Showing posts with label iPhone. Show all posts
Showing posts with label iPhone. Show all posts

Tuesday, December 24, 2013

Avoid eVasion Jailbreak Tools for Time Being (24/12/2013)

Jailbreak Evasion က ထုတ်လိုက်တဲ့ နောက်ဆုံးပေါ် ထောင်ဖောက်ဆော့ဝဲမှာ တရုတ် apps store တစ်ခုဖြစ်တဲ့ Taig ဆိုတာ ပါလာပါတယ်။
တရုတ်ပြည်က ထောင်ဖောက်တဲ့ အိုင်ဖုန်းသမားတွေစက်ထဲကို အဲဒီ apps က အော်တို ဝင်သွားတာပါ...။
လောလောဆယ်တော့ တရုတ်ပြည်က အိုင်ဖုန်းနဲ့ တရုတ်ဘာသာ သုံးနေတဲ့ အိုင်ဖုန်းတွေမှာ affect ဖြစ်တယ်လို့ သိရတယ်။
ပြဿနာက... အဲဒီ ထောင်ဖောက်ထားတဲ့ဟာက ယူဆာဒေတာတွေကို တရုတ်ဆာဗာဆီ ပြန်ပို့နေတယ်လို့ သတင်းထွက်နေတာပါပဲ...။
တရုတ်ဖိုရမ်တွေဆီမှာ ဒေါသထွက်နေတဲ့ အိုင်ဖုန်းသမားတွေ ပြည့်နေပါတယ်။
ထောင်ဖောက်ဆော့ဝဲရေးသူ Planetbeing ကတော့ ဒီကိစ္စက တရုတ်ပြည်က ဖုန်းတွေမှာသာ ဖြစ်နေပြီး ပြင်ပက ဖုန်းတွေမှာ မဖြစ်ဘူးလို့ Reddit မှာ ရှင်းပြထားပါတယ်။
နောက်ဆက်တွဲ သိရတာကတော့ Planetbeing ပါဝင်တဲ့ ထောင်ဖောက်အဖွဲ့ Evasion ဟာ သူတို့ ဆော့ဝဲ မထုတ်ခင်... Cydia ပိုင်ရှင် Saurik က တစ်ခြား အဖွဲ့နဲ့ ပေါင်းပြီး သူ့ကိုယ်ပိုင် ထောင်ဖောက်ဆော့ဝဲကို ထုတ်တော့မှာမို့လို့ planetbeing က လက်ဦးမှု ရယူပြီး eVasion ကို ထုတ်လိုက်တာ ဆိုပါတယ်။
ထူးခြားတာကတော့ eVasion အဖွဲ့သားများက တရုတ်ပြည်မှာ Pirate software ဖြန့်တာနဲ့ ပတ်သက်ပြီး နာမည်ကြီးနေတဲ့ TaiG ဆိုတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး TaiG apps store ကို eVasion ထောင်ဖောက်ဆော့ဝဲသုံးတဲ့သူတွေဖုန်းထဲကို အော်တို သွင်းလိုက်တာပါပဲ...။
အကျိုးအမြတ်အနေနဲ့ ဒေါ်လာ တစ်သန်း ရသွားတယ်လို့ ကြားနေရပါတယ်။
လောလောဆယ်တော့ Developer အများစုကတော့ ဒီ eVasion ထောင်ဖောက်ဆော့ဝဲကို လက်ရှောင်ထားဖို့ အကြံပေးနေကြပါတယ်။
ထောင်ဖောက်ထားသူများ Fresh Restore ပြန်လုပ်သင့်တယ်လို့ ထင်ပါတယ်။
ကျွန်တော်တော့ အခြေအနေကို စောင့်နေပါတယ်။
လောလောဆယ် မဖောက်သေးပါဘူး...။

http://www.reddit.com/r/jailbreak/comments/1tha74/letter_to_the_community/ce7zw5t

Monday, June 4, 2012

How to Jailbreak iPhone , iPad on iOS 5.1.1 with Absinthe

Apple product တွေ ဖြစ်တဲ့ iPhone နဲ့ iPad ကို Absinthe 2.0.4 ဖြစ်တဲ့ Jailbreak software ကို အသုံးပြုပြီး ထောင်ဖောက်ပုံ အဆင့်ဆင့်ပါ။
၁။ မိမိ ကွန်ပြူတာထဲမှာ iTunes ကို ဒေါင်းလုဒ် လုပ်ပြီး အင်စတော လုပ်ထားပါ။
၂။ Absinthe Software ကိုလဲ အောက်ကလင့်ခ်ကနေ မိမိသုံးတဲ့ ကွန်ပြူတာ အမျိုးအစားကို (Mac or Windows OS) လိုက်ပြီး Download လုပ်ထားပါ။

For Mac : https://sites.google.com/site/greenpois0nabsinthe/absinthe-mac-2.0.4.dmg?attredirects=0&d=1

For Windows : https://sites.google.com/site/greenpois0nabsinthe/absinthe-win-2.0.4.zip?attredirects=0&d=1

For Linux : https://sites.google.com/site/greenpois0nabsinthe/absinthe-linux-2.0.4.tar.bz2?attredirects=0&d=1

၃။ မိမိရဲ့ အိုင်ဖုန်း အိုင်ပက်ကို ကွန်ပြူတာနဲ့ ချိတ်ပြီး အိုင်ကျွန်းကနေ ဝင်လိုက်ပါ။ (အိုင်ကျွန်းက မိမိနရဲ့ အိုင်ဖုန်း အိုင်ပက်ကို Download and update လုပ်မလား။ Download only ပဲ လုပ်မလား မေးလာရင် Download only ပဲ ရွေးပြီး အိုင်ကျွန်းက ဒေါင်းလုဒ် လုပ်တာ ပြီးတဲ့ အထိ စောင့်ပေးပါ။)
၎။ အိုင်ကျွန်းမှာ ပေါ်နေတဲ့ Left Pane ထဲက မိမိရဲ့ အိုင်ဖုန်း/အိုင်ပက်ကို Right Click နှိပ်ပြီး Backup ဆိုတာကို ရွေးပေးပါ။ အိုင်ကျွန်းက မိမိဖုန်းထဲက အချက်အလက် Data, Contacts, SMS, Notes စတဲ့ အရေးကြီး အချက်အလက်တွေကို Backup လုပ်ပြီး သိမ်းထားပေးပါလိမ့်မယ်။ အိုင်ကျွန်း Title Bar က Backup status လေး ပျောက်သွားတဲ့ အထိ စောင့်ပေးပါ။
၅။ အိုင်ကျွန်းက Left Pane ထဲကပဲ အိုင်ဖုန်း/အိုင်ပက် ကို ကလစ်တစ်ချက် နှိပ်ပေးပါ။ Main Windows မှာ update နဲ့ Restore ဆိုတာ ပေါ်လာပါမယ်။ အဲဒီမှာ Restore ကို ရွေးပါ။ Factory Setting ကိုပဲ ရွေးပါ။ (Restore from Backup မရွေးပါနဲ့။)
၆။ အိုင်ကျွန်းက မိမိ အိုင်ဖုန်း/အိုင်ပက်ကို Restore လုပ်နေတာကို စောင့်ပေးလိုက်ပါ။ အိုင်ဖုန်း/အိုင်ပက်က ပါဝါ ဖွင့်ချည် ပိတ်ချည် လုပ်ပြီးရင် အိုင်ဖုန်း အိုင်ပက်သည် Restore လုပ်ပြီးပါပြီ။
၇။ အမှတ်စဉ် ၂ မှာ ဒေါင်းလုဒ်လုပ်ထားတဲ့ ဖိုင်ကို ဖြည်လိုက်ပါ။ ဖိုင်ဖြည်ပြီးရင် အရိုးခေါင်းပုံကို ကလစ်နှိပ်ပြီး Enter ခေါက်ပါ...။ 
၈။ ဖိုလ်ဒါ တစ်ခု ပေါ်လာပါမယ်။ ပေါ်လာတဲ့ ဖိုလ်ဒါထဲက Absinthe ဆိုတဲ့ apps ကို double click နှိပ်လိုက်ပါ...။
၉။ Absinthe ဆော့ဖ်ဝဲက အိုင်ဖုန်း/အိုင်ပက်ကို detect လုပ်မိရင် jailbreaking အဆင့်ကို စတင်ပါမယ်။
၁၀။ မိမိတို့ရဲ့ အိုင်ဖုန်း အိုင်ပက် အမျိုးအစားကို လိုက်ပြီး ထောင်ဖောက်ခြင်း ကြာချိန် ၂-၃ မိနစ်ခန့် ကြာတတ်ပါတယ်။ (မိမိဖုန်းကို ထောင်ဖောက်နေစဉ် ကာလအတွင်းမှာ ထိတို့ခြင်း မပြုပါနဲ့။ ဖုန်းက အော်တို ဖွင့်တာ ပိတ်တာ ပြုနေပါမယ်။)


ဇော်ဂျီဖွန် ထည့်သွင်းခြင်း။
၁။ ထောင်ဖောက်ပြီးရင် cydia ဆိုတာလေး home screen မှာ ပေါ်ပါလိမ့်မယ်။
၂။ အဲဒီ cydia ထဲက Manage> Source> Edit ကို နှိပ်ပြီး အောက်က Repo လင့်ခ်ကို Add ပေးပါ...။
http://cydia.macforus.com
၃။ Repo လင့်ခ်ကို ထည့်ပြီးတာနဲ့ Cydia က source ကို update လုပ်ပါလိမ့်မယ်။
၎။ အဲဒီနောက် cydia.macforus.com ကို နှိပ်ပြီး အောက်က ပုံထဲက အမှန်ခြစ် အစိမ်းလေး ခြစ်ထားတဲ့ ဖိုင် နှစ်ဖိုင်ကို install လုပ်လိုက်ပါ။


၅။ အိုင်ဖုန်း အိုင်ပက်ကို ပြန်ပြီး ရီစတတ်လုပ်လိုက်ပါ....။
၆။ ဖုန်း ပြန်ပွင့်လာရင် Setting > General > Keyboard > Add ကနေ Czech ကီးဘုတ်ကို Add ပေးလိုက်ပါ။ ဖုန်းကို ပြန်ပြီး Restart လုပ်လိုက်ပါ။
မြန်မာစာနဲ့ ပတ်သက်တဲ့ ပို့စ်များ၊ ဖိုင်များ ဖတ်ရှုနိုင် ရေးသားနိုင်ပါပြီ။


Credit : greenpois0n.com

Wednesday, November 30, 2011

Turn your iPhone Signal Bar to Readble Digit Format

အိုင်ဖုန်းသုံးစွဲသူများအတွက် ဒီတစ်ခေါက်တော့ မိမိတို့ရဲ့ အိုင်ဖုန်းလိုင်းဆွဲအား ဘယ်လောက်ရှိနေတယ်ဆိုတာကို သိသာအောင် ဂဏန်းနဲ့ ပသတဲ့ Function ကို activate လုပ်ပုံလုပ်နည်းလေး ပြပါမယ်။


လောလောဆယ်တော့ iPhone 4S ရဲ့ iOS 5 ကနေ စမ်းသပ်ထားတာ ဖြစ်ပါတယ်။
တစ်ချို့ကတော့ iPhone 4 လဲ အလုပ်လုပ်တယ်လို့ ဆိုပါတယ်။
အကယ်၍ တစ်ခြားသော ဖုန်း အိုအက်စ်တွေမှာလဲ အလုပ်လုပ်တယ်ဆိုရင် ကော်မန့်မှာ လာရေးစေလိုပါတယ်။
ကျေးဇူးတင်ပါတယ်။

လုပ်ဆောင်ပုံ လုပ်ဆောင်နည်း အဆင့်ဆင့်ကို အောက်မှာ ပြထားပါတယ်။

 
  1. ဖုန်းနံပါတ်နှိပ်ရတဲ့ နေရာကနေ *3001#12345#* ဆိုတာကို နှိပ်လိုက်ပါ။ အဲဒီနောက် Call ကို နှိပ်လိုက်ပါ။ 
 

2. Field Test Mode ဆိုတဲ့ Apps လေး ပေါ်လာပါလိမ့်မယ်။ အဲဒီချိန်မှာပဲ အပေါ်က signal bar လေးဟာ ဘားတန်းကနေ ဂဏန်းနံပါတ် အဖြစ် ပြောင်းသွားတာကို မြင်ရပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ Decibel အပေါ် အခြေခံထားတာဖြစ်လို့ သုညနဲ့ နီးလေ ဖုန်းရဲ့ လိုင်းဆွဲအားကောင်းလေ ဖြစ်တာကို တွေ့ရပါမယ်။ ဘားတန်းကို ပြန်ပြောင်းချင်ရင် အဲဒီ ဂဏန်းလေးကို toggle နှိပ်ပေးရုံနဲ့ ပြန်ပြောင်းနိုင်ပါတယ်။ ဒီဖန်ရှင်ကို အမြဲတမ်း On ချင်တယ်ဆိုရင်တော့ အောက်က နံပါတ်သုံး အတိုင်းဆက်လုပ်ပါ။ ဒါမှ မဟုတ် ဖုန်း နဂိုမူလအတိုင်း ပြန်ဖြစ်ချင်တယ်ဆိုရင် Home Button ကို နှိပ်လိုက်ပါ။ (Field Test Mode ထဲက ဖိုလ်ဒါတွေကို ဘာမှ သွားမကလိပါနဲ့။ အဲဒီ အပိုင်းက တတ်ကျွမ်းတဲ့ Test Engineer များအတွက်သာ ဖြစ်ပါတယ်။ မသုံးတတ်ရင် ဖုန်း ပျက်စီးနိုင်ပါတယ်။)
 

3. 'Slide to Power Off' ဆိုတဲ့ Bar မပေါ်မချင်း Power Button ကို နှိပ်ပေးပါ။ ဖုန်းကို ပါဝါ မပိတ်လိုက်ပါနဲ့။
4. Field Test ဆိုတဲ့ apps မပိတ်မချင်း Home Button ကို နှိပ်ပေးပါ။

ဒါပါပဲ...။
တစ်ခါတစ်လေ မိမိရောက်နေတဲ့ နေရာက ဖုန်း signal ကောင်းကောင်းမမိတဲ့ နေရာ ဖြစ်နေခဲ့ရင် လိုင်းဆွဲအားကောင်းတဲ့ နေရာကို စမ်းတဝါးဝါးနဲ့ နတ်ပင့်သလို ဖုန်းကို မြှောက်မြှောက်ပြီး ရှာနေစရာ မလိုတော့ပါဘူး။
အဲဒီ ဂဏန်းတန်ဖိုးက သုညနဲ့နီးလေ လိုင်းဆွဲအားကောင်းလေပါပဲ။

အကယ်၍ ဖုန်း Signal Default Bar ကို ပြန်ဖြစ်စေချင်ရင်
  1. *3001#12345#* ဆိုတဲ့ ဂဏန်းကို ရိုက်ထည့်ပြီး Dial ကို နှိပ်ပေးပါ။
  2. Home Button ကို တစ်ချက် ပြန်နှိပ်ပေးလိုက်ပါ။ ဖုန်းက နဂိုမူလ Default Signal Bar ကို ပြန်တွေ့ပါလိမ့်မယ်။

စာကြွင်း ။ ။ ကျွန်တော့်ဖုန်းမှာတော့ အလုပ်ဖြစ်ပါတယ်။ အထက်က ပြထားတဲ့ ပုံတွေက ကျွန်တော့်ဖုန်းက screen shot ရိုက်ပြီး တင်ထားတာပါ။ လူကြီးမင်းတို့ ဖုန်းမှာ စမ်းသပ်ကြည့်လို့ တစ်ခုခု ချွတ်ယွင်းချက်များ ဖြစ်ပေါ်ပါက ကျွန်တော်မျိုးနဲ့ မဆိုင်ပါကြောင်း...။ :D

Saturday, October 22, 2011

iShatter : iOS 5 Untethered Jailbreak

http://ishatter.net/
Untethered Jailbreak for iOS 5 တဲ့။
iPhone 4s , iPad 2 နဲ့ iDevices တွေ အကုန် ရတယ်တဲ့။
ဘယ်သူစမ်းမလဲ။
ကိုယ်တော့ ဇော်ဂျီ ios5 ပေါ် ကောင်းကောင်း အလုပ်လုပ်မှ စမ်းမယ်။

But I don't think this is true. I better wait from redsn0w team. ;)

Saturday, August 27, 2011

iOS : LabelSlide

မင်္ဂလာပါ ဘလော့ကြွလာ ပိတ်သတ်ကြီးတို့...။
မတွေ့ဖြစ်တာ တုတ်ထိုးစားပြိး နောက်ပိုင်းပဲ...။
အလုပ်ကလဲ မိုးလင်းက မိုးချုပ်ဆိုတော့ ဘလော့ဖက်ကိုတောင် မလှည့်အားဖြစ်တော့ဘူး။
ပို့အသစ် မတင်ဖြစ်ပေမယ့် လာလည်ပြီးတော့ ကော်မန့်လေးတွေ ချန်ထားပေးတာ ကျေးဇူးပါ။
အခုကစပြီး တစ်ပတ်ကို တစ်ပို့စ်လောက်တော့ အနည်းဆုံးတင်ပေးပါ့မယ်။
အခုတစ်ပတ်တော့ ပန်းသီးထုတ်ကုန်နဲ့ ပတ်သက်လို့ ကလိဖြစ်တာလေးကို ဖော်ပြချင်ပါတယ်။


iPhone, iPad ကို စစချင်း ဖွင့်လိုက်ရင် Slide to Unlock ဆိုတာလေးကို ပထမဆုံးတွေ့ကြမှာပါ....။ အောက်က ပုံလေး အတိုင်းပေါ့နော်...။
ပုံမှန်ဆို ပန်းသီးက အဲဒါကို ပြင်ခွင့် မပေးပါဘူး။ အဲ့ထှာနဲ့ အနော်လဲ ထောင်ဖောက်လိုက်ပြီး နည်းနည်းကလိလိုက်တယ်။ အဲဒါ အခု ကျွန်တော့် အိုင်ပက်လေးထဲမှာ ဂလိုလေး လုပ်ထားလိုက်တယ်။


