Monday, August 31, 2009

As Usual

မနက်တိုင်း မငြီးမငွေ့စားဖြစ်နေတဲ့ ဝက်နံရိုးခေါက်ဆွဲ။

စားဖန်များတော့ ဆိုင်ရှင်က ကိုယ်လာရင် ထိုင်ပဲ စောင့်နေခိုင်းတော့တယ်။ သူ့ဟာသူ ပြင်ပြီး လာပို့ပေးတယ်။ တစ်ခြားရွေးချယ်စရာကလဲ ဝေးတော့ မသွားဖြစ်။ နီးနီးနားနား ဒီဆိုင်ကပဲ စားဖြစ်နေတယ်။

Saturday, August 29, 2009

ကျွန်တော် ငပွကြီး

ငယ်ငယ်တုန်းက ဖတ်စရာ စာတွေ အလွန်ရှားတယ်။
နေရတဲ့ နေရာက သွားလာရေး ခက်ခဲတဲ့ တောင်ပေါ်လေ...။
အသစ်ကုန်သွားရင် အဟောင်းတွေကို အစကနေ ပြန်ဖတ်တယ်။
အများဆုံး ဖတ်မိတာ သုတစွယ်စုံပဲ။
အဲဒီခေတ်က ခဲစာလုံးခေတ်။ ခဲစာလုံးခေတ်ဆိုတော့ စာတစ်မျက်နှာကို ခဲစာလုံးတွေ စီရတယ်။ ခဲစာလုံးတွေက စာလုံးပြောင်းပြန်တွေ။ ဆိုတော့ စီတဲ့သူက စီပြီးရင် အဲဒီ စီထားတာကို ပရုဖတ်တဲ့ စာပြင်ဆရာဆီ ပို့ရတယ်။ စာပြင်ဆရာဆိုတာ နာမည်အတိုင်းပဲ စာကိုပြင်တာ။ စာအနေအထား၊ စာပိုဒ်ခွဲပုံ၊ သတ်ပုံ၊ ဘာညာ ဘာညာ...။
အဲဒီတော့ အရင်ခေတ်က (ကွန်ပြူတာနဲ့ စာမစီသေးတဲ့ ခေတ်) ထုတ်တဲ့ စာအုပ်တွေမှာ သတ်ပုံ အကျအပေါက်နည်းတယ်။
ဆိုတော့ အဲဒီ စာလုံးပေါင်း သတ်ပုံမှန်တဲ့ စာတွေချည်းပဲ ဖတ်ရတာ ဆိုတော့ ကိုယ်က စာရေးရင် စာလုံးပေါင်း သတ်ပုံအမှားတွေ အများကြီး မဟုတ်တောင် တော်တော်နည်းတယ် ဆိုတဲ့ အဆင့်ပဲ။ စာဖတ်လိုက်ရင် စာလုံးပေါင်းမှားတဲ့ နေရာဆို ဖတ်ရတာ ထောင့်တောင့်တောင့် ဖြစ်တယ်။
နောက်ပြီး ဖတ်စရာရှားတဲ့ အရပ်ဆိုတော့လဲ နောက်ဆုံးကို ဖတ်စရာမရှိရင် ကျောင်းဖတ်စာအုပ်တွေ ဖတ်ဖြစ်တယ်။ ကျောင်းစာအုပ်ဆိုတာ နိုင်ငံတော်ကနေ ထုတ်တာဆိုတော့ အမှားအယွင်း နည်းတယ်။
ခုတစ်လော စာတွေကို စာအုပ်နဲ့ အသေအချာ မဖတ်ဖြစ်တာ တော်တော်ကြာပြီ။ အွန်လိုင်းပေါ်ကစာတွေပဲ လိုက်ဖတ်ဖြစ်တယ်။ လိုက်ဖတ်တော့ တော်ရုံမမှားသင့်တဲ့ အမှားတွေ တော်တော်များများ တွေ့တယ်။ သတ်ပုံအမှားတွေ့တိုင်း လိုက်လိုက်ပြောပြီး ပြင်ချင်တာ ကျွန်တော့် ဝသီပဲ။ ကျွန်တော် ဝင်နေကျ ဖိုရမ်တွေမှာ ကျွန်တော် သိတဲ့ သတ်ပုံ အမှားတွေကို သိသလောက် ပြင်ပေးတယ်။ ကျွန်တော့် CBox မှာ လာရေးတဲ့သူတွေထဲက ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတွေကို သတ်ပုံအမှားရေးတာ မြင်ရင် ပြင်ပေးတယ်။ ရင်းနှီးသူတစ်ချို့ရေးတဲ့ Blog တွေမှာ သူတို့ Post တွေ သတ်ပုံအမှားတွေ့ရင် ပြင်ပေးတယ်။ ယုတ်စွအဆုံး ဂျီတော့ခ်မှာ ပြောနေရင်း မှားရင် ကျွန်တော် ပြင်ပေးတယ်။

အစကတော့ သတ်ပုံမှားနေတာကို အမှန်ပြင်ပေးရင် လူတွေ လက်ခံလိမ့်မယ်လို့ ကျွန်တော် တွေးတယ်။ နောက်တော့ မဟုတ်တော့ဘူး။ ဖိုရမ်တစ်ခုမှာ ကျွန်တော် ပြင်ပြင်ပေးတော့ ကျွန်တော့်ကို အမြင်ကပ်သူများက ခပ်ထေ့ထေ့နဲ့တစ်ဖုံ၊ ပေါ်တင်ပြောခြင်းဖြင့်တစ်နည်း၊ စောင်းပါးရိပ်ခြည်ဖြင့် တစ်သွယ် ပြောကြတယ်။

CBox မှာလဲ လာပြောကြတယ်။ ဒါတောင် တစ်ချို့Blog က comment တွေမှာ ကျွန်တော် လိုက်ပြင်ပြီးမှ နောက်ပိုင်း တက်လာတဲ့ comment တွေကို ကျွန်တော် လိုက်မဖတ်ဖြစ်သေးလို့ ဘယ်လို action တွေ လာမယ်ဆိုတာ မသိတာ...။

နောက်ဆုံးမှာ ကျွန်တော် ကြုံလိုက်တာက ပြောမနာ ဆိုမနာ ညီမလေးတစ်ယောက်နဲ့ ဂျီတော့ခ်မှာ ပြောနေရင်းနဲ့ သူ့မက်ဆေ့ခ်ျတွေမှာ သတ်ပုံအမှား ပြင်ပေးမိရာကနေ သူစိတ်ဆိုးသွားတယ်။ သတ်ပုံပြင်မယ်ဆို သူနဲ့ မပြောနဲ့တဲ့။ မပြောနဲ့ဆိုတော့လဲ မပြောဘူးပေါ့။ ကျွန်တော်လဲ ပြောလက်စ ဂျီတော့ခ်ကို ပိတ်လိုက်တယ်။ ခုထိ အဆက်အသွယ် မလုပ်တော့ဘူး။

မင်းက ဆရာကြီးလားလို့ မေးရင် သင်ယူနေဆဲ စာသင်သမား ပါလို့ပဲ ပြောချင်ပါတယ်။


ကျွန်တော် ငပွကြီးလား...။

သတ်ပုံအမှားကို ရေးမိတဲ့ အကြောင်းရင်းကို ကောက်ချက်ချရရင်
၁။ သတ်ပုံအမှန်ကို မသိလို့
၂။ ကီးဘုတ်မှာ ရိုက်ရမယ့် မြန်မာ လက်ကွက်အမှန်ကို မသိလို့
၃။ ယပင့်၊ ယရစ်(အကြီး အသေး) တွေမှာ အမြီးပြတ် ခေါင်းပြတ် ရိုက်ရတာတွေ၊ တစ်ချောင်းငင် နှစ်ချောင်းငင် တွေကို အတိုလား အရှည်လား ရိုက်ရတာတွေဟာ ဇော်ဂျီ ကီးဘုတ်မှာ နည်းနည်းခက်တယ်။ အဲဒါကြောင့်
အထက်ပါ အကြောင်းအချက်များကြောင့် သတ်ပုံအမှား ရေးဖြစ်တယ်လို့ ကောက်ချက် ချမိတယ်။။

နံပါတ် ၃ အတွက် ကျွန်တော် ဇော်ဂျီလက်ကွက် ဗားရှင်း၂၀၀၈ ကိုသုံးပြီး ဘယ်စာလုံးဟာ ဘယ်နေရာဆိုတာကို တတ်နိုင်သလောက် ဒီနေရာမှာ ပို့စ်တစ်ခု အနေနဲ့ တင်ပေးဖူးတယ်။ အောက်ကလင့်ခ်ကို ကလစ်နှိပ်ကြည့်ပြိးတော့ ဘယ်စာလုံးကို ဘယ်လက်ကွက်မှာ ရိုက်နိုင်တယ်ဆိုတာ မြည်းစမ်းကြည့်ပါလားဗျာ။
http://heartstations.blogspot.com/2008/07/blog-post_09.html

မြင်သာအောင် ပုံနဲ့တစ်ကွ ဖေါ်ပြလိုက်ပါတယ်။
Credit to Alpha Zawgyi Group
လောလောဆယ်တော့ မြန်မာသတ်ပုံကျမ်းကလဲ အဟောင်းနဲ့ အသစ်မှာ တစ်ချို့စာလုံးတွေ နှစ်မျိုးဖြစ်နေတာ တွေ့ရတယ်။ အများလက်ခံတာကိုပဲ သတ်ပုံ အမှန်လို့ပဲ ယူဆရမှာပ။

Tuesday, August 25, 2009

ကျွန်ပ်တို့၏ ကမ္ဘာမြေကြီး။ HOME

ဒီနှစ် စပါး အထွက်နည်းတယ်။
ဆောင်းဝင်နောက်ကျတယ်။
မုန်တိုင်းကျတာ မနှစ်ကထက် ပိုများလာတယ်။
ဆယ်လ်မွန်ငါးတွေ ဒီနှစ် ကနေဒါကို မပြန်ကြတော့ဘူး။ ၄% သာ ပြန်လာကြတယ်။
အယ်နီညိုး ပြန်ဖြစ်လာပြီ။
ရေခဲတောင်တွေ တော်တော်ပြိုနေတယ်။
မိုးနည်းရေရှား ရပ်ဝန်းတော်တော်ကျယ်ပြန့်လာတယ်။

ဖန်လုံအိမ်အာနိသင်ကြောင့်တဲ့။
ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေ လေထုထဲ ရောက်ကုန်လို့တဲ့...။
ဘာ့ကြောင့် ဒီလိုတွေ ဖြစ်နေတယ်ဆိုတာကို အောက်က လင့်ခ်မှာ အချိန်ယူပြီး ကြည့်ကြစို့လား။
တစ်နာရီကျော်ကျော် ကြာပါတယ်။
ဒီဗွီဒီ တစ်ချပ်စာကို သက်ဆိုင်ရာ ကုမ္ပဏီက Youtube ပေါ် အခမဲ့ ကြည့်နိုင်အောင် တင်ထားပေးတာပါ။
Subtitle လဲ English လို စာတမ်းထိုးထားပေးပါတယ်။
High Definition Full HD အနေနဲ့ ကြည့်လို့ရအောင် တင်ထားပေးပါတယ်။
ကော်နက်ရှင် နှေးသူများအတွက် Standard Definition အနေနဲ့လဲ ကြည့်နိုင်ပါတယ်။

ကမ္ဘာမြေကြီးကို ကယ်တင်ကြစို့။

We are living in exceptional times. Scientists tell us that we have 10 years to change the way we live, avert the depletion of natural resources and the catastrophic evolution of the Earth's climate...

ကြည့်ရှုရန် အောက်ကလင့်ခ်ကို ကလစ်နှိပ်ပေးပါ။
HOME

Credit to : Home Project, YouTube

(ဒီ Documentary ကို ယူကျူ့ပေါ်တင်တော့ ကျွန်တော့်ကို ကြည့်ဖို့ သတင်းပေးခဲ့တဲ့ ညီမလေး ငယ်လေးကို ကျေးဇူးတင်ပါတယ်။)

Monday, August 24, 2009

Yoga Vs. Whisky


Picture 1. It takes years of practice to do this asana.


Wait....
Pls, scroll down to see something unusual.
...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

Picture 2. It takes only 8 pegs of whisky also to do the same kind of asana.

Picture 2. It takes only 8 pegs of whisky also to do the same kind of asana.

So Why pratice? Just have whisky, huh?


(No offense, just want to ease the Monday Blue tension.)
Got it from email.

Thursday, August 20, 2009

A Little Tips To Play In Mafia Wars for Entry Level Members


Facebook ထဲက Game တစ်ခုဖြစ်တဲ့ မာဖီးယားဂိမ်းကို အခုမှ စတင်ကစားမယ့် Entry Level များအတွက် ကိုယ်သိသလောက်လေး နည်းနည်းချင်း မျှပေးတာပါ။ ပထမဦးဆုံး http://www.facebook.com မှာ Register လုပ်လိုက်ပါ။ Game ကစားရုံသက်သက်ဆိုရင် ကိုယ့်ရဲ့နာမည်တွေ၊ ကိုယ်ရေးမှတ်တမ်းတွေကို အတိအကျ ပေးစရာ မလိုပါဘူး။ နာမည်ပြောင်၊ ဘိုင်အိုဒေတာ အတုတွေနဲ့ register လုပ်လို့ရပါတယ်။ အကောင့်တစ်ခု ဆောက်ပြီးပြီဆိုရင် application ထဲက Mafia Wars ဆိုတာကို ရွေးပါ။ ဖေ့ဘွတ်အကောင့် တစ်ခု ဆောက်ပြီးတာနဲ့ အလိုအလျောက် မာဖီးယား ဆော့လို့ရပါတယ်။

Promote : အဲဒါက သူတို့ကို တစ်ခြားဂိုဏ်းနဲ့ ချတဲ့နေရာမှာ ဘယ်နေရာမှာ ဘာတာဝန်ဆိုတာ ခွဲဝေ တာဝန်ချတာပါ။ Mafia ရဲ့ Home မှာ တွေ့နိုင်ပါတယ်။ စစ်တိုက်ကောင်းသူကို ရှေ့တန်းထား.. အတွက်အချက် ကောင်းသူကို စာရင်းကိုင်ထား.. အဲလိုပေါ့...။ အဲဒီနေရာ တစ်ခုမှာ မန်ဘာတစ်ယောက်ကို ထားကြည့်လိုက်။ ကိုယ့်အတွက် ဘယ်% တက်မလဲ ကြည့်လိုက်။ နောက်တစ်ယောက်ကို ထားကြည့်လိုက် ဘယ်% လဲ မှတ်လိုက်...။ အများဆုံး % ပေးနိုင်သူကို အဲဒီနေရာမှာ ထားပေါ့ကွယ်။

သူများကို သွား Fight မယ်ဆိုရင် Fight ဆိုတဲ့ Button ကို အရင်နှိပ်ရတယ်။ နှိပ်လိုက်ရင် Fight, Hit List, Declare War, Rob ဆိုတဲ့ Tab လေးခု (တစ်ချို့ Entry Level များအတွက် Rob Function က နောက် အဆင့်မြင့်မှ ပါတယ်။) တွေ့လိမ့်မယ်။ Experience များများရချင်ရင်တော့ fight ကိုသာ များများလုပ်ပါ။ ပိုက်ပိုက်ရတာ နည်းတယ်။ Rob က Exp နည်းပြီး ပိုက်ပိုက်ရတာ များတယ်။ Exp များလာရင် လယ်ဗယ် တစ်ဆင့် တက်ပါတယ်။ လယ်ဗယ် တစ်ခါတက်ရင် ကိုယ့်မှာ ရှိတဲ့ Health, Energy နဲ့ Stamina ပွိုင့်တွေ ၁၀၀% ပြန်ပြည့်ပါတယ်။ ယင်းအပြင်ကို Skill Point 5 point အပို ရပါတယ်။ အဲဒီပွိုင့်တွေကို Attack or Defense or Stamina or Health or Energy စတာတွေမှာ သွားတိုးနိုင်ပါတယ်။ Attack ပွိုင့်များရင် သူများကို တစ်ခါချရင် Exp များများရသလို တစ်ဘက်သားက မြန်မြန်ကျဆုံးပါတယ်။ Defense များရင် ကိုယ့်ကိုယ် တစ်ဘက်ရန်သူက လွယ်လွယ် လာလုပ်ကြံလို့ မရပါဘူး။ Stamina က Robbing လုပ်တာမှာ သုံးတာပါ။ တစ်ခါ Rob လုပ်တိုင်း Stamina တစ်ပွိုင့် လျော့ပါတယ်။ လျော့သွားခဲ့ရင် ၅မိနစ်တစ်ပွိုင့်နှုန်းနဲ့ တိုးပေးပါတယ်။ Fight ကျတော့ Energy ရှိမှ Fight လုပ်လို့ရပါတယ်။ သူလဲ ၅မိနစ်ကို တစ်ပွိုင့်နှုန်း တိုးတာလား မသိဘူး။ Energy တွေက အချင်းချင်း ပို့ပေးလို့ ရပါတယ်။ ပို့လာတဲ့ Energy ကို သုံးမယ်ဆိုရင် လက်ရှိကိုယ့် Energy ရှိသလောက် အပြည့်ဖြည့်ပေးတဲ့ အပြင်ကို ၂၅% အပိုဆောင်း ဘောက်ဆူးရပါတယ်။ Health ပွိုင့်ကျတော့ ကိုယ်သွားပြီး Fight or Rob လုပ်တဲ့ တစ်ဘက်သားရဲ့ ခုခံတိုက်ခိုက်စွမ်းရည်ပေါ် မူတည်ပြီး လျော့နည်းပါတယ်။ သူက ပိုက်ပိုက်ရှိရင် ဆရာဝန်ကို ကုခိုင်းလို့ရတယ် တစ်ခါကုပြီး ၃ မိနစ် Gap ခံတယ်။ ၃မိနစ်ကျော်မှ ထပ် ကုလို့ရတာပါ။

