Showing posts with label Google. Show all posts
Showing posts with label Google. Show all posts

Friday, April 1, 2011

Google New Features Rolling Out!

နည်းပညာနဲ့ ပတ်သက်ပြီး မရေးဖြစ်သည်မှာ ကြာပြီ။
မနေ့ကမှ ဂူဂယ်က Google PlusOne ဆိုသော လုပ်ဆောင်ချက် အသစ်ကို မိတ်ဆက်ပေးပါသည်။ အောက်က ဗွီဒီယိုတွင် အဆိုပါ လုပ်ဆောင်ချက်က ဘယ်လို လုပ်ပေးသည်ကို ရှင်းပြထားပါသည်။ အသေးစိတ် သိလိုပါမူ ဤလင့်ခ် ကို နှိပ်ပါ။




နောက်တစ်ခုမှာ ဂူဂယ်ကပဲင် ယနေ့မှ ထုတ်လုပ်လိုက်သော Gmail Motion ပင် ဖြစ်ပါသည်။ လုပ်ဆောင်ချက်မှာတော့ Motion Detection Method ကို အသုံးပြုထားခြင်း ဖြစ်ပါသည်။ မနေ့က ထုတ်တဲ့ +1 application ထက်တော့ ပိုသာပါလိမ့်မည်။ ဘီတာဗားရှင်းဆိုတော့ လိုအပ်ချက်များ ရှိကောင်းရှိနိုင်မည်။ ဘီတာဗားရှင်းအနေနှင့် မဆိုးဟု သတ်မှတ်ရမည်။ ဂူဂယ်ဆိုတော့လည်း ကောင်းသထက် ကောင်းအောင် လုပ်ဆောင်မည် ထင်ပါသည်။






(စကားမစပ် အထက်ပါ ဗွီဒီယိုမှ ပြောဆိုရှင်းလင်းချက်များသည် သာမာန်သူများနားလည်နိုင်စေရန် American English Accent ကို သုံးနှုန်းထားသည်။ သရုပ်ပြမှုကို လုပ်ဆောင်ပြသော သူသာ အမျိုးသမီးဖြစ်လျင် ပိုကောင်းမည်။ သူပြတာ သိပ်မရှင်း။ ထို့ကြောင့် ကနဦးပိုင်း၌ သူပြထားသည့်အတိုင်း လိုက်လံ လုပ်ဆောင်ကြည့်လျင် အဆိုပါ function သည် ကောင်းကောင်း အလုပ်မလုပ်ချေ။ သတိထားရန်မှာ WebCam ကို အောက်က ပုံပါအတိုင်း ကိုက်ညီစွာ ချိန်ညှိရမည် ဖြစ်သည်။)


အကယ်၍ ဒီထက်ပိုပြီး လှုပ်ရှားမှုများကို တိကျစွာ ဖမ်းယူပေးနိုင်လျင် စာရိုက်ရ၍ လက်ကောက်ဝတ်များ နာကျင်မှုကို တားဆီးပေးနိုင်မည် ထင်ပါသည်။ XBox Kinect ထုတ်တဲ့ Microsoft ဆီက နည်းပညာကို သုံးလျင် ပိုကောင်းမည်။

ဆိုနီရဲ့ PS3 က Motion Sensor Detection နည်းပညာလည်း မဆိုး။ ခက်တာက ဆိုနီက လက်ရှိ လပ်ပ်တော့ပ်က WebCam ကို သုံးလို့မရတာပဲ။ Gmail Motion ကတော့ မိမိတို့ရဲ့ လပ်ပ်တော့ပ် WebCam သည် Resolution အနိမ့်ဆုံး ၄၈၀ ရှိရင်တောင်မှ Detect လုပ်နိုင်သည်တဲ့။ ခြုံပြောရလျင်တော့ ဤနည်းပညာသည် လက်ချောင်းအဆစ်ရောင်တတ်သူများ အတွက် ပိုပြီး အဆင်ပြေမယ် ထင်တာပဲ။

လောလောဆယ်တော့ Posting Gesture များကို မှတ်သားထားရတာ အလုပ်တစ်ခု ဖြစ်နေသည်။ နောင်ဆို အလိုအလျောက် ဖြစ်သွားမှာပါပဲ။