ကိုယ်ကြိုက်တဲ့ စာသားလေးတွေ ထည့်ပေးလို့ ရပါတယ်။


လုပ်ပုံလုပ်နည်းကတော့
၁။ မိမိ အိုင်ဖုန်း၊ အိုင်ပက်တွေသည် JailBreak လုပ်ပြီးသား ဖြစ်ရပါမယ်။ (JailBreak လုပ်နည်းကို ဒီမှာ ရှု။ )
၂။ JailBreak လုပ်ပြီးပြီဆိုရင် Cydia Store ထဲက LabelSlide ဆိုတာလေးကို ရှာပြီး အင်စတောလုပ်လိုက်ပါ။ 
၃။ ပြီးရင် Settings ထဲက General ကို သွားဖွင့်လိုက်ပါ။
၎။ အဲဒီမှာ LabelSlide ဆိုတာကို တွေ့ပါလိမ့်မယ်။
၅။ အဲဒီ LabelSlide ကို ဖွင့်ပါ။
၆။ Enabled ဆိုတာကို ON လိုက်ပါ။
၇။ Custom Label ဆိုတာကိုလဲ ON လိုက်ပါ။


ပြီးပါပြီ။ တီထွင်ပေးတဲ့ iOS hacker ကို ကျေးဇူးတင်ပါတယ်။ မ
မရှင်းတာ ရှိရင်တော့ အောက်က ဗွီဒီယိုလင့်ခ်လေးကို ကြည့်လိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
(ဗွီဒီယိုက ကျွန်တော် လုပ်ထားတာ လုံးဝ မဟုတ်ပါဘူး။ :D )





စာကြွင်း။ ။ ဒီလို လေဘယ် ပြောင်းနည်းကို တင်ပေးဖို့ ပြောလာကြတဲ့ လူတွေကို အခုမှပဲ တင်ဖြစ်တဲ့ အတွက် အပြစ်တော် မမြင်ပဲ အချစ်တော် ဝင်ကြပါလို့....။ :)

Thursday, July 7, 2011

Why and What to do after JailBreak iPad 2

မင်္ဂလာပါ ချစ်မိတ်ဆွေများ။
မနေ့ကတော့ ချစ်မိတ်ဆွေတို့တစ်တွေ မိမိတို့ရဲ့ iPad 2  ကို ဝမ်းပန်းတစ်သာ ပျော်ရွှင်စွာ ထောင်ဖောက်ပြီးကြကုန်ပြီ ထင်ပါတယ်။
အောင်မြင်စွာ ထောင်ဖောက်ပြီးသူများကို ထောင်ဖောက်သူများ အသိုင်းအဝန်းကနေ နွေးထွေးလှိုက်လှဲ ပျော်ရွှင်စွာနဲ့ အတိုင်းမသိ သောင်းသောင်းဖြဖြ ကြိုဆိုလိုက်ပါတယ်။ (လက်ခုပ်တီးပေးကြပါ။ ဖြောင်းဖြောင်းဖြောင်း)


ကဲ .... ကျွန်တော်တို့ ဒီ ကိုComex ရဲ့ Jailbreakme 3.0 ကို သုံးပြီး ထောင်ဖောက်တာ ဘယ်လောက်လွယ်တယ်ဆိုတာ သိခဲ့ကြပြီ မဟုတ်လား။ အိုင်ပက်ထဲက ဆာဖာရီလေးကိုဖွင့်၊ ပေးထားတဲ့ လင့်ခ်ကို သွား၊ ခလုတ်လေး တစ်ချက်၊ နှစ်ချက်လောက် နှိပ်လိုက်တာနဲ့ တန်ဒန့်တန်း ဆိုပြီး အပ်ချလောင်းနဲ့ ထောင်ဖောက်ပြီးသွားတယ်။ မကောင်းလား။ မလွယ်လား...။ 
အရင်က ကျွန်တော်တို့ သုံးခဲ့တဲ့ နှင်းပွင့်နီ(RedSnow)တို့၊ သံပုရာမိုး(Limerain)တို့၊ အဆိပ်စိမ်း(GreenPoison)တို့နဲ့ နှိုင်းယှဉ်ရင် အတော်ကို လွယ်ကူသက်သာတဲ့ ထောင်ဖောက်နည်းပါ။ နှင်းပွင့်နီနဲ့ သုံးပြီး ထောင်ဖောက်မယ်ဆိုရင် ပထမ DFU mode ဆိုတာ သိရမယ်။ Recovery mode ကို ရအောင် ဖုန်းရဲ့ Home Button နဲ့ power button ကို ဘယ်နှစ်စက္ကန့်ကြာအောင် နှိပ်ပြီး ဘယ်လောက်ကြာမှ ပါဝါ ခလုတ်ကို လွှတ်ပါ။ Home Button ကို ၁၀ စက္ကန့်လောက် ဆက်ဖိထားပါ ဘာညာဆိုပြီး ဇယား အတော် ရှုပ်ခဲ့တယ်ကလား...။ 
ဒါတောင် အနှိပ်မတော် အဖိမတော်ရင် ဖုန်းက DFU mode မဟုတ်ပဲ Recover mode ဖြစ်သွားလို့ error 1505 တွေ ပေါ်လာတာတွေ..... အိုင်ဖုန်းမှာ ပန်းသီးပုံလေးပဲ ပေါ်ပြီး ငုတ်တုတ် ဒီအတိုင်း ဖြစ်နေလို့ အမောင်ကယ်ပါ ကိုယူပါ ဖြစ်ခဲ့ရတာတွေလဲ မနည်းတော့ပါဘူး။ ခုတော့ ဒီ jailbreakme 3.0 ကျေးဇူးကြောင့် ခလုတ်လေး တစ်ချက် နှစ်ချက် ကလစ်နှိပ်လိုက်တာနဲ့ လွယ်ကူသက်သာ မြန်ကောင်းချောမွေ့ ထောင်ဖောက်နိုင်ပါပြီ။


ကဲ...။ ကျွန်တော်က ပြောလို့ ထောင်ဖောက်တယ်တဲ့။ ဘာလို့ ထောင်ဖောက်ကြလဲ။ (ဟမ်... သူပဲ ဖောက်ခိုင်းပြိးတော့ သများ ပြန်လာမေးနေသေးတယ်။ ဘူးဟူးဟူးဟူး...)
ပုံမှန်ဆိုရင် ပန်းသီးက သူ့အိုင်ထုတ်ကုန်တွေကို အတိုင်းအတာ တစ်ခုအထိသာ အသုံးချခွင့် ပေးထားပါတယ်။ Fully Functional ဖြစ်အောင် သူခွင့်မပြုထားပါဘူး။ 
နောက်တစ်ခုက သူ့ထုတ်ကုန်မှာ၊ Apps Store မှာ apps တွေ ထည့်ချင်တယ် သုံးချင်တယ်ဆိုရင် သူခွင့်ပြုတဲ့ apps တွေကိုမှ Install လုပ်ခွင့် ပေးပါတယ်။ 
ဒါတော်တော်ဆိုးပါတယ်။ အရမ်းကို ဆိုးပါတယ်။ ဆိုးဆိုးဝါးဝါးကို ဆိုးရွားပါတယ်။ (ခေါင်းခါလျက်)
ဒါဟာ မိုနိုပိုလီ လုပ်တာ ဖြစ်ပါတယ်။ Anti-Trust နဲ့လဲ ငြိနေပါတယ်။ (ပန်းသီးဟာ Anti-Trust နဲ့ ပါတ်သက်လို့ ငြိစွန်းမှု ရှိမရှိကို ဥပဒေပညာရှင်များက လေ့လာနေပါတယ်။)
ပန်းသီးက သူ့ Apps Store မှာ တင်ရောင်းနိုင်မယ့် apps တစ်ခု ဖြစ်ဖို့ အောက်က အချက်တွေနဲ့ အနည်းဆုံး ကိုက်ညီရပါမယ်။

  • သူ့ကို apps တစ်ခုရောင်းရတိုင်း ၃၀% ကော်မရှင်ပေးရမယ်။
  • ပန်းသီးက ထုတ်ခဲ့တဲ့၊ ထုတ်မယ့် apps တွေနဲ့ မတူရဘူး။ (ဒါကတော့ လူလည်ကျလွန်းတယ်။ သူမထုတ်သေးတဲ့ apps ကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ အခုတစ်လောတင် ပြဿနာ တက်နေတယ်။ Wifi-Sync ဆိုတဲ့ apps ဟာ Apps Store မှာ တင်ချခွင့် မရပါဘူး။ အခုတော့ Cydia Store မှာ လက်မလည်အောင် ရောင်းနေရပါတယ်။ ပန်းသီး လူလည်ကျတာကတော့ နောက်ထုတ်မယ့် iOS 5 ထဲမှာ အဲဒီ Wifi-Sync လို ဆန်ဆန် function တစ်ခု ထည့်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ apps ထွင်တဲ့ တစ်ယောက် ဦးနှောက် ဖောက်ခံလိုက်ရလား ဆိုတာတော့ ပန်းသီးဖက်ကပဲ သိပါလိမ့်မယ်။)
  • ပန်းသီးအင်္ဂျင်နီယာတွေ စမ်းသပ်ပြီး approve ဖြစ်မှ ရပါတယ်။
အဲဒီအချက်တွေကြောင့် တစ်ချို့သော apps ကောင်းအများစုဟာ Apps Store မှာ တင်ခွင့် မရလိုက်ကြပါ။ ဒီအခါမှာ apps developer တစ်ယောက်ဖြစ်တဲ့ Saurik ဟာ ပန်းသီးရဲ့ Apps Store ကဲ့သို့သော Store တစ်ခုကို ထောင်လိုက်ပါတယ်။ အဲဒါကတော့ ထောင်ဖောက်သူများ အကြား ရေပန်းစားတဲ့ Cydia Store ဆိုတာပဲ ဖြစ်ပါတယ်။ ပန်းသီးက ခွင့်မပြုတဲ့ apps တွေဟာ အဆိုပါ Cydia Store မှာ တင်ရောင်းကြပါတယ်။ ဒီ Cydia Store က apps တွေကို သုံးချင်တယ်ဆိုရင်ဖြင့် မိမိတို့ရဲ့ iDevices ကို ထောင်ဖောက်မှသာ အသုံးပြုနိုင်ပါမယ်။ ပန်းသီးက Cydia Store ကို သူ့ရဲ့ Apps Store ထဲ အတင် မခံတဲ့ အတွက် Install လုပ်လို့ မရပါ။ ထောင်ဖောက်မှသာ Cydia Store ကို Install သုံးပြီး လုပ်ရတာပါ။
ဒါကတော့ ပန်းသီးက ခွင့်မပြုလိုက်ပေမယ့် User တွေအတွက် အသုံးဝင်တဲ့ apps တွေကို သုံးနိုင်ဖို့အတွက် ထောင်ဖောက်ရတဲ့ ရည်ရွယ်ချက်ပါ။

နောက်တစ်ချက်ကတော့ ပန်းသီးထုတ်ကုန်တွေ အကုန်လုံးကို သုံးချင်တယ်ဆိုရင် ကွန်ပြူတာနဲ့ iTunes ကနေတစ်ဆင့် လုပ်ရပါတယ်။ ဒါဟာ အတော်ကို ဆိုးဝါးပါတယ်။ Sync လုပ်တယ်ဆိုတာ မသိတဲ့သူ လုပ်မိရင် မိမိတို့ရဲ့ iDevices ထဲက ဖိုင်တွေ၊ ဒေတာတွေ၊ ဖုန်းနံပါတ်တွေ၊ အရေးကြီး မှတ်တမ်းတွေ ဆုံးရှုံးတတ်ပါတယ်။ ကျွန်တော် ပန်းသီး ပစ္စည်းတွေ စစသုံးတုန်းကဆို သွင်းထားတဲ့ သီချင်းတွေ၊ ဖုန်းနံပါတ်တွေ ပျောက်ပျောက်ကုန်ပါတယ်။ နောက်မှ နည်းနည်းပါးပါး နားလည်လာတော့မှ အဲဒီဒဏ်တွေက သက်သာတာပါ။ 
ဆိုတော့... ဖုန်းကို ထောင်ဖောက်လိုက်ရင် အကျိုးကျေးဇူးတစ်ခုကတော့ iFile သို့မဟုတ် iFunBox ဆိုတာကို သုံးပြီးတော့ ဖုန်းရဲ့ Charging port နဲ့ ကွန်ပြူတာရဲ့ USB port ကို သွယ်ပြီး ဒေတာတွေ၊ ဓါတ်ပုံတွေကို လွယ်လင့်တကူ Drag and Drop လွဲပြောင်းကူးယူမှုတွေ လုပ်နိုင်ပါတယ်။ အိုင်ကျွန်းဆိုတာ ဖုန်းကို ရီစတိုး လုပ်ချင်မှ ဒါမှမဟုတ် iOS Version အသစ်ကို မြှင့်ချင်မှပဲ အသုံးပြုရမယ့် အဆင့်ကို ရောက်သွားနိုင်ပါတယ်။
အထက်က ရေးခဲ့တာတွေကတော့ ကျွန်တော် နားလည်သလောက် သိသလောက်တွေထဲက ကောင်းနိုးရာရာ ထောင်ဖောက်ခြင်း အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။
အခုတော့ အိုင်တီ လက်တက်လူငယ်များရဲ့ ကျေးဇူးကြောင့် ထောင်ဖောက်တဲ့ ဆော့ဝဲတွေ အများကြီး ပေါ်လာပါပြီ။ သူ့နည်းသူ့ဟန်နဲ့ ခက်တာတွေ ရှိသလို လွယ်တာတွေလဲ ရှိပါတယ်။ အလွယ်ဆုံးကတော့ အခု နောက်ဆုံး အိုင်ပက်တူးကိုပါ ထောင်ဖောက်လို့ရတဲ့ ကိုကောမက်ရဲ့ Jailbreakme 3.0 ပါပဲ။ သူ့ကို Untethered Jailbreak လို့ ခေါ်ပါတယ်။ အဲဒါကတော့ ထောင်ဖောက်ပြီး နောက်ပိုင်း ဖုန်းကို ပါဝါ ပြန်ဖွင့်တဲ့ အခါမှာ နောက်ထပ်တစ်ခါ ကွန်ပြူတာနဲ့ ချိတ်ပြီး ထောင်ဖောက်ပေးဖို့ မလိုတာကို ပြောတာပါ။ နှင်းနီတို့၊ သံပုရာမိုးတို့ဟာ ဗားရှင်းအဟောင်းတုန်းကဆို အဲလို ကွန်ပြူတာနဲ့ ပြန်ပြန်ချိတ်ပြီး ထောင်ပြန်ဖောက်ပေးရတဲ့ သာဓကတွေ ရှိပါတယ်။ အဲလို ထောင်ဖောက်တာမျိုးကိုတော့ Tethered Jailbreak လို့ ခေါ်ပါတယ်။ 

Jailbreakme 3.0 ဆော့ဖ်ဝဲ အလုပ်လုပ်ပုံကတော့ ရိုးရှင်းပါတယ်။ ရိုးရှင်းလွန်းလို့ ဗိုင်းရပ်စ်လို့ ဆိုရမယ့် malicius program တွေတောင် သူ့နည်းအသုံးပြုပြီး iDevices တွေကို ဒုက္ခပေးနိုင်ပါတယ်။ Apple iOS ဟာ စထုတ်ကတည်းက ပြစ်ချက်တွေနဲ့ မကင်းခဲ့ပါဘူး။ လုံခြုံရေးဟာကွက်၊ ယိုကွက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ အဲဒီအတွက် ပန်းသီးက သူ့အိုအက်စ်တွေကို အခါအားလျော်စွာ patch တွေထုတ်ပြီး မူလ အိုအက်စ်ထဲ ထည့်ပေါင်းပြီးတော့ အိုအက်စ်အသစ် ထုတ်ပေးခြင်းအားဖြင့် ယိုပေါက်တွေ လုံခြုံရေးအားနည်းချက်တွေကို ဖာထေးပါတယ်။