ဆက်ပြီး Fight ကို ရွေးလိုက်ရင် ကိုယ့်ဂိုဏ်း မဟုတ်တဲ့ တစ်ခြားဂိုဏ်းက လူတွေ စာရင်းအရှည်ကြီး ထွက်လာလိမ့်မယ်။ အမြဲတမ်း ကိုယ့်အောက် လယ်ဗယ်နိမ့်ပြီး ဂိုဏ်းဝင် အရေအတွက် နည်းတဲ့ ရန်သူကိုသာ တိုက်ခိုက်ပါ။ Health ပွိုင့် ၂၀ အောက်ရောက်နေရင် Fight လုပ်လို့ မရပါဘူး။ ဆရာဝန်ဆီ ပြေးပြီး ဆေးကုပါ။ The Hospital ဆိုတာ နှိပ်ပြီး Heal လုပ်ပါ။

Declare War ကတော့ အချင်းချင်း ပြန်တိုက်တာ ပြောတာ။ သူက ခုတစ်ပတ်မှ ပေါ်လာတာ။ ကောင်းကောင်း မဆော့ဖြစ်သေးဘူး။ ဒါပေမဲ့ သူက အချင်းချင်း သတ်တာပဲ။

Rob ကျတော့ သူများကို သွားဒမြတိုက်တာပါ။ သူ့ကျတော့ Exp နည်းနည်းပဲ ရပြီး ပိုက်ပိုက်များများရတာပါ။ ကိုယ့်ကိုယ် သူများလာတိုက်ရင် ကိုယ်ပိုင်တဲ့ ပစ္စည်းတွေ ပျက်စီးပြီး ငွေရှိရင် ငွေပါ လုယူသွားတတ်တယ်။ ပစ္စည်းတွေ ပျက်စီးရင် ပြန်ပြင်ရပါတယ်။ စရိတ်ကုန်ပါတယ်။ ပြင်ပြီးရင် ရဲကို လာဘ်ထိုးပြီး ကိုယ့်ပစ္စည်းကို အစောင့်အရှောက်လုပ်ခိုင်းလို့ရပါတယ်။

ပိုက်ပိုက်တွေ များလာရင် ဟော်တယ်တွေ၊ မီဂါ ကာစီနိုတွေ၊ စားသောက်ဆိုင်တွေ၊ အပါ့တ်မဲန့်တွေ ဆောက်နိုင်ပါတယ်။ အဲဒါတွေ ဆောက်ဖို့ သက်ဆိုင်ရာ မြေကွက်တွေ ဝယ်ပေးရပါသေးတယ်။ မီဂါ ကာစီနို ဆောက်ဖို့ Prime Downtown Lot ဝယ်ရပါတယ်။ ထိုနည်းတူ ဟော်တယ် ဆောက်ဖို့ Beach Front lot ဝယ်ရပါတယ်။ အဲဒါတွေ ဝယ်ထားရင် သူတို့ဆီကနေ တစ်နာရီတစ်ခါ ဝင်ငွေ မှန်မှန်ဝင်ပါတယ်။ သူများ လာတိုက်လို့ ပျက်စီးသွားရင် ပြန်ပြင်ရတဲ့အတွက် ပြင်စရိတ် ကုန်ပါတယ်။

တစ်ခါဝယ်ရင် ဈေးတွေက ခုန်တက်သွားပါတယ်။ တစ်ခါတစ်ကွက်၊ တစ်လုံး၊ တစ်ဆိုင် မဝယ်ပဲ ပိုက်ဆံအရင်စုပြီး တစ်ခါကို ၁၀ ယူနစ်စီ ဝယ်တာ သက်သာပါလိမ့်မယ်။ နို့မို့ တစ်ခါ တစ်ယူနစ်ဝယ်လိုက်ရင် နောက်တစ်ကြိမ်မှာ ဒီ့ထက် ဈေးပိုကြီးတာကို ဝယ်ရပါလိမ့်မယ်။ ၁၀ ယူနစ်စာ ပိုက်ဆံစုထားပြီး တစ်ခါကို ၁၀ယူနစ်စီဝယ်တာ ပိုကိုက်ပါတယ်။

ရလာတဲ့ ပိုက်ဆံတွေကို ကိုယ့်ဆီမှာ သိမ်းမထားပဲ ဘဏ်မှာ သွားအပ်ခြင်းဖြင့်
၁။ ငွေမဲကနေ ငွေဖြူ ဖြစ်နိုင်ပါတယ်။
၂။ သူများတွေ ကိုယ့်ဆီ လာတိုက်ရင် ငွေတွေ ပါမသွားပါဘူး။

ဒါပေမဲ့ ဘဏ်ကို ငွေဖြူ ပြောင်းခ Laundry Fees ၁၀% ပေးရတယ်။ ဘဏ်မှာ သူတို့ အပ်ထားတဲ့ ပမာဏ တစ်ခုခု ပြည့်မှီရင် Acheivement တစ်ခု ရပါတယ်။ ဒါကတော့ ဘာမှ အသံး မဝင်ပေမယ့် ကိုယ်ဘယ်လောက် ပိုက်ပိုက် ရှိတယ်ဆိုတာ ကြွားတဲ့ သဘောပါ။

Jobs ကျတော့ ဘယ် Jobs သည် ဘယ်လောက် Energy လိုအပ်တယ် ဘာ items လိုအပ်တယ် ဆိုတာ ရှိပြီးသားပါ။ Jobs တစ်ခါလုပ်တိုင်း Exp ဘယ်လောက် ပိုက်ပိုက် ဘယ်လောက်ဆိုတာ ရပါတယ်။ Loot items များလဲ ရနိုင်ပါတယ်။ Jobs တစ်ခု ပြီးရင်လဲ ၁ ပွိုင့်ရပါတယ်။

လယ်ဗယ် တစ်ခုပြီးရင် Reward Point ဆိုပြီး မာဖီးယား God Father များက ယုံကြည်ကိုးစားခြင်း အမှတ်ပေးပါတယ်။ အဲဒီ အမှတ်နဲ့ ပွိုင့်တွေ ဝယ်နိုင်တယ်။ ဂိုဏ်းသားအင်အား တိုးနိုင်ပါတယ်။

ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်ပါဦး။ နောက်ကို ထပ်တင်ပေးမယ်။
(အမှားအယွင်းရှိရင် ကော်မန့်ပေးခဲ့ပါ...။)

Wednesday, August 19, 2009

ကမောက်ကမ ဖြစ်စဉ်လေးတစ်ခု (PhD holder now a cabby)

ဒီနေ့ မနက် တက်လာတဲ့ သတင်းလေး တစ်ပုဒ်ပါ။ A*Star မှာ ၁၆ နှစ်ကြာ Researcher လုပ်လာခဲ့တဲ့ ပီအိတ်ခ်ျဒီ ဘွဲ့ရ တစ်ယောက် အလုပ်ပြုတ်ပြီးတော့ တက်က်စီဒရိုင်ဘာ ဖြစ်နေတဲ့ အကြောင်း။
သူက တရုတ်ပြည်က လာတာ။
အခုတော့ စင်ကာပူနိုင်ငံသား ခံယူထားတယ်။
သူ့အကြောင်းကို စထရိတ်တိုင်းမ်က သူတို့ရဲ့ အွန်လိုင်းသတင်းဆိုဒ်မှာ တင်ထားတယ်။
သူက သူ့ရဲ့ တက်စီမောင်းတဲ့ အတွေ့အကြုံကို ဘလော့တစ်ခုဖွင့်ပြီး တင်ထားတယ်။
အောက်က လင့်ခ်တွေမှာ စထရိတ်တိုင်းမ် သတင်းနဲ့ သူ့ဘလော့ကို ဖတ်နိုင်ပါတယ်.။

စထရိတ်တိုင်းမ်သတင်း
တက်စီဒရိုင်ဘာ ဘလော့

ဖတ်ပြီးတော့ ရင်မော။

Update : လင့်ခ်ပြုတ်နေတာ ပြန်ပြင်လိုက်ပါပြီ။

Tuesday, August 18, 2009

ကမ္ဘာတစ်လွှား သတင်းတိုထွာများ News In Brief (180809)

- ဂျော်ဂျီယာမှာ ရဲတစ်ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ်ကျခံစေဖို့ အမိန့်ချထားခြင်း ခံနေရတဲ့ အမေရိကန်နိုင်ငံသားကို စစ်ဆေးကြားနာမှု အသစ် စတင်ရန် အဆင့်မြင့် တရားရုံးက ထပ်မံ အမိန့်ချမှတ်လိုက်တယ်။
- ပျောက်ဆုံးနေတဲ့ ရုရှားကုန်တင်သဘောင်္ကို ဗာဒီအငူကျွန်းစုနားမှာ သဘောင်္သား ၁၅ ယောက်နဲ့အတူ ပြန်လည် ရှာဖွေတွေ့ရှိပြီလို့ ဆိုပါတယ်။
- ရုရှားတောင်ပိုင်းက ရဲဌာနတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ လူပေါင်း၂၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရသွားပါတယ်။
- စုံစမ်းစစ်ဆေးမှုများအရ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ဖြစ်တဲ့ ရေအားလျှပ်စစ်သုံး ဓါတ်အားပေးစက်ရုံပေါက်ကွဲမှုမှာ ဝန်ထမ်း ၈ ယောက် သေဆုံးပြီး ၅၄ ယောက် ပျောက်ဆုံးနေတယ်လို့ သတင်းရရှိပါတယ်။
- လူပေါင်းမြောက်များစွာ သေကျေဒဏ်ရာရတဲ့ ကူဝိတ်မင်္ဂလာဆောင်တစ်ခုရဲ့ လက်သည်ဟာ သတိုးသားရဲ့ ဇနီးဟောင်း ဖြစ်တယ်လို့ ကိုယ်တိုင် ခံဝန်ချက်ထွက်ဆိုမှုများအရ သိရပါတယ်။
- အီရတ်နိုင်ငံမှာ လိင်တူဆက်ဆံသူများကို ရဲနဲ့ ပူးပေါင်းပြီး လုပ်ကြံသတ်ဖြတ်မှုများ ရှိလာတယ်လို့ လူ့အခွင့်အရေး အဖွဲ့က စိုးရိမ်စွာနဲ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
- နယူးဇီလန်က သူခိုးတစ်ယောက်ဟာ သူ့ရဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို အခင်းဖြစ်ပွားရာ နေရာမှာ သဲလွန်စချန်ထားခဲ့တယ်လို့ အံ့အားသင့်နေတဲ့ ရဲစုံထောက်များက ပြောကြားပါတယ်။
- ဝါရှင်တန် ဒီစီမှာသုံးစွဲနေတဲ့ ဒေါ်လာငွေစက္ကူများရဲ့ ၉၅% ဟာ ကိုကိန်းဓါတ်များနဲ့ ထိတွေ့ထားခံရတယ်လို့ စစ်တမ်းတစ်ခုက တွေ့နေရပါတယ်။
- တရုတ်ပြည် အလယ်ပိုင်း ရှန်စီးပြည်နယ်မှာ ကလေးပေါင်း ၆၀၀ ကျော် အဆိပ်သင့်မှု ဖြစ်ပွားနေပါတယ်။ အစိုးရ အရာရှိများက ခဲသတ္တု သန့်စင်အရည်ကျိုတဲ့ စက်ရုံကို အပြစ်တင်နေပါတယ်။
- ဝှိုက်ဟာ့လိန်းမှာ ကျင်းပခဲ့တဲ့ လီဗာပူး-စပါး ဘောလုံးပွဲမှာ ဘက်ဆောင်တစ်ယောက် နာမည်ကြီးသွားပါတယ်။ လီဗာပူးက ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
- အာဖဂန်နစ္စတန်မှာ လူအများကန့်ကွက်လျက် ရှိတဲ့ ဥပေဒ တစ်ခုကို အတည်ပြုလိုက်ပါတယ်။ အဆိုပါ ဥပဒေမှာ မိမိခင်ပွန်းနဲ့ လိင်ဆက်ဆံဖို့ ငြင်းဆန်တဲ့ ဇနီးကို အစာမကျွေးပဲ အငတ်ထားနိုင်တယ်လို့ ခွင့်ပြုထားပါတယ်။
- ရုရှားနိုင်ငံက လေကြောင်းသရုပ်ပြပွဲတစ်ခုမှာ ဂျက်လေယာဉ်အချင်းချင်း တိုက်မိမှုကြောင့် ပိုင်းလော့ တစ်ဦး သေဆုံးပြီး မြေပြင်ပေါ်က ၅ ယောက် ဒဏ်ရာရသွားပါတယ်။
- ဒုတိယ သုံးလပတ် ကာလမှာ ဂျပန်စီးပွားရေး စတင်ပြန်လည် ဦးမော့ လာပါပြီ။ စီးပွားပျက်ကပ်ကနေ လွှတ်မြောက်လာတဲ့ အခြေအနေလို့ စီးပွားရေး ပညာရှင်များက သုံးသပ်နေပါတယ်။
- နိုင်ဂျီးရီးယူးနိုင်ငံ အနောက်မြောက်ပိုင်းက ဗလီတစ်ခုကို ရဲများက ဝင်ရောက်စီးနင်းရာမှာ မူဆလင် ဘာသာဝင်ပေါင်း ၆၀၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းများက ဆိုပါတယ်။
- ၂၀၀၁ ခုနှစ်နောက်ပိုင်း တပ်စွဲမှုမှာ အခုအချိန်ထိ ဗြိတိန်တပ်သားများ တာဝန်ထမ်းဆောင်ရင် သေဆုံးမှုဟာ ၂၀၁ ယောက်ထိ ထိုးတက်သွားပါတယ်။
- လွန်ခဲ့သော ဆယ်နှစ်ကျော်က မိုင်းဗုံးနင်းမိမှုကြောင် ခြေထောက်ဆုံးရှုံးခဲ့ရတဲ့ ထိုင်းနိုင်ငံက ဆင်တစ်ကောင်ဟာ ယခုအခါ ခြေထောက်တု အသစ်နဲ့ ပြန်လည် လမ်းလျှောက်နိုင်ပြီလို့ ဆိုပါတယ်။
- အွန်လိုင်း ဝဘ်ဆိုဒ်ပေါ်မှာ တည်းခိုခကို မှားယွင်းကြော်ငြာ တင်မိတဲ့ ဗင်းနစ်က ဟော်တယ်တစ်ခုဟာ အဆိုပါ အမှားအယွင်းကို လက်ခံပြီး ကြိုတင်အွန်လိုင်း ဘွတ်ကင်တင်သူများကို အရှုံးခံဝန်ဆောင်မှု ပေးသွားမယ်လို့ ဂတိပြု ပြောကြားသွားပါတယ်။ ယူရို ၁၅၀ တင်ရမှာကို တစ်ညကို တစ်ဆင့်ထဲသာ ပေးဆောင်ရမယ်ဆိုပြီး မှားယွင်း ကြော်ငြာမိတဲ့အတွက် ဖြစ်ပါတယ်။
- အာရှဖလား ဘတ်စကက်ဘောပြိုင်ပွဲ ယမန်နှစ်ချန်ပံယံ အီရန်က ပြိုင်ဖက် တရုတ်ကို ၇၂-၅၀ နဲ့ အနိုင်ရသွားပါတယ်။
- အိုးလ်ထရက်ဖို့ဒ်မှာ ယဉ်ပြိုင်ကစားသွားတဲ့ မန်ယူ-ဘာမင်ဂန်စီးတီး ဘောလုံးပြိုင်ပွဲမှာ ရူနီ ကန်သွင်းလိုက်တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ မန်ယူက အနိုင်ရရှိသွားပါတယ်။
- လူမျိုးရေး အဓိကရုဏ်းများ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။
- အပူပိုင်းမုန်တိုင်းတစ်ခုဟာ ဖလော်ရီဒါပြည်နယ်ကို ဦးတည်နေတယ်လို့ မိုးလေဝသ သတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။
- နာမည်ကြီး ဘောလိဝုဒ် သရုပ်ဆောင် ရှားရွတ်ခန်းကို အမေရိကန် လူဝင်မှု ကြီးကြပ်ရေး အရာရှိများက လေဆိပ်မှာ တစ်နာရီကျော် ကြာအောင် စစ်ဆေးမေးမြန်းမှုကြောင့် အိန္ဒိယပြည်သူများက အမျက်ဒေါသ ထွက်နေကြပါတယ်။
- ဂျပန်အခြေစိုက် ဆိုနီကုမ္ပဏီဟာ ဆိုနီအဲရစ်ဆန် ကုမ္ပဏီမှာ ရှယ်ယာအများစုကို ထပ်မံ ဝယ်ယူပြီးနောက်ပိုင်းမှာ ထိပ်ပိုင်းဆိုင်ရာ အရာရှိများ အပြောင်းအလဲကို ပြုပြင်ဖြည့်တင်း လိုက်ပါတယ်။
- တရုတ်နိုင်ငံက အံ့ဖွယ် အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ ဆံပင်နဲ့ ကားပေါင်း ၆စီးတိတိကို ကီလိုမီတာ ၅၀ အကွာအဝေးအထိ ဆွဲနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်ကို ပြသသွားပါတယ်။
- အစိုးရပိုင် သံမဏိစက်ရုံမှ လုပ်သားများဟာ အုပ်ချုပ်ရေးပိုင်းမှ ခေါင်းဆောင်များကို ဓါးစာခံအဖြစ် ဖမ်းဆီးဆန္ဒပြခဲ့တဲ့အတွက် အဆိုပါ စက်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး တရုတ်အရာရှိများရဲ့ အစီအစဉ် ခေတ္တ ရပ်ဆိုင်းထားပါတယ်။
- တရုတ်ပြည်ဟာ အင်တာနက် ထိန်းချုပ်ရေးစီမံချက် တစ်ခုဖြစ်တဲ့ ပီစီ ကွန်ပြူတာများမှာ ထုတ်လုပ်သူများက ဖီလ်တာ ဆော့ဖ်ဝဲများ မဖြစ်မနေ ထည့်သွင်းစေမှုကို တန်ပြန်အနေနဲ့ အမေရိကန်က အဆိုပါဆော့ဖ်ဝဲကို ကျော်လွားနိုင်တဲ့ နည်းပညာများ တီထွင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
- ရစ်ခ်ျတာစကေး ၆.၉ နီးပါး ရှိတဲ့ ဆူမားတြား ငလျင်တစ်ခုမှာ လူ ပေါင်း ၇ ယောက် ဒဏ်ရာရသွားတယ်လို့ သတင်းရရှိပါတယ်။

