.. ကိုယ်ချစ်တဲ့ အနုပညာရှင်ကို ခြောက်ပစ်ကင်း သဲလဲစင်တော့ ဖြစ်စေချင်တာ လူ့အတ္တကိုးကွဲ့...။ တာရာက အဲဒီပထမခွေ ပုလဲသီ တစ်ကွဲစီမှာ အဲဒီ နှစ်ပုဒ် တော်တော်ပေါက်ခဲ့တယ်။
    14 Aug 09, 15:35
    ညီ: တာရာ့သီချင်းတွေ သိပ်မသိဘူး.. ကိုအောင်တော့ နည်းနည်းပိုသိပါသေး.. စင်ပေါ်မှာ အရက်သောက်တာကတော့ အင်းး ခွင့်လွှတ်လိုက်ပါ မချဉ်ပါနဲ့ဗျ
    14 Aug 09, 15:33
    Boyz: ဒါပေမယ့် တာရာဆိုတာ ပိုနားထောင်လို့ ကောင်းတယ် အသံချိုတယ်လေ။
    14 Aug 09, 15:33
    Boyz: မသိဘူး သစ်သစ်. မောင်ဝေး ဘာတွေ ပြောမှန်း မသိဘူး။
    14 Aug 09, 15:32
    Boyz: ဟုတ်တယ်။ အယ်နောင်းလဲ ပြန်ဆိုတာ နန်းညီ။
    14 Aug 09, 15:23
    သစ်သစ်: အရူးမောင်ဝေးပြောတာလေ
    14 Aug 09, 15:23
    ညီ: လွမ်းမဆုံးဘူးလား.. အဲ့သီချင်းက နာမည်ကဘာ ? အယ်နောင်းလည်းဆိုသေးသလားလို့နော်

    ReplyDelete
  13. ပေါက်ပေါက်နဲ့ စုံတွဲဆိုတဲ့ ဝေးသွားတဲ့ခါ ကိုတော်တော်ကြိုက်ပါတယ်။ အမေ့အိမ်ကတော့ လူတိုင်းကြိုက်တဲ့ သီချင်းပါပဲ။ ထူးအိမ်သင်ကိုလွမ်းတယ်။

    ReplyDelete
  14. အဲဒီသီချင်းက တီးတဲ့သူ မကွဲရင် ဆိုတဲ့သူ ကွဲတဲ့ သီချင်းပဲ။
    ကိုယ်တစ်ခါသားမယ် ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ ဒီသီချင်းကို တန်ဆောင်တိုင်မှာ ဆိုတာ။ နုတ်စ်လိုတော့ သယ်ရင်း ဦးလေး တစ်ယောက်က အရင် နာမည်ကြီး ဝိုင်းရဲ့ ကီးဘုတ် ပလေယာ။ သူ့ဆီမှာ နုတ်သွားတောင်းတော့ သူက စကားပါးလိုက်တာလေ။
    နုတ်က မရခဲ့ဘူး။ အသိမ်းလွန်သွားလို့ မရ...။ အဲဒီမှာ ကိုယ်တို့ အတီးတိုက်တော့ tempo ကို Unplugged အခွေထဲက tempo အတိုင်း တိုက်ထားတာ။ ကီးဘုတ်တီးပေးတဲ့ ဆရာသမားကလဲ ဒီသီချင်း ကျွမ်းနေတယ်တဲ့။ ဆိုတော့ အသံ၊ ကီး ချိန်ပြီး တိုက်တာပေါ့။ အဆင်ပြေနေတာပဲ။ ကိုယ်တို့ကလဲ တိုက်တုန်းက အကောင်းရယ်။ တစ်ကယ့်နေ့လဲ ရောက်ရော ကီးဘုတ်ဆရာက နုတ်လေးတော့ ပေးထားမှ သင့်တော်မယ်ဆိုပြီး လာတောင်းရော။ ဆိုတော့ ရှာလို့ မလွယ်တော့တာနဲ့ ထူးအိမ်သင် တေးပေါင်းချုပ်ထဲက ရှာပေးလိုက်ရတယ်။ ဖြစ်ချင်တော့ တိုက်တုန်းက ကိုယ်ပိုင် ကီးဘုတ်။ တစ်ကယ်တီးတော့ တီးဝိုင်းကငှားလာတဲ့ ကီးဘုတ်။ အမျိုးအစားမတူလေတော့ ကီးဘုတ်ဆရာ ခေါင်းကိုက်...။ tempo တွေက တိုက်တုန်းက မမြင့်ဘူး။ တေးပေါင်းချုပ်က tempo က မြင့်နေ။ သူစတီးတာနဲ့ ကိုယ်တို့တော့ ကွဲပြီဆိုတာ သိလိုက်တယ်။ မအီမလည်ကြီးနဲ့ tempo အမြင့်နဲ့ ဆိုလာလိုက်ရတယ်။ အဲဒီနှစ်က မောင်ဘွိုင်းတို့ ကွဲတဲ့နှစ်ပေါ့ဗျာ။ ရှက်လိုက်ထှာ။ အောက်ကလူတွေကတော့ လက်ခုပ်ဖြောင်းဖြောင်းတီးပဲဗျား...။
    တော်သေးတယ်။ ဒုတိယပိုင်းမှာ ဝိုင်ဝိုင်း၊ ကြိုးကြာ စုံတွဲသီချင်းလေးနဲ့ (ပါးထက်မှာ မင်းမျက်ရည် ဆိုတာလေ..။ အဲဒါနဲ့) ပြန်ပြီးဖာလိုက်လို့ သိပ်မကွဲသွားတာ။ ဟိ

