Saturday, August 15, 2009

ကမ္ဘာတစ်လွှား သတင်းတိုထွာများ News In Brief (150809)

- ကိုလံဘီယာနိုင်ငံဟာ တောင်အမေရိက နိုင်ငံများ စိုးရိမ်နေတဲ့ကြားထဲက အမေရိကန် အခြေစိုက်စခန်း ဖွင့်ခွင့်ပြုရေးကို ကြိုးပမ်းနေပါတယ်။
- ပီရူးမယ်ရဲ့ ဝတ်စုံ ရွေးချယ်မှုဟာ ဘိုလီးဗီးယားမယ်အတွက် အကြိတ်အခဲ တစ်ခု ဖြစ်နေတယ်လို့ မယ်စကြဝဠာရွေးပွဲက ရောက်လာတဲ့ သတင်းတစ်ပုဒ်အရ ကြားသိရပါတယ်။
- ကိုလိုနီယယ် ဘဲန့်ဂရု ယိုင်လဲခြင်းဟာ ဒီတစ်နှစ်အတွက် အကြီးမားဆုံးသော အမေရိကန်ဘဏ် စီးပွားရေး ပြိုကျခြင်း ဖြစ်ပါတယ်။ ရှယ်ယာအများစုကို စီးပွားပြိုင်ဘက် ဘီဘီနှင့် တီ ကုမ္ပဏီကို ရောင်းချလိုက်ရပါပြီ။
- ဂါဇာ ကမ်းမြောင်ဒေသမှာ ဟားမားစ်ထောက်ခံသူတွေ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၇ ယောက် အဖိတ်အစင် ရှိတယ်လို့ သတင်းရပါတယ်။
- တာ့ခ်နဲ့ ကိုင်ကို ကျွန်းစုမှာ အစိုးရအရာရှိများ ခြစားမှုတွေ ပေါ်ပေါက်နေတဲ့ အတွက် ဗြိတိန် အစိုးရဟာ တိုက်ရိုက် အုပ်ချုပ်ရေးကို စတင်လိုက်ကြောင်း သတင်းများ ရရှိပါတယ်။
- တက်လာတဲ့ အစိုးရဟာ မီဒီယာကို ဆင်ဆာထိန်းချုပ်မှုများ တင်းကျပ်နေတာကြောင့် မီဒီယာသမားပေါင်း ၂၀၀ ကျော် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မှာ ဆန္ဒပြနေကြပါတယ်။
- ကင်ညာနိုင်ငံက ကမ္ဘာ့ အသက်အကြီးဆုံး အခြေခံပညာမူလတန်း ကျောင်းသားတစ်ယောက် ၉၀ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
- လော့ဂါဘီ လေယာဉ်ဗုံးခွဲမှုမှာ တရားခံအဖြစ် ယူဆရတဲ့သူ လစ်ဗျား နိုင်ငံသားကို လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်နေပါတယ်။
- မနေ့က ရုရှားရေတပ်က စတင်ပူးပေါင်း ရှာဖွေခဲ့တဲ့ ရုရှားပိုင် သဘောင်္ကို သင်္ဘောသား အပြည့်အစုံနဲ့ အာဖရိကန် အနောက်ဘက်ကမ်းခြေမှာ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
- အီရန်နိုင်ငံ လွှတ်တော် အမတ်ဟောင်းများဟာ ခါမေနီကို အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်တာ သင့်မသင့်ကို စိန်ခေါ်လိုက်ပါတယ်။
- မော်ရကုတ် တိုင်ဖွန်း မုန်တိုင်းတိုက်ခတ်ပြီး ၆ ရက်အကြာမှာ ထိုင်ဝမ်ကယ်ဆယ်ရေး လုပ်သားများက အသက်ရှင်ကျန်ရစ်သူများ တွေ့ရှိနိုင်တဲ့ လမ်းစတွေ မှေးမှိန်နေပြီလို့ ပြောဆိုနေပါတယ်။ ရွှံ့မြေများ ပြိုကျမှုကြောင့် အနည်းဆုံး လူငါးရာကျော် သေဆုံးတယ်လို့ သတင်းရပါတယ်။
- ကီလိုမီတာ ၆၅၀၀ ကျော် ရှည်လျားတဲ့ ပထမဦးဆုံးသော အစ္စလာမ်မာဘတ်-အီစတန်ဘူလ် အပြည်ပြည်ဆိုင်ရာ ရထားသယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ပါကစ္စတန်နိုင်ငံက စတင်ပါပြီ။
- အမေရိကန် သမ္မတဟောင်း ဂျာရယ်ဖို့ဒ်ကို သတ်ဖြတ်ရန်ကြံစည်မှုနဲ့ ချုပ်နှောင်ခံခဲ့ရတဲ့ ချားလ်စ်မဲန်ဆန် မိသားစုဝင်ကို လွှတ်ပေးလိုက်ပါတယ်။
- ၁၃၈.၉ မီလီယံ ယူရို တန်ဖိုးရှိတဲ့ အီတလီ ဂျက်ပေါ့တ် ထီ ဟာ ဆွတ်ခူးသူ မရှိသေးပါဘူး။ ဥရောပ တစ်လွှားက လူများ စိတ်ဝင်တစား ရှိနေတဲ့ ထီဆုကြေးတစ်ခု ရှိနေပါတယ်။ အရင်တစ်ပါတ်က ဆွတ်ခူးသူ မရှိခဲ့ရင် နောက်အပတ်တွေမှာ ထည့်ထည့်ပေါင်းပေးခဲ့လို့ အခုလို ဆုကြေးတန်ဖိုး များပြားနေရခြင်း ဖြစ်ပါတယ်။
- အယ်ဂျီးရီးယားက သီတင်းပတ်ကုန် ပိတ်ရက်များကို ပြင်ဆင် ပြောင်းလဲလိုက်ပါတယ်။ လူတွေကို ရှုပ်ထွေး ဝေဝါးမှုတွေ ဖြစ်စေပါတယ်။
- တောင်ကိုရီးယား သမ္မတက မြောက်ကိုးရီးယားကို ညူကလီးယား လက်နက် ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး စကားပြောဖို့ ကမ်းလှမ်းလိုက်ပါတယ်။
- ကမ္ဘာကျော် ရေကူးသမား မိုက်ကယ်ဖဲလ် တစ်ယောက် အရက်သောက်ပြီး မဆင်မခြင် ကားမောင်းလို့ မတော်တဆ တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
- နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ X-Man မှာ မင်းသားသရုပ်ဆောင် Hugh Jackman တစ်ယောက် သူပါဝင်ရတဲ့ ဇာတ်ကောင်ရုပ်ကို ပြန်လည်စဉ်းစားနေကြောင်း ဟောလိဝုဒ်က သတင်းများအရ သိရပါတယ်။
- ဗောက်ဝဂ်ဂွန်းကားများ ထုတ်လုပ်တဲ့ လုပ်ငန်းရှယ်ယာများကို ထိန်းချုပ်ချင်တဲ့ ကာတာနိုင်ငံ အစိုးရဟာ ပို့ရှ်ကား ကုမ္ပဏီပိုင် အစုရှယ်ယာ တော်တော်များများကို ဝယ်ယူလိုက်ပါတယ်။
- အီရန်၊ ဂျော်ဒန် နဲ့ တရုတ်နိုင်ငံတို့ဟာ အာရှချန်ပီယံများ ဘတ်စကက်ဘော ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းသွားပါတယ်။
- ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုဟာ လူထောင်ပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေပါတယ်။

