Wednesday, August 19, 2009

ကမောက်ကမ ဖြစ်စဉ်လေးတစ်ခု (PhD holder now a cabby)

ဒီနေ့ မနက် တက်လာတဲ့ သတင်းလေး တစ်ပုဒ်ပါ။ A*Star မှာ ၁၆ နှစ်ကြာ Researcher လုပ်လာခဲ့တဲ့ ပီအိတ်ခ်ျဒီ ဘွဲ့ရ တစ်ယောက် အလုပ်ပြုတ်ပြီးတော့ တက်က်စီဒရိုင်ဘာ ဖြစ်နေတဲ့ အကြောင်း။
သူက တရုတ်ပြည်က လာတာ။
အခုတော့ စင်ကာပူနိုင်ငံသား ခံယူထားတယ်။
သူ့အကြောင်းကို စထရိတ်တိုင်းမ်က သူတို့ရဲ့ အွန်လိုင်းသတင်းဆိုဒ်မှာ တင်ထားတယ်။
သူက သူ့ရဲ့ တက်စီမောင်းတဲ့ အတွေ့အကြုံကို ဘလော့တစ်ခုဖွင့်ပြီး တင်ထားတယ်။
အောက်က လင့်ခ်တွေမှာ စထရိတ်တိုင်းမ် သတင်းနဲ့ သူ့ဘလော့ကို ဖတ်နိုင်ပါတယ်.။

စထရိတ်တိုင်းမ်သတင်း
တက်စီဒရိုင်ဘာ ဘလော့

ဖတ်ပြီးတော့ ရင်မော။

Update : လင့်ခ်ပြုတ်နေတာ ပြန်ပြင်လိုက်ပါပြီ။

17 comments:

  1. မြန်မာလို ပြန်ပြပါ...
    လင့်ကို မသွားခင် အော်ပစ်ခဲ့တာ..ဟိ

    ReplyDelete
  2. စထရိတ်တိုင်းမ်စ် လင့်က သွားမရဘူးဗျ... လုပ်ပါဦး.. :)

    ReplyDelete
  3. အဟက်...။ မယ်ဆင်တစ်ယောက် လင့်ခ်ကို မနှိပ်တာ သေချာတယ်။ ကိုမောင်လူအေး ပြောမှ သတိထားမိတော့တယ်။ လင့်ခ်ကို ပြန်ပြင်လိုက်ပါပြီ။ ခုပြန်နှိပ်ကြည့်လိုက်ပါ။

    ReplyDelete
  4. အဲဒီလူရဲ့ လင့်ကို သွားပါသကောအေ...
    အပေါ်ဆုံးက ပို့စ် ၃ ပုဒ် တိတိ ဖတ်ပြီးပါပြီ..
    ကောမန့်တွေသာ များလွန်းလို့ မဖတ်နိုင်ပဲ ထားခဲ့တာ...

    သတင်းစာ လင့်ကတော့ ဟုတ်တယ်.. မသွားရသေးဘူး...
    ကာယကံရှင်ဆီသွားရင် ပြီးရောမဟုတ်လားအေ.. သူ့အကြောင်း သူများရေးတာနဲ့ စာရင် သူရေးတာက ပိုဖတ်ကောင်းမှာပေါ့... ဟင်း...။

    ReplyDelete
  5. Ko boyz

    မြန်မာလို ပြန်ပြပါ... thks.

    ReplyDelete
  6. ဒါဖြင့် ညီလင်းညို လေးဘီးမောင်းတာ ဘာဟုတ်သေးလဲနော်။

    အဲဒါတွေကြောင့် တို့တော့ phd လဲ မယူပါဘူး။

    ReplyDelete
  7. အဲဒါကြောင့်တို့က A*မှာ မလုပ်ချင်တာ ဟီးဟီး။ မရတဲ့ စပျစ်သီးဝင်ချဉ်သွားသည်။ face book မှာ လယ်စိုက်တာဘဲကောင်းပါတယ်အေ။

    ReplyDelete
  8. မြန်မာပြည်ထက်ဆိုးတဲ့ သဘောများလား...။

    ReplyDelete
  9. ကိုဘွိုင်းဇ်... သင်လည်း ပီအိတ်ခ်ျဒီမဟုတ်။ ကျွန်ုပ်လည်း ပီအိတ်ခ်ျဒီမဟုတ်။ ဒီတော့ တက္ကစီမောင်းဖို့တောင် အရည်အချင်းပြည့်မှီပါလေစမသိ။ ကျနော်တို့ နှစ်ယောက်ပေါင်းပြီး စီးပွားဖက်စပ် ထူထောင်ရအောင်။ မခင်ဦးမေဘလော့ဂ်မှာ တခါတင်တဲ့ နည်းလေ။ ဆယ်ပြားရရင်တောင် အမြတ်ရာခိုင်နှုန်း တရာလို့ ပြောလို့ရတဲ့နည်း။

    ကိုဘွိုင်းဇ် သီချင်းဆို လေ့ကျင့်တော့။ ကျနော် တရုတ်တယောထိုးတတ်အောင် ကျင့်လိုက်မယ်။

    ReplyDelete
  10. A*Star ဆို ရွံ့လွန်းလို့.. အဟတ်

    သံဝေဂရသွားတယ်

    ReplyDelete
  11. ကျောင်းထွက်လိုက်ရတော့မလားရှင်။
း(

    ReplyDelete
  12. ဆက်တက်ပါ။ မတော် အာကာသယာဉ်မှူး ဖြစ်သွားမယ်လို့ ဘယ်သူ ပြောနိုင်လဲ...။ အဟက်

    ReplyDelete
  13. သူ့အကြောင်း ( Dr Cai Ming Jie ) ဖတ်ပြီးတွေးနေမိတာတော့ အများကြီးပါပဲ။

    ReplyDelete
  14. သူ့အကြောင်းတော့ သေချာ မဖတ်မိသေးဘူး။ သူစင်ကာပူနိုင်ငံသားခံတာ အလုပ်ပြုတ်ပြီးမှလား၊ အလုပ်မပြုတ်ခင်လား မသိ။

    နောက်ပြီး အခုလို သူ ဖြစ်သွားတာမှာ စထရိတ်တိုင်းမ် သတင်းစာက ဖော်ပြမှ သိရတယ်။ သူ့ ကန်ထရိုက်ကို ဖျက်သိမ်းလိုက်တော့ သူကွန်ပလိမ်း မတက်ဘူးလား။ တရုတ်နိုင်ငံသားစလုံးပီအာ ဖြစ်နေသေးလို့ ကွန်ပလိမ်း မတက်ခဲ့တာလား ဆိုတာ စဉ်းစားနေတယ်။ စလုံးတွေဆို ကွန်ပလိမ်းတက်လိုက်မယ် ဖြစ်ခြင်း...။

    ReplyDelete
  15. i think this is coz of A * rules and regulation, when u start to work all the way working is contract basic. it is very clear, when they like u they will extend for u. otherwise they do not continue ur contract.... but their pay and other bonus is really really a lot..... that why...........

    ReplyDelete
  16. Thanks. I got a lot of knowledge such kind of your blogs.

    ReplyDelete