ဒါပေမယ့် iOS 3.1.3 အထိ ပါလာတဲ့ ယိုကွက်တစ်ခု ရှိပါတယ်။ အဲဒီတုန်းကလဲ Comex က အဲဒီ ယိုပေါက်တွေထဲက တစ်ခုကို အသုံးချပြီး iOS 3.1.3 ကို ထောင်ဖောက်ပေးနိုင်တဲ့ Jailbreakme 2.0 ကို ထုတ်ခဲ့ပါတယ်။ အဲဒီယိုကွက်ကို PDF Exploit လို့ ခေါ်ပါတယ်။ Comex က အဲလို ယိုကွက် PDF exploit ကို အများကြီး တွေ့ထားပါတယ်။ Jailbreakeme 2.0 မှာ ယိုကွက်တွေထဲက တစ်ခုက သုံးပြီး ပန်းသီး System ထဲကို ဝင်ရောက်ကာ ဖိုင်တစ်ချို့ကို ပြန်ပြင်ရေးခြင်းဖြင့် iDevices တွေကို ထောင်ဖောက်နိုင်အောင် လုပ်ပေးတာပါ။ အဲဒီတုန်းက Comex က သူသုံးခဲ့တဲ့ exploit ကနေ တစ်ဆင့် တစ်ခြား မသမာတဲ့ hacker တွေက အသုံးချမှာကို ကာကွယ်တဲ့ အနေနဲ့ PDF Patch တစ်ခုကို ထပ်မံ ထုတ်လိုက်ပြီး ထောင်ဖောက်တဲ့ ဖုန်းတွေတိုင်း အဆိုပါ patch ကို မဖြစ်မနေ Download လုပ်ပြီး မိမိစက်ထဲက ယိုကွက်ကို ပိတ်အောင် တိုက်တွန်းပေးခဲ့ပါတယ်။ 

ပန်းသီးကလဲ Comex သုံးခဲ့တဲ့ ယိုပေါက်ကို သူတို့နည်း သူတို့ဟန်နဲ့ ပြန်ပိတ်ပြီး နောက်ထွက်တဲ့ iOS တွေမှာ ဖြည့်ခဲ့ပါတယ်။ အဲဒီအတွက် exploit အဟောင်းကို သုံးခဲ့တဲ့ Comex ရဲ့ Jailbreakme 2.0 ဟာ iOS အသစ်တွေမှာ အလုပ်မလုပ်တော့ပါဘူး။ 

ဒါတွေကို ကြည့်ခြင်းအားဖြင့် အဲတုန်းက ထောင်မဖောက်ဖြစ်ခဲ့တဲ့ ဖုန်းတွေဟာ exploit တွေနဲ့ ပြည့်နေခဲ့ပြီး လုံခြုံရေးပိုင်းဆိုင်ရာမှာ ဘယ်လောက် vulnerable ဖြစ်ခဲ့တယ်ဆိုတာ သတိထားမိရင် အတော်ကြောက်ဖို့  ကောင်းခဲ့ပါတယ်။ (လတ်တလောမှာတော့ ပန်းသီးအတွက် ဗိုင်းရပ်စ်ဆိုတာ iKee လို့ခေါ်တဲ့ အန္တရာယ်မရှိတဲ့ ဆော့ဖ်ဝဲတစ်ခုပဲ ရှိပါသေးတယ်။)

ပန်းသီးကလဲ တတ်နိုင်သလောက် သူ့ iOS တွေထဲက exploit တွေကို ရှာပြီး ပိတ်ခဲ့ပါတယ်။ ပိတ်သလောက် iOS တွေကိုလဲ ခဏခဏ အဆင်မြှင့်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာပဲ Comex လဲ သူတွေ့ထားတဲ့ ယိုကွက်တွေထဲက တစ်ခုခုကို သုံးပြီး ထောင်ဖောက်မယ့် ဆော့ဖ်ဝဲ အသစ်ကို ရေးပါတယ်။ ရေးရင်းနဲ့ ပန်းသီးက သူသုံးနေတဲ့ ယိုကွက်ကို ပြန်ဖာထေးတဲ့ iOS ထုတ်လိုက်ပြန်ပြီဆို သူ့အနေနဲ့ နောက်ထပ် ယိုကွက်တစ်ခုက ထုတ်သုံးပြီး ရေးရပါတယ်။ ဒါ့ကြောင့် သူ့ဆော့ဖ်ဝဲက အချိန်ကြာသွားတာ ဖြစ်တယ်။ အခုထုတ်လိုက်တဲ့ Jailbreakme 3.0 တောင် မတတ်သာလို့ ထုတ်လိုက်ရတာပါ။ သူရေးနေတာ ကြာလွန်းလို့ မစောင့်နိုင်တဲ့ hacker တစ်ယောက်က ကောမက် ဆာဗာပေါ် တင်ထားတဲ့ စမ်းသပ်ဆဲ အဆင့် ရှိတဲ့ Beta Version ဖြစ်တဲ့ Jailbreakme ဆော့ဖ်ဝဲကို ခိုးယူပြီး အွန်လိုင်းပေါ်ကို ဖြန့်လိုက်တာကြောင့် သူ့ရဲ့ မပြီးသေးတဲ့ ဆော့ဖ်ဝဲကို အချောသတ်လိုက်ရတာပါ။ အခုဆော့ဖ်ဝဲက iOS 4.3.3 ကိုပဲ support လုပ်ထားပြီး ကျန်တဲ့ အဟောင်းတွေကို ထောင်ဖောက်လို့ မရပါဘူး။ နောက်မှပဲ သူပြန် update လုပ်ပေးမယ်လို့ ဆိုပါတယ်။ ဘာလို့ သူအလောတစ်ကြီး ထုတ်ပေးလိုက်လဲ ဆိုတော့ hacker က ရသွားတဲ့ ဆော့ဖ်ဝဲထဲမှာ သူသုံးထားတဲ့ exploit ပါနေတာကြောင့် ပန်းသီးက အဲဒီ exploit ကို ဖာထေးလိုက်ရင် သူ့ အလုပ်တွေ အလဟဿ ဖြစ်သွားမှာစိုးလို့ ဖြစ်ပါတယ်။ ဒါကြောင့် ပန်းသီးက အဲဒီ အပေါက်ကို ဖာတဲ့ iOS မထုတ်ခင် သူ့ဆော့ဖ်ဝဲကို ထုတ်ပေးခြင်းအားဖြင့် သူတွေ့ထားတဲ့ exploit တွေ waste မဖြစ်ပဲ ထောင်ဖောက်နိုင်တော့တာပေါ့။

အခု exploit က PDF Exploit လို့ သိရပါတယ်...။ အဲဒီ exploit က ဆာဖာရီ ဘရောက်ဇာကနေတစ်ဆင့် သွားလို့ရပြီး apple file system တွေထဲကို မွေနှောက်နိုင်လောက်အောင် vulnerable ဖြစ်တဲ့ exploit ဖြစ်ပါတယ်။ မသမာသူများ အဲဒီ ယိုပေါက်ကို သုံးပြီး ဗိုင်းရပ်စ်တွေကို ကိုယ်မသိအောင် ထည့်သွားနိုင်ပါတယ်။ အဲဒါကြောင့် Comex က Jailbreame 3.0 ကို ထုတ်ပြီးပြီးချင်းပဲ အဲဒီ exploit ကို ပြန်ဖာထေးတဲ့ PDF Patcher2 ဆိုတာကို တစ်ပြိုင်နက်တည်း ဖြန့်လိုက်ပါတယ်။ ထောင်ဖောက်ပြီးသူများ အဆိုပါ patch ကို အသုံးပြုပြီး အခု လူတိုင်း သိနေပြီ ဖြစ်တဲ့ exploit ကို အမြန်ဆုံးဖာထေးကြပါ။ 

အဆိုပါ patch ကို အသုံးပြုဖို့က မိမိတို့ရဲ့ iDevices ကို ထောင်ဖောက်မှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ထောင်မဖောက်ရသေးတဲ့ iDevices တွေကတော့ ကျွန်တော်တို့လို ဖောက်ပြီးသား သမား များထက် ဗိုင်းရပ်စ်ကူးစက်ခံရမယ့်လမ်း ပိုများနေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အဲဒီ အပေါက်ကို ဖာဖို့က လမ်းနှစ်လမ်းပဲ ရှိပါတယ်။ မဖာပဲ နေလိုက်ရင် သူတို့ ဆာဖာရီကနေတစ်ဆင့် သွားတတ်တဲ့ ဝက်ဘ်ဆိုဒ်တွေမှာ ဗိုင်းရပ်စ်ဆော့ဖ်ဝဲတွေ ကူးစက်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ထောင်မဖောက်ရသေးတဲ့ iDevices ပိုင်ရှင်များ ရေးရမယ့် လမ်းနှစ်လမ်းကတော့

၁။ Jailbreakme 3.0 ကို သုံးပြီး ထောင်ဖောက်ပါ။ ပြီးတော့ PDF Patcher 2 နဲ့ exploit တွေကို ဖာပါ။
၂။ ပန်းသီးကပဲ အဆိုပါ ယိုကွက်တွေကို ပြန်fix ပေးမယ့် iOS Version ထွက်လာတဲ့ အထိ စောင့်ပါ။ (ဒီကြားထဲတော့ ဗိုင်းရပ်စ်ကူးစက်ခြင်း မခံရအောင် သတိထားဖို့တော့ လိုတာပေါ့လေ။)

PDF Patcher 2 ရယူနည်းကတော့ Cydia ထဲက Search ကို အသုံးပြုပြီး PDF Patcher2 ဆိုတာ ရှာလိုက်ပါ။ တွေ့လာရင် အင်စတော လုပ်လိုက်တာနဲ့ အလိုအလျောက် exploit တွေကို ဖာထေးပြီး ဖြစ်ပါလိမ့်မယ်။

ဘလော့ရ်ဖတ်လာ မိတ်သဟာ အပေါင်း ကျန်းမာချမ်းသာကြပါစေသောဝ်။

စာကြွင်း ၁။ ။ ဘလော့ မရေးတာ ကြာလို့ ရေးဖြစ်အောင် တိုက်တွန်းပေးတဲ့ အသည်းလေးကို ကျေးဇူးတင်ပါတယ်။ သူတိုက်တွန်းလို့ ဒီပို့စ်ကို ရေးဖြစ်တာပါ။ ရေးရင်းနဲ့မှ exploit ဖာထေးဖို့ ကိစ္စ ဟာ အတော် အရေးကြီးမှန်း သိလို့ ပို့စ် အရှည်ကြီး ရေးလိုက်တာပါ။ သူ့ကို ကျေးဇူးတင်ကြပါ။ :P

စာကြွင်း ၂။ ။ ထောင်မဖောက်ရသေးတဲ့ တစ်ခြားသော အိုင်ဖုန်း အိုင်ပေါ့တ် အိုင်ပက် ပိုင်ရှင်တွေအနေနဲ့ ကျွန်တော့်ဘလော့ကို ဖတ်မရ ပြုမရ ဖြစ်မှာ မစိုးရိမ်ပါနဲ့။ စေတန်ဂေါ့ဒ် ရေးပေးတဲ့ Embedded Web Font ကို အသုံးပြုပြီး ကျွန်တော့်ဘလော့ကို ရေးထားပါတယ်။ အဲဒီအတွက် ထောင်မဖောက်ထားတဲ့၊ ဇော်ဂျီဖွန့်သွင်းမထားတဲ့  iDevices တွေနဲ့လဲ ကျွန်တော့်ဘလော့ကို ဖတ်ရှုနိုင်ပါတယ်။ ထိုနည်းတူ ဇော်ဂျီဖွန့် မသွင်းထားတဲ့ ကွန်ပြူတာကနေလဲ ကျွန်တော့ ဘလော့ကို ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

စာကြွင်း ၃။ ။ ဒီဘလော့ကို Mobile Version အနေနဲ့လဲ လွယ်လင့်တကူ သက်သာစွာ ကြည့်နိုင်အောင် စီစဉ်ထားပါတယ်။ Mobile Version မှာတော့ မူလ Web Version လို ဘေးနား side bar တွေနားက Feed Roll တွေ... နောက် ဘလော့အောက်ခြေနားက CBox တွေ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ အဲဒီဟာတွေ မြင်ချင်တွေ့ချင်တယ်ဆိုရင် မိမိတို့ရဲ့ Mobile Version စာမျက်နှာရဲ့ အောက်ခြေနားကနေ Web Version ဆိုတာကို နှိပ်လိုက်ပါ။ ကွန်ပြူတာထဲကနေ ကြည့်ရသလို Web စာမျက်နှာ အပြည့် ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် စာလုံးတွေ သေးသွားပါလိမ့်မယ်။ အဲဒီအတွက် Zoom ချဲ့ပြီး ကြည့်ကြပါဗျား...။ (ဟယ် ဆိုဒ်ဘားနားက ငွေလဲနှုန်းကို မျက်စေ့ ရောက်သွားတာ ကနေ့ ၆၄၉ ကျပ်တဲ့။ ကျသွားပြန်ပြီ။ :( )

ပေးထားချက် ။ ပုံပါအတိုင်း
မေးခွန်း ။ ။ ဤ ပုံတွင် ပန်းသီးက ခွင့်ပြုသော apps အရေအတွက်နှင့် ခွင့်မပြုသော apps အရေအတွက် ကို ဖော်ပြပါ။ (၅ မှတ်.. လွယ်လွန်းလို့။ မှန်ရင် အဲ့ထဲက တစ်ခုကို ထည့်သွင်းနည်း အသုံးပြုနည်း ပို့စ်တစ်ခုတင်ပေးမယ်။)


Saturday, March 12, 2011

Viber : Temp Substitute for Japan ruptured telecommunication system

ဂျပန်နိုင်ငံမှာ မနေ့က ပြင်းထန်စွာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မိုဘိုင်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ တစ်ချို့သော လှိုင်းဖုန်းများတော့ အလုပ်လုပ်နေတုန်းပါပဲတဲ့။ မနေ့က ဂျပန်က သူငယ်ချင်း တစ်ယောက် ကျွန်တော့်ဆီကို iPhone ကနေတစ်ဆင့် ဆက်သွယ်ရေး apps တစ်ခု ဖြစ်တဲ့ Viber ကို သုံးပြီး ဆက်သွယ်လာပါတယ်။ သူ့ဆီ ကျွန်တော် ဆက်မရသလို သူလဲ ကျွန်တော့်ဆီကို ဆက်လို့ မရပါဘူး။ အခု ဆက်လာတာကတော့ သူ့ဖုန်းဒေတာပလန်ကနေ အင်တာနက်နဲ့ ချိတ်နိုင်လို့ Viber ကို အသုံးပြုပြီး ဆက်သွယ်လာခြင်း ဖြစ်ပါတယ်။ သတင်းကောင်းပါ။ အခုထိတော့ သူတို့ အင်တာနက်နဲ့တော့ အချိတ်အဆက် မပြတ် ရှိနေတုန်း သိရပါတယ်။ စာဖတ်သူ မိတ်ဆွေများလဲ မိမိတို့ အသိရှိခဲ့ရင် (နှစ်ဖက်စလုံးကလဲ အိုင်ဖုန်းသုံးပြီး Viber ကို install လုပ်ထားခဲ့ရင်) အဆက်အသွယ် ပြုလုပ်နိုင်သေးကြောင်း အသိပေးလိုပါတယ်။

ဂျပန်ရောက် မြန်မာမိတ်ဆွေများအားလုံး ဘေးကင်းကြပါစေ။ နောက်ထပ် အသေအပျောက် မရှိပါစေနဲ့...။ 

Thursday, December 9, 2010

iPhone Warranty : Applecare Protection Plan



မနှစ်က ဝယ်ထားတဲ့ အိုင်ဖုန်းလေး အခုလထဲမှာ အာမခံကာလ တစ်နှစ်က ပြီးတော့မယ်ဆိုတာ သိလို့ Apple Store ကနေ AppleCare Product Plan ဆိုတာလေး ဝယ်လိုက်တယ်။ နောက်တစ်နှစ်အထိ အာမခံ ရှိသွားတာပေါ့။ အိုင်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ Hardware ပိုင်း၊ software ပိုင်းဆိုင်ရာ ပြဿနာ တက်လာရင် Apple ကနေ တိုက်ရိုက် support လုပ်ပေးနိုင်မယ့် plan လေးပေါ့။

အိုင်ဖုန်းဝယ်တုန်းက ဒီ package လေးကို ဝယ်လိုက်မယ်ဆိုရင် ၃၀% ဈေးလျှော့ပေးပါတယ်။ မဝယ်ဖြစ်လိုက်လို့ ပထမ အာမခံကာလ တစ်နှစ်အတွင်းမှာ ဒီပက်ကေ့ခ်ျကို ဝယ်မယ်ဆိုရင် ပထမ အာမခံတစ်နှစ် ပြည့်သွားရင် နောက်တစ်နှစ် extend လုပ်ပေးပါမယ်။ အိုင်ဖုန်းစစချင်း ဝယ်ရင်တော့ နှစ်နှစ်အာမခံ ရတဲ့ သဘောပေါ့။


One to one exchange ရမရတော့ မသိဘူး။ လောလောဆယ်တော့ ၉၉ ကျပ် ထွက်သွားပြီ။ နောက်တစ်နှစ်အတွက် အာမခံ စိတ်ချရသွားပြီ။

Apple Product အားလုံးကို တစ်ခုချင်းစီအတွက် ဒီ AppleCare Product Plan က အကျုံးဝင်ပါတယ်။
iPhone အတွက် Applecare Protect Plan ဝယ်ချင်ရင် ဒီလင့်ခ်ကနေ သွားလိုက်ပါ။

Bonus :
တစ်ခြားသော Apple Product များအတွက် Applecare Protection Plan ဈေးနှုန်းလေးတွေ ရေးပေးလိုက်ပါတယ်။

Tuesday, December 7, 2010

How to use "Places" on FaceBook in iPhone with "HotSpotShield"VPN


အိုင်ဖုန်းထဲက ဖေ့ဘွတ်မှာ ''Places'' ဆိုတဲ့ function ပါလာတာ သုံးလလောက် ရှိနေပါသည်။
By default အရ အမေရိကားနိုင်ငံ တစ်ခုပဲ သုံးလို့ရပါသေးတယ်။
အမေရိကားပြင်ပ နိုင်ငံမှာ သုံးလို့ မရသေးပါဘူး။
လောလောဆယ်တော့ စလုံးမှာတော့ သုံးလို့ရအောင် နည်းလမ်းတစ်ခု တွေ့ထားပါတယ်။
အဲဒါကတော့ HotspotShield VPN ကို ကိုယ့်ဖုန်းထဲမှာ Add လုပ်ဖို့ လို့ပါတယ်။
ကျွန်တော် လက်ရှိ စမ်းသပ်ပြီး သုံးနေတာပါ။ (စလုံးအပြင် တစ်ခြားသော အမေရိကန် ပြင်ပနိုင်ငံများက ဒီနည်းကို သုံးရမရ စမ်းသပ်ကြည့်ပြီး အကျိုးအကြောင်း လာရေးပေးပါဦး။)

အောက်က ပေးထားတဲ့ လင့်ခ်အတိုင်း လုပ်ပေးဖို့ပဲ လိုပါတယ်။

How to set up VPN to use "Places" in iPhone's FaceBook.