ဤတွင် ယနေ့အတွက် သတင်းများကို ကြေငြာလို့ ပြီးပါပြီ။

Monday, August 17, 2009

Mouse Loves Rice 老鼠愛大米

Credit to tga1269

သီချင်းက နာမည်ကြီးသီချင်း။ တိုက်ရိုက်ဘာသာပြန်ရရင် “ဆန်ကြိုက်တဲ့ ကြွက်”ဆိုလား။
ကြွက်က ဆန်ကို ကြိုက်နှစ်သက်သလို ကိုယ်ချစ်တဲ့သူကိုလဲ နှစ်သက်မိတဲ့ အကြောင်းကို ဖွဲ့ဆိုထားတာ။

နာမည်ကြီး အမျိုးသား အမျိုးသမီး အဆိုတော် အကုန် ပြန်ဆိုထားတာ။
အားလုံးက သူ့ဗားရှင်းနဲ့ သူဆိုကြတယ်။
ဒီကောင်မလေးလဲ သူ့ဗားရှင်းနဲ့သူပဲ။
ဒီကောင်မလေးက အပျော်တမ်း သွင်းထားတဲ့ သီချင်းလေး။
သမ္ဘာရှိတယ်။ ဆိုတတ်တယ်။
သဘောကျလို့ အများခံစားနိုင်အောင် ပြန်တင်ပေးလိုက်ပါတယ်။
ကောင်မလေးက သေချာကြည့်ရင် မြဝတီက လာတဲ့ တရုတ်ဇာတ်လမ်းတွဲထဲက ဘုရင့်သမီးတော်နဲ့ တူတယ်။

Credit to www.zimbio.com

အဲဒီမင်းသမီးလေးက ရှုကြည်နဲ့ So Close ထဲမှာ သရုပ်ဆောင်တာလေ။
Zhou Wei တဲ့...။

Saturday, August 15, 2009

ကမ္ဘာတစ်လွှား သတင်းတိုထွာများ News In Brief (150809)

- ကိုလံဘီယာနိုင်ငံဟာ တောင်အမေရိက နိုင်ငံများ စိုးရိမ်နေတဲ့ကြားထဲက အမေရိကန် အခြေစိုက်စခန်း ဖွင့်ခွင့်ပြုရေးကို ကြိုးပမ်းနေပါတယ်။
- ပီရူးမယ်ရဲ့ ဝတ်စုံ ရွေးချယ်မှုဟာ ဘိုလီးဗီးယားမယ်အတွက် အကြိတ်အခဲ တစ်ခု ဖြစ်နေတယ်လို့ မယ်စကြဝဠာရွေးပွဲက ရောက်လာတဲ့ သတင်းတစ်ပုဒ်အရ ကြားသိရပါတယ်။
- ကိုလိုနီယယ် ဘဲန့်ဂရု ယိုင်လဲခြင်းဟာ ဒီတစ်နှစ်အတွက် အကြီးမားဆုံးသော အမေရိကန်ဘဏ် စီးပွားရေး ပြိုကျခြင်း ဖြစ်ပါတယ်။ ရှယ်ယာအများစုကို စီးပွားပြိုင်ဘက် ဘီဘီနှင့် တီ ကုမ္ပဏီကို ရောင်းချလိုက်ရပါပြီ။
- ဂါဇာ ကမ်းမြောင်ဒေသမှာ ဟားမားစ်ထောက်ခံသူတွေ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၇ ယောက် အဖိတ်အစင် ရှိတယ်လို့ သတင်းရပါတယ်။
- တာ့ခ်နဲ့ ကိုင်ကို ကျွန်းစုမှာ အစိုးရအရာရှိများ ခြစားမှုတွေ ပေါ်ပေါက်နေတဲ့ အတွက် ဗြိတိန် အစိုးရဟာ တိုက်ရိုက် အုပ်ချုပ်ရေးကို စတင်လိုက်ကြောင်း သတင်းများ ရရှိပါတယ်။
- တက်လာတဲ့ အစိုးရဟာ မီဒီယာကို ဆင်ဆာထိန်းချုပ်မှုများ တင်းကျပ်နေတာကြောင့် မီဒီယာသမားပေါင်း ၂၀၀ ကျော် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မှာ ဆန္ဒပြနေကြပါတယ်။
- ကင်ညာနိုင်ငံက ကမ္ဘာ့ အသက်အကြီးဆုံး အခြေခံပညာမူလတန်း ကျောင်းသားတစ်ယောက် ၉၀ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
- လော့ဂါဘီ လေယာဉ်ဗုံးခွဲမှုမှာ တရားခံအဖြစ် ယူဆရတဲ့သူ လစ်ဗျား နိုင်ငံသားကို လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်နေပါတယ်။
- မနေ့က ရုရှားရေတပ်က စတင်ပူးပေါင်း ရှာဖွေခဲ့တဲ့ ရုရှားပိုင် သဘောင်္ကို သင်္ဘောသား အပြည့်အစုံနဲ့ အာဖရိကန် အနောက်ဘက်ကမ်းခြေမှာ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
- အီရန်နိုင်ငံ လွှတ်တော် အမတ်ဟောင်းများဟာ ခါမေနီကို အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်တာ သင့်မသင့်ကို စိန်ခေါ်လိုက်ပါတယ်။
- မော်ရကုတ် တိုင်ဖွန်း မုန်တိုင်းတိုက်ခတ်ပြီး ၆ ရက်အကြာမှာ ထိုင်ဝမ်ကယ်ဆယ်ရေး လုပ်သားများက အသက်ရှင်ကျန်ရစ်သူများ တွေ့ရှိနိုင်တဲ့ လမ်းစတွေ မှေးမှိန်နေပြီလို့ ပြောဆိုနေပါတယ်။ ရွှံ့မြေများ ပြိုကျမှုကြောင့် အနည်းဆုံး လူငါးရာကျော် သေဆုံးတယ်လို့ သတင်းရပါတယ်။
- ကီလိုမီတာ ၆၅၀၀ ကျော် ရှည်လျားတဲ့ ပထမဦးဆုံးသော အစ္စလာမ်မာဘတ်-အီစတန်ဘူလ် အပြည်ပြည်ဆိုင်ရာ ရထားသယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ပါကစ္စတန်နိုင်ငံက စတင်ပါပြီ။
- အမေရိကန် သမ္မတဟောင်း ဂျာရယ်ဖို့ဒ်ကို သတ်ဖြတ်ရန်ကြံစည်မှုနဲ့ ချုပ်နှောင်ခံခဲ့ရတဲ့ ချားလ်စ်မဲန်ဆန် မိသားစုဝင်ကို လွှတ်ပေးလိုက်ပါတယ်။
- ၁၃၈.၉ မီလီယံ ယူရို တန်ဖိုးရှိတဲ့ အီတလီ ဂျက်ပေါ့တ် ထီ ဟာ ဆွတ်ခူးသူ မရှိသေးပါဘူး။ ဥရောပ တစ်လွှားက လူများ စိတ်ဝင်တစား ရှိနေတဲ့ ထီဆုကြေးတစ်ခု ရှိနေပါတယ်။ အရင်တစ်ပါတ်က ဆွတ်ခူးသူ မရှိခဲ့ရင် နောက်အပတ်တွေမှာ ထည့်ထည့်ပေါင်းပေးခဲ့လို့ အခုလို ဆုကြေးတန်ဖိုး များပြားနေရခြင်း ဖြစ်ပါတယ်။
- အယ်ဂျီးရီးယားက သီတင်းပတ်ကုန် ပိတ်ရက်များကို ပြင်ဆင် ပြောင်းလဲလိုက်ပါတယ်။ လူတွေကို ရှုပ်ထွေး ဝေဝါးမှုတွေ ဖြစ်စေပါတယ်။
- တောင်ကိုရီးယား သမ္မတက မြောက်ကိုးရီးယားကို ညူကလီးယား လက်နက် ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး စကားပြောဖို့ ကမ်းလှမ်းလိုက်ပါတယ်။
- ကမ္ဘာကျော် ရေကူးသမား မိုက်ကယ်ဖဲလ် တစ်ယောက် အရက်သောက်ပြီး မဆင်မခြင် ကားမောင်းလို့ မတော်တဆ တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
- နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ X-Man မှာ မင်းသားသရုပ်ဆောင် Hugh Jackman တစ်ယောက် သူပါဝင်ရတဲ့ ဇာတ်ကောင်ရုပ်ကို ပြန်လည်စဉ်းစားနေကြောင်း ဟောလိဝုဒ်က သတင်းများအရ သိရပါတယ်။
- ဗောက်ဝဂ်ဂွန်းကားများ ထုတ်လုပ်တဲ့ လုပ်ငန်းရှယ်ယာများကို ထိန်းချုပ်ချင်တဲ့ ကာတာနိုင်ငံ အစိုးရဟာ ပို့ရှ်ကား ကုမ္ပဏီပိုင် အစုရှယ်ယာ တော်တော်များများကို ဝယ်ယူလိုက်ပါတယ်။
- အီရန်၊ ဂျော်ဒန် နဲ့ တရုတ်နိုင်ငံတို့ဟာ အာရှချန်ပီယံများ ဘတ်စကက်ဘော ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းသွားပါတယ်။
- ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုဟာ လူထောင်ပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေပါတယ်။

New Google Favicons for News Site


ဒီနေ့နိုးလာလို့ ဂူဂယ်သတင်းဆိုဒ်ကို ဖွင့်ကြည့်တော့ ဖေဗီကွန်လေး ပြောင်းနေတာ တွေ့ရတယ်။ ခါတိုင်း g စာလုံးလေးပဲ ရှိရာကနေ အခု စာအုပ်ပုံစံလေး ပြောင်းထားတယ်။ ဂူဂယ်က တစ်ခုခုလုပ်ရင် လူမသိ သူမသိ လုပ်တတ်တယ်ဗျ။ Easter Egg ရှာရသလိုပဲ။ အမှတ်မထင် တွေ့လိုက်ရရင် ပျော်ဖို့ ကောင်းတယ်။ သူတို့ လက်တွေ့ခန်းက တီထွင်တဲ့ပုဂ္ဂိုလ်တွေကလဲ ပျော်တတ်တယ်။ လူနောက်လေးတွေ။ ဂူဂယ်ဆို April Fool မှာ ဘာလုပ်မလဲဆိုတာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတယ်။

Friday, August 14, 2009

သီချင်းငှက်သို့ အမှတ်ရခြင်း။

ကိုထူးအိမ်သင် ဆုံးပါးသွားခဲ့တာ ဒီနေ့မှာ ၅နှစ်တင်းတင်း ပြည့်သွားပါပြီ။
ကျွန်တော့်ရဲ့ လူငယ်ဘဝ သက်တမ်းတစ်လျှောက်မှာ သီချင်းနဲ့ ပတ်သက်လို့ အဆိုပညာ ကို သေချာ သင်ကြားမိတာ ကိုထူးအိမ်သင်ရဲ့ သီချင်း အများစု ပါပါတယ်။ ကိုငှက်အကြောင်းကတော့ ရေးပြီးသူများ ရေးပြီးနေကြတော့ ထူးထူးထွေထွေ မရေးတော့ပါဘူး။ ကျွန်တော် ခံစားမိသလောက် ကိုငှက် အကြောင်းများကိုသာ မျှဝေချင်ပါတယ်။ မှတ်မိသလောက်လေးပါ။

နာရီပေါ်က မျက်ရည်စက်များ။
အဲဒီ အခွေထွက်တုန်းက သီချင်းစာအုပ်က နှစ်မျိုးထွက်ဖြစ်တယ် တင်တယ်။ အဲဒီတုန်းက ၇ တန်းလားမသိဘူး။ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က စာအုပ် ယူလာပြတယ်။ သီချင်းစာအုပ် အဖုံးက အနက်ရောင်မှာ ရွှေမှင်ရောင် ပန်းချီလေး။ နာရီတစ်လုံးရဲ့ ဒိုင်ခွက်ကို ဆွဲပြထားတာ။ အဲဒီမှာ ရောမ ဂဏန်းတွေနဲ့ နာရီ အချိန်တွေကို ရေးထားတယ်။ အီဂျစ် အရုပ်စာတွေလဲ ပါလေရဲ့။ တစ်ခွေလုံးကို ကြိုက်သွားတယ်။ ညီလေးရေ ဆို အကျိုးပြု သီချင်း တစ်ပုဒ် မပါမနေရ ထည့်ရတယ် ဆိုပေမယ့် ပြီးပြီးရော မလုပ်ပဲ အသေအချာ အားစိုက်ထားတာ တော်တော် သိသာတယ်။

နောက်ပိုင်းမှာတော့ ခေါင်းလောင်းလေးတွေ မြည်နေပြီ။ တစ်နေ့နေ့တော့ ချစ်၍ လာလိမ့်မည် စတဲ့ သီချင်းတွေဟာ ကျွန်တော်တို့ ကျောင်းသား လူငယ်ထုကြားမှာ တော်တော်လေးကို ရေပန်းစားလာခဲ့တယ်။ ကိုယ့်စိတ်တွေ မရိုးသားတော့ဘူး ဆိုတာ သူငယ်ချင်း ကောင်မလေးကို ဆိုပြနေကျ သီချင်းလေး။
အမေ့အိမ်ဆိုတဲ့ သီချင်းလေးအစမှာ ဒရမ်သံလေးနဲ့ ရထားသံပေါက်အောင် ထည့်ထားတဲ့ အိုင်ဒီယာကို သဘောကျတယ်။ ရထား မရှိတဲ့ ကျွန်တော်တို့ မြို့လေးမှာ သူ့သီချင်းကို ခံစားလို့ရခဲ့တယ်။ ရော့်ခ်အဲန်ရိုး အပျိုမ ဆိုတဲ့ သီချင်းလေးဟာ အစက ကော်ပီ သီချင်းလို့ အငြင်းအခုံ ဖြစ်ကြသေးတယ်။ အမှတ်မမှားဘူးဆို ကိုငှက်ကိုယ်တိုင် ရေးထားတဲ့ ရော့်ခ်အဲန်ရိုး သီချင်းပါတဲ့။

မဟေသီ??? အလင်္ကာ??? မှာ ကိုငှက်ဘိုင်အိုဂရပ်ဖီကို ဝတ္ထုလို ရေးထားတဲ့ အခန်းဆက်လေးက စောင့်ဖတ်ရတဲ့ ကဏ္ဍ ဖြစ်ခဲ့တာပေါ့။ ပုသိမ် ကန်သုံးဆင့် ရေကန်ဆိုလား သူ့ကြောင့် သိခဲ့တယ်။ သူက ပုသိမ်ကို တော်တော် သံယောဇဉ်ကြီးတယ်။ အစ်မခင်မင်းဇော်တို့နဲ့ တစ်နှစ်ထဲလား မသိဘူး။ ပုသိမ်မှာ သူ တီးဝိုင်းထောင်တာ ဘာညာ။ နောက်တော့ မော်လမြိုင်ကို ပြောင်းသွားရပေမယ့် ပုသိမ်ကို ခဏခဏ လာဖြစ်တာ။ ပုသိမ်မှာ ဆရာသမား ကောင်းကောင်းနဲ့ ဂီတကို သေချာလေ့လာ ဖြစ်တာ။အားကျစရာတွေပဲ။

