Showing posts with label VoIP. Show all posts
Showing posts with label VoIP. Show all posts

Thursday, August 26, 2010

Google Voice OR Call phone from Gmail






အံမယ်... ခုနလေးတင် ဒီညနေပိုင်းကမှ ဂျီမေလ်း ဖွင့်လိုက်တာ... ဗြုန်းဆို တက်လာပါရောလား...။
ဘာတက်လာတာတုန်း...
သြော်.. ဂျီမေးလ်ကနေ လိုင်းဖုန်းတွေကို ဖုန်းခေါ်လို့ရပြီ ဆိုတဲ့ မက်ဆေ့ခ်ျလေးပါ။
လောလောဆယ်တော့ အမေရိကားနဲ့ ကနေဒါနိုင်ငံကို ၂၀၁၀ ဒီဇင်ဘာလကုန်အထိ အခမဲ့ ခေါ်လို့ရပါတယ်တဲ့...။ နှစ်ကုန်သွားရင်တော့ အခကြေးငွေ တွေ ဘာတွေနဲ့ လာတော့မှာပေါ့လေ။
တစ်ခြားနိုင်ငံတွေကတော့ အခကြေးငွေနဲ့ စတင် ကောက်ခံမှာပါ..။
စစချင်း ပရိုမိုးရှင်းအနေနဲ့သုံးတဲ့ စာသားလေးက သင်းတယ်ဗျား...။ နိုင်ငံတကာကို ခေါ်ဆိုခသည် Insanely Rate တဲ့....။

ပထမဦးဆုံး မိမိ ဂျီမေးလ်ကို ဖွင့်လိုက်တာနဲ့ အထက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်။ အဲဒါကို ကလစ်လုပ်လိုက်ရင် ဂူဂယ် ရ့ Terms & Conditions ဘာညာ သာရကာတွေကို သဘောတူမတူ မေးတဲ့ Pop Up Box တစ်ခု ပေါ်လာမယ်။ အဲဒီမှာ Try now ကို ကလစ်နိုပ်လိုက်ရင် အောက်က ပုံအတိုင်း မိမိ ဂျီမေးလ်ဖွင့်ထားတဲ့ ဘရောက်ဇာရဲ့ ညာဘက်အောက်ခြေမှာ ဖုန်းနံပါတ်နှိပ်ဖို့ အကွက် ပေါ်လာပါလိမ့်မယ်။ အဲဒါလေးကို နှိပ်ပြီး မိမိ အလိုရှိရာ နိုင်ငံဒေသအသီးသီးကို ဆက်သွယ်နိုင်ပါပြီ။


မြန်မာပြည်ကို ဖုန်းခေါ်ချင်ရင် တစ်မိနစ်ကို အမေရိကန် ဒေါ်လာ $0.35 / minutes နှုန်း ကျသင့်ပါလိမ့်မယ်။ skype နဲ့ သိပ်မကွာသလိုပဲ...။ ဂူဂယ်က မဆိုစလောက်လေး သက်သာပါတယ်။



တစ်ခုကောင်းတာကတော့ စကိုက်ပ် လို ဆော့ဖ်ဝဲသတ်သတ် သွင်းစရာ မလိုပဲ မိမိရဲ့ ဂျီမေးလ်ကနေ တစ်ဆင့် ခေါ်ဆိုမှု ပြုလိုက်နိုင်ခြင်းပါပဲ...။

(ဂူဂယ်က Gizmo5 ကို ဝယ်လိုက်ကတည်းက VoIP နည်းပညာကို သူတို့ လမ်းထပ်ချဲ့လိုက်တယ် ဆိုတာ အဲ့ကတည်းက တွေးမိတာ မှန်မှန်း ခုတော့ သိတယ်...။)

