Tuesday, February 23, 2010

Arawjan Paraman Larban

ခေါင်းစဉ်ကြည့်ပြီးတော့ ဟင်ဒီနာမည်တွေ မထင်လိုက်ပါနဲ့။
အာရောဂျံ ပရမံ လာဘံ ကို ဗြိတိသျှလို တင်ထားတာပါ။
မှတ်မှတ်သားသားလေး ပြေးဖြစ်တာကို ပြောပြချင်တာ...။
နှစ်ပတ်လောက်တော့ ရှိလာပြီ။
ဒီနေ့မှ သေချာမှတ်တမ်းယူဖြစ်တယ်။
အိုင်ဖုန်းထဲက အလကားရထားတဲ့ အပလီကေးရှင်း ဖြစ်တဲ့ MotionX GPS application အကူနဲ့ ကိုယ်ဘယ်လောက်ပြေးထားတယ်ဆိုတာကို မှတ်တမ်းတင်တာပေါ့။
အလကားရတာဆိုတော့ လစ်မစ်လေးတွေ ရှိတယ်။
ကိုယ်ပြေးထားတဲ့ tracks ကို တစ်ခုပဲ သိမ်းထားလို့ရတယ်။
အသစ် သိမ်းချင်ရင် အဟောင်းဖျက်ပေါ့။
ကိုယ်လဲ ဘယ်ရမလဲ... သိမ်းထားတဲ့ အဟောင်းကို ဂျီမေလ်းထဲ ပို့ထားလိုက်ပြီး အဟောင်းကိုဖျက် အသစ်ကို ဆေ့ဖ်လုပ်သိမ်းထားလိုက်တာပေါ့။
ဒီနေ့ တိုက်ပတ်လည်ပြေးလိုက်တာ ၄.၅ ကီလို။
မနေ့က တော့ ၅.၅ ကီလို။
ဒီနေ့ အလုပ်နည်းနည်းပြိုင်းလို့ လျှော့ပြေးလိုက်တယ်....။


တစ်ဆက်တည်းပဲ ပြေးဖို့ တွန်းအားတစ်ခု ဖြစ်တဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။
ဒီတစ်ခေါက် မာရသွန်တော့ မသွန်နိုင်တော့ စိတ်မကောင်း...။

16 comments:

  1. ပြေးတာတော့ ဟုတ်ပါပြီ
    စကရင်ရှော့ ဘီလိုယူလိုက်တာလဲ၊ ဆော့ဝဲလေး သိပါရစီ။

    ခမမ

    ReplyDelete
  2. အိုင်ဖုန်း function လေ။
    Press Home button and power button at the same time. It will capture yr whole screen. Then it will be saved in photo folder, third column of first row in first page of iPhone.

    ReplyDelete
  3. ညီမလေးကပြေးခိုင်းလို့ကိုး..

    ReplyDelete
  4. မဟုတ်ပါဘူး။
    အရင်ကတည်းက ပြေးနေကျ။
    ဒီရောက်မှ မပြေးဖြစ်တာ။
    ညီမလေးကို Inspire ဖြစ်တာ။
    သူက ပြေးနေကျ...။
    And I admire girl with self motivation and abilities. :)

    ReplyDelete
  5. ဒါဆိုရင်တော့ ကိုဘရဲ့ ညီမလေးက လှလှ သွက်သွက်လေးဖြစ်မယ်။ လူပျိုကြီ: ဘယ်လိုရှာလိုက်တာလဲ? နည်းလေးပေးပါအုံး။ :)))

    ReplyDelete
  6. ညီမလေးတဲ့လား။

    ReplyDelete
  7. ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား.... :P

    ReplyDelete
  8. အင်း .. ကိုယ်ဆိုလိုချင်တာနဲ့ ဘလော့ဖတ်သူတွေ ရသွားတဲ့ မက်ဆေ့ခ်ျက တစ်ခြားစီ ဖြစ်နေပါလား။
    မောင်ဘွိုင်း မောင်ဘွိုင်း မောင်ရင်တင်ဆက်ပုံ လိုနေသေးတယ်။

    http://www.fileden.com/files/2007/2/5/735861/imdead.gif

    ReplyDelete
  9. ဒီလိုလဲမဟုတ်ပါဘူး။ လူပြိုကြီ:ရဲ့ အချစ်ရေးကိုစိတ်ဝင်စားနေကြတာဖြစ်မှာပါ။ အဲလေ မှားလို. လူပျိုကြီး :-)))))

    ReplyDelete
  10. ညီမလေး တွန်းအားပေးပုံက နောက်ကနေ ဖနောင့်ကလေးနဲ့ ...ကိုဘွိုင်းဇ်ဇ်ဇ် တင်ပါးကို တံဆိတ်လှမ်း လှမ်း ရိုက်ပေးတာ ....အဲသလို မဟုတ်လား...ခိ..:))

    ReplyDelete
  11. ညီမလေးက အမောဆို့သေစေချင်တယ်ထင်တာပဲ :)

    ReplyDelete
  12. ညီမလေးကော ညီမလေးအကိုကြီးကိုရော အားကျပါတယ်။
    ပြေးဖို့စိတ်ကူးနေဒယ်

    ReplyDelete
  13. လူပျိကြီးကိုပြေးချင်လာအောင် ပြောနိုင်တဲ. ညီမလေးကို တစ်ကယ်ပဲ ကျေးဇူးတင်လိုက်ပါ..ကိုဘ.. :))))

    ReplyDelete
  14. သိပါဘူး ဆီးချိုစစ်တဲ့အကြောင်း ပို့စ်လုပ်ရေးပြန်တာလားလို့

    ReplyDelete
  15. ညီမလေးကြောင့်ကိုး ... ခုတော့သိပြီ။ ကျွန်တော်လဲ ပြေးဖြစ်အောင် တစ်ယောက်လောက် လိုက်ကြည့်ထားမှထင်တယ် ဟမ်

    ReplyDelete
  16. အော်.. ညီမလေးကို သတိရလိုက်တာလေ...။ :P
    ခွိ....။

    ReplyDelete