Thursday, August 20, 2009

A Little Tips To Play In Mafia Wars for Entry Level Members


Facebook ထဲက Game တစ်ခုဖြစ်တဲ့ မာဖီးယားဂိမ်းကို အခုမှ စတင်ကစားမယ့် Entry Level များအတွက် ကိုယ်သိသလောက်လေး နည်းနည်းချင်း မျှပေးတာပါ။ ပထမဦးဆုံး http://www.facebook.com မှာ Register လုပ်လိုက်ပါ။ Game ကစားရုံသက်သက်ဆိုရင် ကိုယ့်ရဲ့နာမည်တွေ၊ ကိုယ်ရေးမှတ်တမ်းတွေကို အတိအကျ ပေးစရာ မလိုပါဘူး။ နာမည်ပြောင်၊ ဘိုင်အိုဒေတာ အတုတွေနဲ့ register လုပ်လို့ရပါတယ်။ အကောင့်တစ်ခု ဆောက်ပြီးပြီဆိုရင် application ထဲက Mafia Wars ဆိုတာကို ရွေးပါ။ ဖေ့ဘွတ်အကောင့် တစ်ခု ဆောက်ပြီးတာနဲ့ အလိုအလျောက် မာဖီးယား ဆော့လို့ရပါတယ်။

Promote : အဲဒါက သူတို့ကို တစ်ခြားဂိုဏ်းနဲ့ ချတဲ့နေရာမှာ ဘယ်နေရာမှာ ဘာတာဝန်ဆိုတာ ခွဲဝေ တာဝန်ချတာပါ။ Mafia ရဲ့ Home မှာ တွေ့နိုင်ပါတယ်။ စစ်တိုက်ကောင်းသူကို ရှေ့တန်းထား.. အတွက်အချက် ကောင်းသူကို စာရင်းကိုင်ထား.. အဲလိုပေါ့...။ အဲဒီနေရာ တစ်ခုမှာ မန်ဘာတစ်ယောက်ကို ထားကြည့်လိုက်။ ကိုယ့်အတွက် ဘယ်% တက်မလဲ ကြည့်လိုက်။ နောက်တစ်ယောက်ကို ထားကြည့်လိုက် ဘယ်% လဲ မှတ်လိုက်...။ အများဆုံး % ပေးနိုင်သူကို အဲဒီနေရာမှာ ထားပေါ့ကွယ်။

သူများကို သွား Fight မယ်ဆိုရင် Fight ဆိုတဲ့ Button ကို အရင်နှိပ်ရတယ်။ နှိပ်လိုက်ရင် Fight, Hit List, Declare War, Rob ဆိုတဲ့ Tab လေးခု (တစ်ချို့ Entry Level များအတွက် Rob Function က နောက် အဆင့်မြင့်မှ ပါတယ်။) တွေ့လိမ့်မယ်။ Experience များများရချင်ရင်တော့ fight ကိုသာ များများလုပ်ပါ။ ပိုက်ပိုက်ရတာ နည်းတယ်။ Rob က Exp နည်းပြီး ပိုက်ပိုက်ရတာ များတယ်။ Exp များလာရင် လယ်ဗယ် တစ်ဆင့် တက်ပါတယ်။ လယ်ဗယ် တစ်ခါတက်ရင် ကိုယ့်မှာ ရှိတဲ့ Health, Energy နဲ့ Stamina ပွိုင့်တွေ ၁၀၀% ပြန်ပြည့်ပါတယ်။ ယင်းအပြင်ကို Skill Point 5 point အပို ရပါတယ်။ အဲဒီပွိုင့်တွေကို Attack or Defense or Stamina or Health or Energy စတာတွေမှာ သွားတိုးနိုင်ပါတယ်။ Attack ပွိုင့်များရင် သူများကို တစ်ခါချရင် Exp များများရသလို တစ်ဘက်သားက မြန်မြန်ကျဆုံးပါတယ်။ Defense များရင် ကိုယ့်ကိုယ် တစ်ဘက်ရန်သူက လွယ်လွယ် လာလုပ်ကြံလို့ မရပါဘူး။ Stamina က Robbing လုပ်တာမှာ သုံးတာပါ။ တစ်ခါ Rob လုပ်တိုင်း Stamina တစ်ပွိုင့် လျော့ပါတယ်။ လျော့သွားခဲ့ရင် ၅မိနစ်တစ်ပွိုင့်နှုန်းနဲ့ တိုးပေးပါတယ်။ Fight ကျတော့ Energy ရှိမှ Fight လုပ်လို့ရပါတယ်။ သူလဲ ၅မိနစ်ကို တစ်ပွိုင့်နှုန်း တိုးတာလား မသိဘူး။ Energy တွေက အချင်းချင်း ပို့ပေးလို့ ရပါတယ်။ ပို့လာတဲ့ Energy ကို သုံးမယ်ဆိုရင် လက်ရှိကိုယ့် Energy ရှိသလောက် အပြည့်ဖြည့်ပေးတဲ့ အပြင်ကို ၂၅% အပိုဆောင်း ဘောက်ဆူးရပါတယ်။ Health ပွိုင့်ကျတော့ ကိုယ်သွားပြီး Fight or Rob လုပ်တဲ့ တစ်ဘက်သားရဲ့ ခုခံတိုက်ခိုက်စွမ်းရည်ပေါ် မူတည်ပြီး လျော့နည်းပါတယ်။ သူက ပိုက်ပိုက်ရှိရင် ဆရာဝန်ကို ကုခိုင်းလို့ရတယ် တစ်ခါကုပြီး ၃ မိနစ် Gap ခံတယ်။ ၃မိနစ်ကျော်မှ ထပ် ကုလို့ရတာပါ။