ကျေးဇူး ဂူဂယ်...။

Apple ကတော့ iMotion ဆိုပြီး Google နောက် လိုက်ထုတ်မလား မပြောတတ်။ (စတိဗ်ဂျော့ဘ် ကတော့ ဉာဏ်များတတ်သည်။)

Activate လုပ်ဖို့ကတော့ အောက်ကလိပ်စာမှာပါ။ ကိုယ့်ရဲ့ ဂျီမေးလ် အကောင့်နဲ့ လင့်ခ်နိုင်ပါပြီ။
http://mail.google.com/mail/help/motion.html

Thursday, September 9, 2010

Google Instant




ဂူဂယ်ကို လူတိုင်း သိမှာပါ။
ဂူဂယ်နဲ့ ကိုယ်သိလိုတဲ့ အချက်အလက်တွေကို ရှာဖွေတာ ဘယ်လောက် မြန်ဆန်တယ်ဆိုတာလဲ သိကြမှာပါ။
အခု ဂူဂယ်ကနေပြီး လုပ်ဆောင်ချက် အသစ်တွေ ပါတဲ့ Google Instant ဆိုတဲ့ new feature ကို Google Search မှာ ထည့်သွင်းပေးလိုက်ပါပြီ။
ဘယ်လို ကောင်းလာလဲ ဆိုတော့ အချို့ဥပမာတွေ ပြရရင် အရင်ကထက် ရှာဖွေနှုန်း ၄-၅ စက္ကန့် ပိုမြန်လာပါမယ်။
စာတစ်လုံး ရိုက်လိုက်ရင် အဲဒီစာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ချက်ချင်းပဲ မြင်နေရပါမယ်။ စက္ကန့်မလပ် update လုပ်ပေးမယ် လို့ ဆိုပါတယ်။
လောလောဆယ် အသုံးပြုနိုင်တဲ့ နိုင်ငံတွေကတော့ US, UK, France, Germany, Italy, Spain and Russia တို့ဖြစ်ပါတယ်။
အသုံးပြုနိုင်တဲ့ Browser တွေကတော့ Chrome v5/6, Firefox v3, Safari v5 for Mac and Internet Explorer v8 ဖြစ်ပါတယ်။
လူတိုင်းကသာ Google Instant ကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ အချက်တွေကို ရှာမယ်ဆိုရင် အရင်ကထက် 3.5 billion Second အချိန်ကုန် သက်သာသွားမယ်လို့ ဆိုပါတယ်။

အကျယ်ဖတ်ချင်ရင် ဒီလင့်ခ်မှာ သွားဖတ်လိုက်ပါလေ။
ကော်နက်ရှင်နှေးတဲ့ နေရာတွေမှာတော့ ၅ စက္ကန့်လောက် ပိုမြန်လာတာလောက်နဲ့တော့ ပြောပလောက်အောင် ထူးခြားမှာ မဟုတ်လောက်ပါဘူး။ (တားတို့ ရွှေပြည်ကြီးကို ပြောနေတာ မဟုတ်ဘူးနော်။ :D )

Thursday, August 26, 2010

Google Voice OR Call phone from Gmail






အံမယ်... ခုနလေးတင် ဒီညနေပိုင်းကမှ ဂျီမေလ်း ဖွင့်လိုက်တာ... ဗြုန်းဆို တက်လာပါရောလား...။
ဘာတက်လာတာတုန်း...
သြော်.. ဂျီမေးလ်ကနေ လိုင်းဖုန်းတွေကို ဖုန်းခေါ်လို့ရပြီ ဆိုတဲ့ မက်ဆေ့ခ်ျလေးပါ။
လောလောဆယ်တော့ အမေရိကားနဲ့ ကနေဒါနိုင်ငံကို ၂၀၁၀ ဒီဇင်ဘာလကုန်အထိ အခမဲ့ ခေါ်လို့ရပါတယ်တဲ့...။ နှစ်ကုန်သွားရင်တော့ အခကြေးငွေ တွေ ဘာတွေနဲ့ လာတော့မှာပေါ့လေ။
တစ်ခြားနိုင်ငံတွေကတော့ အခကြေးငွေနဲ့ စတင် ကောက်ခံမှာပါ..။
စစချင်း ပရိုမိုးရှင်းအနေနဲ့သုံးတဲ့ စာသားလေးက သင်းတယ်ဗျား...။ နိုင်ငံတကာကို ခေါ်ဆိုခသည် Insanely Rate တဲ့....။