Username နဲ့ Password ကို မေးလာရင် Step 2 နားက "Account ID" ကို ကလစ်ခေါက်လိုက်ပါ။ စက်က username နဲ့ password ကို အော်တို generate လုပ်ပေးပါလိမ့်မယ်။

setup configuration များ ပြီးဆုံးသွားလို့ရှိရင်တော့ Wifi နဲ့ VPN ကို ON ပေးဖို့ လိုပါတယ်။ VPN logo လေးက ဖုန်းရဲ့ ညာဘက် အပေါ်ထောင့်မှာ ပေါ်နေပါမယ်။ အဲဒါလေး ပေါ်နေရင်တော့ Places ကို သုံးလို့ ရသွားပါပြီ။

VPN ကို တောက်လျှောက် ON ပေးတဲ့ အတွက် ဖုန်းဘက်ထရီတော့ ကုန်ပါလိမ့်မယ်။ ကျွန်တော့်လို့ External iPhone Battery ဖြစ်တဲ့ Energizer ကို ဝယ်ထားရင်တော့ Battery ကိစ္စ ခေါင်းစားစရာ မလိုပါဘူး။

စာကြွင်း။ ။ အထက်ဖော်ပြပါ အချက်အလက်များ အရင်းအမြစ်၊ သတင်း စစ်မှန်မှု၊ စမ်းသပ်သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာသော အကျိုးအပြစ် တို့သည် စာရေးသူ၌ တာဝန်မရှိကြောင်း....။ (ဟိ ကိုယ်ဖြစ်ကိုယ်ခံပဲ)

Friday, December 3, 2010

iPhone apps: Viber





အိုင်ဖုန်းထဲမှာ သုံးထားတဲ့ apps တွေထဲက ကောင်းတာလေး တစ်ချို့ကို ဝေမျှချင်လို့ပါ။
ဒီ apps က ဖုန်းအစားထိုးပြောလို့ရတယ်လို့လဲ ပြောလို့ရတယ်။ သူက skype လိုမျိုးပဲ။ တစ်ခု ပိုကောင်းသွားတာက skype လို account တစ်ခု သတ်သတ် ရှိစရာ မလိုဘူး။ အဲဒီ apps ကို Install လုပ်ပြီး run လိုက်တာနဲ့ သူက ကိုယ့် contact ထဲက ရှိတဲ့ လူတွေထဲက အလားတူ Viber apps သုံးတဲ့ လူတွေဆီကို တန်းခေါ်လိုက်လို့ရတယ်။ သူက Wifi, 3G network ကနေတစ်ဆင့် အလုပ်လုပ်တာမို့လို့ အချိန်မရွေး သုံးစွဲနိုင်တဲ့ အနေအထားပါ။ ကိုယ့်မှာတော့ Data Plan တော့ ရှိဖို့ လိုပါလိမ့်မယ်။ စင်ကာပူက iPhone သုံးစွဲသူ အများစုကတော့ ပလန်စယူကတည်းက 12GB Data Plan ပါတဲ့ ပလန် အမျိုးအစားကို ယူကြတာ များတော့ ဒေတာ သုံးစွဲမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး။ တစ်ခြားသော နိုင်ငံက သုံးစွဲသူတွေတော့ ဒေတာ ပလန်ကို သေချာ စိစစ်ဖို့ လိုပါတယ်။ (ဒေတာပလန်နဲ့ ပတ်သက်လို့ စလုံးက တစ်ခုကောင်းတာက တစ်လတစ်လကို 12GB အထိ အများဆုံး ပေးသုံးထားပါတယ်။ ပိုရင်လဲ ပိုသလောက်ပေးရပြီး အပိုကြေးကို အများဆုံး ဒေါ်လာ ၃၀ အထိပဲ ပေးရပါတယ်။ ကျွန်တော်ကတော့ တစ်လတစ်လ ဖုန်းက ဒေတာတွေ သုံးတာ 4GB တောင် မရှိဘူး။)

အခု Viber ကတော့ သူ့ကို ပိတ်ထားရင်လဲ Viber ကနေ ကိုယ့်သူငယ်ချင်းက ဖုန်းဆက်လာရင် မြည်ပါတယ်။ Background မှာ run မနေရင်တောင် push notification နဲ့ alert ပေးပါတယ်။ Battery power စားသုံးမှု အလွန်နည်းပါတယ်။ Viber use ကနေ Viber user အချင်းချင်း ဖုန်းခေါ်တာ ဖရီးပါ။ ကိုယ့် contact list ထဲက နံပါတ်ကို သုံးပြီး ခေါ်တာပါ။ နိုင်ငံရပ်ခြားက Viber User ကို ခေါ်လဲ ဖရီးပါပဲ...။ သုံးသင့်တဲ့ application တစ်ခုမို့လို့ မျှဝေလိုက်တာပါ။

Download လုပ်ချင်တယ် ဆိုရင်တော့ apple apps store ကနေ search အောက်မှာ Vibre free ဆိုတာကို ရိုက်ပြီး ရှာလိုက်ပါ။ နောက် Install လုပ်လိုက်တာနဲ့ တန်းသုံးလို့ ရပါပြီ။ Install လုပ်ပြီး နောက်ပိုင်း ကိုယ့်ဖုန်းနံပါတ်အမှန်ကို တောင်းလာရင် ပေးလိုက်ဖို့ မမေ့ပါနဲ့။ Activation code ကို ကိုယ့်ဖုန်းဆီကို မက်ဆေ့ခ်ျ အနေနဲ့ ပို့လာမှာ မို့လို့ပါ။

နိုင်ငံရပ်ခြားကို ဖုန်းခေါ်ဆိုခ မကုန်ပဲ အလွယ်တကူ ခေါ်နိုင်ကြပါစေ။

Viber website ကနေ apps ကို download လုပ်နိုင်သလို iTunes ကနေ ဒီလိပ်စာနဲ့လဲ Download လုပ်နိုင်ပါတယ်။

စာကြွင်း။ ။
၁။ iOS 4.xx သွင်းထားတဲ့ iPhone 3GS/ iPhone 4 တွေမှာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် အလုပ်လုပ်တာ တွေ့ရပါတယ်။
ှ၂။ မရှင်းတာရှိရင် ဒီလင့်ခ် ကနေ ဝင်ဖတ်နိုင်ပါတယ်။

(ကြော်ငြာခ မရပါ။ အသုံးဝင်လို့သာ မျှဝေခြင်း ဖြစ်ပါတယ်။ ဒီ apps ကို သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာသော အကျိုးအပြစ်များကို စာရေးသူမှ တာဝန်မယူပါကြောင်း.....။)

Description

Viber is an iPhone application that lets you make free phone calls to other iPhone users that have Viber installed. When you use Viber, your phone calls to any other Viber user are free, and the sound quality is much better than a regular call. You can call any Viber user, anywhere in the world, for free. All Viber features are 100% FREE and do not require any additional “in application” purchase.


******************************************************

Viber - Free Phone Calls


  • Free
  • Category: Social Networking
  • Updated: Nov 24, 2010
  • Current Version: 1.0.4
  • 1.0.4 (iOS 4.0 Tested)
  • 6.0 MB
  • Languages: English, Chinese, French, German, Japanese, Russian, Spanish
  • Seller: Viber Media Inc.

Requirements:Compatible with iPhone, iPod touch, and iPad. Requires iOS 3.0 or later

Thursday, December 2, 2010

Me & iPhone

အိုင်ဖုန်းနဲ့ ပတ်သက်တဲ့ စုံစီနဖါလေးတွေပါ။

ပြီးခဲ့တဲ့ SITEX2010 တုန်းက အိုင်ဖုန်းနဲ့ ပတ်သက်တာလေးတွေ သေးသေးကွေးကွေး သွားဝယ်လာတယ်။

၁။ Sony MW600 Wiress Earphone
ဒီဆိုနီ နားကျပ်အတွက် ၇၉ ကျပ် ပေးရတယ်။ ဝယ်ထားတာ အဖြူရောင်လေ။ အနက်ရောင်ဆို ၆၉ ကျပ်ပဲ။


၂။ Energiser Power pack for

သူက ၁၂၉ ကျပ် ရောင်းတာကို ၆၉ကျပ်နဲ့ ရလာတယ်။ 1500 mA ပဲ... အနည်းဆုံးတော့ ၁၀၀% တော့ ထပ်သုံးရတာပေါ့။

နောက် စတားဟပ်ကို သွားပြီးတော့ နဂိုအိုင်ဖုန်းနားကျပ် ပျက်နေတာကို ဝါရန်တီကလိမ်း သွားလုပ်လာတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက သွားတော့ နားကျပ်စတော့ ကုန်နေလို့တဲ့။ စတော့ဝင်လာရင် ဖုန်းဆက်ပေးမယ် ဆိုပြီး မှတ်တမ်းတွေ ယူထားတယ်။ တစ်ပတ်နေလဲ မဆက် နှစ်ပတ်နေလဲ မဆက်တော့ ပေါချောင်ကောင်း ၁၂ ကျပ်တန် သွားဝယ်ကြည့်တယ်။ မကြိုက်ဘူး။ အဲဒါနဲ့ အိုင်တီရှိုးမှာ အပေါ်ကပြောခဲ့တဲ့ ဆိုနီ နားကျပ်ဝယ်လိုက်တာ။ ဆိုနီဆိုတော့ သိတဲ့ အတိုင်းပဲ အသံကွာလတီက စိတ်ချရတယ်။

Apple Store က ရောင်းထားတဲ့ သူ approve လုပ်ထားတဲ့ Dr. Dre ဘာညာ မကြိုက်ဘူး။ ဈေးကလဲ ၂၀၀ ကျော် ၃၀၀ ကျော်တွေ ဖြစ်တာလဲ ပါမှာပေါ့လေ။

ဆိုနီကတော့ ကျွန်တော် လက်လှမ်းမီတဲ့ ၁၂၉ ကျပ်ဆိုတော့ ဝယ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ ဖြစ်ချင်တော့ အိုင်တီရှိုးဆိုပြီး ဈေးချထားတာ ၇၉ ကျပ်တဲ့။ ဝယ်လိုက်တယ်။ သဘောကျနေတယ်။ သူက အက်ဖ်အမ် ရေဒီယိုပါ နားကျပ်မှာ တွဲပါလာတယ်။ ဖုန်းနဲ့ ဘလူးတုဒ် မချိတ်ပဲ သူ့အတိုင်းလဲ ရေဒီယို နားထောင်လို့ရတယ်။ မဆိုးဘူးပဲ။
အဲဒီဆိုနီနားကျပ် ဝယ်ပြီးမှ အပြန်မှာTampines က စတားဟပ်ကို ဝင်ပြီး Warranty Claim လုပ်ထားတာကို follow up လာလုပ်တာ ဆိုပြီး ဒေါင်းတင် မောင်းတင် ပြောတယ်။ ဖြစ်ချင်တော့ ငနဲသားက ခေါ်ဖို့ မေ့နေတာ။ အဲဒါကို ဖိပြောလိုက်တာ။ ချက်ချင်းပဲ အသစ်လဲပေးလိုက်တယ်။

အော်ရီဂျင်နယ် အိုင်ဖုန်းနားကျပ် ပြန်ရလေသတည်းပေါ့။ ဆိုးပါ့။ ဆိုနီနားကျပ် ဝယ်ပြီးခါမှ အိုင်ဖုန်းနားကျပ် အသစ် ပြန်ရတယ်။

အမ်အာတီကဒ်တုန်းကလဲ ဒီလိုပဲ။ ကဒ်ပျောက်သွားလို့ ကဒ်ဝယ်ပြီးခါမှ မာရသွန်ပြိုင်ပွဲအတွက် စပွန်ဆာပေးတဲ့ Goodies တွေထဲမှာ အမ်အာတီ ကဒ်သစ် တစ်ကဒ် ဖရီးရတယ်။


အိုင်ဖုန်းကလဲ ဝယ်စကနဲ့ မတူတော့ဘူး။ တိုစိ တိုစိတွေ ဝယ်လာလိုက်တာ accessories တွေက ဖုန်းဈေးနီးပါး တက်လာတယ်။

မှတ်မှတ်ရရ iPhone Skin အတွက် simlim square မှာ လက်ယားပြီး epicenter ကနေ silicon case ကို ၆၉ ကျပ် ပေးဝယ်တယ်။

နောက် သိတဲ့အတိုင်း ဘက်ထရီက အကုန်မြန်တဲ့ အိုင်ဖုန်းအတွက် ရုံးမှာ အားသွင်းဖို့ ချာဂျင်ကြိုးဝယ်တာ အစက third party က ထုတ်တဲ့ Charging Cable ကို ၂၅ ကျပ်နဲ့ ဝယ်တယ်။ စစချင်းတော့ ချာဂျင် ဝင်တယ်။ နောက်ပိုင်းကျတော့ အိုင်ဖုန်းနဲ့ မတည့်တော့ဘူး။ ဒါနဲ့ အော်ရီဂျင်နယ် ဝယ်လိုက်တာ ၅၉ကျပ် ပေးရတယ်။


အိမ်မှာကတော့ Apple Universal Docking ဝယ်လိုက်တာ 84 ကျပ်ကျတယ်။

ဒါတောင် အိုင်တီရှိုးမှာ ၁၂ ကျပ်နဲ့ တွေ့လို့ ဝယ်လာတဲ့ ချာဂျင်ကြိုး ရှိသေးတယ်။

မလေးရှားရောက်တုန်းက screen protector ကွာနေလို့ အသစ် ဝယ်လိုက်တာ ၄၀ ရင်းဂစ်တန် တပ်လိုက်တာ ရှိသေးတယ်။ အခုတော့ Skin Case ဝယ်တော့ ပါလာတဲ့ Crystal Clear Protector နဲ့ ပြန်ကပ်လိုက်တယ်။

အိုင်ဖုန်းများ .... လိုက်မိရင် ကုန်ပေါက်။ ဒါတောင် iPad မပါသေးဘူး။ ဟိုအိုင်ဖုန်းထဲက ဗွီဒီယိုတွေ ဓါတ်ပုံတွေကို တီဗွီမှာ ကြည့်ချင်ရင် သွယ်လို့ရတဲ့ Component Cable ဆိုတာ မဝယ်ရသေးဘူး။ ၇၉ကျပ်တဲ့။ သိပ်မလိုသေးဘူးလားလို့ မဝယ်သေးတာ။ မျက်စောင်းကတော့ ထိုးနေတုန်း။

App Store ထဲကတော့ app တွေ တစ်ခုပဲ ဝယ်ဖြစ်သေးတယ်။ တစ်ယောက်သော သူမက Bejeweled ဆော့ချင်တယ်ဆိုလို့ ၁.၉၉ လား ၂.၉၉ လား မသိဘူး စတိုးကနေ ဝယ်ထားတာ ရှိတယ်။

ကျန်တာ ဖရီးနဲ့သူများ ခရက်လုပ်ပေးထာတာတွေပဲ သုံးနေတယ်။

စလုံးက အိုင်ဖုန်းဒေတာ ပလန်တွေဟာ တစ်ခြားနိုင်ငံကထဲ စာရင် အတော်ကို ဈေးသက်သာတယ်။ အဲဒါကို အကျိုးရှိရှိ အသုံးချတတ်ရင် ဖုန်းဖိုးတွေ မနည်းဘူး သက်သာမယ်။ အခုကျွန်တော် pfingo ဆိုတဲ့ ကောင်လေး သုံးနေတယ်။ သူက ဝိုင်ဖိုင်ရော၊ 3G ရော အကုန်ချိတ်လို့ရတယ်။ pfingo ယူဆာ အချင်းချင်း ဖုန်းဆက်ခေါ်ရင် ဖရီးပဲ။ အဲဒါ သူငယ်ချင်းတွေကို pfingo အကောင့် ဆောက်ခိုင်းပြီး အဲဒါနဲ့ ခေါ်တာ ပွားတာ အတော်ကို ဈေးသက်သာတယ်။ နိုင်ဂျံဂါးက သူငယ်ချင်းလဲ သူ့အကောင့်ကို ခေါ်လိုက်ရင် ဖရီးပဲ။ မိုက်တယ်။

