Tuesday, August 25, 2009

ကျွန်ပ်တို့၏ ကမ္ဘာမြေကြီး။ HOME

ဒီနှစ် စပါး အထွက်နည်းတယ်။
ဆောင်းဝင်နောက်ကျတယ်။
မုန်တိုင်းကျတာ မနှစ်ကထက် ပိုများလာတယ်။
ဆယ်လ်မွန်ငါးတွေ ဒီနှစ် ကနေဒါကို မပြန်ကြတော့ဘူး။ ၄% သာ ပြန်လာကြတယ်။
အယ်နီညိုး ပြန်ဖြစ်လာပြီ။
ရေခဲတောင်တွေ တော်တော်ပြိုနေတယ်။
မိုးနည်းရေရှား ရပ်ဝန်းတော်တော်ကျယ်ပြန့်လာတယ်။

ဖန်လုံအိမ်အာနိသင်ကြောင့်တဲ့။
ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေ လေထုထဲ ရောက်ကုန်လို့တဲ့...။
ဘာ့ကြောင့် ဒီလိုတွေ ဖြစ်နေတယ်ဆိုတာကို အောက်က လင့်ခ်မှာ အချိန်ယူပြီး ကြည့်ကြစို့လား။
တစ်နာရီကျော်ကျော် ကြာပါတယ်။
ဒီဗွီဒီ တစ်ချပ်စာကို သက်ဆိုင်ရာ ကုမ္ပဏီက Youtube ပေါ် အခမဲ့ ကြည့်နိုင်အောင် တင်ထားပေးတာပါ။
Subtitle လဲ English လို စာတမ်းထိုးထားပေးပါတယ်။
High Definition Full HD အနေနဲ့ ကြည့်လို့ရအောင် တင်ထားပေးပါတယ်။
ကော်နက်ရှင် နှေးသူများအတွက် Standard Definition အနေနဲ့လဲ ကြည့်နိုင်ပါတယ်။

ကမ္ဘာမြေကြီးကို ကယ်တင်ကြစို့။

We are living in exceptional times. Scientists tell us that we have 10 years to change the way we live, avert the depletion of natural resources and the catastrophic evolution of the Earth's climate...

ကြည့်ရှုရန် အောက်ကလင့်ခ်ကို ကလစ်နှိပ်ပေးပါ။
HOME

Credit to : Home Project, YouTube

(ဒီ Documentary ကို ယူကျူ့ပေါ်တင်တော့ ကျွန်တော့်ကို ကြည့်ဖို့ သတင်းပေးခဲ့တဲ့ ညီမလေး ငယ်လေးကို ကျေးဇူးတင်ပါတယ်။)

11 comments:

  1. အမှိုက်တွေ ခွဲ ပစ်ပါ..
    ( ပလက်စတစ် ။မီးဖိုချောင် အကြွင်းအကျန်။စက္ကူ ။
    သံပစ္စည်း။ ဖန်ပစ္စည်း)
    ဈေးသွားရင်..အိတ်ဆောင်ပါ..။။
    သွားလေရာ..တူနဲ့ ဇွန်းဆောင်ပါ။။
    စတီးချိုင့် ဒန်ချိုင့်များနဲ့ အစား အစာဝယ်ယူပါ။။
    ရေချွေတာသုံးပါ။။
    ...........
    လက်လှမ်းမှီတာ ချရေးတာ..
    ဒိထက်မက အများကြီးရှိသေးတယ်။။

    ReplyDelete
  2. အိမ်သာတက်ပြီးတိုင်း ရေဆွဲမချဘဲ စုထားပြီး အိုးတ၀က်လောက်ရောက်မှ စုပြီး ဆွဲချပါ။

    ReplyDelete
  3. ဤကမ္ဘာမြေကို ချစ်သူ စင်စင်တို့ အဲသည်နည်းကို သုံးတာကြာပြီလို့ ကြားတယ်။

    ReplyDelete
  4. ဒါတော့ ကိုပေါ... ဒီကားကို သေချာ မကြည့်သေးဘူးဆိုတာ သေချာဒယ်။

    ReplyDelete
  5. ကိုဘွိုင်းဇ်... အခု ကြည့်နေတယ်။ ခဏ ကြားဖြတ်ပြောတာ။ ရေရေလည်လည် ကောင်းတယ်။ ဒါမျိုးကို Omnitheatre မှာ ကြည့်ရရင် ပိုမိုက်မယ်။ အပေါ်က ကွန်မင့်ကို ပြန်လည်ရုတ်သိမ်းပါတယ်။း-)

    ReplyDelete
  6. လက်ပ်တော့ပ်မှာ HDMI output ပါရင် အသင့်ရဲ့ LCD TV နဲ့ ချိတ်ဆက်လိုက်ပါ။ Full HD ရသကို ပေးစွမ်းပါလိမ့်မယ်။
    (တင်တဲ့သူက တစ်ကယ့် သိစေချင်တဲ့ စေတနာနဲ့ တင်လိုက်တာ။ Full HD နဲ့ တင်တယ်ဗျာ။ အခမဲ့ဗျ။ လေးစားတယ်။ :-) )

    ReplyDelete
  7. ကျေးဇူးအထူးတင်ပါတယ်...အဲလိုမျိုးကြည့်ရတာ အရမ်းကြိုက်ပါတယ်..
    အခုတော့ ကျော်ပြီးကြည့်သွားပါတယ်..ညကျမှ တီဗီနဲ့ ချိတ်ပြီးပြန်ကြည့်မယ်...ရိုက်ချက်တွေကြိုက်တယ်ဗျို့ ...

    mie nge

    ReplyDelete
  8. ကိုပေါပြောတာ များနာမည် ပါနေတယ်.. စိတ်ဝင်စားသွားပြီ.. သွားကြည့်ပြီ...။

    ReplyDelete
  9. ဒါလေးကိုကြည့်ပြီးတော့ "Things You Can Do To Reduce Global Warming " ဆိုတဲ့အချက်တွေထဲက Turn off the water when you are not using it. While brushing your teeth or washing your car, turn off the water until you actually need it for rinsing. ဆိုတဲ့အချက်နဲ့ Turnign off lights when you leave room and using only as much light as you need. ဆိုတဲ့လွယ်ကူတဲ့ဒီအချက်တွေကို သေသေချာချာလိုက်နာပါတော့မယ်လို့( တအားမှောင်ရင်မနေရဲသေးဘူး)။ ငယ်လေးနဲ့ Boyz တို့ကတော့
ွ Share information with your friends, neighbors and co-workers.ဆိုတဲ့အချက်ကိုလိုက်နာပြီးသားဖြစ်သွားပြီ။ Cheers.........

    ReplyDelete
  10. အဲဒါဆို အမှောင်ထဲနေရမှာလား ဟုတ်သေးဘူး ။ ကိုကြီး ပိုစ့်တင်ပေးတာကောင်းတယ်။ ဒီဘက်ခေတ်က ကမ္ဘာက ပိုပိုပူလာနေတာပဲ။ လူတွေ ဒီဘက်ကို နောက်ထပ် အာရုံနည်းနည်းစိုက်လိုက်ရင် ရမယ်နော်။

    ReplyDelete
  11. ဘာမှန်းမသိဘဲ သူများတွေကြိုက်တယ်ဆိုလို့လိုက်ကြိုက်လိုက်ပါတယ်။ သိတ်ကောင်းတယ်ဗျာ။

    ReplyDelete