ဆက်ပြီး Fight ကို ရွေးလိုက်ရင် ကိုယ့်ဂိုဏ်း မဟုတ်တဲ့ တစ်ခြားဂိုဏ်းက လူတွေ စာရင်းအရှည်ကြီး ထွက်လာလိမ့်မယ်။ အမြဲတမ်း ကိုယ့်အောက် လယ်ဗယ်နိမ့်ပြီး ဂိုဏ်းဝင် အရေအတွက် နည်းတဲ့ ရန်သူကိုသာ တိုက်ခိုက်ပါ။ Health ပွိုင့် ၂၀ အောက်ရောက်နေရင် Fight လုပ်လို့ မရပါဘူး။ ဆရာဝန်ဆီ ပြေးပြီး ဆေးကုပါ။ The Hospital ဆိုတာ နှိပ်ပြီး Heal လုပ်ပါ။

Declare War ကတော့ အချင်းချင်း ပြန်တိုက်တာ ပြောတာ။ သူက ခုတစ်ပတ်မှ ပေါ်လာတာ။ ကောင်းကောင်း မဆော့ဖြစ်သေးဘူး။ ဒါပေမဲ့ သူက အချင်းချင်း သတ်တာပဲ။

Rob ကျတော့ သူများကို သွားဒမြတိုက်တာပါ။ သူ့ကျတော့ Exp နည်းနည်းပဲ ရပြီး ပိုက်ပိုက်များများရတာပါ။ ကိုယ့်ကိုယ် သူများလာတိုက်ရင် ကိုယ်ပိုင်တဲ့ ပစ္စည်းတွေ ပျက်စီးပြီး ငွေရှိရင် ငွေပါ လုယူသွားတတ်တယ်။ ပစ္စည်းတွေ ပျက်စီးရင် ပြန်ပြင်ရပါတယ်။ စရိတ်ကုန်ပါတယ်။ ပြင်ပြီးရင် ရဲကို လာဘ်ထိုးပြီး ကိုယ့်ပစ္စည်းကို အစောင့်အရှောက်လုပ်ခိုင်းလို့ရပါတယ်။

ပိုက်ပိုက်တွေ များလာရင် ဟော်တယ်တွေ၊ မီဂါ ကာစီနိုတွေ၊ စားသောက်ဆိုင်တွေ၊ အပါ့တ်မဲန့်တွေ ဆောက်နိုင်ပါတယ်။ အဲဒါတွေ ဆောက်ဖို့ သက်ဆိုင်ရာ မြေကွက်တွေ ဝယ်ပေးရပါသေးတယ်။ မီဂါ ကာစီနို ဆောက်ဖို့ Prime Downtown Lot ဝယ်ရပါတယ်။ ထိုနည်းတူ ဟော်တယ် ဆောက်ဖို့ Beach Front lot ဝယ်ရပါတယ်။ အဲဒါတွေ ဝယ်ထားရင် သူတို့ဆီကနေ တစ်နာရီတစ်ခါ ဝင်ငွေ မှန်မှန်ဝင်ပါတယ်။ သူများ လာတိုက်လို့ ပျက်စီးသွားရင် ပြန်ပြင်ရတဲ့အတွက် ပြင်စရိတ် ကုန်ပါတယ်။