    ReplyDelete
  15. ဒါတောင် ဝိုင်ဝိုင်းသီချင်းမှာ တူတူဆိုတဲ့ တစ်ယောက်က ကော်ရပ်စ် အပိုဒ်မှာ ကျွန်တော် ဟာမိုနီဆိုတော့ သူက လိုက်ယောင်လာလို့ နောက်ဆုံး သံမှန်နဲ့ပဲ ပြန်ဆိုပေးလိုက်ရတယ်။

    ReplyDelete
  16. ကိုဘွိုင်းဇ် သီချင်းဆိုတာ နားထောင်ချင်တယ်ဗျာ... ဆိုပြီးတော့ ဘလော့ပေါ်တင်ပေးပါ...

    ဒါနဲ့ BTW ကျနော်တို့ စာတွေ ကဗျာတွေလည်း ကွမ်ယင်မယ်တော်ကြီး သည်ထိအောင် သယ်လာပါလားဗျ...း)

    ReplyDelete
  17. ခပ်တိုင်းငန် ကွမ်ရင်မယ်တော်ပါဗျ။ အစုံကို သယ်လာတော့တာပဲ။
    သီချင်းလား။ နောက် ပစ္စည်းကိရိယာ စုံစုံလင်လင် ရှိတဲ့အခါ တင်ပါ့မယ်။ လောလောဆယ် sound card ကြောင်နေတယ်ဗျာ...။

    ReplyDelete
  18. ဘွိုက် ကပြောကာမှ ပိုဆိုး
    တို့ကတော့ မယုံဘူးဆရာ
    ပြော..ပြော..လူတိုင်းပြောတတ်တာဘဲ။

    ReplyDelete
  19. Ko Atn
    တွေ့ကြသေးတာပေါ့ကွာ.

    ReplyDelete
  20. အော်
    ဘ ကော ပါသကိုး

    ReplyDelete
  21. ကိုဘရေ...
    တနေ့လုံး ထူးအိမ်သင် ပိုစ့်တွေချည်းပဲ...
    တကယ့်ကို ထူးအိမ်သင်နေ့ ဖြစ်နေတာနော်...
    အလွမ်းမပြေတဲ့အပြင် ပိုလို့တောင် လွမ်းလာသေးတာ...

    မမ..
    သာမီးတော့ မပါဘူးနော် မမ...
    ကြိုက်တာ သယ်သွားလို့ ရတယ်...
    မမကိုဆို ချစ်ပြီးသား...
    (ကိုဘ တို့ အကိုကြီး ကိုအောင်သာငယ်တို့ လို ဟုတ်ဖူး...)
    သူတို့ကို နာနာလေး ထုလိုက်ပါ မမ...

    ReplyDelete
  22. ကိုစိုးလွင်လွင်လည်း ကိုငှက်လိုဘဲ သီချင်းမဆိုခင်တုန်းက မူးနေပေမယ့် တကယ်တမ်းဆိုတော့ ပုံမပျက်ဘဲနဲ့ ပြီးအောင်ဆိုပြ
    သွားနိုင်တယ်လို့ ကြုံဖူးတဲ့သူကပြောပြလို့ သိခဲ့ရဖူးတယ်...
    အနုပညာမှာ သိပ်အားကောင်းခဲ့ဖူးတဲ့သူတို့ နှစ်ယောက်လုံးကို
    အသက်ရှည်ရှည်နဲ့ နေစေ့ချင်ခဲ့ပေမယ်လို့....
    အရမ်းနှမျောမိတယ်....