ကျွန်တော်တို့ ဆယ်တန်းဖြေတော့ အထီးကျန်ဆိုတဲ့ သီချင်းလေးက တော်တော်ညည်းလို့ ကောင်းတဲ့ သီချင်းလေး။ သူငယ်ချင်းတွေနဲ့ တူတူစု စာကျက်တော့ အိပ်ချင်လာပြီဆို ချမ်းစီးစီးညလေးထဲကို တစ်ယောက်ထဲ ထွက်လာခဲ့။ ထိန်ထိန်သာနေတဲ့ လမင်းကို မော့ကြည့်ရင်း ငါဟာ တစ်ယောက်တည်း အထီးကျန်ဆိုတဲ့ သီချင်းလေးကို အဖော်ပြု။ အဲဒီတုန်းက အသည်းကွဲ ဝေဒနာ ဆိုတာကို စတင် ထိတွေ့ မြည်းစမ်းနေခဲ့တာ ဆိုတော့ သီချင်းလေးနဲ့ ကိုယ့်အနေအထားက အတော်ကို လိုက်ဖက်နေခဲ့တယ်...။

လွမ်းမိတယ် ဆိုတဲ့ သီချင်းက ဂျပ်စင်ဆိုတာလေး ပါတော့ ဘာမဆိုင် ညာမဆိုင် ကိုယ်လဲ ရောယောင်ပြီးတော့ လွမ်းနေမိခဲ့တယ်။ ကျောင်းဖွင့်ချိန်မှာ ကျောင်းပြန်လာ မတက်တော့တဲ့ တစ်ယောက်သောသူကို လွမ်းနေရှာတဲ့ အဆောင်သူတစ်ယောက် နေရာကို ကိုယ်တိုင် ဝင်ခံစားနိုင်လောက်အောင် သီချင်းက ထိရှနေခဲ့။

သိပ်ကိုရှက်တတ်တဲ့ ကိုယ့်ရဲ့မိန်းမလှလေး ဒီလို တစ်လှမ်းချင်း လျှောက်လာလား။
ကိုယ့်နှလုံးသွေးများ ရပ်တန့်သွားပြီဟေ့ ရီဝေမိန်းမော မူးမိုက်သွား။
ကိုယ့်နှလုံးသားထဲ မင်းဟာ နတ်မိမယ်။
ဒါကို မင်းလေ... သိရဲ့လား။
အတော်ကို ဆိုရခက်တဲ့ odd beat သီချင်းလေး တစ်ပုဒ်ပါ။ နတ်မိမယ် ထင်ပါ့။ ဘိဒ်တွေ အကြောင်း သိပ်မသိပါ။ 4/4 timing လား 6/8 တို့ 3/4 လား...။ အဲလိုမျိုးထဲက ထင်ပါ့။ အချစ်နဲ့ ဂီတာက simigol တစ်ယောက် လာဖတ်မိရင် ပြောပါနော့။ အဲဒီသီချင်းကို ဆိုတတ်အောင် ကက်ဆက်ရှေ့မှာ ဝမ်းလျားမှောက်ပြီး သီချင်းကို တစ်ကြောင်းချင်း အနုလုံ ပဋိလုံ နားထောင်နေခဲ့တာ မှတ်မိသေးတယ်။ တစ်ကယ်လဲ ဆိုရခက်တဲ့ သီချင်းတစ်ပုဒ်ပါ။ ဘယ်လို အနုပညာမှော်နဲ့ ဖန်တီးခဲ့လဲဆိုတာ အံ့သြယူရတယ်။ အဲဒီခေတ်က 32 track တွေ မပေါ်သေးဘူး ထင်တယ်။ (ထပ်ဖြည့်။ ။ ကော်မန့်မှာ ကို ck လာပြင်ပေးသွားပါတယ်။ နတ်မိမယ် သီချင်းက 4/4 timing ပါတဲ့။ )

စုံတွဲသီချင်းတွေ ဆိုတာ ရှားတဲ့ ကိုငှက်။ စုံတွဲတစ်ပုဒ် ပါခဲ့တယ်။ တစ်ပုဒ် ဆို တစ်ပုဒ် ပြောရလောက်အောင်ကို ကောင်းနေခဲ့တယ်။ “ဝေးသွားတဲ့အခါ” ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းကို ကိုငှက်က စိမ်းမို့မို့နဲ့ ဆိုဖို့ စီစဉ်ထားပြီးသား။ အဲဒီမှာ စိမ်းမို့မို့ဘက်က အကြောင်းတစ်ခုခုကြောင့် မဆိုနိုင်တော့တဲ့ အခါ ကိုငှက် အတော်ကို ဒုက္ခရောက်သွားတယ်။ အဲဒီမှာ သူ ပုသိမ်တုန်းက ကျောင်းတူတူတက်ခဲ့တဲ့ ပေါက်ပေါက်ကို သတိရမိတယ်။ ပေါက်ပေါက်က တာမွေမှာ ရောက်နေတယ်ဆိုတော့ ချက်ချင်း သွားခေါ်ပြီး ဆိုနိုင် မဆိုနိုင် မေးမနေတော့ပဲ ပေါက်ပေါက်ကို ဆိုခိုင်းတယ်။ ကိုငှက်က အနုပညာနဲ့ ပါတ်သက်လာရင် တော်ရုံ ပြီးစလွယ် မလုပ်တတ်ဘူးတဲ့။ ပေါက်ပေါက်ကို သူတစ်ကယ် ယုံကြည်လို့ ဆိုခိုင်းတာပဲ။ အဲဒီတုန်းက ပေါက်ပေါက်ဆိုပြီး သူနဲ့ တွဲဆိုတော့ ကျွန်တော်တို့ တစ်တွေက ပေါက်ပေါက် ဘာအခွေတွေ ထုတ်ဖူးလဲဆိုတာ အသည်းအသန် လိုက်ရှာကြသေးတယ်။ အဲဒီ စုံတွဲ သီချင်း တစ်ကယ်ကောင်းပါတယ်။

နောက်တော့ “ရင်ခုန်ရင် အချစ်” တို့... (ပေါက်ပေါက်နဲ့ ဆိုပြီးမှာ မေဆွိနဲ့ နောက်ပြန်ဆိုတာလား မသိဘူး) “နှလုံးသား ကျမ်းစာ”တို့... နောက် ကော်နီနဲ့ ဆိုတဲ့ သီချင်းက ဘာပါလိမ့် အဲဒါတော့ မသိတော့ဘူး။ ဘာသာ မတူတာ ဘာကြောင့်လဲ .. တို့တော့ ဒါတွေ နားမလည်... မေရယ် မောင်ရယ် ကံကို ဆိုးတယ်...။ (ကာရန်မညီသော ဖြစ်ပါတယ်။ ကျေးဇူးပါ မသက်ဝေ)

ကိုငှက်က စုံတွဲတွေကို ကြိုကြားကြိုကြား တွေပဲ ဆိုတယ်။ လက်ချိုးရေလို့ ရတယ်။ နောက်ဆုံး ဆိုသွားတဲ့ စုံတွဲ သီချင်းက အမှတ် မမှားဘူးဆိုရင် မို့မို့ရဲ့ ပထမဦးဆုံး အခွေမှာ ဝင်ဆိုပေးတဲ့ “မျက်စိမှိတ် ချစ်နေမယ်” ဆိုတဲ့ သီချင်းလေးပဲ။
သီချင်းကောင်းပဲ။ မို့မို့လဲ အဆိုကောင်း၊ ကိုငှက်လဲ ဟာမိုနီဆိုတာ ကောင်း ဆိုတော့ သီချင်းကောင်းလေး တစ်ပုဒ် ပေါ်လာတာ မဆန်းပါဘူး။

နောက် ၁၉၉၃ မှာ ရာဇဝင်များရဲ့ သတို့သမီး ဆိုတဲ့ ကိုငှက်ရဲ့ မာစတာ ပစ်စ် သီချင်း တစ်ပုဒ် ပေါ်လာခဲ့တယ်။ မှတ်မှတ်ရရ ပြည်ပ ရောက်နေချိန်မှာ အဲဒီသီချင်းကို လေးဖြူက ဂျပန်မှာ ကျင်းပတဲ့ အာရှလူငယ် ရော့်ခ်သီချင်း ပွဲတော်မှာ သီဆိုခဲ့တာကို တီဗွီဖန်သားပြင်ပေါ်က တွေ့ခဲ့ရတယ်။ အဲဒီတုန်းက လေးဖြူဆိုတာ မသိဘူး။ ဆံပင်ရှည်နဲ့ မြန်မာသီချင်းကို မာန်ပါပါ ဆိုတာကို အောက်က ဂျပန်စာတန်းထိုးပြီး တိုက်ရိုက် ဘာသာပြန်ပေးနေတာကို မှတ်မိနေခဲ့တယ်။

၉၄ မှာ ကိုလေးဖြူ စန်းထနေချိန်။ ကိုငှက်လဲ သူ့ခေတ်ပဲ...။ တာရာ ဆိုခဲ့တဲ့ ပုလဲသီ တစ်ကွဲစီ စီးရီးစ်ထဲက သီချင်းမှာ ကိုငှက် စုံတွဲ ဝင်ဆိုပေးတဲ့ သီချင်းလေး။ အသည်းကွဲ ညနေခင်း ဆိုတဲ့ သီချင်းပေါ့။ နောက်ပိုင်းမှာ ကိုအောင် က ပြန်ဆိုထားတာ ရှိတယ်။ မှန်အိမ်လေး အခွေထဲမှာ...။

အလင်းမဲ့တဲ့ အခန်းကျဉ်းထဲက ဝိုးတစ်ဝါး တေးကဗျာ အပိုင်းအစတွေ။
ရှိခဲ့တဲ့ ချစ်သံယောဇဉ်လေးတွေ ပြန်မြင်ယောင်တမ်းတ။
ဟိုးတုန်းက ရှိခဲ့ဖူးတဲ့ မင်းရဲ့အချစ်ကို ယုံကြည်ရင်း
လျှောက်ခဲ့တဲ့ လမ်းလေးထက်က မင်းရဲ့အရိပ်တွေ မြင်ယောင်ရင်း။
ရှိခဲ့တဲ့ ချစ်သံယောဇဉ်လေးတွေ ပြန်မြင်ယောင်တမ်းတ။
ဒီလို အသက်မဲ့ နေ့ရက်များနဲ့ ကိုယ့်ရဲ့ အသည်းကွဲ ညနေခင်းများ
မာနများလဲ တစ်စစီ ကွဲရှ ကိုယ့်ရဲ့ အသက်မဲ့ ညနေခင်းများ
ရင်ခုန်ရင်း (ရင်ခုန်ခြင်းတွေလဲ)
ငိုရှိုက်ရင်းနဲ့ (ငိုရှိုက်ရင်းနဲ့)
လွမ်းမဆုံးဘူးလား.....။
(သီချင်းစာသားများ မှားယွင်းနိုင်သည်။)
အဲဒီမှာ ထူးအိမ်သင်က တာရာနဲ့ စုံတွဲဆိုတယ်ဆိုပေမယ့် ဟာမိုနီအနေနဲ့သာ လိုက်ပေးခဲ့တာပါ။ သံစဉ်တွေ စီထားတာ လှတယ်။ ကိုအောင် ပြန်ဆိုတာကျတော့ ကိုအောင့်စတိုင်အတိုင်း နည်းနည်း မာနေတယ်။ နောက် ဂရေဟမ်လဲ ပြန်ဆိုထားတယ် ထင်ပါရဲ့။ ဒါပေမယ့် တာရာ ဗားရှင်းကို နားထဲ စွဲနေတော့ နောက်ပေါ်တဲ့ ဗားရှင်းကို စိတ်ထဲ မဝင်မိဘူး ဖြစ်တယ်။ ကျွန်တော် ဟာမိုနီတွေ သဘောကျလာတာလဲ အဲဒီ သီချင်းကြောင့်လဲ ပါတာပေါ့။

၁၉၉၅ နှစ်ဦးပိုင်းလောက်မှာ ကျွန်တော် ရန်ကုန်ကို တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်ပွဲ ဝင်နွဲဖို့ ကြုံခဲ့တယ်။ မန္တလေးကနေ ညရထား စီးလာခဲ့တဲ့ ကျွန်တော် ရန်ကုန်ရောက်ခဲ့တဲ့ ညမှာပဲ ကိုထူးအိမ်သင်ရဲ့ One Man Show Unplugged Show ကို သိမ်ကြီးဈေးနားက မေဟွားခန်းမမှာ ကျင်းပခဲ့တယ်ဆိုတာ အတော်နောက်ကျမှ သိလိုက်ရတယ်။ (ထပ်ဖြည့်။ ။ ကိုck ကပဲ ပွဲကျင်းပတဲ့ နေရာကို ထပ်ပြင်ပေးသွားပါတယ်။ မေဟွားမှာ ကျင်းပတာ မဟုတ်ပဲ အောင်ဆန်းကွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်တဲ့။ ကျွန်တော်က သိမ်ကြီးဈေး မေဟွားမှာ ရှိုးပွဲကို ဆိုင်းဘုတ်ကြီးကြီး တပ်ထားတာ မေဟွား ခန်းမ လို့တော့ တွေ့ခဲ့တာပဲ။) ကျွန်တော် ကပ်လွဲသွားတယ်။ သီချင်းသည် တစ်ယောက် ဝမ်းစာပြည့်တယ် မပြည့်ဘူးဆိုတာ သူ့ရဲ့ သီချင်းအယ်လ်ဘမ် တစ်ခုတည်း မကြည့်ရဘူးတဲ့။ အပြင်မှာ လိုက်ဖ် ဆိုနေချိန်မှာ ဒီတစ်ယောက် တစ်ကယ် ဆိုတတ်တယ် မဆိုတတ်ဘူး ဆိုတာ ပိုထင်ရှားတယ်တဲ့။ ကိုငှက်ကတော့ အဲဒီပွဲမှာ အသေအချာကို ထုတ်ပြသွားတာပါ။ ကိုလေးဖြူလဲ အဲဒီပွဲမှာ ကိုငှက်ကို မေတ္တာနဲ့ အားဖြည့် သီဆိုပေးခဲ့ပါတယ်။ အဲဒီ ပွဲကို ဗွီစီဒီ မထုတ်ဖြစ်ခဲ့ပဲ စီဒီ အနေနဲ့သာ ထုတ်ခဲ့တယ်။ ကျွန်တော်ကတော့ ရန်ကုန် ဆင်းလာတာ နောက်ကျလို့ အဲဒီပွဲကို မကြည့်လိုက်ရဘူး။ စီဒီပဲ ဝယ်နားထောင်ရတယ်။ စီဒီကာဗာက ဟောလိုဂီတာကို အဝါရောင် ခပ်ကဲကဲနဲ့ ခြယ်မှုန်းထားတဲ့ ပန်းချီလေး။ unplugged ဆိုတဲ့ စာလုံးကို လက်နှိပ်စက် ဖွန့်နဲ့ ရိုက်ထားတာ မှတ်မိတယ်။ အမ်တီဗွီံ ထွက်မလား မျှော်လင့်သေးတယ်။

အဲဒီအခွေကို နားထောင်ဖူးသူတိုင်း ကိုငှက်ရဲ့ အနုပညာကို ပိုပို လို့သာ လေးစားလာခဲ့တယ်။ အမေ့ရဲ့ ဒုက္ခအိုးလေး ဆိုတာမှာ နောက်ဆုံးမှာ အသံဆွဲဆိုတာ နားထောင်ကြည့်ပါ။ မြူးဇစ်ရဲ့ သဘောသဘာဝ အနိမ့်အမြင့်ကို သေချာ ကျေညက်သူ တစ်ယောက်မို့လို့သာ လိုသလို သံစဉ်လေးကို ကစားသွားတာ တွေ့ရပါမယ်။ “အမေ့အိမ်” သီချင်းကို ကိုငှက်နဲ့ ကိုလေးဖြူနဲ့ နှစ်ယောက်သား အပေးအယူ မျှမျှတတနဲ့ သမ္ဘာတွေ ထုတ်ပြီး ဆိုသွားခဲ့တယ်။