အကျယ်သိချင်ရင် Google Mail ရဲ့ Official Website ကို သွားကြည့်ပါလား...။

ထပ်ဖြည့်။ ။ ပိုက်ဆံထည့်ဖို့နေရာ ရှိပါတယ်။ ကိုယ့်အကောင့်ထဲက ကျန်နေတဲ့ ပမာဏကို ဖော်ပြတဲ့ နေရာနားက Down arrow key ကို နှိပ်လိုက်ရင် နောက်ဘရောက်ဇာတစ်ခုမှာ ခရဒ်ဒစ်ကဒ် အင်ဖော်မေးရှင်းတွေ ဖြည့်ဖို့ ပုံစံထွက်လာပါလိမ့်မယ်။ အဲဒီမှာ Billing Tab အောက်နားမှာ Add $10 ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး လိုအပ်တဲ့ ခရဒ်ဒစ် အချက်အလက်တွေကို ဖြည့်လိုက်ရုံနဲ့ ကိုယ့်အကောင့်ကို ကိုယ် top up လုပ်နိုင်ပါပြီ။

Tuesday, June 1, 2010

USD 3.00 တန် အခမဲ့ ဖုန်းခေါ်ခွင့်

မြန်မာပြည်ကို ဖုန်းခေါ်ခတွေ ဈေးကြီးပါတယ်။ ဖုန်းတစ်ခါခေါ်ဖို့ အရေး ပြောစရာ စကားတွေ စီရပါတယ်။ ဒါကြောင့် မြန်မာပြည်ကို အားအားယားယား ဆက်ချင်တိုင်း ဆက်လို့ မရပါဘူး။ မနေ့က အင်တာနက် လျှောက်ဖွင့်ကြည့်ရင်းနဲ့ ဆိုဒ်တစ်ခု တွေ့လာပါတယ်။ http://www.tipmeet.com ဆိုတဲ့ ဆိုဒ်လေးပါ။
သူက VoIP ဆိုဒ်ပေါ့လေ။ အင်တာနက်ကနေ ဖုန်းတွေကို ခေါ်ဆိုမှု ဝန်ဆောင်ပေးတဲ့ လုပ်ငန်းပေါ့။ အသစ်ထင်ပါရဲ့။ စဖွင့်ဖွင့်ချင်း ဆိုတော့ ပရိုမိုးရှင်းတွေ ပေးနေတယ်။


အကောင့်အသစ် စဖွင့်ဖွင့်ချင်းကို ယူအက်စ် ၃ ဒေါ်လာ အလကား ပေးထားပါတယ်။ မနေ့က ဖွင့်ပြီး မြန်မာပြည်ကို လှမ်းခေါ်တာ အဆင်ပြေပါတယ်။ ညပိုင်း ဖုန်းခေါ်ကြည့်တာ ကြည်ပါတယ်။ နေ့ခင်းပိုင်းမှာတော့ ရုံးက အင်တာနက်လိုင်းနဲ့မို့လို့ အဆင်မပြေပါဘူး။ သူငယ်ချင်းတွေကို လှမ်းဖွင့်ခိုင်းတော့ သူတို့လဲ ဆက်ကြည့်တာ အဆင်ပြေတယ် ဆိုလို့ အခုလို မျှပေးလိုက်ရပါတယ်။


ပျော်ပျော်ကြီး အကောင့်တွေ ဖွင့်ပြီး မြန်မာပြည်ကို ဆက်ကြပါကုန်။
(ဖုန်းကုမ္ပဏီက သိရင်တော့ ကွန်ပလိမ်းတွေ လာတက်တော့မှာပဲ။)


အကြံဉာဏ်ပေးချင်တာက အကောင့်တွေ ဖွင့်လို့ မေးလ်တွေ ထည့်ရတော့မယ်ဆိုရင် ကိုယ့်ရဲ့ Primary Email မသုံးပါနဲ့ ။ ဖြစ်နိုင်ရင် အလကားရတဲ့ Gmail/Yahoo/Hotmail မှာ အီးမေး အကောင့်တွေ စိတ်ကြိုက် ဖွင့်ပြီး သုံးပါ။

Friday, May 16, 2008

မြန်မာပြည်ကို မေလ ၂၂ ရက်နေ့ မတိုင်ခင် ဖုန်း ဖရီးခေါ်ကြရအောင် ...။

rebtel.com မှာ Account တစ်ခု လုပ်ပြီးရင် မြန်မာပြည် ကို ၂ နာရီ ကြာ Free ဖုန်းခေါ်လို့ ရကြောင်း သိရပါတယ်။ အင်တာနက်ကို သုံးပြီးခေါ်ရ တာ မဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်းကနေ တိုက်ရိုက် ခေါ်ဆိုရတာ ဖြစ်တဲ့ အတွက် သုံးရတာ ပိုပြီး အဆင်ပြေပါတယ်။