တစ်ခါဝယ်ရင် ဈေးတွေက ခုန်တက်သွားပါတယ်။ တစ်ခါတစ်ကွက်၊ တစ်လုံး၊ တစ်ဆိုင် မဝယ်ပဲ ပိုက်ဆံအရင်စုပြီး တစ်ခါကို ၁၀ ယူနစ်စီ ဝယ်တာ သက်သာပါလိမ့်မယ်။ နို့မို့ တစ်ခါ တစ်ယူနစ်ဝယ်လိုက်ရင် နောက်တစ်ကြိမ်မှာ ဒီ့ထက် ဈေးပိုကြီးတာကို ဝယ်ရပါလိမ့်မယ်။ ၁၀ ယူနစ်စာ ပိုက်ဆံစုထားပြီး တစ်ခါကို ၁၀ယူနစ်စီဝယ်တာ ပိုကိုက်ပါတယ်။

ရလာတဲ့ ပိုက်ဆံတွေကို ကိုယ့်ဆီမှာ သိမ်းမထားပဲ ဘဏ်မှာ သွားအပ်ခြင်းဖြင့်
၁။ ငွေမဲကနေ ငွေဖြူ ဖြစ်နိုင်ပါတယ်။
၂။ သူများတွေ ကိုယ့်ဆီ လာတိုက်ရင် ငွေတွေ ပါမသွားပါဘူး။

ဒါပေမဲ့ ဘဏ်ကို ငွေဖြူ ပြောင်းခ Laundry Fees ၁၀% ပေးရတယ်။ ဘဏ်မှာ သူတို့ အပ်ထားတဲ့ ပမာဏ တစ်ခုခု ပြည့်မှီရင် Acheivement တစ်ခု ရပါတယ်။ ဒါကတော့ ဘာမှ အသံး မဝင်ပေမယ့် ကိုယ်ဘယ်လောက် ပိုက်ပိုက် ရှိတယ်ဆိုတာ ကြွားတဲ့ သဘောပါ။

Jobs ကျတော့ ဘယ် Jobs သည် ဘယ်လောက် Energy လိုအပ်တယ် ဘာ items လိုအပ်တယ် ဆိုတာ ရှိပြီးသားပါ။ Jobs တစ်ခါလုပ်တိုင်း Exp ဘယ်လောက် ပိုက်ပိုက် ဘယ်လောက်ဆိုတာ ရပါတယ်။ Loot items များလဲ ရနိုင်ပါတယ်။ Jobs တစ်ခု ပြီးရင်လဲ ၁ ပွိုင့်ရပါတယ်။

လယ်ဗယ် တစ်ခုပြီးရင် Reward Point ဆိုပြီး မာဖီးယား God Father များက ယုံကြည်ကိုးစားခြင်း အမှတ်ပေးပါတယ်။ အဲဒီ အမှတ်နဲ့ ပွိုင့်တွေ ဝယ်နိုင်တယ်။ ဂိုဏ်းသားအင်အား တိုးနိုင်ပါတယ်။

ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်ပါဦး။ နောက်ကို ထပ်တင်ပေးမယ်။
(အမှားအယွင်းရှိရင် ကော်မန့်ပေးခဲ့ပါ...။)

10 comments:

  1. မှားနေတယ် fight က energy မလိုဘူး Rob လိုဘဲ stamina 1 point နုတ်လိုက်တယ်။ energy pack က အခြင်းခြင်း ပို့လို့ ရပေမယ့် ၂၄ နာရီပြန်စောင့်ပြီးမှ ပို့လို့ရတယ်။

    reward point ကို အတတ်နိုင်ဆုံးမသုံးပါနဲ့ စုထားပါ
    နိုင်ခြင်ရင် members များအောင်လုပ်ပါ

    ReplyDelete
  2. http://apps.facebook.com/inthemafia/status_invite.php?from=100000068850216

    ကို add လုပ်ပေးရင် members များအောင် လုပ်ပေးမယ် လောလောဆယ်ကျွန်တော်ဆီမှာ members 200 ရှိလို့ add လုပ်တဲ့မည်သူကို မဆို တခြား member တွေ invite လုပ်လာအောင် ပြောပေးပါ့မယ် လိုအပ်တဲ့ loot နဲ့ collections တွေလည်း တောင်းယူနိုင်ပါတယ် အတတ်နိုင်ဆုံး မြန်မာနာမည် ပေးထားရင် အရေးကြီးတဲ့ ပစ္စည်းတွေကို ဦးစားပေးပြီးပို့ပေးပါ့မယ်

    ReplyDelete
  3. mafia ကတခါတလေ play တယ်..အခုတလော farming လုပ်တာများတယ်.. energy package ကလူတိုင်းကိုပေးလို့မရဘူးနော် especially those are in higher level..ပေးချင်ရင်ဘာလုပ်ရမလဲ..
    thanks

