Thursday, April 8, 2010

Shan Foods

ထိုဟူးကြော်များကို ပြန်သုပ်ပေးနေသော အဒေါ်ကြီး။ အင်တာနက်ပေါ် တင်မလို့ ဆိုတာနဲ့ တစ်ပွဲတိတိ အလကား ပေးစားတယ်။ ပိုက်ဆံပေးတာ မယူ။ (ဒါတောင် သူများတွေလို ဒီအက်စ်လယ်အာတွေ မပါသေး။ ဆိုနီ ကင်မလာဖုန်းနဲ့ပဲ ရိုက်ထားတာ။)



ဒီနှစ်မှ ပေါ်လာတဲ့ စားစရာ တစ်မျိုးပါ။ ဘာကောင်လဲတော့ မသိဘူး။ အရသာက ပုဇွန်ခြောက်လိုပဲ။ ကောင်းတယ်။


ဒီဝက်အူချောင်းကတော့ ထမင်းလွတ် စားလိုက်တဲ့ ဝက်အူချောင်း ။ အစိတ်သားလောက်ကို တစ်ထိုင်တည်း စားလိုက်တာ။ ထပ်စားချင်သေးတယ်။ (သူများတွေလို သုံးလေးရက် ကြာမှ စင်ကာပူ ရောက်မှ ပြန်ကြော်တာကို ရိုက်ပြ စားပြတာ မဟုတ်။ ဈေးထဲက လတ်လတ်ဆတ်ဆတ် ဝယ်လာတဲ့ ဟာကို စားတာ။ ပူပူလေး ...။ ရှလွတ်)


မှတ်ချက်။ တီဇက်အေနှင့် ပုံအပြိုင်တင်နေသည်ဟု အမြင်မရောက်စေလို။

ပုံ/ TZA မပါလျင် ခေတ်မမှီဟု အပြောမခံနိုင်သူ တစ်ဦး။

နောက်အများကြီးလာမည်။ မကြာမှီ လာမည်မျှော့......။

11 comments:

  1. fried tofu... sar chin tae... ;(
    sausage....................
    dun like... ;(

    ReplyDelete
  2. တိုဟူးတွေကြော်၊ ပြန်သုတ်တာကို ကျွန်ုပ်တို့အရပ်မှာ စိန်မန်းသုတ်လို့ခေါ်ပါတယ်။

    ReplyDelete
  3.ေ ခ တ် မီ သွား လေ သူ ကြီး ရဲ့. . . .း))

    ReplyDelete
  4. အဲဒီအကောင်လေးက နံကောင်အရပ်ရှည်တဲ့ဟာထင်တယ်နော်..
    သူများနံကောင်တွေစားတာတွေ့ဖူးတယ်..
    ပုရစ်လိုဘဲ စိမ့်တယ်တဲ့

    ReplyDelete
  5. ပုရစ်နဲ့နှံကောင် စပ်ကျထားတာလား ?

    ReplyDelete
  6. ဘွိုင်းရယ်...TZA ပါမှ ခေတ်မီတာ မဟုတ်ပါဘူး
    TZA မပါလည်း ဘွိုင်းက ခေတ်မီပြီးသားပါကွယ်
    TZA ပါမှ ခေတ်မီမယ်လို့ တို့တော့ မထင်ပါဘူး
    TZA နဲ့ ပုံတွေ အပြိုင်တင်နေတယ်လို့လည်း မမှတ်ပါဘူး
    ဒါနဲ့ အဲ့ဆိုင်က TZA ဖွင့်ထားတာလား....

    ပုံ / TZA လုံးလုံး မပါလိုသူ
    CKA

    ReplyDelete
  7. ဟို အပေါ်က တယောက်ကလည်း အဲသလို မန့်ဖို့ အမ်စီတောင် ယူရတယ် ဆိုလား...

    ReplyDelete
  8. ဘယ်တုန်းက ဓါတ်ပုံနဲ့ လုပ်စားနေတာလဲ

    ReplyDelete
  9. အစိတ်သားလောက်ကို တစ်ထိုင်တည်း စားလိုက်တာ စလုံးရောက်တော့ မရပ်မနားပြေးရတော့တာပဲ...ဟုတ်တယ်ဟုတ်။ တစ်ပွဲတိတိ အလကား ပေးစားတဲ့ အဒေါ်ကြီး ဒီပုံကိုမြင်ရင် ပိုက်ဆံပြန်တောင်းမှာသေချာတယ်..၀ါးတားတားနဲ့မို့လို့တဲ့။

    ReplyDelete
  10. တို့ဟူးသုတ် အလကားစားရတဲ့အကြောင်း ပြောနေတုန်း ဟိုအကောင်ကြီးပုံ ထိုးပြတော့ တို့ဟူးသုတ်ထဲ ကျလာတဲ့ အကောင်ကြီးမှတ်လို့..

    ReplyDelete
  11. ပုရစ်ကြီးမြင်နေတာကို.. ဘာမှန်းမသိဘူးတဲ့
    ထုံဘ

    ReplyDelete