နောက်မှ သုံးလို့ကောင်းတဲ့ apps တွေ လာရေးပြမယ်။
အခုတော့ ဒီလောက်ပါပဲ။

အိုင်ဖုန်းထဲက angry bird လေး ဆော့လိုက်ဦးမယ်။ :P

Thursday, September 16, 2010

Apple Peel : iPodTouch to iPhone

http://www.istockphoto.com/file_thumbview_approve/6998343/2/istockphoto_6998343-apple-peel.jpg
Photo Credit : iStockPhoto

Apple Peel ဆိုပဲ။ အိုင်ပေါ့တ်တပ်ခ်ျကို အဲဒီ Apple Peel တပ်လိုက်တာနဲ့ အိုင်ဖုန်းဖိုး လို သုံးလို့ရမယ်တဲ့...။
လွန်ခဲ့တဲ့ နှစ်လလောက်တုန်း နည်းပညာ သတင်းမှာ တရုတ်ပြည်က ကောင်လေးတစ်ယောက် လုပ်နေတယ်သာ ကြားနေတာ။ အခုလောက် အောင်မြင်လာမယ် မထင်ဘူး။ ခုတော့ ယူအက်စ်ကို သွင်းတော့မယ်တဲ့။
သူက အိုင်ဖုန်းထည့်တဲ့ ကေ့စ်လို ထုတ်ထားတာ။ ဆင်းမ်ကဒ် ထည့်ဖို့ နေရာရယ်၊ ဘက်ထရီရယ် ပါတယ်။ တစ်ခုကို ယူအက်စ် ခြောက်ဆယ်လောက် ကျမယ် ပြောတယ်။ အဲဒါတပ်လိုက်ရင် ဖုန်းပြော မက်ဆေ့ခ်ျပို့လို့ရပြီတဲ့...။
တစ်ကယ် အလုပ်ဖြစ်ရင်တော့ ၆၄ ဂစ် အိုင်ပေါ့တ်တပ်ခ်ျလေး ၀ယ်ပြီး သုံးလိုက်မယ်။ အခု နောက်ဆုံးပေါ် အိုင်ပေါ့တ်တပ်ခ်ျလေးက Rectina Display, Front Facing Camera, FaceTime ပါတယ်ဆိုတော့ စမ်းချင်နေတာ...။

အကျယ် ဖတ်ချင်ရင်တော့ အောက်ကလင်ခ့်ကို သွားလိုက်ပါ။

ဒီမှာ ဖတ်ပါ။

Tuesday, September 7, 2010

iPhone Apps : Free Memory Pro


iPhone ထဲက apps တွေကို ကောင်းနိုးရာရာလေးတွေထဲက သွင်းထားပါတယ်။
အဲဒီအထဲက အသုံးဝင်တာလေး တွေ့လို့ ဘလော့ဖတ်ဖော်ဖတ်ဖက်တွေကို ဝေမျှချင်တဲ့ apps လေး တစ်ခုပါ။
သူက ဖုန်း built-in memory ကို တိုးပေးတယ်။ နောက်ပြီး တစ်ခြားသော Free Memory Apps နဲ့ မတူတာကတော့ ဖုန်းရဲ့ RAM ကိုပါ Fix လုပ်ပေးနိုင်တဲ့ အစွမ်းလေးပါ။

Wired ဆိုတာက ဖျက်လို့ မရတဲ့ built-in OS function တွေအတွက် သုံးထားတဲ့ Memory ဖြစ်ပါတယ်။
Active ဆိုတာကတော့ လက်ရှိ ဖွင့်ထားတဲ့ apps တွေက သုံးစွဲထားတဲ့ Memory တွေပါ။
Inactive ဆိုတာကတော့ ဖွင့်ထားခဲ့တဲ့ apps တွေသုံးစွဲထားတဲ့ memory တွေ ကျန်နေတဲ့ ပမာဏပါ။
Free ကတော့ သိတဲ့ အတိုင်း အလွတ်ကျန်နေတဲ့ memory တွေပေါ့။

အသုံးပြုပုံကတော့ ညာဘက်အောက်ထောင့်က စက်ဝိုင်းပုံ မြှားအစိမ်းလေး ကို နှိပ်ပေးလိုက်ရုံနဲ့ apps က အလိုအလျောက် Refresh လုပ်ပြီး inactive ထဲက memory တွေကို Free ထဲကို ပြောင်းထည့်ပေးခြင်းအားဖြင့် Free Memory ပမာဏတွေ တိုးလာပြီး ဖုန်းလုပ်ဆောင်ချက်တွေဟာ ဖလန်း ဖလန်းကို ထလာမှာ ဖြစ်ပါတယ်။

iPhone 3G, 3GS, iPhone 4 တွေအတွက် ရည်ရွယ်ထုတ်ထားပါတယ်။ iPod Touch တွေလဲ အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။

apps ကို download လုပ် သုံးစွဲချင်ရင်တော့ ပရိုမိုးရှင်းအနေနဲ့ free ပေးထားတဲ့ ဒီကာလ (စက်တင်ဘာ ၁၅ ရက်နေ့ မတိုင်ခင်) အတွင်း Apps Store ရော ဒီကနေရော download လုပ်ယူနိုင်ပါကြောင်း မောင်းထု ကြေငြာ ပေးလိုက်ရပါတယ်။

ဒီapps ကို သုံးပြီး memory ကို free လုပ်ပေးလိုက်တာ စွမ်းဆောင်ရည် ၃၀% မက တက်လာတာ တွေ့လို့ iPhone သုံးစွဲသူ မိတ်ဆွေများကို သုံးစေချင်တဲ့ စေတနာနဲ့ အသိပေးလိုက်ပါတယ်။

(စာကြွင်း။ ။ ဤစာရေးသူ တင်ပြသော apps ကို အသုံးပြုခြင်းအားဖြင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးအပြစ်များ အားလုံးသည် စာရေးသူနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။ :D )

Tuesday, August 24, 2010

Apple to detect Jail Break Phone?

အခုတစ်လော စောင့်ကြည့်သူတွေ ကြားထဲမှာ ပွက်လောညံအောင် ပွဲဆူစေတာကတော့ Apple ရဲ့ လတ်တလောက မူပိုင်ခွင့်တင်လိုက်တဲ့ ကိစ္စတစ်ခုပါ။ ဘယ်လိုမူပိုင်လဲ ဆိုတော့ ဆော့ဖ်ဝဲတစ်ခု ထွင်လိုက်ပါတယ်။ အဲဒီ ဆော့ဖ်ဝဲဟာ iPhone, iPad အသုံးပြုသူများကို ထောက်လှမ်းနိုင်သလို Remotely disable လုပ်နိုင်တဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ စောင့်ကြည့်သူများ စောဒက တက်တာကတော့ Apple ဟာ ဒီဆော့ဖ်ဝဲကို ဗန်းပြပြီး သုံးစွဲသူများ ဗရိုက်ဗေစီကို ချိုးဖောက်လာနိုင်သလို JailBreak လုပ်ထားတဲ့ ဖုန်းများကိုလဲ ထောက်လှမ်း လာနိုင်တယ်လို့ ဆိုပါတယ်။

တစ်ချို့သော အကောင်းမြင်ဝါဒီများကတော့ ဒီလိုဆော့ဖ်ဝဲမျိုးဟာ အခိုးခံလိုက်ရတဲ့ ဖုန်းအတွက် ဒေတာ လုံခြုံရေးပိုင်းဆိုင်ရာ အလွန် အထောက်အကူပြုပါတယ်တဲ့။ အခိုးခံရ ပြီလို့ သတင်းပို့လိုက်တာနဲ့ Apple က ဒီဖုန်းကို လှမ်းပြီး ပိတ်လိုက်လို့ရအောင် ဒီဆော့ဖ်ဝဲက လုပ်ပေးပါတယ်တဲ့....။

ဟုတ်ပြီ...။ မိတ်ဆွေအနေနဲ့ ဒီဆော့ဖ်ဝဲကို ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ။ Apple ကတော့ အိုင်ဖုန်း အိုင်ပက် သုံးသူတွေရဲ့ လှုပ်ရှားမှု မှန်သမျှကို အရင်ဦးဆုံး သိနိုင်တယ်ဆိုတဲ့ အချက်ကတော့ ငြင်းလို့ မရတဲ့ အချက်ပဲ။
မိတ်ဆွေ ဖုန်းကို ဘယ်လို အသုံးချသလဲ။ Jail Break လုပ်လိုက်သလား။ တစ်ခြားသော ဖုန်း အော်ပရေတာမှာ ဖုန်းကို သုံးလိုက်သလား။ (ဒီအချက်ကတော့ အမေရိကားမှာ အိုင်ဖုန်းကို AT&T ဆက်သွယ်ရေး ကုမ္ပဏီ ကွန်ယက်နဲ့ သာ သုံးနေရတဲ့ သူတွေအတွက် အကျုံးဝင်ပါတယ်။) ဒီအချက်တွေကို Apple အနေနဲ့ ထောက်လှမ်းခြင်း ပြုမပြုဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီနေရာမှာ ဆော့ဖ်ဝဲက ဘယ်လို လုပ်ဆောင်တယ် ဆိုတာ အကြမ်းဖျင်း ရှင်းပြချင်တယ်။
- ပထမမှာ ဖုန်းက သုံးစွဲသူရဲ့ နှလုံးခုန်သံ (HeartBeat ကို ဘာသာပြန်တာပါ။) နဲ့ မျက်နှာအမူအရာ (Face detection) ကို မှတ်သားထားလိုက်မယ်။
- ဖုန်းသုံးစွဲသူက ဖုန်းကို ပါဝါဖွင့်လိုက်တိုင်းမှာ အဲဒီ ဆော့ဖ်ဝဲက သူမှတ်သားထားတာနဲ့ ဖုန်းကို ဖွင့်လိုက်သူဟာ ကိုက်ညီမှု ရှိမရှိကို အရင် စစ်ဆေးမယ်။
- မကိုက်ဘူးဆို ဖုန်းကို ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူး။

အင်း... အပေါ်ယံကြည့်သလောက်ကတော့ မဆိုးဘူးလို့ ထင်ရပါတယ်။
လတ်တလောမှာ အမေရိကားမှာ ခွင့်ပြုလိုက်တဲ့ အီလက်ထရောနစ်ဆိုင်ရာ ဥပဒေ အသစ်အရ အိလက်ထရောနစ် ထုတ်ကုန်တစ်မျိုးမျိုးကို မိမိ ပါစင်နယ် အသုံးချဖို့အတွက် hacking, jailbreak လုပ်တာဟာ ဥပဒေနဲ့ ငြိစွန်းမှု မရှိ ဆိုတဲ့ အချက်ဟာ Apple အရှိုက်ကို တည့်တည့်ထိသွားပါတယ်။ အဲဒါကြောင့် သူလဲ သူတတ်နိုင်တဲ့ ဘောင်အတွင်းကနေ ဒီ Jailbreak ကိစ္စကို တိုက်ခိုက်ချင်လို့ အခုလို ဆော့ဖ်ဝဲကို ထုတ်လုပ်လာတာပဲလို့ ယူဆချင်ပါတယ်။

Apple တင်လိုက်တဲ့ patent ကိစ္စ တစ်ချက် ပြန်ကြည့်လိုက်ရအောင်။ သူပြောထားတာကတော့ “Systems and Methods for Identifying Unauthorized Users of an Electronic Device” တဲ့။ အဲဒါ အိုင်ဖုန်း Average user တွေအတွက် ဘယ်လိုသော အဓိပ္ပါယ် သက်ရောက်မှု ရှိသလဲ.....။

ဆိုလိုချင်တာကတော့တစ်ကယ်လို့သာ Apple ကို ဒီလို လုပ်ဆောင်ခွင့်တွေ ခွင့်ပြုလိုက်မယ်ဆိုရင် Apple ဟာ iPhone သုံးစွဲသူများရဲ့ တစ်ကိုယ်ရည် အချက်အလက်များကို လိုသလို ရယူ အသုံးချနိုင်ခွင့် ရှိတယ် ဆိုတဲ့ အဓိပ္ပါယ် ပေါက်သွားပါမယ်။ မိမိဘယ်လို ပုံတွေ ရိုက်တယ်၊ ဘယ်လို ဗွီဒီယိုကို ဖန်တီးနေတယ်။ မိမိရဲ့ စကားသံ၊ စတာ စတာတွေကို Apple ကနေ အချိန်ပြည့် စောင့်ကြည့်ခွင့် ပေးလိုက်ရတယ် ဆိုတဲ့ သဘောပါ။ တစ်ကယ်လို့ ဖုန်းသုံးစွဲသူကို တစ်ခုခုသော အကြောင်းအချက်နဲ့ သံသယ ရှိနေရင် Apple ကနေ ဖုန်းကို Remotely Shutdown လုပ်လိုက်နိုင်တယ်လို့ ဆိုလိုချင်တဲ့ သဘောပါပဲ။

လောလောဆယ်မှာတော့ Apple ကတော့ အိုင်ဖုန်းကို hacking, modding, jailbreaking စတာတွေ မလုပ်တဲ့ သုံးစွဲသူတွေကို target ထားမှာတော့ မဟုတ်သေးပါဘူး။ Apple အဆိုအရတော့ အဲဒီ heart beat monitoring နဲ့ Face recognition ဆော့ဖ်ဝဲဟာ ဖုန်းကို အခိုးခံရတဲ့ အချိန်မှာသာ အသုံးချဖို့ ရည်ရွယ်ပါတယ်လို့ ထုတ်ပြန်ထားပါသတဲ့။

ကျွန်တော်တော့ မယုံပေါင်.....

Apple က တင်လိုက်တယ် ဆိုတဲ့ Patent Application ကို ဒီမှာ ဖတ်နိုင်ပါတယ်။

Friday, June 12, 2009

10 Cool Things About iPhone 3GS

ကျောက်ခေတ်မှာ ကျန်မနေခဲ့ဘူးဆိုရင်တော့ Apple က လတ်တလော ထုတ်ပြန်သွားတဲ့ iPhone နဲ့ပါတ်သက်တဲ့ ကြေငြာချက်ကို သိလောက်ရောပေါ့။ ဖုန်း အသစ်ပါ။ 3G အမျိုးအစား ဖုန်း ဖြစ်ပြီး ၂၀၀၈ ဇွန်လတုန်းက ထုတ်ခဲ့တဲ့ iPhone 3G နဲ့ ဘာကွာလာတာလဲ။ မော်ဒယ်နံပါတ်ကို ကြည့်လိုက်တာနဲ့ သိသာပါတယ်။ အဟောင်းက iPhone 3G ဖြစ်ပြီး အသစ်က iPhone 3GS ဖြစ်ပါတယ်။ S ပိုလာတာပါ။ S က ဘာ့ကြောင့် ပိုလာတာလဲ။ S ဆိုတာ Speed ကို ကိုယ်စားပြုပါသတဲ့။ အရင် မော်ဒယ်များထက် ပိုပြီး မြန်လာတဲ့ သဘောပေါ့ဗျာ...။



အိုင်ဖုန်း သမိုင်းကြောင်းကို နည်းနည်း ငဲ့စောင်းကြည့်လိုက်မယ်ဆိုရင် (ဒီနေရာမှာ မိတ်ဆွေရဲ့ လည်ပင်းကို ငဲ့စောင်းစရာ မလိုပါ။ ရိုးရိုး အနေအထားနဲ့ ဖတ်လို့ ရပါတယ်...။) စစထုတ်ခြင်းမှာ iPhone 2G ဆိုပြီး ထုတ်ခဲ့တယ်။ နောက်တစ်နှစ်ကြာတော့ iPhone 3G ဆိုပြီး ထပ်ထုတ်လာပြန်တယ်။ 4G, 8G, 16G စသဖြင့် ထုတ်လာတာပေါ့။ အိုင်ဖုန်း သရီးဂျီ ထုတ်တဲ့ နှစ်မှာ စမတ်ဖုန်း အများစုဟာ ဗွီဒီယို ရီကော့်ဒင်း၊ မာလ်တီမီဒီယာ မက်ဆေ့ခ်ျဂျင်း၊ ဖိုတိုရွှတ် ဖလက်ရှ် စတာတွေဟာ စမတ်ဖုန်းတစ်လုံးအတွက် မပါမဖြစ် ပါရမယ့် အချက်အလက် ဖြစ်ခဲ့ပေမယ့် အိုင်ဖုန်း သရီးဂျီမှာတော့ ပါမလာခဲ့ပါဘူး။ ဒီလို ပြစ်ချက်တွေကြောင့် အိုင်ဖုန်း အရောင်းထိုင်းမယ် မထင်ပါနဲ့။ Brand Crazy များဟာ အဆိုပါ အိုင်ဖုန်းရဖို့အတွက် ရောင်းချတဲ့ နေရာမှာ ၃ ရက်လောက် ကြိုပြီး တန်းစီနေကြပါတယ်တဲ့။ ဒါကတော့ အက်ပဲက မားကက်တင်း ကောင်းလို့ပေါ့။