9 comments:

  1. အမြင်လေးတွေ ထည့်ြေ့ပာပါဦး ခြောက်ကပ်ကပ်နဲ့ပျင်းစရာကြီး

    ReplyDelete
  2. ပီရူးမယ်ရဲ့  ၀တ်စုံရွေးချယ်မှုကိုသိလိုပါသည် ကမ္ဘာ့အသက်ကြီးဆုံး ကျောင်းသား ဘာရောဂါနှင့်သေလည်းဆိုတာပါ ဖော်ပြပေးစေလိုပါသည် ပုံ (ပြည့်စုံစွာသိလိုသူ သတင်းဖတ်သူတဦး)

    ReplyDelete
  3. မောင်ကျောင်းသားသေတာ ကိုးဆယ်ခြောက့်ါါပါးရောဂါပါ.ဘာပြောရမှန်းမသိလျင်နလု့းရောဂါနင့်သေလိုက်လေ့ရှိပါသည်။ ပုံ စာဖတ်ခြင်းအတွေ့အကြံများနေသူတစ်ဦး

    ReplyDelete
  4. ရေကူးဝတ်စုံဖြစ်ပါလိမ့်မယ်။ ဂ(ပုံ မှန်းတုတ်သူတစ်ဦး)

    ReplyDelete
  5. သတင်းများဖတ်သွားပါတယ်။ ဘွိုက်ဇ်.. မိုက်ကယ်ဖဲလ်လိုတော့ မလုပ်နဲ့နော့ ( သောက်တတ်တယ်ဆိုလို့ပါ)။

    ReplyDelete
  6. မူလတန်းကျောင်းသားလေးသေတာ သူ့သူငယ်ချင်းနဲ့ ဂေါ်လီရိုက်ရင်း ကျောက်တံနဲ့ထိုးလိုက်လို့များလား...။

    ReplyDelete
  7. ဟိုလူကြီးကားတွေ ခိုးကြည့်ရင်း နှလုံးသွေးရပ်သေတာတော့ မဟုတ်လောက်ပေါင်။

    ReplyDelete
  8. ယနေ့ည EPL ပွဲဦးထွက် ဘောလုံးပွဲတွင် ထိပ်သီး Chelsea အသင်းမှ Hull C. အသင်းအား နှစ်ဂိုးတဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရှိရပါသည်။

    ReplyDelete
  9. အဲလိုသတင်းအကျဉ်းချုပ်တွေ ခဏခဏတင်ပေးရင်သိပ်ကောင်းမယ်။
    တီဗွီမကြည့်ဖြစ်၊ ရေဒီယို နားမထောင်ဖြစ်။ ဘလော့ပဲလည်၊ ဂိမ်းပဲဆော့ဖြစ်နေလို့။ ဟီး

    ReplyDelete