ပထမဦးဆုံး မိမိ ဂျီမေးလ်ကို ဖွင့်လိုက်တာနဲ့ အထက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်။ အဲဒါကို ကလစ်လုပ်လိုက်ရင် ဂူဂယ် ရ့ Terms & Conditions ဘာညာ သာရကာတွေကို သဘောတူမတူ မေးတဲ့ Pop Up Box တစ်ခု ပေါ်လာမယ်။ အဲဒီမှာ Try now ကို ကလစ်နိုပ်လိုက်ရင် အောက်က ပုံအတိုင်း မိမိ ဂျီမေးလ်ဖွင့်ထားတဲ့ ဘရောက်ဇာရဲ့ ညာဘက်အောက်ခြေမှာ ဖုန်းနံပါတ်နှိပ်ဖို့ အကွက် ပေါ်လာပါလိမ့်မယ်။ အဲဒါလေးကို နှိပ်ပြီး မိမိ အလိုရှိရာ နိုင်ငံဒေသအသီးသီးကို ဆက်သွယ်နိုင်ပါပြီ။


မြန်မာပြည်ကို ဖုန်းခေါ်ချင်ရင် တစ်မိနစ်ကို အမေရိကန် ဒေါ်လာ $0.35 / minutes နှုန်း ကျသင့်ပါလိမ့်မယ်။ skype နဲ့ သိပ်မကွာသလိုပဲ...။ ဂူဂယ်က မဆိုစလောက်လေး သက်သာပါတယ်။



တစ်ခုကောင်းတာကတော့ စကိုက်ပ် လို ဆော့ဖ်ဝဲသတ်သတ် သွင်းစရာ မလိုပဲ မိမိရဲ့ ဂျီမေးလ်ကနေ တစ်ဆင့် ခေါ်ဆိုမှု ပြုလိုက်နိုင်ခြင်းပါပဲ...။

(ဂူဂယ်က Gizmo5 ကို ဝယ်လိုက်ကတည်းက VoIP နည်းပညာကို သူတို့ လမ်းထပ်ချဲ့လိုက်တယ် ဆိုတာ အဲ့ကတည်းက တွေးမိတာ မှန်မှန်း ခုတော့ သိတယ်...။)

အကျယ်သိချင်ရင် Google Mail ရဲ့ Official Website ကို သွားကြည့်ပါလား...။

ထပ်ဖြည့်။ ။ ပိုက်ဆံထည့်ဖို့နေရာ ရှိပါတယ်။ ကိုယ့်အကောင့်ထဲက ကျန်နေတဲ့ ပမာဏကို ဖော်ပြတဲ့ နေရာနားက Down arrow key ကို နှိပ်လိုက်ရင် နောက်ဘရောက်ဇာတစ်ခုမှာ ခရဒ်ဒစ်ကဒ် အင်ဖော်မေးရှင်းတွေ ဖြည့်ဖို့ ပုံစံထွက်လာပါလိမ့်မယ်။ အဲဒီမှာ Billing Tab အောက်နားမှာ Add $10 ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး လိုအပ်တဲ့ ခရဒ်ဒစ် အချက်အလက်တွေကို ဖြည့်လိုက်ရုံနဲ့ ကိုယ့်အကောင့်ကို ကိုယ် top up လုပ်နိုင်ပါပြီ။

Wednesday, June 9, 2010

Gmail Group Chat

ဒီမနက် Gmail ကို Sign in မဝင်ခင် http://mail. google.com စာမျက်နှာမှာ ဇွန်လ ၉ ရက်နေ့အတွက် Google Lab ကနေ အသစ် ထပ်ထည့်လိုက်တဲ့ ဖန်ရှင် အသစ် ကို မိတ်ဆက်ပေးထားတာ သိရတယ်။