လွမ်းသူ့အိပ်မက်ကို ဗားရှင်းပြောင်းဆိုတယ်။ ဆိုလိုမှာ ဒရမ်ကို လှလှပပလေး ကစားစေခဲ့တယ်။ Come on Baby, Come On Baby ဆိုပြီး ဒရမ်သံကို ဆွဲခေါ်တဲ့ ကိုငှက်ရဲ့ creation။ “အိုး.. တစ်ဆောင်းသစ်ပြန်ပြီ” ဆိုတဲ့ တစ်ကြောင်းထည်းကိုပဲ ရသ အမျိုးမျိုး၊ သံစဉ် အမျိုးမျိုးနဲ့ လှလှပပလေး သီကျူးခဲ့တယ်။ ကိုငှက်ရဲ့ ပညာတွေ ထုတ်သုံးထားခဲ့တယ် အံဒီ Unplugged Show ကို လွဲသွားတဲ့ ကျွန်တော်.. အခွေကို နားထောင်လိုက်ရချိန်မှာ ပိုလို့ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ အဲဒီပွဲကို သွားတဲ့လူတွေတော့ အတော်ကံကောင်းခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ကိုငှက်က နောက်ပိုင်းမှာ တစ်ကိုယ်တော်ပွဲတွေ မရှိတော့လို့ပဲ။ အနုပညာအရသာ သီချင်းကို သီဆိုချင်ခဲ့တဲ့ ကိုငှက်က စီးပွားရေးအတွက်ကို အာသီသ မရှိခဲ့လို့ ကိုငှက်ပွဲတွေဟာ ရှားတယ်။

မျက်နှာနာရတဲ့ ပွဲတွေမှာသာ ကိုငှက် တက်ဆိုပေးတော့တယ်။ သူဝါသနာပါရာ သီချင်းဆိုတာကိုတော့ အခွေတွေ လုပ်ရင်းနဲ့သာ နှစ်မြုပ်နေခဲ့တယ်။ ရူးချင်ယောင်ဆောင် မနေနဲ့ ဆိုတဲ့ သီချင်းက လေးဖြူ က ကမ္ဘာသစ်တေးမှာ ဆိုထားတဲ့ သီချင်းလေးပါ။ ထူးအိမ်သင်က အောင်ရင်၊ ဘိုဘိုတို့နဲ့ တွဲဆိုတဲ့ ဗားရှင်းက စုပေါင်းစပ်ပေါင်း အခွေတစ်ခုထဲမှာ တွေ့နိုင်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း ထွက်တယ် ထင်ပါရဲ့ (အမှတ်မှားနိုင်ပါတယ်။)

တစ်ခါသားမှာ မြဝတီက လွှင့်ခဲ့တဲ့ ကိုငှက် သီချင်းတစ်ပုဒ်မှာ ကိုငှက် တော်တော်ကို ရုပ်ကျနေတာ သိခဲ့တယ်။ အလွမ်းရဲ့ မီးလျှံများ ဆိုတဲ့ သီချင်းပေါ့။ လက်နှစ်ဘက်ကို မြှောက်ပြီး သီချင်းဆိုနေတာ ဆေးစွဲနေတဲ့ ပုံစံဗျ။ ခေါင်းကို ပုဝါကြီးကြီးနဲ့ ပတ်ထားတယ်။ ပင်လယ်ဒမြ လိုလို ဘာလိုလိုနဲ့။ စတူဒီယိုထဲလား စတိတ်ရှိုးကလား ဆိုတာတော့ မသိဘူး။ မြဝတီကလဲ နောက်ပိုင်း အဲဒီသီချင်းကို သိပ်မလွှင့်ဖြစ်ခဲ့ဘူး ထင်တာပဲ။ ကိုငှက်က ပြင်ပ ဗဟေဒ္ဓိကသာ ကျနေပေမယ့် သီချင်းဆိုတော့ မလျှော့ဘူး။ အပြည့်ပေးတယ်။

နောက် မှတ်မှတ်ရရ ပုဂံဆိုဒ်ဘာတက်ခ်က သူရဲ့ သုံးစွဲသူများကို ကျေးဇူးဆပ်ပွဲဆိုပြီး မြရိပ်ညိုမှာ ဂီတပွဲတော် ကျင်းပတယ်။ အဲဒီမှာ ကိုငှက်လဲ ပါတယ်။ ဒါပေမယ့် အဲဒီမှာ ကျွန်တော် ကိုငှက်ကို စိတ်ထဲ ချဉ်သွားတဲ့ ကိစ္စ တစ်ခု တွေ့လိုက်တယ်။ ကိုငှက် အဲဒီနေ့က ကုတ်အကျီင်္ ဝတ်လာခဲ့တယ်။ ဂျင်းပဲန်နဲ့ပေါ့။ သီချင်းဆိုရင်း တစ်ဝက်လောက်မှာ ကုတ်အကျီထဲက ပုလင်းထုတ်လိုက်ပြီး အထဲက တစ်ခုခုကို မော့သောက်တာ လူတိုင်း မြင်နေရတယ်။ ရေမဟုတ်တာတော့ သေချာတယ်။ ပုလင်းက ဂျက်ဒန်နီရယ်လိုလိုပဲ အဝေးက ဆိုတော့ သေချာ မမြင်ရဘူး။ ဒါပေမဲ့ အဲဒီညမှာ ကိုငှက် နည်းနည်း ယိုင်နေတယ်။ မဆိုနိုင်ဘူး ထင်နေတာ။ သီချင်းဆိုတော့ အကောင်းပဲ။ အိတ်ထောင်ထဲက ဘာဂျာတောင် ထုတ်ပြီး မှုတ်ပြလိုက်သေးတယ်။
(ကိုယ်ချစ်တဲ့ အနုပညာရှင်ကို ခြောက်ပစ်ကင်း သဲလဲစင်စေချင်တဲ့ စေတနာလားတော့ မသိဘူးဗျာ...။)

ကိုငှက်နဲ့ ပါတ်သက်ပြီး ပြောရရင် အများကြီးပါ။ ကျွန်တော် သီချင်းတွေ ဘာတွေ စိတ်ဝင်စားတာ ဘာညာကလဲ ကိုငှက် လွမ်းမိုးမှုတွေ အများကြီးပါတယ်။ သိပ်တော့ မရေးတတ်ဘူးဗျာ။ ခုထိ ကိုငှက်သီချင်းတွေဆီက ပညာတွေ ရနေတုန်းပဲ။

လှပတဲ့ သီချင်းများနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုငှက်။

ငါ့ကို ချစ်တဲ့သူ (Prequel)

၂၀၀၀ ခုနှစ်
အညာနွေရဲ့ လေပူတွေက တစ်သောသော တိုက်နေတော့ ရော်ရွက်ဝါတို့က တစ်ဖြောက်ဖြောက် ကြွေနေတယ်။
ကျောင်းစစ ဖွင့်ချိန်ဆိုတော့ ကျောင်းနားတစ်ဝိုက်မှာ လူစည်နေတယ်။ အတန်းတွေတော့ မတက်ကြဘူး။
ယူနီစန် လက်ဘက်ရည်ဆိုင်နားတစ်ဝိုက်တော့ လူတွေ ပြည့်ကျပ်နေတယ်။
ခင်မောင်တိုး သီချင်းတိုးတိုးလေးက တူးတီးဝမ်းကော်တွေ၊ အုတ်အုတ်ကျက်ကျက် အသံတွေ ကြားမှာ ပျောက်ဆုံးနေခဲ့တယ်။
ထောင့်နားက စားပွဲဝိုင်းမှာတော့ သူငယ်ချင်း အုပ်စုလေး တစ်စု ဝိုင်းဖွဲစားသောက်နေလေရဲ့။
တစ်ယောက်သောသူမ ကိုသိကျွမ်းခဲ့တာ အဲဒီ စကားဝိုင်းမှာပါ။
တွေ့ရတာ ဝမ်းသာပါတယ်။
ငကျော်သယ်ရင်းလား။
...
အော် တစ်မြို့တည်းသားတွေပေါ့။
...
...အဆောင်ကို လာလည်နော်။ ....

xxxxx

“ငါ့အိမ်က လူကြုံပါးလာလို့ ဟိုကောင်မလေးအဆောင် သွားမလို့ အဖေါ်ခဏလိုက်ခဲ့ပေးစမ်းပါ။”
သူ ပျင်းပျင်းရိရိ လေးလေးတွဲ့တွဲ့နဲ့ တိုင်နားက အကျီင်္ကို ထလဲလိုက်ရတယ်။
xxxxx

“ဟဲ့ ငကျော် လူကြုံပစ္စည်း လာယူတာလား။ အော် သယ်ရင်း ပါလာတာကိုး။ ထိုင်ပါဦး။”
“အေး မိတူး ငါ့အိမ်က ပစ္စည်း လာယူတာ။ လာ ငါနင်တို့ကို လက်ဘက်ရည် လိုက်တိုက်လှည့်မယ်။”
သူ စိတ်ထဲ နောက်ကျိသွားတယ်။ ငကျော်က ပစ္စည်းယူပြီး တန်းပြန်မယ် လို့ ဂတိပေးထားတာကို..။
xxxxx

ဗါဒံပင်လေးအောက်က လက်ဘက်ရည်ဝိုင်းလေးမှာ တစ်ယောက်သောသူမက တစ်ယောက်သောသူကို တစ်ဖျစ်တောက်တောက် ပြောနေတယ်။
“နင်ကျောင်းမတက်ဘူးဆို။ အားအားရှိ မိန်းထဲပဲ ရောက်နေတယ်ဆို”
သူတုံ့ပြန်မပြောပဲ ပြုံးလိုက်တယ်။ လက်ထဲက စီးကရက်ကို တောက်ကနဲ မြောင်းဘေးကို လွှင့်လိုက်တယ်။ လေအဝှေ့မှာ မြောင်းပုပ်နံ့က တက်လာတယ်။ မြောင်းထိပ်မှာ ကလေးလေးတွေ ငါးဖမ်းနေကြတယ်။
xxxxx

“ဟဲ့ ကောင်လေး။ နင်ဘယ်သွားနေတာလဲ။ နင့်သူငယ်ချင်းမလေး အကြော်အလှော်တွေ လာပို့သွားတယ်။ ပုလင်းကြီး ပုလင်းငယ်တွေနဲ့။ နင်တို့ တံခါးဝမှာ ငါချိတ်ထားတယ်။ နင့်ကို ထိုင်စောင့်နေသေးတယ်။ ခုနကမှ ပြန်သွားတာ”
xxxxx

“ဟေ့ကောင် မင်းဘယ်သွားနေတာလဲ။ မင်းကို လာရှာကြတယ်။ နေမကောင်းဘူးဆိုလို့တဲ့။”
သူ စိတ်တိုသွားတယ်။ ငကျော် ဘာလို့ သွားပြောတာလဲ။ စားပွဲပေါ်မှာ ဆေးတွေ၊ လူမမာစာတွေ။
xxxxx

ကျောင်းတွေ ပိတ်တော့မယ်။
နေမြင့်ရင် အရူးရင့်တယ်တဲ့။
မလောင်ခင်က တားရမယ်။
တစ်ခုခုတော့ မှားနေပြီ။
xxxxx
စားပွဲပေါ်က စာခေါက်လေးပေါ်က စာကို တစ်စွန်းတစ်စ မြင်ရတယ်။
“..... ငါ အိမ်ကနေပဲ ကျောင်းတက်ဖို့ ဆုံးဖြတ်လိုက်ပြီ”
“..... နင့်ကို အရင်ကလို ခဏခဏ အနှောင့်အယှက် မပေးနိုင်တော့ နင်ဝမ်းသာနေမှာပေါ့။”
အဟက်...။
ဒါလဲ ကောင်းတာပဲ။
ပြတင်းပေါက်နားက အပင်ပေါ်မှာ ငှက်တစ်ကောင် တစ်သောသောနဲ့ မြည်နေလေရဲ့။
xxxxx

လေမွေ့လို့ လမ်းပေါ်မှာ ဖုန်တွေ တစ်သောသော ထသွားခဲ့တယ်။
ကိုယ်တိုင် လေပွေလား၊ မုန်တိုင်းလား ဆိုတာ မသိခဲ့ဘူး။
လေမွေ့လို့ ဖုန်တွေ ရုတ်ရုတ်သဲသဲ ဖြစ်ကျန်ခဲ့တာတော့ သေချာတယ်။
xxxxx

နိတိဌံ
ပြီးပြီ။

ကမ္ဘာတစ်လွှား သတင်းတိုထွာများ (News In Brief 140809)

- ရော့ခ့်ဂီတ ကမ္ဘာမှာ လက်ရှိသုံးနေတဲ့ Electric Guitar များကို တီထွင်သုံးစွဲခဲ့တဲ့ လမ်းပြ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ရော့ခ်သူရဲကောင်း Les Paul တစ်ယောက် ခရစ်တော်မှာ အိပ်ပျော်သွားပါပြီ။ အသက် ၉၄ နှစ် ရှိပါပြီ။
- အမျိုးသမီးများ အတွက် ဝမ်းမြောက်ဖွယ်ပါ။ ကောင်စီရဲ့ တရားဝင် ဆုံးဖြတ်ချက်အရ ၂၀၁၂ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ပွဲတော်မှာ အမျိုးသမီး လက်ဝှေ့ပွဲကို တရားဝင် ထည့်သွင်းကျင်းပနိုင်ပါတော့မယ်။
- မြောက်ပိုင်းအီရတ်မှာ အသေခံဗုံးခွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့လို့ လူပေါင်း ၁၇ ယောက် သေဆုံးပြီး အယောက် ၂၀ လောက် ဒဏ်ရာ ရရှိသွားပါတယ်။ (သူများတွေ ဖြစ်တာကျတော့ ကြားနေမြင်နေရတာ များလို့ ထမင်းစား ရေသောက်သလို ပြောသွားတာပါလား။ တရားကျလိုက်တာ။)
- ပြင်သစ်နဲ့ ဂျာမဏီ စီးပွားရေး တိုးတက်မှု ကိန်းဂဏန်းဟာ ၂၀၀၈ ဒုတိယ သုံးလပတ်ထဲမှာ ၀.၃% တိုးတက်မှု ပြခဲ့လို့စီးပွားပျက်ကပ်ကနေ လွန်မြောက်လာပြီလို့ ဆိုနိုင်ပါတယ်။
- ဗီယက်နမ်လူမျိုးတို့ရဲ့ အကောင်ပလောင်များ စားသုံးမှုဟာ ပုံမှန်ထက် များပြားလွန်ကဲနေတဲ့ အတွက် ရှားပါး တောတွင်း သတ္တဝါများဟာ မျိုးသုဉ်းမှု အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းပြောဆိုနေကြပါတယ်။ (တော်တော်လဲ သားစားကျူးတဲ့ လူတွေ။)
- မော်ရကုတ် တိုင်ဖွန်းမုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ ထိုင်ဝမ်ဟာ ရေဘေး ဒုက္ခသည်များကို ကယ်တင်နိုင်ရန် နိုင်ငံတကာ အကူအညီများကို တောင်းခံလိုက်ပါတယ်။ ထိုင်ဝမ်အုပ်ချုပ်သူများဟာ ကယ်ဆယ်ရေး လုပ်ငန်းများကို နောက်ကျမှ ဆောင်ရွက်တဲ့အတွက် ပြည်သူတွေရဲ့ အပြစ်တင်မှုကို ခံယူနေရပါတယ်။
- အစ္စရေးဟာ ဂါဇာ စစ်ဆင်ရေးအတွင်း အလံဖြူ ထောင်ထားတဲ့ အရပ်သားများကို သတ်ဖြတ်မိတဲ့အတွက် သေချာတဲ့ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရန် လူ့အခွင့်အရေး အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
- ဟော်လန်အစိုးရဟာ ပြည်သူများက ဝက်တုပ်ကွေးရဲ့ အန္တရယ်ကို ပိုမိုသိမြင်လာစေဖို့ ဗွီဒီယိုဂိမ်းတွေထဲမှာ ပညာပေးအနေနဲ့ ထည့်သွင်းမယ်လို့ ကြေငြာလိုက်ပါတယ်။
- ကော်စီကာ ပြင်သစ်ကျွန်းစုတစ်ခု က လူငယ်လေးဟာ သူ့ရဲ့ မိဘနှစ်ပါးနဲ့ အမြွာအစ်ကို ကို အိပ်ရာထက်မှာတင် ရိုင်ဖယ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။
- မှတ်တမ်းများအရ အတ္တလန်တစ် သမုဒ္ဒရာထဲက လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းများ တိုက်ခတ်နှုန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်က ဖြစ်ပွားနှုန်းထက် များပြားနေတာ တွေ့ရပါတယ်။
- အတိုက်အခံ ဆန္ဒပြသူများကို ထိန်းသိမ်းထားစဉ်အတွင်း အဓမ္မပြုကျင့်ခံရမှုများ ရှိခဲ့တယ်လို့ ဆိုခဲ့တာကို အီရန်ပါလီမန် ပြောရေးဆိုခွင့်ရှိသူက အခြေအမြစ်မဲ့ စွပ်စွဲချက်တွေလို့ ပြောကြားလိုက်ပါတယ်။ (ဒါဆို စွပ်စွဲသူတွေဘက်ကလဲ တစ်ကယ်သာသေချာခဲ့ရင် အဲဒီ ပြုကျင့်ခံရသူကို သက်သေ အထောက်အထားနဲ့ ပြသင့်ပါတယ်။ အီရန်သမ္မတက တစ်ခါက ပြောဖူးပါတယ်။ သူတို့နိုင်ငံမှာ လိင်တူ ဆက်ဆံသူ မရှိပါဘူးတဲ့။ ဒါကို အနောက်တိုင်းက ကာတွန်းဆရာများက ပြန်သရော်ထားပါတယ်။ ဘယ်ရှိမှာလဲ ကြိုးပေးသတ်တာကိုးတဲ့။)
- အက္ခဘာဇီးယားဒေသကို အလည်သွားခဲ့တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ အပြုအမှုဟာ ဂျော်ဂျီးယာနိုင်ငံကို စိတ်ဆိုးဒေါသ ထွက်စေခဲ့ပါတယ်။ ပူတင်က အဲဒီဒေသမှာ ရုရှားစစ်တပ်များ တိုးချဲ့ တပ်စွဲသွားမယ်လို့ ဂတိပြုထားပါတယ်။
- ရဝမ်ဒါ လူမျိုးတုံး စစ်ပွဲမှာ တာဝန်ရှိသူလို့ သံသယရှိသူ တစ်ယောက်ကို ကွန်ဂိုမှာ ဖမ်းမိသွားပါပြီ။
- ဘောလ်တစ်ပင်လယ်တစ်ဝိုက်မှာ ပြန်ပေးဆွဲခံရတယ်လို့ သံသယရှိတဲ့ သဘောင်္တစ်စီးကို ရှာဖွေဖို့ ရုရှားရေတပ်က ပါဝင်ပူးပေါင်းလာပါတယ်။
- ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ရေကူးဝတ်စုံ ဝတ်ဆင်သူ မူဆလင် အမျိုးသမီးများကို အများပြည်သူနဲ့ သက်ဆိုင်တဲ့ ရေကူးကန်မှာ ရေကူးခွင့် ပိတ်လိုက်တယ်လို့ ပြင်သစ်အရာရှိများက ပြောကြားပါတယ်။
- မိုက်ခရိုဆော့ဖ်ဟာ ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၂၉၀ မီလီယံ ပေးဆောင်ရပြီး သူ့ရဲ့ Microsoft Word ရောင်းချခွင့်ကို ပိတ်ပင်ထားခံရပါတယ်။
- ဆိုမားလီ ဗလီတစ်ခုမှာ ဝတ်ပြုနေတဲ့ ပါကစ္စတန်နိုင်ငံသား ငါးဦးဟာ မနက်အာရုံတက်ချိန်မှာ သေနတ်နဲ့ ချောင်းမြောင်း ပစ်ခတ်ခံခဲ့ရပါတယ်။

