Tuesday, February 9, 2010

သတ်ပုံမှားတဲ့ည

လှံဖျား ပုဇဉ်းနားတုန်း
ကျီးကန်းက ချေးပါချသတဲ့။

တိုက်တိုက်ဆိုင်ဆိုင်
ကြားလိုက်ရတဲ့ ပန်းရှိုက်သံကြောင့်
လိပ်ပြာတစ်ကောင်
လန့်ဖျတ်ပြီး ပျံထွက်သွားတယ်။

ပန်းရုံမှာတော့ ရုတ်ရုတ်သဲသဲနဲ့ ကျန်ခဲ့လေရဲ့။
မြေပြင်ကို ပွင့်လွှာတစ်ချို့ သက်ဆင်းသွားတာ မြင်ရတယ်။

ရုတ်တရက် မွေ့လိုက်တဲ့ လေရိုင်းကြောင့်လား။
နဂိုအခြေမခိုင် ယိုင်နဲ့နေတဲ့ အညှာကြောင့်လား။

မျက်ကန်းတောတိုး စိတ်ဆင်ရိုင်းတစ်ကောင်
နောင်တ ဒဏ်ရာနဲ့ အော်ညည်းနေလေရဲ့။

ခက်ထန်နုပျိုတဲ့ သားသမင်နဲ့
ရမ္မက်ထန်နေတဲ့ ကျားဘုရင်တို့
တစ်ဘက်ကို တစ်ဘက် အကဲစမ်းနေလေရဲ့။

အမှောင်တွေ ကွယ်ပျောက်ပြီး
လင်းပတဲ့ မနက်ခင်းတစ်ခုကို ရောက်ဖို့
သတ်ပုံမှားတဲ့ ည ဘယ်နှစ်ခုကို ဖြတ်ရဦးမလဲ။



ကဗျာမဟုတ်။ စာစုသာဖြစ်ပါတယ်။
နားလည်မှာ မဟုတ်တဲ့ အတွက် နားလည်ချင်ယောင်ဆောင်ပေးလဲ စိတ်မဆိုးပါဘူး။
ဘယ်သူသိတာမှတ်လို့။

17 comments:

  1. ဟင်....ဒါ့ကြောင့် ကိုဘွိုင်းဇ်ဇ်ဇ်ကြီးတယောက် ခြုံတွေနား တကုန်းကုန်း လိုက်ချောင်း အဲလေ...လိုက်ကောက်နေတာကိုး.....
    (ပန်းကြွေတွေကို...ကြိုးနဲ့သီ ရောင်းစားမယ် ဆိုပါတော့....)

    ReplyDelete
  2. နားလည်ချင်ယောင်ဆောင်သွားပါဒယ် ....

    ReplyDelete
  3. ထင်တယ်။ ထင်တယ်။ မချစ်ကြည်အေးတို့ အားနေပြီဆိုရင်တော့ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပဲ။

    ReplyDelete
  4. ဟေ့...
    ကဗျာမဟုတ်တဲ့ စာစုကို ဘယ်သူနားလည်လည် မလည်လည် ကိုယ်နားလည်တယ်လို့ (ဇွတ်) ပြောသွားတယ်...
    မှားတတ်တဲ့ သတ်ပုံတွေကို သင်ပြသွားတာ မဟုတ်လား...း))

    ReplyDelete
  5. ဟုတ်တယ်။
    “ည” နဲ့ “ဉ ” ကို မခွဲတတ်သူတွေအတွက် မဂျီးတက်ဝေ ပြောသလို သတ်ပုံပြင်ပေးတာ...။
    (ပျက်ပါပြီ အမေရဲ့.... တားရဲ့ ခံစားချက်စာစုလေးဒေ... လူဇိုးဒေ... )

    ReplyDelete
  6. ဒီလို အမဆိုးဆိုးတွေကြားထဲမှာ ခံစားချက်တွေ သီကုံးပြချင်အုံးလေ...
    ဟွန့်... အားလုံး ပျက်ပြီသာမှတ်...း))

    ReplyDelete
  7. သိကိုမသိတာ ဒါဗြဲ ကဗျာ လိုလို ဘာလိုလိုဆို မခံစားတတ်ဘူး

    ReplyDelete
  8. သူများတွေကျ သတ်ပုံမှားလို့  စာပြင်ဆရာလိုက်လုပ်တယ် ကိုဘကိုယ်တိုင်ကျတော့ သတ်ပုံမှားတဲ့ည ဖြစ်တယ်
    အဲ့ညက သောက်တာ များသွားလို့ နေမယ်
    နောက်အားမှ အဲ့ခံစားချက်စာစုကို လာဖျက်ပေးမယ် အဲလေ လာပြင်ပေးမယ်
    ပုံစံတူ မူကွဲလေး

    ReplyDelete
  9. အင်း သတ်ပုံတွေတောင် မှားကုန်ပြီလား ကိုဘွိုင်းဇ် ရေ !
    ဖတ်ပြီးတော့ နားလည်ချင်ယောင်ဆောင် သွားပါတယ်။
    ( ခက်ဆစ် အဓိပ္ပါယ် ရှင်းလင်းချက်ရေး ကို နောက်ဆက်တွဲ ထည့်ရေးပေးယင် သိပ်ကောင်းမယ်နော်။ ) :)

    ReplyDelete
  10. ဘာမှကို မသိ ဘာမှကို ” အမ် ဟန် ၊ အမ် ဟု ”
    အဟတ် ခံစားတတ်သလို ခံစားတယ် ဗျာ
    နွားလည်း မလည်ဘူး ၊ လည်လွန်းတဲ့ ဘီး ချေး နင်း ဘာဆိုလား ဒါပဲ သိတယ် အဟတ်

    ReplyDelete
  11. စာစုဖြစ်ဖြစ် ကဗျာဖြစ်ဖြစ် ရေးထားတာကို လာဖတ်ပြီး ခံစားသွားပါတယ်နော်။ ပန်းရုံမှာ ရုတ်ရုတ်သဲသဲဖြစ်တာတောင် မြင်ရသေးတယ်။ စိတ်ဆင်ရိုင်း အော်ညည်းတာကိုလည်း ကြားရသေးတယ်။ သားသမင်နဲ့ ကျားဘုရင် တဖက်နဲ့ တဖက် အကဲစမ်းတာကိုလည်း ကြည့်ဖြစ်သေးတယ်။ သေချာတယ် ကိုကြီး အဲဒီ ည က သတ်ပုံမှား မနေပါဘူး။ ကိုကြီး ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. ???
    ဖြည်းဖြည်းသက်သာလေးပေါ့။

    ReplyDelete
  14. မောင်သီကို ပရီမီယံကြေးသွားပေးလိုက်ပါ ကိုဘ

    ReplyDelete
  15. ဘာလို့ ပရီမီယံကြေး ပေးရတာလဲ။
    မောင်သီက အာမခံ ဌာနမှာ လုပ်နေတာလား...။ ???
    နားမလည်ဘူး... ရီတာရဲ့။

    ReplyDelete