အားလုံး သိကြတဲ့ အတိုင်း ဂျီမေးလ်ထဲက ဘယ်ဘက်ကော်လံမှာ chat လုပ်လို့ရတဲ့ နေရာလေး ရှိတယ်။
Gtalk ထဲကို တိုက်ရိုက် မဝင်ချင်သူတွေ မေးလ်စစ်ရင်းနဲ့ ဂျီမေလ်းထဲက ပါလာတဲ့ ဒီ GChat function လေးကို သုံးလို့ လွယ်တာပေါ့လေ...။
နောက်ပိုင်း အဲဒီ GChat မှာ Video Chat, Video Calling တွေပါ ရအောင် လုပ်လာတာ တွေ့ရတယ်။ ဒါပေမယ့် အဲဒီ Video Call, Video Chat function ကို လူတိုင်းက အလွယ်တကူ မသုံးကြဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်တွေက chtting ထိုင်တယ်ဆိုရင် Gtalk ပဲ သွားသွားဖွင့်နေကြတာကိုး။ နောက်ပြီး Gtalk မှာကျတော့ အဲဒီ Video Chat Function ထည့်မထားတော့ မသိတာများတယ်။

အခုကျတော့ ဒီ Gmail ထဲက Gchat မှာ TextChat, Voice Chat, Video Chat အပြင် Group Chat ဆိုတဲ့ function ကို ကနေ့ ထပ်ထည့်လိုက်ပါတယ်။


စမ်းသုံးကြည့်ကြပါလေ။
ကျွန်တော်တော့ Gmail ထဲက chatting style ကို မနှစ်သက်ပါဘူး။ Gtalk ကနေပဲ ချက်တာ ကြိုက်ပါတယ်။
ဒါပေမယ့် လောလောဆယ် ဒီ Gmail ထဲမှာ Group Chat ကို ပေးထားတယ် ဆိုတော့ စမ်းသပ်ကြည့်လိုက်ပါဦးမယ်။
Feed Back လေးများ ပေးကြပါဦး။

အကျယ်ကို ဖတ်ချင်ရင် Google Blog ဖြစ်တဲ့ ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။

Saturday, August 15, 2009

New Google Favicons for News Site


ဒီနေ့နိုးလာလို့ ဂူဂယ်သတင်းဆိုဒ်ကို ဖွင့်ကြည့်တော့ ဖေဗီကွန်လေး ပြောင်းနေတာ တွေ့ရတယ်။ ခါတိုင်း g စာလုံးလေးပဲ ရှိရာကနေ အခု စာအုပ်ပုံစံလေး ပြောင်းထားတယ်။ ဂူဂယ်က တစ်ခုခုလုပ်ရင် လူမသိ သူမသိ လုပ်တတ်တယ်ဗျ။ Easter Egg ရှာရသလိုပဲ။ အမှတ်မထင် တွေ့လိုက်ရရင် ပျော်ဖို့ ကောင်းတယ်။ သူတို့ လက်တွေ့ခန်းက တီထွင်တဲ့ပုဂ္ဂိုလ်တွေကလဲ ပျော်တတ်တယ်။ လူနောက်လေးတွေ။ ဂူဂယ်ဆို April Fool မှာ ဘာလုပ်မလဲဆိုတာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတယ်။

Tuesday, February 10, 2009

Google's Sync

Google 's Sync

Google ကနေပြီးတော့ မနေ့က ဆော့ဖ်ဝဲ အသစ် တစ်မျိုးကို ထပ်မံ ထုတ်လုပ်လိုက်ပါတယ်။ အဓိက ကတော့ စမတ်ဖုန်းများကို ဦးတည်ပါတယ်။ ဖုန်းထဲက Contacts များနဲ့ Google Account ထဲက Contacts များကို Sync လုပ်နိုင်တဲ့ ဆော့ဖ်ဝဲပါ။ ဘီတာဗားရှင်းပဲ ရှိပါသေးတယ်။ ဖုန်းကနေ အီးမေးလ်ပေးပို့ခြင်း၊ လက်ခံခြင်းတို့ကို ပြုလုပ်တတ်တဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တစ်ခြားသော ခရီးမကြခဏ သွားဖြစ်တဲ့ သူများ အတွက် ရည်ရွယ် ထုတ်လုပ်ပါတယ်။