ငါ့ကို ချစ်တဲ့သူ

အာဇာနည်ရဲ့ သီချင်းလေးတစ်ပုဒ်ပါ။
ဒီသီချင်းလေးကြားတိုင်း တစ်ချိန်က တစ်ယောက်သောသူမကို သနားမိတယ်။
ခုနေခါမှာ သူပျော်ရွှင်ပါစေလို့ တိုးတိုးလေး ဆုတောင်းပေးနေမိတယ်။

အာဇာနည် - ငါ့ကို ချစ်တဲ့သူ

Myanmarmp3 ကနေ တိုက်ရိုက်နားဆင်နိုင်သလို အောက်ကပလေယာမှာလဲ နားဆင်နိုင်ပါတယ်။

တိုက်ရိုက်နားဆင်ရန်။


Monday, August 10, 2009

ကိုပေါ ထိပ်တုံးစာမိခြင်း (သို့) မရယ်ရတဲ့ ဟာသ

ထုံးစံအတိုင်း အင်္ဂလိပ်နယ်ချဲ့များ အုပ်စိုးသော ခေတ်ဖြစ်သည်။

ထုံးစံအတိုင်း အင်္ဂလိပ်အရာရှိမင်း မစ္စတာ မိုက်ကယ် တစ်ယောက် ရွာတစ်ရွာသို့ စစ်ဆေးရေး ဝင်ရောက်ခြင်း ဖြစ်သည်။ တောကြိုအုံကြား ဖြစ်သဖြင့် မြို့ပေါ်သို့ ချက်ချင်း မပြန်နိုင်ချေ။ ထို့ကြောင့် ရွှေသေနတ်ဆုရ သူကြီးမင်းမှ နယ်ချဲ့မင်း အတွက် လိုအပ်သည်များ စီစဉ်ပေးရသည်။ နေရာထိုင်ခင်း၊ အစားအသောက်၊ တောက်တိုမယ်ရ ခိုင်းရန် ဖင်ပေါ့သူ စသဖြင့် စသဖြင့်... (လိုသည်များကို ဖြည့်ဖတ်ပါလေ။)

အဆိုပါရွာ၌ အင်္ဂလိပ်ဆိုလျင် အလွန်အထင်ကြီးသော ရူးပေါပေါ၊ ပါလေရာ ကိုပေါ ဆိုသူ တစ်ယောက်ရှိလေ၏။ (ပိတောက်ရိပ်မှ ကိုပေါ မဟုတ်သလို၊ စောဘွဲ့မှူး၏ ကိုပေါလဲ မဟုတ်ချေ။ဤကား စကားချပ်။)
ကိုပေါသည် အင်္ဂလိပ်ဆိုလျင် အထင်ကြီးသဖြင့် အင်္ဂလိပ်စကားကို ရွာမှ စကားပြန်အလိုတော်ရိထံတွင် တစ်ခွန်းစ နှစ်ခွန်းစ သင်ဖူး၏။ မွေးမိခင် ဘာသာစကား မဟုတ်ချေသောကြောင့် ဘိုသံမပီသလို အဓိပ္ပါယ်လဲ သေချာ မမှတ်မိချေ။
သူကြီးမှ သခင်ကြီးအတွက် လက်တိုလက်တောင်း ခိုင်းရန် စဉ်းစားရာ ကိုပေါကို ခန့်ထားလိုက်လေ၏။ ထိုည၌ မည်သည့် အကြောင်းခြင်းရာများ ထူးထူးထွေထွေ မဖြစ်ပဲ တစ်ညတာ ကုန်လွန်သွား၏။


မနက်လင်း၍ သခင်ကြီး မြို့ပြန်မည့်အချိန်တွင်မှ ပြဿနာပေါ်ချေပြီတည်း။ သခင်ကြီး၏ လက်ပတ်နာရီ ပျောက်ခြင်းမလှ ပျောက်ဆုံးမှု ဖြစ်သည်။ ရွှေသေနတ်ဆုရ သူကြီးမင်း နောက်နှစ် အရွေးမခံနိုင်တော့မည့် ကိန်းဆိုက်လေတကား...။

သခင်ကြီး လွန်စွာစိတ်ဆိုးလေရကား ကိုယ်တိုင် သူခိုးဖမ်းမည်ဟုဆိုကာ ယမာန်နေ့ညက အိမ်တော်လာသူ အားလုံးကို စစ်မေးချေ၏။ တရားခံ မပေါ်ချေ။ နောက်ဆုံးတွင်ကား အနီးကပ်ဆုံး နေထိုင်သူ ကိုပေါကို စစ်မေးရန်အလှည့်ရောက်၏။

ကိုပေါမှာလဲ သခင်ကြီးမေးချင် အသင့်ဖြေနိုင်ရန် တတ်သမျှ ဗြိတိသျှစာလုံးများကို အပြန်ပြန်အလှန်လှန် စဉ်းစားနေချေ၏။ သိုင်းကျူး၊ နိုး၊ ရက်စ် စသဖြင့်သာ မှတ်မိတော့၏။

သခင်ကြီး။ ။ မောင်မင်း ကိုပေါ။ မင်း သခင်ကြီး နာရီခိုးသလား။
ကိုပေါ ။ ။ ရက်စ်
သခင်ကြီး။ ။ ဘယ်မှာထားသလဲ၊ သခင်ကြီးကို ပြန်ပေးပါ။
ကိုပေါ ။ ။ နိုး
သခင်ကြီး။ ။ မောင်မင်း ကိုပေါ။ ဒါဆို မင်းကို ဖမ်းတယ်။
ကိုပေါ ။ ။ သိုင်းကျူး။

ဤသို့ဖြင့် ကိုပေါတစ်ယောက် ထိပ်တုံးစာ မိလေ၏။

မှတ်ချက်။ မရယ်ရသော ဟာသကို မျှဝေခြင်း ဖြစ်သည်။

Sunday, August 9, 2009

အတိတ်ကို ပြန်လှန်ခြင်း (2)။

အတိတ်ကို ပြန်လှန်ခြင်း ဒုတိယပိုင်းအနေနဲ့ ဆက်ရရင် ဟိုအရှေ့က ခေါက်မောက် ဆိုတာလေးကို ဆက်ရမှာပါ့။ ခေါက်မောက်ဆိုတာ ကောက်သစ် ပေါ်တဲ့အချိန်မှာ ရတတ်တဲ့ ပေါ်ဦးပေါ်ဖျား ရာသီစာလေးပါ။ ကောက်သစ်ကို သေချာချက်ထားတဲ့ ကောက်ညှင်းမွှေးတစ်မျိုးပါ။ အနံ့လေးက သင်းသင်းလေးနဲ့ သူ့ချည်းသာ သက်သက် စားမယ်ဆို စားနိုင်တဲ့ ရာသီစာ တစ်မျိုးပေါ့။ တစ်ချို့ကတော့ ကွန့်ပြီး အုန်းဆံနုနုလေးနဲ့ ဖြူးစားကြတယ်။ တစ်ချို့ကတော့ သကြားဖြူးစားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စားလို့ ကောင်းတာတော့ အမှန်ပဲ။ တစ်ချို့များကျတော့ အုန်းနို့ကထိနဲ့ နယ်ဖတ်ပြီးစားကြတယ်။ ရှမ်းပြည်မှာသာ ရနိုင်တဲ့ Exclusive Traditional Food တစ်မျိုးပေါ့။

ဆောင်းရာသီစာ နောက်ထပ်တစ်မျိုးကို မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် ခေါက်လောက်လို့ ခေါ်တဲ့ ကစော်တစ်မျိုးကို ပြရမှာပါပဲ။ “ခေါက်” ဆိုတာ ထမင်း “လောက်” ဆိုတာ အရက်... တိုက်ရိုက်ဘာသာပြန်ရင် အရက်ထမင်းလို့ အချိုးမကျ အဆီအငေါ်မတည့်တဲ့ ဝေါဟာရကို ရမှာ ဖြစ်ပေမယ့် တစ်ကယ်ကတော့ သူက အရက် တစ်မျိုးပါပဲ။ သိကြတဲ့ အတိုင်း ရှမ်းပြည်က ဆောင်းရာသီမှာ အလွန်အေးချမ်းလေတော့ အအေးဒဏ်ကို ကာကွယ်ဖို့ လူတွေက တစ်နည်းတစ်ဖုံ အန်တုကြတာလို့ သဘောပေါက်ရင် ခေါက်လောက်ဟာ ဘာ့ကြောင့် ဆောင်းရာသီစာ ဖြစ်တယ်ဆိုတာ ခွင့်လွှတ်နားလည် သဘောပေါက် ကြပါလိမ့်မယ်။ ခေါက်လောက်ဆိုတာ ထမင်းကို အချဉ်ဖေါက်ထားတဲ့ ကစော်တစ်မျိုးပါ။ နောက်ထပ်ရက်နည်းနည်းလောက် ထားလိုက်ရင် အရက်အာနိသင် ရနိုင်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်မှာ ကစော်ကို အရက်အဆင့်ထိ မထားပဲ ခေါက်လောက် အဆင့်ရတာနဲ့ ဈေးထဲမှာ လာရောင်းကြပါတယ်။ မြေအိုးခပ်ရွယ်ရွယ်ထဲမှာ ကစော်ကို ဖေါက်ထားတာပါ။ ဈေးမှာ လာရောင်းတော့လဲ အဲဒီ မြေအိုးအတိုင်း သယ်လာရောင်းကြတယ်။ အဖိုးကြီး အဖွားကြီးများက မက်မက်စက်စက် သုံးဆောင်ကြတဲ့ ရိုးရာ အချမ်းပြေ ရာသီစာ ဖြစ်ပါတယ်။ အရက်လိုပဲ သုံးဆောင်လိုက်ရင် လူတစ်ကိုယ်လုံး နွေးထေံးသွားပါတယ်။ သူ့ကို ဒီအတိုင်း သောက်ရင် ခါးလို့ မြေအိုးထဲမှာ သကြား ထည့်ဖျော်ထားပါတယ်။ ကလေးတွေ အကြိုက်ပေါ့။ ငယ်ငယ်က အဲဒီ ခေါက်လောက်ဆိုတာကို ကြိုက်တတ်လွန်းလို့ ခဏခဏ သွားသွားသောက်မိပါတယ်။ (အဲဒါကြောင့်လား မသိ.. ခုကြီးလာတော့ ယမကာ လုင် ဖြစ်နေတာ)

အဲဒီ ခေါက်လောက်ကို ကိုယ်ဝန်ဆောင် မိခင်များလဲ အချမ်းပြေ သောက်သုံးကြတယ်။ ခေါက်လောက်ကို ပြုတ်ပြီး ကြက်ဥခေါက်ထည့်တာပေါ့။ အားလဲရှိ အချမ်းလဲပြေတဲ့ ရိုးရာ တိုင်းရင်းဆေး တစ်မျိုးပါ။ မောင်သိန်းအောင်တို့များ ဒီပုံတော့ ရိုက်မလာဘူး...။

နောက်ရိုးရာ အစားအစာ တစ်မျိုးကို ထပ်မိတ်ဆက်ရရင် ကျော်စံကေးခြောက်လေး ဖြစ်ပါတယ်။ ခြေတံရှည် ဖားကောင်လေးများကို အခြောက်လှမ်းထားတဲ့ စားစရာ ဖြစ်ပါတယ်။ တစ်စည်းကို ကျော်စံကေးခြောက် ၁၂ ကောင်လောက် ပါတတ်တဲ့ အစည်းတစ်စည်းကို ၁၀ ကျပ်လောက် ပေးရပါတယ်။ (၁၉၉၄ ဈေးနှုန်း) အဲဒီ ကျော်စံကေးကို ဆီပူထဲမှာ ကြွပ်နေအောင် လိမ့်ပြီး ဆားလေး ဖြူးလိုက်ရင် ဟင်းတစ်မယ် ရပါတယ်။ တစ်ချို့လဲ အခါးရည်နဲ့ မြည်းကြတာပေါ့။ အရသာလား...။ ဘယ်လို အရသာနဲ့ နှိုင်းရမလဲဆိုတာ မပြောတတ်ဘူးရယ်။

ခေါက်ဖင်းဆိုတာလေ သိကြလား မသိဘူး။ ခေါက်ဖင်းဆိုတာ ထိုဟူးနွေးကို အခဲလေး ဖြစ်အောင် လုပ်ထားတဲ့ စားစရာကို ပြောတာ။ ခေါက်ဖင်း အမျိုးမျိုး ရှိတယ်။ မြေပဲနဲ့ လုပ်ထားတဲ့ ခေါက်ဖင်းကို ခေါင်ဖင်းထိုလင် (အညိုရောင် ရှိ) လို့ခေါ်တယ်။ မတ်ပဲ၊ ကုလားပဲနဲ့ လုပ်ထားတာကျတော့ ခေါက်ဖင်းထို (အဝါရောင် ရှိ) လို့ခေါ်တယ်။ ဆန်မှုန့်နဲ့ လုပ်တဲ့ ခေါက်ဖင်းကိုတော့ ခေါက်ဖင်းခေါင်လို့ ခေါ်တယ်။ (အဖြူနဲ့ အဝါကြား အရောင်အဆင်းရှိ)။ အများဆုံး စားဖြစ်တာကတော့ ခေါက်ဖင်းခေါင်ပဲ။ နေ့လည်နေ့ခင်း တစ်ရေးတစ်မော အိပ်ရာကနေ နိုးလာတဲ့ အခါ ခေါက်ဖင်းခေါင်ကို ခရမ်းချဉ်သီးရည် ချဉ်ချဉ်နဲ့ ငြုပ်သီးစပ်စပ်နဲ့ စားရတဲ့ အရသာကို ကျိုင်းတုံသူ/သားများ မေ့နိုင်မယ် မထင်ပါ။ ခေါက်ဖင်းထိုလင်ကတော့ ဆားနည်းနည်း ထည့်ထားတယ်။ သူလဲ ကြံသကာရည်ဖြစ်ဖြစ်၊ ခရမ်းချဉ်သီးရည်ဖြစ်ဖြစ် ဆမ်းစားရတာပဲ။

(ဒီအပေါ် က ပုံက ခေါက်ဖင်းထိုလင် ဖြစ်ပါတယ်။ မောင်တီဇက်အေဆီက ခွင့်မတောင်းပဲ ယူလာတာပါ။ ဘာဖြစ်လဲ.. ဘာဖြစ်လဲ...။)