    ဒါနဲ့စကားမစပ် ကိုတာရာဆိုခဲ့တဲ့ သီချင်းဟောင်းတွေ နားထောင်ချင်လို့ ဘယ်ဆိုဒ်မှာ ရှာလို့တွေ့နိုင်မလဲဆိုတာ သိမယ်ဆိုရင် ဖြေကြားပေးပါရှင့်....ကျေးဇူးအထူးတင်ပါတယ်...

    mie nge

    ReplyDelete
  23. ဘာသာ မတူတာ ဘာကြောင့်လဲ .. တို့တော့ ဒါတွေ နားမလည်... မေရယ် မောင်ရယ် ကံကို ဆိုးတယ်...။
    သီချင်းနာမည်က ကာရန်မညီသော ပါ...

    ReplyDelete
  24. http://khinminzaw.blogspot.com/2007/06/blog-post_30.html
    အဲဒီမှာ သူ့အကြောင်းရေးဖူးတယ် ကဘရဲ့။
    သူက အမထက်တော့ အသက်ရော အတန်းရောကြီးတယ်။ နောက်ပိုင်းမှ သူ့ကိုကျော်တက်သွားခဲ့တာ။ အမရန်ကုန်မှာ နေတဲ့ အချိန်တုန်းက ၁၉၉၅ အောင်ဆန်းကွင်းက ရှိုးကို လာကြည့်ဖို့ လက်မှတ်ပေးလို့ ညီအမ ၂ ယောက်သွားကြည့်ခဲ့သေးတယ်။ သူက ပုသိမ်လာတိုင်း သူငယ်ချင်းတွေနဲ့ အဆက်မပြတ်ခဲ့ဘူး။ အားလုံးနဲ့ တွေ့ဖြစ်အောင်တွေ့တာပဲ။
    ပေါက်ပေါက်ကလဲ ပုသိမ်ကပဲ အခွေမထွက်ဖူးဘူး။ ဒါပေမယ့် ကျောင်းပွဲတွေမှာ ဆိုနေကျပေါ့။

    ReplyDelete
  25. အာ.. ရေလည်စုံတဲ့ ထူးအိမ်သင်ရဲ့ ပို့စ်ပဲ..။
    ကျေးဇူးပဲ ..ဒီပို့စ်လေး သိမ်းထားလိုက်တယ်..

    ReplyDelete
  26. ကျွန်တော်ကတော့ မျှော်လင့်ချက်သာ မထားခဲ့ရင် ဆိုတဲ့သီချင်းလေးကို မှတ်မှတ်ရရ သတိရနေတယ်။ နောက် သင်းကွဲငှက် ဆိုတဲ့ သီချင်း။
    စည်သူလွင်နဲ့အဲလက်စ်တို့ ပြန်ဆိုတဲ့အခွေထဲမှာပါတယ်။

    ReplyDelete
  27. မျှော်လင့်ချက်သာ မထားခဲ့ရင်မှာတော့ လုပ်ဆိုမှန်း သိနေပေမယ့် အဲဒီ ခပ်ချွဲချွဲ အသံနဲ့ မတူတူအောင် တုဆိုတာ မှတ်မိသဗျ။
    သင်းကွဲငှက်ကို မူရင်းဗားရှင်းပဲ သဘောကျတယ်။ ပြန်ဆိုခွေထဲက ဘာလို့ မကြိုက်လဲ မသိဘူး။ ရင်ထဲကို မထိဘူး။

    ReplyDelete
  28. ထူးအိမ်သင်ရဲ့ မှော်ဆရာအိပ်မက် အခွေကိုမြန်မာကျူးပစ်ထဲ သွားရှာတွေ့လို့ ပြန်ပြီး ရှယ်ပါရစေ။ ဒီမှာ ဒေါင်းလုတ်လုပ်နိုင်ပါတယ်။
    http://www.mediafire.com/?ngy0zqwonnz
    အမှန်က myanmarmp3album.com မှာလည်း ရှာတွေ့နိုင်ပါတယ်။
    စည်သူလွင်နဲ့အဲလက်စ်ပြန်ဆိုထားတဲ့ သင်းကွဲငှက်နဲ့ဝေးသွားတဲ့အခါ အခွေကိုတော့ရှာလို့ တွေ့ဘူးရယ်။ ဖြစ်နိုင်ရင်တော့ အဲဒီ့အခွေပြန်နားထောင်ချင်မိသား။

    ReplyDelete
  29. ကျေးဇူးပါ ခပ်မြင့်မြင်။
    MyanmarMP3 မှာ မြို့ပြလရောင်တမ်းချင်း Series မတွေ့မိသလိုပဲ။

    ReplyDelete
  30. http://koluuhtwe.blogspot.com/2009/08/blog-post_13.html


    13-Aug-2009
    သူငယ်ချင်းအတွက်...
    ၂၀၀၄ ခု သြဂုတ်လ ၁၄ ရက်နေ့...
    ငါးနှစ်တောင် လွန်ခဲ့ပေါ့...