    ReplyDelete
  4. တကယ်တော့ mafia ကပျင်းစရာကြီးနော် လှုပ်ရှားမှုကလည်း gun ပဲပြတယ်... racing လည်းတူတူပဲ.. save the planet က game တွေကိုကစားကြည့် racing ဆိုလည်းတကယ်မောင်းရတာ.. မိုက်တယ်
    restaurant city လည်းကောင်းတယ်..
    ဆော့နိုင်ရင်ဆော့သာဆော့ :P

    ReplyDelete
  5. ကိုဘွိုင်းဇ်တို့ recruiter လုပ်နေတာပေါ့လေ...း)

    ကြုံလို့ ၀င်ပြောလိုက်ဦးမယ်
    fight ကိုယ့် clan ထက် level နိမ့်တဲ့ member နဲတဲ့ clan တွေကို ဦးစားပေး fight ပါ...
    ဒါတောင် အကြမ်းဖျင်း ပြောတာပါ...
    တကယ်က attack မှာ သုံးတဲ့ ကိုယ့်ဖက်မှာ ရှိတဲ့ inventory item ၃ မျိုး (weapons, armor, vehicle) တွေထဲမှာ attack နံပတ်အမြင့် ဆုံးကို program က attack မှာ ယူသုံးပါတယ်...
    တဖက် clan က defense အတွက် သူ့မှာ ရှိတဲ့ (weapons, armor, vehicle) တွေထဲမှာ defense နံပတ်အမြင့် ဆုံးကို program က ကိုယ့် attack ကို defense ပြန်လုပ်တဲ့နေရာမှာ ယူသုံးပါတယ်...
    overall နံပါတ်က ကိုယ်က များနေရင် နိုင်ပါတယ်... ကိုယ် attack လုပ်တဲ့ clan ရဲ့ defense နံပါတ်က ကိုယ့်ထက်များနေရင် ကိုယ်ဘယ်တော့မှ မနိုင်ပါဘူး...
    အသေးစိတ်ပြောရရင် (weapons, armor, vehicle) ရဲ့ အရေအတွက်ကလည်း စကား ပြောပါသေးတယ်...

    ကျနော်ကတော့ job တွေ အားလုံး ကုန်သွားတော့ ဘာလုပ်ရမှန်း မသိတော့ဘူး... နည်းနည်းတောင် ပျင်းလာပြီ...း)

    BTW ကိုဘွိုင်းဇ် clan ထဲမှာ ကျနော် မရောက်သေးရင် ဒါကို add လိုက်ပါ...
    http://www.facebook.com/profile.php?id=1571842633&ref=name
    Level -291 Member 622

    ReplyDelete
  6. ကိုစိုးစိုး - Fight လုပ်တာမှာ လိုတာက Health ပါ။ ရေးချင်ဇောနဲ့ Energy မှားရေးမိတယ်။ Health Point ၂၀ အောက်ရောက်ရင်ကို ဆက်တိုက်လို့ မရပါ။ You are too weak to pull the heist ဆိုပြီး ပေါ်လာပါလိမ့်မယ်။ (ပို့စ်မှာ ပြန်ပြင်လိုက်ပါမယ်။)

    ကိုအောင်သာငယ် - ကျွန်တော် အဒ်လိုက်ပါ့မယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  7. ကိုကြီး ခါးနာတာ တခုခု ခဏခဏဖြစ်တာ ဒါကြောင့်ကိုးးအင်းးးးးဒူနဲ့တိုင်ပြောရပါ့

    ReplyDelete
  8. နာတာနဲ့ ဂိမ်းဆော့တာ မဆိုင်ဘူး (လို့ ကိုယ့်ကိုယ်ကို ဆင်ခြေပေးသွားတယ်။)

    ReplyDelete
  9. သြော် အဲလိုလဲ ရေးလို့ရလား ..နာလဲ FarmVille ကစားနည်းရေးဦးမှ ... သွပ်သွပ်သွပ်။ မထူးပါဘူး ကစားနည်း အကုန်ရေးမယ်ကွာ။ ပြီး စာအုပ်ထုပ်မယ် ရန်ကုန်မှာ ရောင်းစားမယ် .. ငှဲငှဲ

    ReplyDelete
  10. ကိုကိုဒီဘီ အကြံကြီး ကြံနေပါလား။ ၄၅% ဉာဏ်ပူဇော်ခ ပေးပါ။

    ReplyDelete