ခေါက်ဖင်းထိုကျတော့ ထိုဟူးနွေး ဖြစ်နေတဲ့ အရည်ပျစ်ခဲခဲကို ဗန်းထဲထည့် အအေးခံထားတဲ့ ဟာပေါ့။ သူ့ကျတော့ ကြော်လိုက်ရင် နှစ်ပြန်ကြော်လို့ တောင်ကြီးမှာ ခေါ်တဲ့ စားစရာ ဖြစ်သွားတယ်။ မကြော်ပဲ ခဲနေတဲ့ဟာကို ဒီအတိုင်း အချဉ်ရည် တစ်ခုခုနဲ့ တွဲစားကြတယ်။ ကျိုင်းတုံမှာ နာမည်ကြီးတဲ့ နှစ်ပြန်ကြော်ကတော့ အရင် ကျိုင်းတုံ ရုပ်ရှင်ရုံဘေးနားမှာ ရောင်းတဲ့ ကုလားကြီး နှစ်ပြန်ကြော်ပဲ။ ငယ်ငယ်ကတည်းက အဲဒီနေရာမှာ ကုလားကြီး ရောင်းနေတာ တွေ့ရတယ်။ အခုထိလဲ အဲဒီကုလားကြီး ရောင်းနေတာပဲ။ ဒယ်အိုးကြီးကြီးနဲ့ ကြော်ရောင်းတာ။ အဲဒီ ကုလားကြီးဆို ရှမ်းကမ္မဝါစာ ဖတ်ရမလား ထင်ရလောက်အောင် ရှမ်းစကားကို ရှမ်းတွေထက် ထုံးလိုချေ၊ ရေလိုနှောက် ကျွမ်းကျင်တာကလား...။

ဆက်ရန်...။

Thursday, August 6, 2009

အတိတ်ကို ပြန်လှန်ခြင်း။

ဤပို့စ်သည် ဆားချက်သော ပို့စ်ဖြစ်၏။ ဖတ်ပြီးသူများ အတွက် အဟောင်း ဖြစ်သော်လည်း မဖတ်ရသေးသူ များအတွက် အသစ်ပင်တည်း။ ဖတ်ပြီးပါကလဲ တစ်ဖန်ပြန်လည် ဖတ်ရှုကာ မရှင်းသည့် အချက်များ အပြန်ပြန် အလှန်လှန် မေးမြန်းနိုင်ပါကြောင်း...။
(တစ်ကယ်က ဆားဖြူးတာပါ။ စကားလုံးကြီးကြီး သုံးလိုက်တော့ လူရှိန်တာပ။)