Credit to : Google
အခုထုတ်လုပ်လိုက်တဲ့ ဆော့ဖ်ဝဲကို အသုံးပြုနိုင်တဲ့ ဖုန်းအမျိုးအစား များကတော့ iPhone, Android, Windows Mobile Phone နဲ့ အခြားသော S60 Symbian ဖုန်း တို့ဖြစ်ပါတယ်။ UIQ3 Symbian ဖုန်းများအတွက် ဘီတာဗားရှင်းကို များမကြာမီ ကာလမှာ ဆက်လက် ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ နေ့လည်တုန်းက မိမိမှာ ရှိတဲ့ ဆိုနီဖုန်းနဲ့ ၀င်ကြည့်တော့ မီနူးသာ ရှိပြီး သုံးလို့ မရသေးပါဘူး။

တစ်ကယ်တော့ ဒီလို ဆော့ဖ်ဝဲမျိုး ပေါ်သင့်တာ ကြာပါပြီ။ ဖုန်းအသစ်တစ်လုံး ပြောင်းမယ်ကြံတိုင်း ခေါင်းခဲရတဲ့ အခက်ခဲဆုံး အပိုင်းကတော့ ဖုန်းထဲက Contacts နဲ့ Calender ကို တစ်ခြားဖုန်းထဲကို ပြောင်းထည့်ရတဲ့ အပိုင်းပါပဲ။ အခုတော့ Google ရဲ့ Sync ဆော့ဖ်ဝဲနဲ့ အလွယ်တကူ ပြောင်းနိုင်ပါပြီ။

စိတ်ဝင်စားသူများ အောက်က လင့်ခ်တွေမှာ သွားရောက် စမ်းသပ်နိုင်ပါတယ်။

Find out how to setup Google Sync services for your desktop and mobile devices.


Pictures and Links from Google. All Credits to Google.

Wednesday, February 4, 2009

Google Latitude (New!!!)

Google Latitude



ခုတစ်လော Google က နည်းပညာ အသစ်တွေ ထုတ်လာပါတယ်။ ပြီးခဲ့ ၄ ရက်လောက်ကပဲ Google Earth မှာ သမုဒ္ဒရာ ကြမ်းပြင်ထိကို တိုက်ရိုက်ကြည့်နိုင်တဲ့ လယ်ဗယ် အထိ မြှင့်တင်ခဲ့တာ မကြာသေးပါဘူး။ အခု နောက်တစ်ခါ Google Maps ကနေ တစ်ဆင့် မိမိ တည်ရှိရာ နေရာကို ပြနိုင်တဲ့ နည်းပညာ အသစ်ကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ Google Latitude လို့ ခေါ်ပါတယ်။ GPS မလိုတော့ပါ။ ဒါပေမဲ့ Google နဲ့ ဒေတာတွေ ချိတ်ဆက်ရယူဖို့ကတော့ အင်တာနက် ကော်နက်ရှင် တစ်ခုခု ရှိရပါမယ်။

ဒီနည်းပညာနဲ့ မိမိ ဘယ်မှာ ရှိနေတယ်၊ မိမိတို့ရဲ့ သူငယ်ချင်း ဘယ်မှာ ရှိနေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဂျီမေးလ် အကောင့်နဲ့ ၀င်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ ဖုန်းကနေ တစ်ဆင့် အသုံးပြုနိုင်သလို ကွန်ပြူကနေတစ်ဆင့်လဲ သုံးပြနိုင်ပါတယ်။

ဖုန်းထဲကို Google Maps ဆော့ဖ်ဝဲ အသစ်ကို သွင်းပါ။ မိမိတို့ ဖုန်းရဲ့ WAP Browser ထဲကို google.com/latitude ဆိုတာကို ရိုက်သွင်းပါ။ အဲဒီနောက် ဆော့ဖ်ဝဲကို ဖုန်းထဲ ဒေါင်းလုဒ်လုပ်ပါ။ အင်စတောလ် လုပ်ပါ။ Voila!!!! ချက်ချင်း အသုံးပြုလို့ ရပါပြီ။

