Showing posts with label Dawn. Show all posts
Showing posts with label Dawn. Show all posts

Thursday, June 19, 2008

စိတ်အဆာ...။ Hunger of Wish


ဖမ်းဆုပ်ထားတဲ့ တိမ်တစ်မွကို
လွှတ်ချခဲ့တယ်...။

ကမ်းတစ်နေရာဆီက ခရမ်းရင့်ရင့်မျှော်လင့်ချက် တစ်စုံကို
ရိုက်ချိုးချင်နေတဲ့ မိစ္ဆာတစ်ကောင်ရဲ့ ငိုညည်းသံကို ကြားလား...။
ကျားနာခဲ ခဲထားတဲ့ သူ့လက်အစုံက
ရုန်းထွက်လို့မရအောင် ပိတ်မိနေလေရဲ့...။

ချစ်ခြင်းတရားများ ခေါင်းပါးတဲ့
ဝေသီခေါင်ဖျား ကန္တာရဆီက နှင်းတစ်စက်ကို မေ့ပစ်လိုက်ပါ...။

ကျဉ်းကျပ်နေတဲ့ အမှောင်ထုထဲမှာ ကျန်နေခဲ့တဲ့
တစ်ယောက်တည်းသော သူရဲကောင်းကို မမေ့ကြပါနဲ့...။

သူမဟာ သွေးတွေနဲ့ နီစွေးနေတဲ့ နှင်းဆီ တစ်ပွင့် ဖြစ်တယ်...။
သူမဟာ နီစွေးနေတဲ့ ဦးခေါင်းအစုံကို မငုံ့တမ်း မော့နေသူ ဖြစ်တယ်...။
သူမဟာ ရောင်နီကို သယ်ပျိုးလာမယ့် လက်အစုံကို ပိုင်စိုးသူ ဖြစ်တယ်...။
သူမဟာ အားလုံးရဲ့ ကိုယ်စား ဖြစ်တယ်...။
သူမဟာ...
သူမဟာ...

ပျို့လာတော့မယ့် အာရုဏ်ဦးကို
လွှတ်ထွက်မသွားလေအောင် ပိုက်ထွေးရအောင်။
ဟိုမှာဆီက မိုးသောက်ကြယ်အလင်းနဲ့
လမ်းသစ်ကို
ဆက်လျှောက်ကြစို့...။ ဆက်ဖေါက်ကြစို့...။
(တစ်ခုသော မျှော်လင့်ချက်ဆီသို့...။)