ပုဇွန်တောင် ဗိုလ်ချုပ်လမ်းဆုံးက မာလာဟင်းနဲ့ အကင်တွေ စားချင်လိုက်တာ ဘန်ကောက်က မူကထ စားချင်လိုက်တာ တင်လိုက်တာနဲ့ ချက်ချင်းတက်တယ်။ မြန်မာပြည် ကော်နက်ရှင်ထက် နှာတစ်ဖျားလေးတာ့ သာသွားပြီပေါ့ကွယ်။ လူမရှိတဲ့ ဒီနေ့ကျမှ ကော်နက်ရှင်တွေက ဇွတ်ကောင်းနေတယ်။ ဇင်းမယ် နိုက်ဘာဆားနားက စားသောက်ဆိုင်မှာ ဂုံးကို ကြက်ဥနဲ့ ကော်ကြော်နဲ့ ရောကြော်ထားတာ စားချင်တယ်။ (၁၉ လမ်းထိပ်က ဂဏန်းခွက်ကြော်နဲ့ မတူဘူး) ဘဲသားခေါက်ဆွဲ ဆိုပြီး ဆန်ကြာဇံကို ဘဲသားပြုတ်ရည် ချိုတိုတိုနဲ့ ရောင်းတဲ့ လက်တွန်းလှည်း ခေါက်ဆွဲဆိုင်က ခေါက်ဆွဲစားချင်တယ်။ ဒါလဲ ဇင်းမယ်ကပဲ။ ကြက်အူထဲကို ထမင်းချဉ်နဲ့ဆန်ကြာဇံ ရောထည့် အချဉ်တည်ထားတဲ့ ဆိုက်အို ဆိုတာလဲ စားချင်တယ်။ အီဆန်ဆိုတဲ့ အရပ်က လာတာ။ ကြက်အရေခွံ လတ်လတ်ဆတ်ဆတ် ကိုကြွပ်နေအောင် ကြော်ထားတဲ့ အရေခွံကြော်လဲ စားချင်တယ်ဗျာ။ ကောက်ညှင်းကို အုန်းနို့ဆမ်းပြီး ဆင်စွယ်သရက်သီးမှည့်နဲ့ တွဲစားရတဲ့ အစားအစာလေးလဲ စားချင်တယ်။ နွေရာသီရောက်လို့ တောင်လေတိုက်ရင် အော်တတ်တဲ့ အကောင်လေ။ စီကနဲ စီကနဲ အော်တတ်တယ်။ အဲဒီကောင်တွေက လူရည်ချွန် နို့မှုန့်ဗူးနဲ့ တစ်ပြည်၁၂ ကျပ်ဆိုပြီး ရောင်းတတ်တယ်။ အတောင်ချွတ်ပြီး ဆီပူနဲ့လိမ့်တာကို အခါးရည်နဲ့။ ဆားတော့ နည်းနည်းဖြူးပေါ့။ တစ်ချို့ကတော့ အာဂျီနိုမိုတိုလေးပါ ထည့်သေးတယ်။ မဲန်းင်ဂျယ် လို့ ခေါ်ကြတယ်။ မျက်စိပြူးပြူးနဲ့ မောင်တီဇက်အေများ သိမလား မသိဘူး။ (အဲဒီအကောင် မျက်စိပြူးတာ ပြောတာ။ မောင်တီဇက်အေ ပြူးတယ် မဆိုလိုပါ။) နောက် နွေရာသီစာ တစ်ခုကတော့ ခါချဉ်ဥပဲ။ ကျိုင်းတုံမှာ သင်္ကြန်မတိုင်ခင် တစ်လအလိုမှ စော်ဘွားဈေးဟောင်းနေ့ ဆိုပြီး မြို့လည်က စော်ဘွားသချိုင်္င်းမှာ မြို့မဈေးကရော ရွာနီးချုပ်စပ်က ဈေးသည်တွေပါ လာရောင်းတတ်တယ်။ အဲဒီအချိန်မှာ စားရင် အရသာ အရှိဆုံးလို့ ပြောတယ်။ ကတက်ချဉ် နုနုလေးနဲ့ သုပ်စားကြတယ်။ အရည်လေးက ချဉ်ချဉ်လေး၊ ခါချဉ်သက ကိုက်လိုက်မိရင် ထောက်ကနဲနဲ့ ဆိမ့်တာ။ တစ်ခါတစ်လေ ခါချဉ် ပါပါလာတတ်တယ်။ အတောင်ပံ ပါတဲ့ ခါချဉ်ကျတော့ ဝါးမိရင် ဆိမ့်ချဉ်ချဉ်နဲ့။ လူတွေများ သူများ အသက်ပါမှ စားလို့ အရသာ ရှိကြလား မသိဘူး။ တို့များ တောင်ပေါ်မှာ နောက်တစ်မျိုး စားတာရှိတယ်။ သူက ခူကောင်လိုပဲ။ အမွှေးမပါဘူး။ ဖြူဖြူလေးတွေ။ မျက်စိထဲ မြင်အောင် ပြောရရင် ဘောက်ဖတ် အဖြူကောင်လိုပဲ။ သူက ဝါးပိုးဝါးတွေ ဆိုလား။ အဲဒီ ဝါးတွေထဲမှာ အကောင်ပေါက်တာတဲ့။ ရောင်းရင်လဲ အဲဒီအတိုင်း တောထဲက ယူလာတဲ့ ဝါးကျည်တောက်ထဲက အတိုင်း ရောင်းတယ်။ အရင်တုန်းကဆို အီကော့တွေ အဲလို တစ်ဘက်ပိတ် ဝါးကျည်တောက်ကို ပလပ်စတစ် အစနဲ့ ပိတ်ပြီး လာလာရောင်းတယ်။ တရုတ်တွေဆို ဝယ်ကြသလား မမေးပါနဲ့။ တရုတ်တွေလောက် အကောင်းကြိုက်တာ တရုတ်ပဲ ရှိတယ် (ဒါက တောင်ပေါ်ရှမ်းစာနော်)။ သူ့ကိုလဲ ဆီပူလေးနဲ့ ကြော်ရတယ်။ ဆားဖြူးလိုက်ရင် ဆိမ့်ဆိမ့်လေးပေါ့။ တက်စာ။ တွင်းအောင်းကောင် ထင်တာပဲ။ မြေကြီးထဲ မြုပ်နေတဲ့ ဝါးတွေထဲက ရတာတဲ့။ အရောင်အဆင်း မရှိပဲ ဖြူဖြူလေးဆိုတော့ စားဝိုင်းတွေမှာ တင့်တယ်တာပေါ့လေ။ လူကြီးလက်မလောက် ရှိတယ်။ အခွံက စားလို့လဲ ရတယ်။ တို့များ ငယ်ငယ်တုန်းကတော့ အဲဒီအကောင်ကို ထက်ပိုင်း ချိုးလိုက်ပြီး အလယ်က အဆံတိုင်ကို ဖယ်၊ အခွံနဲ့ အနှစ်နဲ့ ဝါးလိုက်တာပဲ။ လယ်ကြွက်များ စားဖူးလား။ ပုသိမ် အသွားလမ်းက ရေနံ့သာ ဆိုတာကို သယ်ရင်းအလည်ခေါ်လို့ ရောက်တော့ ထန်းရည် ပေါတာကိုး။ ရခိုင်ရိုးမနဲ့ နီးတယ်။ လယ်ကြွက်နဲ့ မြည်းတာဗျာ။ ကြက်သားနဲ့ မလဲနိုင်ဘူး။ လယ်ကြွက်ဆိုတော့ စပါးတွေချည်း ရွေးစားတော့ ဆူဖြိုးနေတာပေါ့ဗျာ။ ဝတုတ်တုတ်တွေ။ အိမ်ကြွက်လို ကုပ်ချောင်းချောင်း ပိန်ညောင်ချိ မဟုတ်ဘူးဗျ။ မြွေသားကတော့ ငယ်ငယ်တုန်းက ငါးတန်းနှစ်မှာ စားဖူးတယ်။ သယ်ရင်းတို့ အဖေက တရုတ်နှစ်ကူးမှာ လတ်လတ်ဆတ်ဆတ် ချက်ကျွေးတာဗျား။ ပထမ မြွေခေါင်းကို စားပွဲခုံမှာ သံနဲ့ အသေရိုက်လိုက်တယ်။ နောက် လည်ပင်းလောက်နားကနေ ပတ်ပတ်လည်ကို ဓါးနဲ့ အရာပေးလိုက်တယ်။ အရေခွံကို အဲဒီကနေ အမြီးအထိ နောက်လှန် ဆွဲချလိုက်တယ်။ အရေခွံချည်းပဲ အကောင်းအတိုင်းရတာပေါ့၊ နောက် မြွေကျောကို ဓါးနဲ့ ခွဲတယ်။ ခွဲပြီးဟလာတဲ့ နေရာမှာ အသင့်ခွဲထားတဲ့ သစ်သားစာနဲ့ ကန့်လန့်ခံ လိုက်တယ်။ မခံရင် ခွဲထားတဲ့ နေရာတွေက ပြန်စေ့တတ်လို့တဲ့။ နောက် အထဲက အူကလီစာတွေ ထုတ်တယ်။ အသားချည်းပဲ ပြုတ်တယ်။ ပြုတ်နေတုန်း အိုးနား မကပ်ရဘူးဗျ။ အဆိပ်တွေ မွှန်မှာ ကြောက်တာရယ်၊ မျက်စိကန်းမှာ စိုးတာရယ်တဲ့။ မြွေသားက ချိုတယ်ဗျ။ ဂျင်းနိုင်နိုင်နဲ့ ချက်တာ။ မြွေသားက ပူတယ်ဆိုပဲ။ ဂျင်းကလဲ ပူတာပဲ။ သိတဲ့ အတိုင်း တရုတ်နှစ်ကူး ဆိုတာ တောင်ပေါ်မှာ ဆောင်းရာသီလေ။ ချမ်းနေတုန်း။ နောက် စားဖူးတာလေး။ ယုန်သားတဲ့။ မန်းလေးမှာ ကျောင်းတက်တုန်းက စားဖူးတာ။ ဆီပြန် ချက်လိုက်တော့ နူးနေတာပဲ၊ သူလဲ ချိုတယ်ဗျ။ ဇင်းမယ် ရောက်တုန်းကတော့ မျောက်ချေးခါး ဆိုတာ စားဖူးတယ်။ လူတွေက ပေါက်ပေါက်ရှာရှာကို စားကြတာ။ အခုလဲ မျောက်ချေးခါးတဲ့။ မျောက်ရဲ့ အစာအိမ်လောက် နားက ချေးမဖြစ်တစ်ဖြစ် ဟာတွေ ကပ်နေတဲ့ အူတွေပေါ့။ နားဝင်ချိုအောင် မျောက်ချေးခါးလို့ ပြောတာပဲ။ ဘယ်လို ချက်တာလဲတော့ မသိဘူး။ အင်းသားရိုးရာ အစာ ဆန်လှော် ဆေးခါးဟင်းချိုနဲ့ အရသာ ဆင်တယ်။ ခါးသက်သက်လေး။ ကျန်တာကတော့ ဝက်ကလီစာလိုပါပဲ။ အရည်ကတော့ သောက်လို့ ကောင်းတယ်။ အသားပြုတ်ရည် ချိုခါးခါးလေး။ အစာအိမ်ဆိုလို့ တစ်ဆက်တည်း ပြောရရင် ဆိတ်ပုဆိုးကြမ်းဆိုတာ အဲဒါကို ခေါ်တာ မဟုတ်လား။ တောင်ပေါ်မှာတော့ အမဲ အစာအိမ်ကို ခုလိုပဲ ခါးသက်သက် အရည်သောက် ပူပူလေး လုပ်ပြီး အရက်နဲ့ မြည်းတတ်တယ်။ ငယ်ငယ်က အဲဒီ အရည်သောက် အမဲအစာအိမ် ဟင်းချို ခါးသက်သက်ကို သောက်ချင်လွန်းလို့ အရက်ဆိုင်ထဲ ဝင်တာ မောင်းထုတ် ခံရဖူးတယ်။ အဲဒါနဲ့ ဦးလေးကို သွားဝယ်ခိုင်းဖူးတယ်။ အမေ့မောင်ပေါ့လေ။ ခုတော့ ဆုံးသွားပါပြီ။ အဲဒီခါးသက်သက် ဟင်းရည်တွေ သောက်မိတိုင်း သူ့တောင် သတိရ မိသေးတယ်။ နောက် ဝက်သား သုံးထပ်သားကို တောက်တောက်စင်းပြီး အစိမ်းအတိုင်း သုပ်တာ။ သူက ရှမ်းရိုးရာ အဆာပလာ အမှုန့် ဟင်းခတ် အမွေးအကြိုင်တွေ ထည့်နယ်ရတယ်။ ပူစီနံနဲ့ တွဲစားတယ်။ သူလဲ ယမကာ လုင်အကြိုက် အမြည်းပဲ။ ငယ်ငယ်က မြို့လေးမှာ အဲဒါ လုပ်တာ အရမ်းတော်တဲ့ လုံးဆမ် ဆိုတဲ့ ဦးလေး တစ်ယောက် ရှိတယ်။ (လုံးဆမ် ဆိုတာ ဦးလေးဆမ် ပေါ့။ ဘိုဆန်ဆန်ဆိုရင် Uncle Sam ပေါ့လေ)။ သူ့တစ်ကိုယ်လုံး တက်တူးတွေနဲ့။ မနက်ပိုင်းဆို ဈေးထဲမှာ သူကိုယ်တိုင် ကောင်းပေ့ဆိုတဲ့ ဝက်သားရွေးဝယ်တယ်။ သူဝယ်နေကျဆိုင်က ဝက်သားမကောင်းရင် ကောင်းတာ ဝယ်တယ်။ နောက် အိမ်ပြန်ပြီး ချက်ဖို့ ပြင်ဆင်တယ်။ ပြီးရင် နေ့ခင်းလောက်ဆို အကျီင်္ချွတ်နဲ့ စဉ်းနှီးတုံးကြီးကြီးမှာ ဝက်ခုတ်ဓါး ပြားပြားကြီးနဲ့ ဇိမ်ပြေနပြေ ဝက်သား တောက်တောက်စင်းတော့တာပဲ။ သူ့ဆိုင်မှာ သွားဝယ်ရင် အဲ့ဒီအချိန်နဲ့ အမြဲတမ်း တိုးတယ်။ စင်းပြီး ဆိုရင် သူက ပြင်ထားတဲ့ အဆာပလာတွေနဲ့ သေချာနယ်တယ်။ ဟင်းခတ်အမယ်များလဲ သူ့စိတ်ကြိုက် သူ့အချိုးအစားနဲ့ သူပဲ။ သူလုပ်တာ သူများနဲ့ မတူဘူး။ တော်တော်ကောင်းတယ်။ နံနံပင်၊ ပူစီနံ၊ ဂေါ်ဖီထုပ် နဲ့ တွဲစားရတာပေါ့။ ငယ်ငယ်ကတော့ အိမ်က အစိမ်း ပေးမစားဘူး။ ဝယ်ပြီး ပြန်လာရင် ရေထည့်ပြီး အိုးနဲ့ ပြန်လှော်လိုက်တယ်။ ဆီနဲ့ မကြော်ဘူး။ အဲဒီ ကြော်ပြီးသားကိုမှ စားရတာ။ အဲဒီတုန်းကဆို အစိမ်း စားချင်လိုက်တာ။ ကြီးလာရင် စားမယ်ပေါ့လေ။ ဒါပေမဲ့ ကြီးလာတော့ တစ်နယ်တစ်ကျေးကို လွှင့်သွားတယ်။ အန်ကယ်ဆမ်လဲ မရှိတော့ဘူး ထင်တာပဲ။ မောင်တီဇက်အေတို့များ အဲဒီ ဝက်သားစိမ်းစင်းကောသုပ်ကို မှီလိုက်သေးလား မသိဘူး။ နောင်ခိုက်မှာ ရောင်းတာလေ။ ရိုးရာ အစားအစာတွေ ဆိုလို့ နောင်ဖါ အရပ်က လာလာရောင်းတတ်တဲ့ ခေါက်ခက်ပ် ဆိုတာ သတိရတယ်။ ဆန်ကို အမှုန့်ထောင်း၊ ရေဖျော်၊ ဂျင်းရည် ထောင်းထည့်၊ ငရုတ်သီးမှုန့် ထည့်၊ ဆားထည့်။ နောက်တော့ ပြုတ်လိုက်တာလား မသိဘူး။ အဒီအရည်ကို ဝါးပင်က ဝါးကပ်ခေါ်တာလား၊ တစ်ဘက်က အမွှေးတွေနဲ့ တစ်ဘက်က ပြောင်ချောဟာလေ။ နှီးတုတ်တုတ်လေးတွေနဲ့ သီတာလေ။ (လူ မသီတာကို ပြောတာ မဟုတ်ဘူး။ သီထားတာကို ပြောတာ။) အကိုင်မတော်ရင် လေမွေ့ရင် အကုန်သွားပဲ။ အဲဒီအရည်ကို အဲဒီ ပြောင်ချောနေတဲ့ ဖက်မှာ သုတ် နေလှမ်း၊ ခြောက်သွားရင် ပြန်ခွာပြီး မီးခဲ သင်းသင်းလေးမှာ မီးနည်းနည်း ပြလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားလို့ရတယ်။ တစ်ဂျိုးဂျိုး တစ်ဂျွတ်ဂျွတ်ပဲ။ သူက အငန်မျိုးပေါ့။ အချိုမျိုးကျတော့ အချပ်ကြီးတယ်။ မုန့်လေပွေလို အချပ်ကြီးတယ်။ လေအဝှေ့မခံဘူး။ ကျိုးကျက်ပြီး ပါသွားတာပဲ။ စားပြီးရင် အာဂလောင်တွေမှာ ကပ်ကျန်တတ်တယ်။ သူငယ်စာတွေပေါ့ဗျာ။ အငန်မျိုးရော အချိုမျိုးရောကို မီးပြင်းပြင်းမှာ ခဏလေး ပြလိုက်ရင် စားလို့ရတယ်လေ။ ရောင်းတာကတော့ တစ်ခါတည်း ကင်ပြီးသားကို ရောင်းတာပဲ။ တောင်းကြီးကြီးမှာ စီထည့်တာ။ အပေါ်က ပလပ်စတစ်အုပ်တာပေါ့။ ဝယ်သူလာရင် နှီးတံ ခပ်တုတ်တုတ်ကို အောက်ဖက်က ကွင်းချည်ထားပြီး အဖျားနားက ထိပ်ချွန်တာလေးကနေ ဖေါက်စွပ်ပြီး သီရောင်းလိုက်တာပဲ။ အငန်မျိုးကို ဒီအတိုင်း စားလို့ ရပေမယ့် ကျွန်တော်က ထွင်စားတယ်။ ငရုတ်သီးမှုန့်ကြော်ကို ဆားနဲ့ အချိုမှုန့်နဲ့ ထပ်ထည့်လိုက်တယ်။ နောက် အဲဒီ ခေါက်ခက်ပ် အငန်အချပ်ပေါ် ထပ်သုတ်စားတယ်။ ရှယ်ပဲ။ ရန်ကုန်က မုန့်ဟင်းခါးတွေမှာ ထည့်တဲ့ ပဲကပ်ကြော် သိတယ်ဟုတ်။ ဆားမပါ ဘာမပါလေ။ ကျွန်တော်တို့ဆီက ပဲကပ်ကြော်ကတော့ ရှယ်ပဲ။ ကုလားပဲ၊ ပဲလုံးကြီး စတာတွေနဲ့ ကြော်တယ်။ ကြက်သွန်ဖြူ ရိုက်ထည့်တယ်။ ဆား၊ အချိုမှုန့်ပါတယ်။ မနက်ဆို ကောက်ညှင်းပူပူနဲ့ အဲဒီပဲကြော်နဲ့ တွဲစားတာ အရသာဗျ။ ချမ်းကချမ်း.. အေးနေတဲ့ လက်ကို ကောက်ညင်းပူပူနဲ့ ထိလိုက်လို့ ရတဲ့ အနွေးဓာတ်၊ ပဲကြော် အရသာ။ ရှလွတ်... နောက် ရွှေဖရုံသီးကို ဆန်မှုန့်နဲ့ ကြော်တဲ့ အကြော်လဲ ကျွန်တော့် ဖေးဘရိတ်ပဲ။ ကြက်သွန်မြိတ် အောက်က ကြက်သွန်ဥ သေးသေးတွေနဲ့ ကြော်တဲ့ အကြော်လဲ ကျွန်တော်ကြိုက်တယ်။ မနက်တိုင်း ကျူရှင်သွားရင် အဲဒီ အကြော်နဲ့ ကောက်ညှင်းနဲ့ စားစားသွားတာ မှတ်မိတယ်။ နောက် နန်တုံလို့ ခေါ်တဲ့ တစ်ကယ့် ရှမ်းတောင်ပေါ်ရိုးရာ အစားအစာ။ ဘာလို့လဲ ဆိုတော့ သူက အပူပိုင်း မြေပြန့် ပြည်မကြီးတွေမှာ လုပ်စားလို့ မရဘူး။ ဝက်သားကို အရိုးရော အခေါက်ရော အသားရော ပြုတ်ထားတာ။ ထုံးစံအတိုင်း ကြက်သွန်ဖြူ၊ နံနံပင်၊ ဘာညာပေါ့ဗျာ။ အဲဒါရော ပြုတ်ထားတာကို သံဗန်းမှာ လက်နှစ်ဆစ်လောက် ပြည့်အောင် အရည်ရော အသားရော အခေါက်ရောဖြည့်။ ခြံထဲက ဗူးစင်ပေါ်မှာ ဖြစ်ဖြစ် အိမ်ခေါင်မိုးမှာ ဖြစ်ဖြစ် တင်ထားလိုက်။ ညကျ နှင်းတွေ မဟားဒယား ကျလာရော။ အရည်က အေးပြီး ခဲမလိုလို ဖြစ်ရော။ ရေခဲတဲ့ အထိတော့ မခဲဘူးပေါ့လေ။ သူက အသားပြုတ်ရည်ဆိုတော့ ကျောက်ကျောလို။ မနက်ဆို ဈေးထဲမှာ ဗန်းလိုက် မ လာပြီး ရောင်းတယ်။ လိုချင်သလောက် ဝယ်လို့ရတယ်။ ငှက်ပျောဖက်လေးနဲ့ သေချာ ထုပ်ပေးတယ်။ ဘုန်းကြီးကျောင်း ဆွမ်းချိုင့် အလှည့်ကျပြီဆို ဒီဟင်းရယ်၊ ဆားဘဲဥရယ်က ပင်တိုင်ပဲ။ နောက် ဘုန်းကြီးကျောင်းမှာ ပင်တိုင် ကပ်တတ်တဲ့ ဆွမ်းဟင်းတစ်မျိုးက ထိုဖူးကြော်သုပ်..။ ဆန်းတယ်တော်။ ရှမ်းပြည်မှာ ထိုဖူးကို ကြော်ပြီးသုပ်တာ။ မြိုးတို့ လွိုင်နိုင်းမှာ သွားစားတဲ့ ထိုဟူးနွေးကို သူတို့က အတုံးလေး ဖြစ်သွားအောင် ဗန်းထဲထည့်ပြီး အခြောက်ခံလိုက်တာ။ အဲဒါကို ပြန်ကြော်ထားတာကို ပဲငံပြာရည်၊ ဂေါ်ဖီထုတ်၊ နံနံပင် စတာတွေနဲ့ သုပ်ထားတာ။ အဲဒါကို ငှက်ပျောဖက်နဲ့ ထုတ်ပြီး ရောင်းတာ။ အဲ့တုန်းကဆို ထိုဟူးနွေးသုပ်များ ဝယ်လာမိရင် အထားမတတ်ရင် ပဲငံပြာရည်တွေက တစ်စက်စက်နဲ့ ကျနေတာ။ အိမ်ရောက်တော့ ပဲငံပြာရည် ပြန်ထည့်ရတယ်။ အခုနေခါတော့ ပလပ်စတစ်တွေနဲ့ ထုတ်နေပါပြီ။ အရင်က ဝက်သားတန်းရုံ အပြင်ဘက် ဘေးမှာ ခုံနဲ့ ခင်းရောင်းတဲ့ အဒေါ်ကြီးတစ်ယောက် လုပ်တာ အရသာ ကောင်းတယ်။ လူတွေ တန်းစီနေတာပဲ။ သူအရင်ကုန်တယ်။ နောက် ငါးဒုက္ခ၊ ငါးကို ဝမ်းဗိုက်ကနေ မခွဲပဲ ဆူးတောင်ဘက်ခြမ်းကနေ အမြီးအထိ တောက်လျှောက်ခွဲထားတာကို အပြားလိုက်ဖြန့် နောက် ငြုပ်သီးစိမ်းထောင်း၊ ကြက်သွန်နီထောင်းကို ထည့်ပြီး ပြန်ခေါက်၊နှီးနဲ့ ပြန်ချည်။ ဆီပူပူနဲ့ သေချာကြော်။ နှီးချည်ထားတဲ့အလိုက် ပြန်ကြော်တာ။ မနက်ကျတော့ ဈေးထဲ ပြန်လာရောင်းရောပဲ။ တိုဟူးသုပ်၊ နန်တုံ၊ ငါးဒုက္ခတွေက မရိုးနိုင်တဲ့ လူတိုင်း ကြိုက်တဲ့ ရိုးရာ အစားအစာတွေပေါ့ကွယ်။ ငယ်ငယ်တုန်းက စာမေးပွဲဖြေပြီး နောက်တစ်ရက်ဆို မောင်တီဇက် အကျီင်္အသစ်လေးနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံနောက်ခံက ကျိုင်းဖေါင်း ချောင်းကို picnic ထွက်တာ ခေတ်စားဖူးတယ်။ အဲဒီလို ပစ်ကနစ် ထွက်ပြီဆို ကောက်ညှင်းရယ်၊ ဆားဘဲဥရည်စိမ်ရယ်၊ နန်တုံရယ်၊ တိုဟူးသုပ်ရယ်၊ ငါးဒုက္ခရယ် နောက် ဝက်ခေါက်ကြော်၊ တိုဟူးရီးတွေကတော့ မပါမဖြစ် ပင်တိုင် ပစ်ကနစ် အစားအသောက်တွေပဲ။ အဲလို ပစ်ကနစ် ထွက်ပြီဆိုမှဖြင့် ဒီလို အစားအသောက် ကြုံရမှာပဲ။ လူတိုင်းကတော့ တစ်မျိုးမဟုတ် တစ်မျိုး ပါလာတာပဲ။ အဲ့ဒါလဲ သူ့ဟင်းငါနှိုက် ငါ့ဟင်းသူနှိုက်နဲ့ ကုန်သွားတာပဲ။ နန်တုံက နေပြင်းရင် မြန်မြန် အရည်ပျော်တတ်တယ်။ အဲလိုဆို သိပ်စားလို့ မကောင်းတော့ဘူး။ ဒါပေမဲ့လဲ ကုန်တာပါပဲ။ နန်တုံထုတ်တဲ့ ဖက်တောင် လျှာနဲ့ လျက်တဲ့ ခပ်နောက်နောက် သယ်ရင်းတွေလဲ ရှိပါ့။ တစ်နှစ်တစ်ခါကို မှန်မှန်ကြီးကို ကျိုင်းဖေါင်းချောင်း ပစ်ကနစ် ထွက်တာကတော့ မရိုးနိုင်အောင် လေးတန်းနှစ်လောက်ကနေ တောက်လျှောက်ထွက်လာတာ ဆယ်တန်းအောင်တဲ့ အထိပဲ။ နောက် ရှမ်းပြည်မှာပဲ ရတတ်တဲ့ ခေါပုတ်ကင်။ သူက ကောက်ညှင်းပူပူကို နှမ်းနက်နဲ့ ရောပြီး ထောင်းတာ။ ဆားထည့်တာလဲ ရှိတယ်။ အဖြူမျိုးပေါ့။ ကြံသကာ ထည့်ထောင်းတာကတော့ အညိုမျိုးပေါ့။ ခေါပုတ်ကို ထောင်းပြီးရင် အနေတော် အချပ်လေးတွေ လုပ်ပြီး နေလှမ်းထားရတယ်။ ဆောင်းတွင်းမှာ လုပ်တာများတယ်။ နှင်းရိုက်အောင် ဆိုပြီး ညလဲ အပြင်မှာပဲ နှင်းရည် သောက်ခိုင်းတယ်။ ခေါပုတ်ဖြူကို မီးပြင်းပြင်းနဲ့ ကင်လိုက်ရင် ခေါပုတ်က ကြွပ်ရွ ပြီး ကြွဖေါင်းလာတယ်။ အဲဒါကို လက်ညိုးနဲ့ ပူမှန်းသိသိနဲ့ သွားဖေါက်ဖေါက်ပစ်တယ်။ ဖေါက်လိုက်လို့ ဖေါင်းတက်လာတာ ပြန်ပိန်လျော့သွားတာကို သဘောကျတာ။ နောက် မောင်တီဇက်ပြောတဲ့ နှမ်းပျစ်ရည် ဆိုတာနဲ့ တို့စားတာ။ တစ်ကယ်က ကြံသကာကို ကျိုထား ပြီး နှမ်းတွေထည့်တားတဲ့ ပျစ်တောက်တောက် ကြံသကာရည်ပေါ့ကွယ်။ ပူပူလေးနဲ့ ချိုချိုလေးကို ဆောင်းတွင်း ချမ်းစီးစီးမှာ လျှာအကျက်ခံပြီး တစ်ဖူးဖူးနဲ့ စားကြတယ်။ အနွေးထည်လေး ဝတ်လို့၊ လည်ပင်းမှာ မာဖလာလေး ပတ်လို့၊ ခေါင်းမှာ သိုးမွေးဦးထုပ် ဆောင်းလို့၊ ဘောင်းဘီဝတ်ပြီး ခြေအိတ်စွပ်ထားတဲ့ မောင်ဘွိုင်းတစ်ယောက် လက်ထဲမှာ ခေါပုတ်ဖြူ ကိုင်ပြီး ပါးစပ်ထဲက ခေါပုတ်ပူပူကို တစ်ဖူးဖူး မှုတ်စားနေတာ မြင်ယောင်ပါလေ။ ဘယ်လောက်ရိုးသား အပြစ်ကင်းစင်ပြီး ချစ်စဖွယ်ကောင်းတဲ့ နုနုနယ်နယ် ငယ်ငယ်ရွယ်ရွယ် ချာတိတ်လေးလဲလို့...။ အဟိ ဆောင်းတွင်း ချမ်းစီးစီး နှင်းတွေ ကျနေတာကို နောက်ခံထားပေါ့လေ။ မျက်နှာမှာ မီးဖိုက မီးအလင်းရောင်တွေ ဟပ်လို့...။ ခေါပုတ်အညို အချိုကိုတော့ ဒီအတိုင်း ကင်စားတယ်။ နဂို ချိုပြီးသားဆိုတော့ ဘာမှ ထပ်တို့စရာ မလိုတော့ဘူး။ ဆောင်းတွင်းမှာ ကောက်သစ်ပေါ်ချိန်ဆို စားရတတ်တဲ့ ရာသီစာ နောက်တစ်မျိုးရှိတယ်။ ခေါက်မောက်လို့ ခေါ်တာလေ။ သူက ကောက်ညှင်းတစ်မျိုး ပဲဗျ။ အနံ့မွေးတယ်။ နဂိုမွေးတာလား၊ အနံ့မွေးစေတဲ့ သစ်ရွက်တွေနဲ့ ထည့်ပေါင်းတာလား မသိ။ မွေးနေတာပဲ။ အရောင်ကလဲ အဲဒီ သစ်ရွက်ကြောင့်ထင်တယ်။ စိမ်းစိမ်းလေး။


(ဒေတာတွေ သိမ်းထားပေးတာ ကျေးဇူးပါ တီဇက်အေ။ လက်မညောင်းရတော့ဘူးပေါ့ကွယ်...။)
နောက်မှ မောင်တီဇက်ကို မပြောရသေးတာတွေကို အာရုံလာတဲ့ အချိန်မှာ အပီစုပ် တူးအနေနဲ့ ပြန်တင်မယ်။