Showing posts with label Free call to Myanmar. Show all posts
Showing posts with label Free call to Myanmar. Show all posts

Saturday, November 13, 2010

ီDaw Aung San Suu Kyi released



Photo Credit : BBC Live News

မြန်မာနိုင်ငံမှ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွှတ်မြောက်ခြင်း။


Twitter မှာ အန်တီစု အကြောင်းက ထိပ်ဆုံးမှာ ရောက်နေတယ်။




Friday, May 16, 2008

မြန်မာပြည်ကို မေလ ၂၂ ရက်နေ့ မတိုင်ခင် ဖုန်း ဖရီးခေါ်ကြရအောင် ...။

rebtel.com မှာ Account တစ်ခု လုပ်ပြီးရင် မြန်မာပြည် ကို ၂ နာရီ ကြာ Free ဖုန်းခေါ်လို့ ရကြောင်း သိရပါတယ်။ အင်တာနက်ကို သုံးပြီးခေါ်ရ တာ မဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်းကနေ တိုက်ရိုက် ခေါ်ဆိုရတာ ဖြစ်တဲ့ အတွက် သုံးရတာ ပိုပြီး အဆင်ပြေပါတယ်။


Free 2 hours call to Myanmar until 22-05-2008


အသုံးပြုရတာ လွယ်ကူ ပါတယ်။
- rebtel.com မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့်တစ်ခု အရင်လုပ်ရပါမယ်။
- ပြီးရင် ကိုယ်ခေါ်ချင်တဲ့ (မြန်မာပြည်) က ဖုန်းနံပါတ်ကို ထည့်လိုက်ပါ။
- Local phone Number တစ်ခု ပေးပါလိမ့်မယ်။ ကိုယ်ဆက်သွယ်ခေါ်ဆိုရမယ် Local Number ကို Webpage မှာ ပြပေးသလို့  မိုဘိုင်းဖုန်း နဲ့  Register လုပ်ထားတယ် ဆိုရင် အဲ့ဒီ ဖုန်းကို SMS ၀င်လာပါတယ်။

ဒါဆို ကိုယ့်ရဲ့ Resigster လုပ်ထားတဲ့ ဖုန်းကနေပြီး အဲ့ဒီ သူတို့ ပေးတဲ့ နံပါတ်ကို တိုက်ရိုက် ခေါ်လိုက်ရင် (ရန်ကုန်က) ကိုယ် ခေါ်ချင်တဲ့ ဖုန်းကို ရောက်သွားပါမယ်။ အဲဒီလို ခေါ်တဲ့ အတွက် rebtel က သူတို့ ရဲ့ Service (IDD Call) ကို Free ပေးပေမယ့် ကိုယ့်ရဲ့ ဖုန်းမှာတော့ Local Charge နဲ့ ပေးရ ပါလိမ့်မယ်။ (Update: သူငယ်ချင်းတစ်ယောက် စမ်းကြည့်တာ Mobile နဲ့  SignUp လုပ်ခဲ့ပေမယ့် Home Phone ကိုသုံးပြီး Rebtel ကပေးတဲ့ Local Number ကို ခေါ်တာလဲ ခေါ်လို့ ရပါတယ်)။

နိုင်ငံတိုင်းကတော့ ဒီ Service ကို သုံးလို့  မရပါဘူး။ US, Canada, UK, Singapore, Japan, Australia နဲ့  EU နိုင်ငံတွေက ဖုန်းတွေနဲ့ ဆို Register လုပ်လို့ ရပါတယ်။ Thailand, Malaysia , Korea စတဲ့ နိုင်ငံတွေကတော့ သုံးလို့  မရပါဘူး။ တခြား ဘယ်နိုင်ငံတွေက Register လုပ်ပြီး အသုံးပြုနိုင်သလဲ သိချင်တယ်ဆို Rebtel-countries မှာ ကြည့်လို့ ရပါတယ်။

Phone number တစ်ခု ( Account တစ်ခု) က နေ မြန်မာပြည်ကို ၂ နာရီ IDD Free ပေးတာဆိုတော့ အိမ်ဖုန်း၊ အလုပ်ကဖုန်း၊ မိုဘိုင်းဖုန်း ရှိသမျှ ဖုန်းအကုန်လုံးနဲ့ account တွေ လုပ်ပြီးခေါ် လို့ ရတာပေါ့။ ဖုန်း ၅ လုံး ရှိတယ်ဆိုရင် မြန်မာပြည်ကို ၁၀ နာရီ စကား ပြောလို့  ရပြီ။ ရှိတဲ့ ဖုန်းတစ်လုံးနဲ့  Register လုပ်ပြီးပေမယ့် ရန်ကုန်ကို ခေါ်မကြည့်ရသေးဘူး။ စမ်းခေါ်ကြည့်ပြီးတဲ့ သူတွေ ပြောတာ ကတော့ အဆင်ပြေတယ်။ တချို့ဆို ၁ နာရီလောက်တောင် ပြောဖြစ်တယ်လို့ ပြောပါတယ်။ တချို့ကလည်း အသံ သိပ်မကြည်ဘူး ပြောတာ။ ဘာပဲဖြစ်ဖြစ် အလကားခေါ်လို့  ရနေတုန်း အမြန် ခေါ် သင့်တယ်။

Credit to : ညီမလေး Nay Nay Naing