လက်ရှိ အသုံးပြုနိုင်တဲ့ စမတ်ဖုန်း အမျိုးအစားအတွေကတော့

Google Latitude is a feature of Google Maps for mobile on these phones:
  • Android-powered devices, such as the T-Mobile G1
  • iPhone and iPod touch devices (coming soon)
  • most color BlackBerry devices
  • most Windows Mobile 5.0+ devices
  • most Symbian S60 devices (Nokia smartphones)
  • many Java-enabled (J2ME) mobile phones, such as Sony Ericsson devices (coming soon)

လောလောဆယ်တော့ ကျွန်တော့်ဖုန်းက ဆိုနီအဲရစ်ဆန် UIQ3.0 Symbian OS 9.1 ကို သုံးထားတာ ဆိုတော့ ဒီနည်းပညာက Support မလုပ်သေးပါဘူး။

Windoes Mobile 6.0 အသုံးပြုထားတဲ့ စမတ်ဖုန်းနဲ့ စမ်းကြည့်တော့ အဆင်ပြေပါတယ်။ လောလောဆယ် သူငယ်ချင်းတွေဆီကို invite လုပ်ပြီး သုံးခိုင်းထားတယ်။ သူတို့က accept လုပ်ပြီး Latitude ကို အင်စတောလ် လုပ်မှ ဒီနည်းပညာ ဘယ်လို အသုံးဝင်တယ်ဆိုတာ သိမယ်။ လောလောဆယ်တော့ still pending in invitation progress ပေါ့။ ကျွန်တော် ပို့လိုက်တဲ့ invitation link ကို ရတဲ့သူများ ဆက်လက် စမ်းကြည့်ပါ။ ချိတ်ဆက်လို့ ရမရ စမ်းကြည့်ချင်ရုံ သက်သက်ပါ။

ကွန်ပြူတာနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့

View it on your computer

See your friends' locations and status messages on a full screen even without a compatible phone or data plan.

This service is free from Google; carrier charges may apply.

- အကျယ်ကို ဒီမှာ ဆက်ဖတ်လို့ ရပါတယ်။
- ဖုန်းသမားများ အတွက် ဒီမှာ ဆက်ဖတ်ပါ။
- ကွန်ပြူတာ သမားများအတွက် ဒီမှာ ဆက်ဖတ်ပါ။

အသုံးပြုကြည့်ပြီး ကောင်းမကောင်းကို ဒီမှာ ပြန်လာပြောနော်။
ဗွီဒီယိုကို ဒီမှာ ကြည့်နိုင်ပါတယ်။

Gmail New Button or Google Bugs again


ခုနကပဲ အတိအကျ ပြောရရင် မြန်မာစံတော်ချိန် ၈း၃၀ နာရီလောက်ကပဲ ဂျီမေးလ်ကို စစ်လိုက်တာ ခါတိုင်းတွေ့နေကျ သရီးဒီ ပြူးတူးပြဲတဲ ခလုတ်တွေက အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း သေသေသပ်သပ် ချပ်ချပ်ရပ်ရပ် ဗိုင်းကောင်းကျောက်ဖိ ခလုတ်လေးတွေ အသွင် ပြောင်းသွားသတဲ့ကွယ်...။

ဒါလဲ Bug လား... Human Error လားဆိုတာ ဂူဂယ်က စာထုတ်ရဦးမယ် ထင်ပါရဲ့..။ ဟိုတစ်လောကလဲ (၂-၃ ရက်လောက်က) ဂူဂယ် ဆာ့ခ်ျအင်ဂျင် သုံးလိုက်တဲ့ လူတွေ မျက်လုံးပြူးသွားလောက်အောင် ရှိရှိသမျှ ဆိုဒ်တွေကို Malware ပါလို့ အန္တရာယ် ရှိပါတယ်ဆိုပြီး အင်တာနက်ဆိုဒ် အကုန်လုံးကို လေဘယ်လ် တပ်လိုက်တာ စီအီးအိုကိုယ်တိုင် တောင်းပန်စာ ထုတ်လိုက်ရပါရောလား...။ အဲဒါက စာရိုက်တာ အမှားပါသွားလို့တဲ့...။

ကြည့်ကျက်လုပ်ဦး ဂူဂယ်လ်ရယ်...။