Free 2 hours call to Myanmar until 22-05-2008


အသုံးပြုရတာ လွယ်ကူ ပါတယ်။
- rebtel.com မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့်တစ်ခု အရင်လုပ်ရပါမယ်။
- ပြီးရင် ကိုယ်ခေါ်ချင်တဲ့ (မြန်မာပြည်) က ဖုန်းနံပါတ်ကို ထည့်လိုက်ပါ။
- Local phone Number တစ်ခု ပေးပါလိမ့်မယ်။ ကိုယ်ဆက်သွယ်ခေါ်ဆိုရမယ် Local Number ကို Webpage မှာ ပြပေးသလို့  မိုဘိုင်းဖုန်း နဲ့  Register လုပ်ထားတယ် ဆိုရင် အဲ့ဒီ ဖုန်းကို SMS ၀င်လာပါတယ်။

ဒါဆို ကိုယ့်ရဲ့ Resigster လုပ်ထားတဲ့ ဖုန်းကနေပြီး အဲ့ဒီ သူတို့ ပေးတဲ့ နံပါတ်ကို တိုက်ရိုက် ခေါ်လိုက်ရင် (ရန်ကုန်က) ကိုယ် ခေါ်ချင်တဲ့ ဖုန်းကို ရောက်သွားပါမယ်။ အဲဒီလို ခေါ်တဲ့ အတွက် rebtel က သူတို့ ရဲ့ Service (IDD Call) ကို Free ပေးပေမယ့် ကိုယ့်ရဲ့ ဖုန်းမှာတော့ Local Charge နဲ့ ပေးရ ပါလိမ့်မယ်။ (Update: သူငယ်ချင်းတစ်ယောက် စမ်းကြည့်တာ Mobile နဲ့  SignUp လုပ်ခဲ့ပေမယ့် Home Phone ကိုသုံးပြီး Rebtel ကပေးတဲ့ Local Number ကို ခေါ်တာလဲ ခေါ်လို့ ရပါတယ်)။

နိုင်ငံတိုင်းကတော့ ဒီ Service ကို သုံးလို့  မရပါဘူး။ US, Canada, UK, Singapore, Japan, Australia နဲ့  EU နိုင်ငံတွေက ဖုန်းတွေနဲ့ ဆို Register လုပ်လို့ ရပါတယ်။ Thailand, Malaysia , Korea စတဲ့ နိုင်ငံတွေကတော့ သုံးလို့  မရပါဘူး။ တခြား ဘယ်နိုင်ငံတွေက Register လုပ်ပြီး အသုံးပြုနိုင်သလဲ သိချင်တယ်ဆို Rebtel-countries မှာ ကြည့်လို့ ရပါတယ်။

Phone number တစ်ခု ( Account တစ်ခု) က နေ မြန်မာပြည်ကို ၂ နာရီ IDD Free ပေးတာဆိုတော့ အိမ်ဖုန်း၊ အလုပ်ကဖုန်း၊ မိုဘိုင်းဖုန်း ရှိသမျှ ဖုန်းအကုန်လုံးနဲ့ account တွေ လုပ်ပြီးခေါ် လို့ ရတာပေါ့။ ဖုန်း ၅ လုံး ရှိတယ်ဆိုရင် မြန်မာပြည်ကို ၁၀ နာရီ စကား ပြောလို့  ရပြီ။ ရှိတဲ့ ဖုန်းတစ်လုံးနဲ့  Register လုပ်ပြီးပေမယ့် ရန်ကုန်ကို ခေါ်မကြည့်ရသေးဘူး။ စမ်းခေါ်ကြည့်ပြီးတဲ့ သူတွေ ပြောတာ ကတော့ အဆင်ပြေတယ်။ တချို့ဆို ၁ နာရီလောက်တောင် ပြောဖြစ်တယ်လို့ ပြောပါတယ်။ တချို့ကလည်း အသံ သိပ်မကြည်ဘူး ပြောတာ။ ဘာပဲဖြစ်ဖြစ် အလကားခေါ်လို့  ရနေတုန်း အမြန် ခေါ် သင့်တယ်။

Credit to : ညီမလေး Nay Nay Naing