နောက်တစ်ခု ဆိုးတာက bluetooth function ဟာ apple product တွေနဲ့သာ အလုပ်လုပ်ပြီး ကျန်သော တစ်ခြား third party တွေနဲ့ အဆင်မပြေပါဘူး။ ဒီအချက်ဟာ အတော်ကို ဆိုးဝါးပါတယ်။ သရီးဂျီ အိုင်ဖုန်း အမျိုးအစားကို ထုတ်ခဲ့တဲ့ နောက်ပိုင်းမှာလဲ သူ့ထဲမှာ ပါတဲ့ ဆော့ဝဲတွေဟာ တစ်ခြားကုမ္ပဏီ တွေရဲ့ မူပိုင်ခွင့်နဲ့ ငြိစွန်းတယ် အစရှိသဖြင့် တရားစွဲဆိုတာကို ခံနေခဲ့ရပါတယ်။ ခုလဲ ကြုံနေတုန်းပါပဲ။

ဒီလို အခက်အခဲတွေကြားကပဲ Apple ဟာ အခု နောက်ဆုံးမျိုးဆက်သစ် iPhone 3GS ကို ထုတ်လုပ်လိုက်ပါပြီ။ အခုပို့စ်မှာတော့ ဒီမော်ဒယ်မှာ ပါတဲ့ ထူးခြားချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။

၁။ လုပ်ဆောင်ချက် ပိုမို မြန်ဆန်လာခြင်း။
ပိုမိုမြန်ဆန်တဲ့ ပရိုဆက်ဆာကို သုံးထားတယ်လို့ ဆိုပါတယ်။ မှတ်ညဏ်ပမာဏ ပိုများလာပါတယ်။ မော်ဒယ်ဟောင်းမှာတော့ သိသိသာသာ နှေးကွေးမှု မရှိပေမယ့် application များ ဖွင့်တာ ပိတ်တာမှာ နှေးကွေးလေးလံပါတယ်တဲ့။ ကြော်ငြာမှာ ပါတဲ့အတိုင်းသာဆို အခု မော်ဒယ်အသစ်ကတော့ တော်တော်မြန်ဆန်ပါတယ်။

၂။ မှတ်ညဏ်ပမာဏ ပိုမိုလာခြင်း။
Apple ကနေပြီးတော့ iPhone 3GS ကို နှစ်မျိုးနှစ်စား ထုတ်လုပ် ရောင်းချပါလိမ့်မယ်။ 16GB နဲ့ 32GB ပါ။ မူလလက်ဟောင်း အိုင်ဖုန်းများကတော့ 4GB, 8GB နဲ့ 16GB အသီးသီး သိုလှောင်မှု ပမာဏတွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

၃။ ဗွီဒီယို ရိုက်ကူးနိုင်သော လုပ်ဆောင်ချက် ပါဝင်လာခြင်း။
အခုနောက်ပိုင်း စမတ်ဖုန်းအများစုမှာ မပါမဖြစ် ပါရမယ့် အချက် ဖြစ်ပါတယ်။ မူလလက်ဟောင်း အိုင်ဖုန်းမှာ မပါပဲ အခု အသစ်မှာသာ ထည့်သွင်းလာတာ ဖြစ်ပါတယ်။

၎။ အရည်အသွေး ပိုမိုကောင်းမွန်သော ကင်မရာ။
3-megapixel camera ကို autofocus ပါပါတယ်။ အဟောင်းတုန်းကတော့ 2-megapixel, non-autofocus camera အမျိုးအစားကနေ ပုံဖေါ်စွမ်းရည် တိုးပြီး အော်တို ဖိုးကပ်စ် ဖန်ရှင် ထည့်ပေးလိုက်တာပါ။ ပြောစရာ တစ်ခုကတော့ ဖလက်ရှ် မပါသေးပါဘူး။ ဒါပေမဲ့ Display မှာ ကိုယ်လိုချင်တဲ့ နေရာကို tap လုပ်လိုက်ရင် အဲဒီနေရာကို အလိုအလျောက် အော်တိုဖိုးကပ်စ် ဖြတ်ပေးတဲ့ ဖန်ရှင် ပါလာပါတယ်။

၅။ အသံနှင့် အမိန့်ပေး ခိုင်းစေခြင်း။
Apple က Voice Control လို့ခေါ်တဲ့ voice recognition feature တစ်ခုကို ဒီဖုန်း အသစ်မှာ မိတ်ဆက် ပေးထားပါတယ်။ ဖုန်းများ ခေါ်ဆိုမှုနဲ့ သီချင်း ရွေးချယ် ဖွင့်လှစ်မှုကို အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင်ပါတယ်။ ယင်းအပြင် Voice Control ဟာ မိမိတို့ သွင်းထားတဲ့ contacts list ထဲက entry များကို ရှာဖွေပေးနိုင်ပါတယ်။ အသုံးပြုသူအနေနဲ့ မိမိခေါ်ဆိုလိုသူ နာမည် ဒါမှမဟုတ် ဖုန်းနံပါတ်ကို ရွတ်ပြလိုက်ရုံနဲ့ ဖုန်းက အလိုအလျောက်သဘောပေါက် နားလည်ပြီး ခေါ်ဆိုခြင်း အမှုကို ပြုလုပ်ပေးပါလိမ့်မယ်။ Music ကဏ္ဍမှာ ဘယ်သီချင်းကို ဖွင့်နေတာလဲ ဆိုတာကို မေးမြန်းနိုင်ပြီး စက်က အလိုအလျောက် တေးဆို၊ သီချင်းနာမည် စတာတွေကို အလိုအလျောက် ပြန်လည်ဖြေကြားပေးပါလိမ့်မယ်။ ကိုယ့်အကြိုက် သီချင်းများ၊ စုစည်းထားတဲ့ အကြိုက်များကို ဖွင့်ခိုင်းခြင်း စတာတွေကို အသံနဲ့ ခိုင်းစေ အမိန့်ပေးနိုင်ပါတယ်။

၆။ လမ်းညွှန် အိမ်မြောင်။
Built-in digital compass တစ်ခု ပါပါတယ်။ ဒီမော်ဒယ်မှာပါတဲ့ feature အသစ်ပါ။ လူတိုင်း အသုံးမပြု ပေမယ့် Google Maps နဲ့ တွဲဖက် အသုံးပြုမယ်ဆိုရင်တော့ Maps ဟာ အမြဲတမ်းလိုလို မြောက်ဘက်ကို လှည့်နေမှာ မဟုတ်ပဲ ကိုယ်မျက်နှာမူရာဘက်ကို ညွှန်ပြနေမယ့် ကြည့်ရလွယ်ကူမယ့် မြေပုံ အဖြစ်သို့ ပြောင်းလဲ ပေးနိုင်မှာပါ။

၇။ Internet tethering
ဒီလုပ်ဆောင်ချက်ကတော့ ဖုန်းကို မိုဒမ်လို အသုံးပြုနိုင်တာပါပဲ။ ကွန်ပြူတာကို အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုချင်ရင် ကြားခံ မိုဒမ် ဆိုတာ လိုပါတယ်။ အခု ထုတ်လုပ်လိုက်တဲ့ iPhone 3GS ဟာ မိုဒမ် တစ်လုံးကဲ့သို့ ပြုမူ ဆောင်ရွက်နိုင်ပါတယ်။ Mac သို့မဟုတ် PC ကို USB or Bluetooth ကနေတစ်ဆင့် ချိတ်ဆက်နိုင်ကာ အင်တာနက်နဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ အမေရိကားကို အိုင်ဖုန်းကို တစ်ဦးတည်း ဖြန့်ချိခွင့်ရထားတဲ့ AT&T ဖုန်းကုမ္ပဏီကတော့ ဒီ featureကို support မလုပ်သေးပေမယ့် သြစတေးလျက Optus ကတော့ ဒီဝန်ဆောင်မှုကို ပေးနိုင်မယ်လို့ ကြေငြာထားပါတယ်။ Telstra နဲ့ Vodafone ကတော့ ကြေငြာချက်များ ထုတ်ပြန်ခြင်း မပြုသေးပါဘူး။

၈။ တစ်ခြားသော လုပ်ဆောင်ချက်များ။
မသန်မစွမ်းသူများ ပါ အသုံးပြုနိုင်အောင် တစ်ခြားသော လုပ်ဆောင်ချက်များကိုလဲ ထည့်သွင်းလာပါတယ်။ VoiceOver function ဖြစ်ပါတယ်။ အသံထွက် ဖတ်ပေးပါတယ်။ Zoom function ကတော့ ငါးဆ အထိ ချဲ့ပေးနိုင်ပါတယ်။ မျက်စိ အမြင်အာရုံ မှုန်ဝါးသူများအတွက် အဆင်ပြေပါတယ်။

၉။ Nike+ iPod integration
အရင်တုန်းကတော့ အချို့သော iPod nano models မှာသာ အသုံးပြနိုင်တဲ့ လုပ်ဆောင်ချက်ပါ။ အခုတော့ ဒီဖုန်းထဲမှာပါ ထည့်သွင်းလာပါပြီ။ ဒီလုပ်ဆောင်ချက်ကတော့ fitness system တစ်ခု ဖြစ်ပြီး Nike shoe နဲ့ iPod နဲ့ အလိုအလျောက် ဆက်သွယ်ချိတ်ဆက်မှုကို ပြုလုပ်ပေးနိုင်ပါတယ်။ iPhone 3G S နဲ့ Nike ဖိနပ်တို့ ချိတ်ဆက်မှုတွေ ပြုလုပ်ပြီး real time walking နဲ့ running statistics တို့ကို ပြသနိုင်မှာ ဖြစ်ပါတယ်။

၁၀။ New headphones
iPhone 3G S မှာ Apple's remote headphones ပါလာပါမယ်။ Multi-button remote and volume control keys၊ voice calls ခေါ်ဆိုမှု ပြုလုပ်နိုင်တဲ့ microphone တို့လဲ ပါလာပါလိမ့်မယ်။

(အသစ်ထပ်တိုးတဲ့ လုပ်ဆောင်ချက်များကိုတော့ အပေါ်က ဗွီဒီယိုမှာ ကြည့်လိုက်ပါ။)

Tuesday, May 26, 2009

နယူးယောက်ကာ မဂ္ဂဇင်း မျက်နှာဖုံး ပန်းချီ

အခု အပတ်ထုတ် NewYorker ဆိုတဲ့ မဂ္ဂဇင်း အဖုံးလေးပါ။
ကြည့်လို့ အဆင်ပြေပါသလား။
မဂ္ဂဇင်းရဲ့ ပင်တိုင် ပန်းချီဆရာက ဆွဲထားတာလေးပါ။
သရုပ်ဖေါ်ပုံလေးက ဆီဆေး ပန်းချီကားနဲ့ ခပ်ဆင်ဆင်ပါ။



ခါတိုင်းရေးဆွဲနေကျ ပန်းချီဆရာ Bob Staake ဟာ Adobe Photoshop 3.0 ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်သူ ဖြစ်ပါတယ်။ အခုတစ်ပတ် မဂ္ဂဇင်းမျက်နှာဖုံးမှာတော့ ရေးဆွဲသူဟာ အခြားသော အရင်ကနဲ့ မတူ ထူးခြားစွာ ရေးဆွဲထားပါတယ်။ မျက်နှာဖုံး တစ်ခုလုံးကို iPhone မှာ ပါလာတဲ့ application တစ်ခုဖြစ်တဲ့ Brushs ဆိုတာလေးနဲ့ ဆွဲထားတာ ဖြစ်ပါတယ်။ အဲဒီဆော့ဖ်ဝဲလေးဟာ US$ 5 ဒေါ်လာပဲ တန်ပါတယ်။ ရေးဆွဲသူ jorge Colombo ဖြစ်ပါတယ်။ iPhone ရဲ့ လွမ်းမိုးမှုကို ပြသတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

Source : MacWorld

Tuesday, February 10, 2009

Google's Sync

Google 's Sync

Google ကနေပြီးတော့ မနေ့က ဆော့ဖ်ဝဲ အသစ် တစ်မျိုးကို ထပ်မံ ထုတ်လုပ်လိုက်ပါတယ်။ အဓိက ကတော့ စမတ်ဖုန်းများကို ဦးတည်ပါတယ်။ ဖုန်းထဲက Contacts များနဲ့ Google Account ထဲက Contacts များကို Sync လုပ်နိုင်တဲ့ ဆော့ဖ်ဝဲပါ။ ဘီတာဗားရှင်းပဲ ရှိပါသေးတယ်။ ဖုန်းကနေ အီးမေးလ်ပေးပို့ခြင်း၊ လက်ခံခြင်းတို့ကို ပြုလုပ်တတ်တဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ တစ်ခြားသော ခရီးမကြခဏ သွားဖြစ်တဲ့ သူများ အတွက် ရည်ရွယ် ထုတ်လုပ်ပါတယ်။

Credit to : Google
အခုထုတ်လုပ်လိုက်တဲ့ ဆော့ဖ်ဝဲကို အသုံးပြုနိုင်တဲ့ ဖုန်းအမျိုးအစား များကတော့ iPhone, Android, Windows Mobile Phone နဲ့ အခြားသော S60 Symbian ဖုန်း တို့ဖြစ်ပါတယ်။ UIQ3 Symbian ဖုန်းများအတွက် ဘီတာဗားရှင်းကို များမကြာမီ ကာလမှာ ဆက်လက် ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ နေ့လည်တုန်းက မိမိမှာ ရှိတဲ့ ဆိုနီဖုန်းနဲ့ ၀င်ကြည့်တော့ မီနူးသာ ရှိပြီး သုံးလို့ မရသေးပါဘူး။

တစ်ကယ်တော့ ဒီလို ဆော့ဖ်ဝဲမျိုး ပေါ်သင့်တာ ကြာပါပြီ။ ဖုန်းအသစ်တစ်လုံး ပြောင်းမယ်ကြံတိုင်း ခေါင်းခဲရတဲ့ အခက်ခဲဆုံး အပိုင်းကတော့ ဖုန်းထဲက Contacts နဲ့ Calender ကို တစ်ခြားဖုန်းထဲကို ပြောင်းထည့်ရတဲ့ အပိုင်းပါပဲ။ အခုတော့ Google ရဲ့ Sync ဆော့ဖ်ဝဲနဲ့ အလွယ်တကူ ပြောင်းနိုင်ပါပြီ။

စိတ်ဝင်စားသူများ အောက်က လင့်ခ်တွေမှာ သွားရောက် စမ်းသပ်နိုင်ပါတယ်။

Find out how to setup Google Sync services for your desktop and mobile devices.


Pictures and Links from Google. All Credits to Google.

Wednesday, February 4, 2009

iPhone Rival From Toshiba

Photo Credit : http://www.pcmag.com
ခုတစ်လော အိုင်ဖုန်းနဲ့ ပါတ်သက်တဲ့ သတင်းတွေ တော်တော်များများ ပလူပျံနေပါတယ်။ Palm ကနေ ပြီးတော့ အိုင်ဖုန်းကို ယှဉ်ပြိုင်နိုင်မယ့် Palm Pre အမျိုးအစားကို ထုတ်လိုက်တဲ့ သတင်း၊ အဲဒီလို ထုတ်လိုက်တာနဲ့ အိုင်ဖုန်း ထုတ်တဲ့ Apple ကုမ္ပဏီက သူ့ရဲ့ တီထွင်မှုတွေကို တုပတယ်ဆိုပြီး စကား စစ်ထိုးလိုက်ကာ တရားဥပဒေကြောင်းအရ တရားစွဲဆိုမယ်လို့ ဆိုတဲ့ သတင်း၊ Apple ကနေပြီးတော့ အိုင်ဖုန်းမှာ သုံးထားတဲ့ နည်းပညာများကို မူပိုင်ခွင့် ပြုလိုက်တဲ့ သတင်း၊ ကွန်ပြူတာတွေကိုပဲ တစ်စိုက်မတ်မတ် ထုတ်လာတဲ့ DELL က စမတ်ဖုန်း ထုတ်တော့မယ် ဆိုတဲ့ သတင်း (အိုင်ဖုန်းကို ယှဉ်ဖို့ ထုတ်မယ်လို့ ဆိုပါတယ်။) အစရှိသည် ပေါ့လေ။

အခု နောက်ဆုံး ရရှိတဲ့ သတင်းအရ တိုရှီဘာကနေပြိးတော့ အထက်ဖေါ်ပြပါ ပုံပါအတိုင်း TG01 အမည်ရ Touch Screen Smart Phone ကို ထုတ်လုပ်ပါတော့မယ်။ ၂၀၀၉ ခုနှစ်ရဲ့ ပထမ သုံးလပါတ်လည်မှာ ဒီဖုန်းကို ဥရောပ တစ်လွှားမှာ သုံးစွဲနိုင်ပါမယ်။ သိသာထင်ရှားတဲ့ အချက်ကတော့ ဖုန်းရဲ့ စကရင်ကို 4.1" အထိ ထုတ်လုပ်မယ်ဆိုတာပါပဲ။ Windows Mobile OS ကို အသုံးပြုမှာ ဖြစ်ပြီး WM6 or WM 6.1 လား ဆိုတာတော့ မသိရသေးပါဘူး။ မိုက်ခရိုဆော့ဖ်က Windows Mobile 7 ကို ဈေးကွက်တင်ဖို့က နှောင့်နှေးနေတာနဲ့ လက်ရှိ WM6 OR WM 6.1 OS ကိုသာ သုံးစွဲမယ်လို့ မျှော်လင့်ရပါတယ်။ ထုတ်ခဲ့သမျှ Windows Mobile OS ကို အသုံးပြုတဲ့ ဖုန်းတွေမှာ စကရင် ပမာဏ အရွယ် အကြီးမားဆုံးလို့ သိရပါတယ်။ နောက်ဆုံးပေါ် စမတ်ဖုန်း တွေမှာ ပါရှိတဲ့ လုပ်ဆောင်ချက်တွေ အကုန်ပါမယ်လို့ သိရပါတယ်။

အသေးစိတ် အချက်အလက်များကိုတော့ ကုမ္ပဏီက တရားဝင် ထုတ်ပြန် ကြေငြာထားခြင်း မရှိပေမယ့် လာမယ့် နှစ်ပါတ်မှာ ကျင်းပမယ့် MWC (Mobile World Conference) မှာတော့ အသေးစိတ် သိရှိနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာမှုကြောင့် နောက်ပေါ်တဲ့ ဖုန်းများက သာစမြဲဆိုတဲ့ အတိုင်း ဒီတိုရှီဘာက ထုတ်မယ့် ဖုန်းမှာ ဘယ်လို အားသာချက်တွေ ပါမလဲ ဆိုတာ စောင့်ကြည့်ရအောင်။ လက်ရှိ အိုင်ဖုန်းနဲ့ တစ်တန်းတည်း ယှဉ်ထိုး ပြောဆိုနေတဲ့ ဖုန်းတွေကတော့ HTC Touch HD, Nokia N97 တို့ ဖြစ်ပါတယ်။

Source : PC Mag, Gearlog, GSMArena

ထပ်ဖြည့်။ ။ ဖုန်းက ၀င်းဒိုး ၆.၁ ဗားရှင်း ကို သုံးမှာပါ။


Tuesday, December 2, 2008

Nokia N97 (OR) I-Phone Killer ???