    သူငယ်ချင်းအတွက်



    ကလေးများအားလုံးလဲ စာသင်မယ့် ဆရာကိုမျှော်နေတယ်
    စာသင်ခုံတွေလဲ ဖရိုဖရဲ ပိုးစား ချကိုက်နဲ့
    ခေါင်းလောင်းကြီးလဲ အိပ်ပျော်နေဆဲ အသံမမြည်နိုင်ရှာတယ်
    စာအံသံတွေ ကြားချင်ပါတယ် ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်

    ကျေးလက်က ဆရာ သူငယ်ချင်းရယ်
    ခေါင်းလောင်းကြီး အသံတွေ ချိုမြမယ်
    အားလုံးအတွက် တာဝန်တွေ ထမ်းဆောင်မယ့်
    မင်းအတွက်တို့ ဂုဏ်ယူလိုက်ပါတယ်...

    ဆေးပေးခန်းထဲ ပင့်ကူတွေလဲ အခိုင်အမာ အိမ်ယာဖွဲ့
    လူနာကုတင်တွေလဲ ဖရိုဖရဲ ပိုးစားချကိုက်နဲ့
    ဆင်းရဲလွန်းတဲ့ ဘဝတွေ တကယ်ပဲ ချူခြာနေရှာတယ်
    လူတွေ အကုန် ကျန်းမာရေးအတွက် ကွက်လပ် ဖြည့်လိုက်ပေါ့ကွယ်

    ကျေးလက်က ဒေါက်တာ သူငယ်ချင်းရယ် စိတ်ဓာတ်လေး ဖြူစင် သန့်ရှင်းတယ်
    အားလုံးအတွက် တာဝန်တွေ ထမ်းဆောင်မယ့်
    မင်းအတွက်တို့ ဂုဏ်ယူလိုက်ပါတယ်...



    ထူးအိမ်သင်

    ReplyDelete
  31. ဒီပို့စ် ဖတ်ပြီး ငယ်ငယ်တုန်းက တယောက်ထဲသွားကြည့်ဖူးခဲ့တဲ့ စတိတ်ရှိုးညလေးကို ဆို က ရေး တီး... ဆိုတဲ့ ပို့စ်လေးရေးဖြစ်သွားပါတယ်။
    (အရင်ကလည်း လာဖတ်ဖြစ်ပါတယ်။ သီချင်းတွေတင်ရင်လည်း လာအားပေးဦးမှာ...)

    ReplyDelete
  32. အစ်မရေးတဲ့ ဆိုကရေးတီးထဲမှာ ပါတဲ့ အဆိုတော်နာမည်ကြောင့် မအပြုံးပန်းက အဲဒီအဆိုတော် သီချင်းတင်လာတယ်။ ညက ကျွန်တော် ဒေါင်းလုပ်လုပ်ထားလိုက်တယ်။ ငယ်ငယ်က ကြားခဲ့ရတဲ့ ရှားပါး သီချင်းလေးပါ။ ၁၉၈၄ တစ်ဝိုက်က ထွက်ခဲ့တယ် ထင်ပါ့။ နောက်ကြီးလာတော့ နားထောင်ချင်လို့ လိုက်ရှာတာ တေးသံသွင်းဆိုင်တွေမှာ မရှိတော့ဘူး။ ခုတော့ မအပြုံးပန်းကျေးဇူး (အစ်မရဲ့ ဆိုကရေးတီး ပိုစ့်သွယ်ဝိုက်ကျေးဇူး လဲ ပါတာပေါ့လေ) ကြောင့် တစ်ကျော့ ပြန်နားထောင်ခွင့်ရတယ်။ ကျောင်းတော်သာ လွိုင်လင် ကို နားထောင်ကြည့်ပါလေ။

    လာလည်တဲ့အတွက် ကျေးဇူးပါခင်ဗျ။

    ReplyDelete
  33. သတိရနေလိမ့်မယ်လို့ယုံကြည်ပါတယ်။

    ReplyDelete
  34. အမြဲတမ်းပဲ သတိရတယ်။

    ReplyDelete