Saturday, August 15, 2009

New Google Favicons for News Site


ဒီနေ့နိုးလာလို့ ဂူဂယ်သတင်းဆိုဒ်ကို ဖွင့်ကြည့်တော့ ဖေဗီကွန်လေး ပြောင်းနေတာ တွေ့ရတယ်။ ခါတိုင်း g စာလုံးလေးပဲ ရှိရာကနေ အခု စာအုပ်ပုံစံလေး ပြောင်းထားတယ်။ ဂူဂယ်က တစ်ခုခုလုပ်ရင် လူမသိ သူမသိ လုပ်တတ်တယ်ဗျ။ Easter Egg ရှာရသလိုပဲ။ အမှတ်မထင် တွေ့လိုက်ရရင် ပျော်ဖို့ ကောင်းတယ်။ သူတို့ လက်တွေ့ခန်းက တီထွင်တဲ့ပုဂ္ဂိုလ်တွေကလဲ ပျော်တတ်တယ်။ လူနောက်လေးတွေ။ ဂူဂယ်ဆို April Fool မှာ ဘာလုပ်မလဲဆိုတာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတယ်။

3 comments:

  1. ဂူဂယ်က လူနောက်လေးတွေ လုပ်ထားတာကို ကိုဘ လူနောက်လေးက တွေ့ လို့  တို့ များ လူကောင်းလေးများက သိရတဲ့အတွက် ကျေးဇူး

    ReplyDelete
  2. သူတို့က လူနောက်ပေါ့ ကိုကြီးက လူပေါက် ဟဟ စတာနော်။

    ReplyDelete
  3. observation ကောင်းပါပေတယ်။

    ReplyDelete