Mobile Phone တိုက်ပွဲများ အထူးသဖြင့် Smart Phone တိုက်ပွဲများ ပြင်းထန်လာပါပြီ...။
အရင်ကတော့ ဈေးကွက်ထဲမှာ သမားရိုးကျ လုပ်ဆောင်ချက်များသာ ပါတဲ့ ဖုန်းတွေသာ အတွေ့များခဲ့တယ်...။
လုပ်ဆောင်ချက် အစုံပါတဲ့ ဖုန်း (စမတ်ဖုန်း) တွေဆိုတာ သာမာန် သုံးစွဲသူတွေလက်ထဲမှာ မတွေ့ဖြစ်ပဲ Techno-crati တွေလက်ထဲမှာသာ တွေ့ဖူးတယ်...။
လူတွေက ဖုန်းကို စကားပြောဖို့လောက်သာ အသုံးဝင်တယ်လို့ တွေးခဲ့ကြတာကိုး...။
ပြောလဲ ပြောလောက်စရာ...။ အရင် တူးဂျီခေတ်တုန်းကဆို ဖုန်းဆိုတာ ပြောနိုင်ရုံအဆင့်ထက် နည်းနည်းပဲ ကျော်ခဲ့တယ်...။
နောက်ပိုင်း သရီးဂျီ ခေတ်ရောက်မှ ဗွီဒီယိုဖိုင်တွေနဲ့ တစ်ဘက်ကို တစ်ဘက် ရုပ်မြင်နိုင်တဲ့ ခေတ် ဘာညာ ရောက်မှ လူတွေက စမတ်ဖုန်းကို အာရုံစိုက်လာကြတာ...။
ထုတ်လုပ်မှု နည်းပညာများ တိုးတက်လာမှုကြောင့် စမတ်ဖုန်းများရဲ့ ဈေးနှုန်း ကျဆင်းလာတာလဲ တစ်ပိုင်း ပါတာပေါ့လေ...။

အခုနောက်ပိုင်း ထုတ်လာတဲ့ စမတ်ဖုန်းတွေဆို မရှိမဖြစ် ပါရမှာက
၁။ ကင်မရာ
၂။ ဗွီဒီယို ကင်မရာ
၃။ ၀ိုင်ဖိုင် (WiFi)
၎။ GPS
၅။ Built In Memory
၆။ Touch Screen

စတာ စတာတွေဟာ စမတ်ဖုန်း တစ်လုံးအတွက် Common Factor တွေ ဖြစ်လာတယ်...။

ဖုန်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလဲ သူ့ထက်ငါဦး အလုအယက် နည်းပညာ အသစ်အဆန်းတွေနဲ့ တိုးတက် ထုတ်လုပ်လာကြတယ်...။

ဖုန်းလောကရဲ့ အလှည့်အပြောင်း တစ်ခုလို့ ဆိုရမယ့် သမိုင်းမှတ်တိုင်...။
၂၀၀၈ ခုနှစ် ဇူလိုင် ၁၁ မှာ Apple ကွန်ပြူတာတွေကို တစ်စိုက်မတ်မတ် ထုတ်လာတဲ့ Apple ကုမ္ပဏီဟာ သူ့ရဲ့ ထုတ်နေကျ လိုင်းကနေ သွေဖီပြီးတော့ ဖုန်းထုတ်လုပ်ရေးဘက်ကို နယ်ချဲ့လာခဲ့တယ်...။
၂၀၀၇ ခုနှစ်တုန်းကတော့ iPhone ဆိုပြီး ထုတ်ခဲ့တာပါ...။ ဒါပေမဲ့... အဲဒီ ဖုန်းက 2G စံနစ်ကိုသာ သုံးခဲ့တဲ့ အတွက် လူတွေ ကြားထဲမှာ သိပ်ရေပန်းမစားခဲ့ပါဘူး...။

အခု ၂၀၀၈ ခုနှစ်ကျမှ 3G စံနစ်သုံး မျိုးဆက်သစ် iPhone ကို ထုတ်ခဲ့ပါတယ်...။ ပြစ်ချက်တွေ၊ ထောက်ပြစရာတွေ ရှိနေခဲ့ပေမယ့် iPhone ကတော့ စမတ်ဖုန်းတွေထဲမှာ စံယူစရာ၊ မနာလိုစရာ ဖြစ်လောက်အောင် Role Model ဖြစ်သွားပါတယ်...။

နောက်ပိုင်း ထုတ်လာတဲ့ ဖုန်းတွေကိုတောင် iPhone နဲ့ ယှဉ်ပြီး ပိုကောင်းတယ်၊ iPhone လောက် မကောင်းဘူး ဆိုပြီး နှိုင်းယှဉ်ပြောဆိုရလောက်အောင် standard တစ်ခု အဖြစ် မှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်...။ အဲဒီတုန်းကဆို မိုဘိုင်းဖုန်းထဲမှာ နာမည်ကျော်တံဆိပ်တစ်ခု ဖြစ်တဲ့ Nokia ဆို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး....။

အခုတော့ နိုကီယာ အလှည့်ရောက်လာတော့မယ် ထင်ပါတယ်...။
နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ နိုကီယာ ဖုန်းထုတ်ကုန် ပြပွဲကို ဘာစီလိုနာမှာ ကျင်းပခဲ့ပါတယ်...။ အဲဒီပွဲမှာ နိုကီယာ N97 အမည်ရ ဖုန်းသစ် တစ်မျိုးကို မိတ်ဆက်ပေးရင်း Touch Screen ဖုန်းဈေးကွက်ထဲကို ၀င်ရောက်လာပါပြီ။







၃.၅“ ကျယ်တဲ့ မြင်ကွင်း ပါ ဖုန်းဟာ ဘေးတိုက် လျှောထုတ်နိုင်ပြီး QWERTY အမျိုးအစား ကီးဘုတ် အသေးစား ပါပါတယ်။ နိုကီယာမှ N-Seirs ဖုန်းများ ထုတ်လုပ်ရေးရဲ့ ဒုတိယ အကြီးအကဲကတော့ ကိုယ့်ငါးချဉ်ကို ဒီလို ချဉ်ပြခဲ့ပါတယ်....။
ပထမတော့ စားပွဲတင် ကွန်ပြူတာကို လူကြိုက်များခဲ့တယ်...။ နောက်တော့ laptop တွေ ခေတ်စားလာတယ်...။ ဟော အခုတော့ မိမိ အိတ်ကပ်၊ အိတ်ထောင်တွေထဲမှာ ထည့်ရတော့မယ့် mobile computer အမျိုးအစား ဖြစ်တဲ့ N-97 ပေါ့ဗျာ...။


Nokia မှ ထုတ်လုပ်မည့် N-97
(Credit to handcellphone)


အခု ကြိုတင် မိတ်ဆက်ပေးတဲ့ N97 ဖုန်းရဲ့ ထူးခြားချက် တစ်ချို့ကို ကြည့်လိုက်ရအောင်။ ဖုန်းထဲမှာ တစ်ပါတည်း တပ်ဆင်ပေးလိုက်တဲ့ လမ်းညွှန်ကိရိယာ Assite GPS (AGPS) ဟာ မိမိ လက်ရှိရောက်ရှိရာ နေရာကို GPS အကူအညီနဲ့ သာမက လက်ရှိ ဖုန်းလှိုင်း ထုတ်လွှင့်၊လက်ခံပေးနေတဲ့ အနီးစပ်ဆုံး ဖုန်းတာဝါတိုင်တွေနဲ့ အနီးအဝေး ခရီးကို တွက်ချက်ပြီး တိကျစွာ လမ်းညွှန်ပေးပါတယ်...။ အချိန်နဲ့ တစ်ပြေးညီ အချက်အလက်တွေကို တွက်ချက်ပေးနိုပါတယ်တဲ့...။ (ဒီဟာကတော့ IPhone ထဲမှာ ပါတယ် ထင်တာပဲ...။ ) နိုကီယာရဲ့ ထုံးစံအတိုင်း ပုံဖေါ်စွမ်းရည် 5.0 Mega Pixel ပါတဲ့ ကင်မရာကို Carl Zeiss Lens တပ်ပေးထားပါတယ်...။ တစ်ခု အမြင်ကတ်စရာ ကောင်းတာက အတွင်းပိုင်း Memory (Hard Disk) ကို လူတကာ အမြင်ကတ်လောက်အောင် 32 GB အထိ ထည့်ပေးထားခြင်းပါပဲ။ ဒီဟာနဲ့တင် အားမရသေးပဲ Memory Card ထပ်ထည့်ချင်သေးတယ် ဆိုရင်လဲ microSD Slot အမျိုးအစား Expanded Memory ကို 16GB အထိ support လုပ်ပေးနိုင်အောင် ထုတ်လုပ်ထားပါသတဲ့...။

နိုကီယာကနေပြီးတော့ အဆိုပါဖုန်းကို ၂၀၀၉ ခုနှစ် နှစ်လယ် မတိုင်ခင်မှာ ဈေးကွက်ထဲ ပို့ဆောင်နိုင်ဖို့ ရည်မှန်းထားပြီး ဈေးနှုန်းကတော့ အကြမ်းဖျင်း စတာလင်ပေါင် ၄၆၉.၀၀ ရှိမယ်လို့ ခန့်မှန်းထားပါသတဲ့။ အသုံးပြုမယ့် ဘက်ထရီ အမျိုးအစားကတော့ 1500mAh ဘက်ထရီ အမျိုးအစား ဖြစ်ပြီး stand by Mode မှာဆိုရင် ၁၆ ရက် ဆက်တိုက် အထားခံပါသတဲ့။ သီချင်းဆက်တိုက် ဖွင့်ရင် ၃၇ နာရီကြာ အားခံနိုင်ပြီး ဗွီဒီယိုဖိုင်များကို ၄ နာရီခွဲလောက်အထိ ဖွင့်နိုင်ပါတယ်လို့ ဆိုပါတယ်။

နိုကီယာ ယပ်တောင်များကတော့ အခု အမျိုးအစား N97 ဟာ iPhone ကို နောက်ကောက်ထိုးမယ့် ဖုန်းအဖြစ် ကြွေးကြော်နေပါသတဲ့။ Mobile Phone များကို Comparison လုပ်တဲ့ Omio ၀က်ဘ်ဆိုဒ် ပိုင်ရှင် Robin Landy ကတော့
ဒီပြပွဲမှာ နိုကီယာဟာ ဘယ်လောက်အထိ ယှဉ်ပြိုင်မှုကို အလေးထားသလဲဆိုတာကို ပြသလိုက်တာပဲ
လို့ မှတ်ချက်ချပါတယ်။ ဒါ့အပြင်...

အခုလို ခရစ်စမတ်ရာသီမှာ iPhone ၀ယ်ဖို့ စိတ်ကူးနေတဲ့ နိုကီယာ အမာခံ ဖေါက်သည်များကို နောက်နှစ် နှစ်လယ်အထိ ဈေးကွက်မှာ မရောက်သေးတဲ့ ဖုန်းကို အခုအချိန်မှာ အချိန်ကိုက် မိတ်ဆက် အကြောင်းကြားတဲ့ နိုကီယာရဲ့ ဈေးကွက် လက်ဦးမှု ရယူရေး အိုင်ဒီယာကို ချီးကျူးပါတယ်။
လို့လဲ Robin Landy က ထပ်လောင်း ပြောကြားသွားလေရဲ့...။
အချက်အလက်များကို ဒီဝက်ဘ်ဆိုဒ်ကနေ ကိုးကားပါတယ်...။

ကျွန်တော်ကတော့ ဆိုနီ အဲရစ်ဆန် ဖုန်း ပရိဿတ်ပါ။ ဘယ်ဖုန်း ဘယ်လောက်ကောင်းကောင်း တေးဂီတ အနုပညာများကို ခုံမင်တဲ့ ကျွန်တော့်အတွက် တစ်ကယ့် တေးဂီတ စစ်စစ် အရသာကို ပေးစွမ်းနိုင်တဲ့ Walkman ဖုန်းတွေကို ဘယ် iTunes, ဘယ် Nokia Music Xpress နဲ့မှ မလဲနိုင်ပါဘူး...။ အခု သုံးနေတာကတော့ Sony Ericsson w960i ပါ...။ အခုတစ်လော ချဉ်ခြင်းဖြစ်မိတာက အကယ်၍ ဆိုနီက သူ့ရဲ့ PSP မှာ သုံးနေတဲ့ နည်းပညာကို အသုံးပြုပြီး ဂျီပီအက်စ်ပါတဲ့ မြင်ကွင်းကျယ် Walkman ဖုန်းအဖြစ် ထုတ်ခဲ့ရင် ကောင်းမှာပဲလို့...။

Related Post :
မျောက်အုန်းသီးရခြင်း။
iPhone Killers
Nokia N97 Review from www.GsmArena.com

Monday, June 23, 2008

iPhone Killers !!!!

ခုတစ်လော Blogging ဘက်ကို အချိန်မပေးနိုင်တာ ကြာသွားတယ်...။ ရေးမယ်လို့ ကြံတဲ့ အကြောင်းအရာ တွေကလဲ ခေါင်းထဲမှာ တစ်ပုံတစ်ပင်ကြီး...။ ဘယ်ကစပြီး ရေးရမယ်မှန်း မသိလို့...။ ရေးဖို့ကလဲ လက်က မတက်ချင်တော့ စိတ်လျှော့နေရတယ်...။ ဒါပေမဲ့ အလည်လာခဲ့သော မိတ်ဆွေများကို အားနာမိတဲ့ အတွက် မရေးမဖြစ် တစ်ပုဒ်တော့ အားတင်းပြီး ရေးလိုက်ရပါကြောင်း...။ ဆားလဲ မချက်တတ်/ မချက်ချင်ဆိုတော့ :D ...။


အခု တင်ပြမယ့် အကြောင်းအရာကတော့ အိုင်တီသတင်းများကို စဉ်ဆက်မပြတ် နားစွင့်သူများအတွက် ကြားဖူး၊ သိဖူးပြီးသား အကြောင်းအရာ ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်...။ ဒါ့ကြောင့် သိပြီးသူများအတွက် အသစ်အဆန်း မဟုတ်တော့ပေမယ့် မသိသေးသူများအတွက် သိသွားအောင် ဝေမျှပေးလိုက်ရပါတယ်...။

အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့တုန်းက Apple ကနေ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ လူကြိုက်များတဲ့ iPhone ကို 3G Version အဖြစ် အဆင့်မြှင့် ထုတ်လုပ်လိုက်ပါတယ်...။


3G iPhone

ဖြန့်ချိမယ့်ရက်ကိုတော့ ဇူလိုင်လ ၁၁ ရက်နေ့ အစောဆုံးထားပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်...။
ပထမဆုံး ဖြန့်ချိတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ စင်ကာပူနိုင်ငံတော့ မပါရှိခဲ့ပါဘူး...။ (အရာရာတိုင်းမှာ ထိပ်ဆုံး၊ ပထမဆုံး ဖြစ်ချင်တဲ့ ကိုကို စင်ကာပူ၊ မမ စင်ကာပူတို့ မခံချိမခံသာ ဖြစ်သွားတာပေါ့...။) ဒါတောင် ပြောလိုက်သေးတယ်...။ ပထမအသုတ်မှာ မပါပေမဲ့ သူတို့ဟာ အာရှ၊ပစိဖိတ်တစ်လွှားမှာတော့ iPhone သုံးစွဲသူ အများဆုံး ဖြစ်မှာပါတဲ့...။

ထားလိုက်ပါ...။ လိုရင်းကို မရောက်နိုင်ဘူး ဖြစ်နေတယ်...။ ခုတစ်လော ဒီလို ဖြစ်နေတယ်...။ အကြောင်းအရာ တစ်ခုကို စလိုက်ရင် ဘယ်တော့မှ တန်းမရောက်ဘူး...။ ဟိုကွေ့ဒီဝိုက်နဲ့...။ အကျင့်ဖြစ်နေတာ...။ ကဲ..ကဲ ပြန်တည့်လိုက်ရအောင်...။

အခုလို ခေတ်စားနေတဲ့ အိုင်ဖုန်းကို အရူးအမူး စွဲလမ်းတဲ့ သူများ ရှိနေသလို တစ်ဖက်ကလည်း အိုင်ဖုန်းကို မနှစ်မြို့သူများလဲ ရှိပါတယ်...။ ဥပမာပြရရင် ကျွန်တော်ပေါ့...။ ကျွန်တော်လဲ အိုင်ဖုန်းကို မကြိုက်ပါဘူး...။ Apple က ကိုယ်ကျွမ်းကျင်တဲ့ ခွင်ကို အပိုင်ကိုင်နေရုံးနဲ့ မကျေနပ်သေးပဲ သူံခွင်မဟုတ်တဲ့ ဆက်သွယ်ရေးကဏ္ဍကို လာရှုပ်ပါတယ်...။ Apple ဆိုတဲ့ တံဆိပ်ကြောင့်သာ လူတွေက ကောင်းတယ် ထင်နေတာပါ...။ တစ်ကယ့်တစ်ကယ်တော့ စထုတ်ကတည်းက အိုင်ဖုန်းမှာ ပြစ်ချက်တွေ ပါလာပြီးသားပါ...။ အမြင်သာဆုံး ဥပမာ ပြရရင်တော့ ၀င်လာတဲ့ မက်ဆေ့ခ်ျ SMS တစ်ခုကို နောက်တစ်ယောက်ဆီ forward လုပ်ပြီး မပို့နိုင်တာပါပဲ...။ ပထမဆုံးထုတ်လိုက်တဲ့ အိုင်ဖုန်းမှာ ဒီပြစ်ချက်ပါလာတာ ထားပါတော့...။ အခု နောက်ထပ် အဆင့်မြှင့် ထုတ်လိုက်တဲ့ 3G iPhone မှာလဲ ဒီပြစ်ချက်ကို ဖြေရှင်း မပေးသေးတာ တွေ့ရပါတယ်...။ အဆိုပါ ပြစ်ချက်ကို ဖုန်းကွယ်နိုင်ဖို့ အတွက် ဖြန့်ချိဈေးနှုံးကို လျှော့ပေးထားပါတယ်...။ နှစ်နှစ်ကန်ထရိုက်နဲ့ ၀ယ်ရင် ယူအက်စ် ၁၉၉ ဒေါ်လာနဲ့ 8GB 3GiPhone ကို ပိုင်ဆိုင်နိုင်ပါတယ်တဲ့...။ (ကောင်မလေး နှုတ်ခမ်းပဲ့နေတယ်လို့ ပြောတော့ ကိစ္စမရှိဘူး သူကြီးသမီးမို့လို့ ယူတာလို့ ဆိုတဲ့ ရွာကသာအေးနဲ့တူပါ့...။)

Apple က ကနဦးမှာ 2G အမျိုးအစား iPone ဆိုပြီး ထုတ်လိုက်တော့ လူတွေက အရူးအမူး ဖြစ်ကုန်ရော...။ ဒီမှာတင် သမားရိုးကျ ဖုန်းထုတ်စားလာခဲ့တဲ့ ဖုန်းထုတ်လုပ်ရေး ကုမဏီများ မျက်ကလဲဆန်ပြာ ဖြစ်ပြီး ကမူရှုးထိုးနဲ့ ဖုန်းတိုက်ပွဲထဲကို Smart Phone များ အပြိုင်အဆိုင် ထုတ်လုပ်ပြီး ၀င်ရောက်လာကြတယ်...။
Nokia N95 8GB Phone

ဖုန်းဘိုးအေနိုကီယာတောင် မနေနိုင်တော့ပဲ N95 Series ဖုန်းနဲ့ အသဲအသန် လိုက်ဖိုက်လိုက်ရတယ်...။ ဒါပေမဲ့ ဖုန်းဘိုးအေလဲ နောက်ကောက်ကျသွားပါပြီ...။ N95 က Touch Screen မဟုတ်ပါဘူး...။ iPhone က Touch Screen ပါ...။ Screen က 3.5" ပါ...။ N95 က iPhone Killer မဟုတ်ခဲ့ပါဘူး...။

LG Viewty

LG က LGViewty ဆိုပြီး Touch Screen အကြီးကြီးနဲ့ လိုက်ယှဉ်ဖို့ ကြိုးစားပါတယ်...။ မတိုးပါဘူး...။ ဆမ်ဆောင်းကလဲ ထပ်ထုတ်ပါသေးတယ်...။ သူ့ကျတော့ ထုတ်လိုက်တဲ့ touch screen ဖုန်းများက အမျိုးအစား များလွန်းတော့ ဘာထုတ်လို့ ထုတ်မှန်းတောင် မသိလိုက်တော့ပါဘူး...။ iPhone ကို မှီဖို့ နေနေသာသာ ယှဉ်တောင် မယှဉ်နိုင်ပဲ ဈေးကွက်ထဲက ငုတ်လျိုးသွားပါတယ်...။

Sony Ericsson W960i

အိုင်ဖုန်းထွက်ပြီး တစ်နှစ်လောက်နေတော့ Sony Ericsson ကနေ Wi-Fi Functin ပါတဲ့ Touch Screen Smart Phone တစ်မျိုးကို ထုတ်လိုက်ပါတယ်...။ W960i Walkman Smart Phone အမျိုးအစားပါ...။ သူကတော့ လက်ရှိဈေးကွက်ထဲ ရောက်ရှိပြီး၊ လူကြိုက်များနေတဲ့ ထွက်ရှိခဲ့သမျှ ဖုန်းတွေထဲမှာ iPhone ကို လက်ရည်တူ ပြိုင်နိုင်တဲ့ ဖုန်းပေါ့...။ ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ ထွက်ရှိသမျှ ဆိုနီဖုန်းတွေထဲမှာ Wi-Fi သုံးထားတဲ့ ဖုန်း၊ Built in Memory 8GB ရှိတဲ့ ဖုန်း၊ Touch Screen ပါတဲ့ဖုန်း စတဲ့ ထူးခြားချက်တွေပါ...။ ဖုန်းရဲ့ Operation System ကိုတော့ Symbiam စံနစ်ကို သုံးထားပြီး UIQ နည်းပညာနဲ့ အလှအပရေးရာ Graphic အပိုင်းကို တာဝန်ယူထားပါတယ်...။ ပရိုဆက်ဆာကိုလဲ ၁၂၈ MB အထိ သုံးပေးထားလို့ iPhone နည်းတူ ပေါ့ပါးတဲ့ လုပ်ဆောင်ချက်ကို ပေးနိုင်ပါတယ်...။ အရွယ်အစားကတော့ အိုင်ဖုန်းလောက် မကြီးပါဘူး...။ စကရင်ကလဲ ၂.၆ လက်မသာ ရှိလို့ သေးတယ်လို့ ပြောနိုင်ပါတယ်...။ သို့သော်ငြားလဲ ဆိုနီအဲရစ်ဆန်ရဲ့ သူများနဲ့ မတူတဲ့ Walkman ဆိုတဲ့ လုပ်ဆောင်ချက်ကြောင့် အိုင်ဖုန်းနဲ့ ယှဉ်ပြီး ဖုန်းဈေးကွက်မှာ နေရာယူလာပါတယ်...။ Internal Built in memory ကလဲ သီချင်းအပုဒ်ပေါင်း ၈၀၀၀၀ ကျော်မက သိုမှီးနိုင်သလို ဗွီဒီယို ရုပ်ရှင်ကားများလဲ ဆန့်သလောက် သိမ်းထားနိုင်တဲ့ အတွက် အိုင်ဖုန်းကို မနှစ်သက်သူများအတွက် ရွေးစရာ ဖုန်းတစ်ခု ဖြစ်ခဲ့ပါတယ်...။ (စကားမစပ် ကျွန်တော်အခု လတ်တလော သုံးနေတာ ဒီဖုန်းပေါ့...။ ဟဲ...။ အဲဒါကြောင့် သူ့ကောင်းကြောင်းတွေပဲ ရွေးညွှန်းနေတာ...။ )

Apple ကတော့ အစက သူ့ဖုန်းကို ယှဉ်နိုင်မဲ့ ဖုန်း မရှိဘူးဆိုပြီး ငြိမ်ရာကနေ အခုတော့ ဆိုနီရဲ့ W960i Feature တွေ မြင်ရရော... မျောက်မီးခဲ ကိုင်မိသလို ဖြစ်ပြီး 2G ဖုန်းအဖြစ်ပဲ ထုတ်လုပ်ရာကနေ 3Gဖုန်းအဖြစ်ကို အဆင့်မြှင့်ဖို့ လိုအပ်တဲ့ သုတေသနများ အပူတပြင်း ရှာဖွေခဲ့ရာမှာ ပထမမျိုးဆက် 2G iPhone ကို ထုတ်လုပ်ပြီး တစ်နှစ်ကျော်အကြာမှာပဲ 3G iPhone ကို ထုတ်လုပ်နိုင်ပါတော့တယ်...။ အမြန်နှုန်းအနေနဲ့ အရင်မျိုးဆက် iPhone ထက် ၂ ဆ ပိုမြန်ပြီး ဈေးနှုန်းကတော့ တစ်ဝက်တောင် ပိုသက်သာလာတယ်လို့ ကြော်ငြာထားပါတယ်..။ (အရင်ဖုန်း ၀ယ်သုံးမိတဲ့သူတွေကတော့ စတိဗ်ကို သတ်ချင်မှာပဲ...။ ဈေးကြီးပေးဝယ်ထားရပြီး နောက်ပေါ်တဲ့ ဈေးချိုတဲ့ 3G ဖုန်းက ပိုကောင်းနေတယ်...။) ဒီနောက်ဆုံးပေါ် 3G iPhone ရဲ့ ထူးခြားချက် ဒါမှမဟုတ် နောက်တိုးလာတဲ့ လုပ်ဆောင်ချက်ကတော့ GPS စံနစ်ပါလာတာပါပဲ...။ အခု နောက်ပိုင်း (၂၀၀၇ ခုနှစ် ဇွန်လ နောက်ပိုင်း) ထုတ်လာတဲ့ စမတ်ဖုန်း အများစုဟာ အဲဒီ GPS စံနစ် ပါလာတာ များပါတယ်...။ GPS စနစ်ဆိုတာကတော့ ကိုယ်လက်ရှိရောက်ရှိနေတဲ့ နေရာကို ဂြိုဟ်တု အကူအညီနဲ့ တွက်ချက်ပေးပြီး မြေပုံပေါ်မှာ ပြပေးတဲ့ စနစ်လေးပါ...။ ဒီစနစ်ကို အမေရိကန် စစ်ဘက်ရေးရာက ထိပ်တန်းစစ်ဘက်ဆိုင်ရာ အဖြစ်သာ အသုံးပြုခဲ့ရာမှ အရပ်သုံးအဖြစ် ခွင့်ပြုခဲ့တာ မကြာသေးပါဘူး...။ ဒီစနစ်ရဲ့ အားသာချက်ကတော့ အခမဲ့ သုံးလို့ရခြင်းပဲ ဖြစ်ပါတယ်...။ GPS အကြောင်းကို နောက်မှ ထပ်ရှင်းပြပါမယ်...။ အကျယ် သိချင်သူများ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်...။

GPS စနစ်ရဲ့ ထူးခြားချက်၊ အခမဲ့ သုံးခွင့်ရတဲ့ အချက်၊ နိုကီယာရဲ့ N Serirs ဖုန်းတိုင်းမှာ GPS စနစ်ကို အားလုံးနီးပါး ထည့်သွင်းလာတဲ့ အချက်ကြောင့် အခုနောက်ပိုင်းဖုန်းတွေမှာ အဲဒီ GPS စနစ် မပါရင်ကို Smart Phone မဟုတ်တော့သလို အထင်ရောက်တဲ့အထိ ဖြစ်သွားပါတယ်...။ ဒါပေမဲ့ Apple က ထပ်ကွန့်လိုက်တာကတော့ သူ့ရဲ့ GPS စနစ်ဟာ အများစုသော Smart Phone ထဲမှာ ပါသလို သမားရိုးကျ GPS စနစ် မဟုတ်ပါဘူးတဲ့...။ AGPS လို့ခေါ်တဲ့ Assit GPS စံနစ်ပါတဲ့...။ သမားရိုးကျ GPS များက မိမိရောက်ရှိရာ နေရာရဲ့ ထက်ကောင်းကင်ယံက ၆၀ ဒီဂရီ ခြားပြီး ရှိနေတဲ့ GPS Sattelite ၃လုံးကနေ အချက်အလက်ကို ရယူပြီး မိမိရဲ့ တည်နေရာကို လတ္တီကျူ့၊လောင်ဂျီကျူ့နဲ့ တွက်ချက် ဖေါ်ပြပေးပါတယ်...။ AGPS ကတော့ အဆိုပါ ဂြိုဟ်တုများရဲ့ အကူအညီအပြင် မိမိရောက်ရှိတဲ့ နေရာနဲ့ အနီးဆုံးက Cell Tower တိုင်များရဲ့ Signal ကိုပါ တွက်ချက်ပြီး ပိုပြီး တိကျတဲ့ နေရာကို ဖေါ်ပြပေးနိုင်ပါတယ်တဲ့...။

ဆိုတော့ Apple က ဒီတစ်ခေါက် ထိုးနှက်လိုက်တဲ့ လက်သီးချက်ကတော့ ပြင်းလွန်းပါတယ်...။ ဆိုနီ w960i တောင် မလှန်နိုင်တော့ပါဘူး...။ ဆိုနီက ထပ်ထုတ်လိုက်တဲ့ ဖုန်းတွေကလဲ w960i လို လုပ်ဆောင်ချက် စုံလင်တဲ့ ဖုန်းတွေ မဟုတ်တော့ပဲ တစ်ခုကောင်းဖုန်းများ ဥပမာ- Walkman Phone, CyberShot Phone စသည်ဖြင့်သာ ထွက်ရှိလာတာ တွေ့ရပါတယ်...။

ခုနောက်ဆုံး ကြားသိရတဲ့ သတင်းတွေအရ iPhone ကို အပြတ်အသတ် ယှဉ်မယ်ဆိုပြီး ထုတ်လာတဲ့ ဖုန်းတွေကတော့ Samsung Omania Instinct ဖုန်းတွေ ဖြစ်ကြောင်း သိရပါတယ်...။



Instinct

Instinct ကတော့ iPhone ထက် စောစီးစွာပဲ အမေရိကားမှာ လက်ဦးမှုရယူပြီး ဖြန့်ချိလိုက်ပါတယ်...။ Nextel နဲ့ ချိတ်ပြီး အမေရိကန်ဒေါ်လာ ၁၃၀ နဲ့ နှစ်နှစ် ကန်ထရိုက်နဲ့ ထုတ်လိုက်တာပါ...။ သို့သော်လဲ ကြားသိရ၊ မြင်တွေ့ရသလောက်တော့ iPhone Killer ဆိုပေမဲ့ အိုင်ဖုန်းလောင်းရိပ်အောက် မလွတ်နိုင်ရှာပဲ အိုင်ဖုန်း အသွင်အပြင်၊ အိုင်ဖုန်း လုပ်ဆောင်ချက်များကို တုပကော်ပီလုပ်ထားတာလို့ ထင်ရပါတယ်...။ လောလောဆယ်တော့ ဒီဖုန်းကို အမေရိကားမှာ ဖြန့်ချိနေပါတယ်...။



Omnia

နောက်တစ်မျိုး ဖြစ်တဲ့ Omnia ကတော့ စောင့်ကြည့်ရမှာပါ...။ ၃.၂ လက်မ စကရင်၊ 5 Mega Pixel Camera (iPhone က 2 mega pixel ပဲ ရှိပါတယ်...။) စတဲ့ အချက်တွေကြောင့် Real iPhone Killer များ ဖြစ်လာနိုင်မလားလို့ စောင့်ကြည့်နေပါတယ်...။ Omnia ဖုန်းကိုတော့ စင်ကာပူမှာ ပြီးခဲ့တဲ့ စနေနေ့ကပဲ အမှာစာနဲ့ မှာယူစာရင်းသွင်းနိုင်ကြောင်း အိုင်တီ သတင်း တစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်...။

ကဲ...။ အဆွေတော်များကရော ရွေးချယ်ခွင့်ပေးမယ်ဆိုရင် iPhone ကိုရွေးမလား...။ iPhone မဟုတ်တဲ့ တစ်ခြားဖုန်းများကို ရွေးမလားဗျာ...။ (လက်ညောင်းသွားပြီဗျာ...။ နားလိုက်ဦးမယ် ၃-၄ ရက်လောက်..။ :D )