ပြီးခဲ့တဲ့ အပါတ်က တနင်္ဂနွေနေ့မှာ တစ်နယ်တစ်ကျေးက ဧည့်သည် သူငယ်ချင်းရောက်လာလို့ သူ့အကြောင်းပြပြီး စလုံးက ဂိုးဒင်းမိုင်းနားမှာ ထိုင်းစာတွေ သွားစားပြန်ပါတယ်...။ သိပ်မစားဖြစ်ပါဘူး...။ လေးယောက်ကို ဟင်းငါးမျိုး၊ ခြောက်မျိုးပဲ မှာလိုက်တယ်..။ မကုန်မှာစိုးလို့လေ..။ တစ်ကယ်လဲ မကုန်ကြပါဘူး...။ မှာစားတဲ့ ဟင်းလေးတွေကတော့ သိပ်မထူးဘူး...။ ဒီလိုပါပဲ...။ မီနူးထဲက ကောင်းနိုင်းရာရာ ပုံလေးတွေ လက်ညိုးထောက်ပြီး မှာလိုက်တာပဲ...။ ဆိုင်နာမည်က Daeng Din ဆိုလား...။ Disco Club မရောက်ခင်မှာ သစ်လုံးအိမ်လိုလို ဘာလိုလိုနဲ့...။ ၃-၄ ခါလောက်တော့ သွားစားလာပြီးပြီ...။ ဆိုင်နာမည်ကို တစ်ခါမှ မမှတ်ဖြစ်ဘူး...။ နောက်တစ်ခါမှ မှတ်လာပေးမယ်...။ (အင်း... ဒီတစ်ပါတ်တော့ အစားအသောက်တွေချည်းပဲ တင်မိနေပါလား...။ Food Blog တော့ ဖြစ်တော့မှာပဲ...။)
၁။ ပင်လယ်စာသုပ် ( ยำทะเล -Yum Hta Lay)
အစက စားချင်တာက ကျောက်ပွင့်သုပ်...။ မီနူးထဲမှာ ကျောက်ပွင့်သုပ် မရှိပဲ ကြာဇံသုပ် ရှိတယ်...။ ဒါပေမဲ့ သူရို့ ကြာဇံသုပ်ထဲမှာ ကျောက်ပွင့် ထည့်တတ်လေတော့ သူ့ကို ကြာဇံသုပ်ထဲထည့်တဲ့ ပင်လယ်ထဲကဟာလို့ မှာလိုက်တယ်...(ကျောက်ပွင့်ကို ဘယ်လိုခေါ်ရမှန်းမသိလို့...။) အဲဒါနဲ့ မှာတာ ရောက်လာတော့ ပုဇွန်၊ ကင်းမွန်၊ ပြည်ကြီးငါး စတာတွေကို သုပ်ထားတဲ့ ပင်လယ်စာသုပ်တွေ ဖြစ်နေတယ်..။ ကောင်းရော...။ ကင်းမွန်နဲ့ ပြည်ကြီးငါးကို ဧည့်သည်တွေ ပန်းကန်ထဲ အတင်းထည့်ပြီး ကျန်တဲ့ ပုဇွန်တွေကိုတော့ ကိုယ်ပဲ အနစ်နာခံပြီး စားပေးလိုက်တယ်...။
၂။ ကြက်အရေခွံကြော် (หนังไก่ทอด - Nang Kai Htort)
အဲဒီနေ့က သွားတဲ့သူတိုင်း အကြိုက်တွေ့တဲ့ အစားစရာလို့ ပြောရမယ်...။ ၃ ပွဲတောင်မှာစားကြတယ်...။ ကိုလက်စထရောပါမှာပေါ့လို့ တစ်ယောက်က ၀င်ပြောတယ်...။ ကျွန်တော်က ပြောလိုက်တယ်...။ ကျွတ်နေအောင် ကြော်ထားတာ အဆီတွေ ဘယ်ကျန်မှာလဲလို့...။ ဆင်ခြေတွေ ဆင်ခြေတွေ...။ ဖြစ်ကာမှ ဖြစ်ရောအေ...။ စားချင်နေတာကို...။ ဟာဟ
၃။ ဖါးကြက်သွန်ဖြူကြော် (กบทอดกระเทียม -Koph Htort KrThaem)
နတ်ရှင်နောင်ကြာ်လို့ ကိုဂျေ ပြောတဲ့ဟာ...။ အသားက ကြက်သားထက်တောင် နူးညံ့သေးတယ်...။ သူလဲ ကြက်သွန်ဖြူဆီသတ်နဲ့ အခြောက် ချက် ထားတာ...။ အခြောက်ချက် ဆိုတာက ဟိုမရောက်ဒီမရောက် မောင်မစ်စက ချက်တာ မဟုတ်ဖူး...။ ဆီခြောက်ခြောက်နဲ့ ကြော်ထားတာကို ပြောတာ...။ သုံးလေးခေါက်လောက် ရောက်ဖူးနေတဲ့ မဲမ်ဘာတစ်ယောက်က ကြိုက်တယ်ဆိုလို့ မှာပေးတာ...။ ကိုယ်တို့ကတော့ ကြက်အရေခွံကြော်နဲ့ မလဲနိုင်ပေါင်...။
၎။ တုန့်မ် ယမ်း ဟင်းချို ( ต้มยำทะเล - Toam Yum Hta Lay)
စားပြီးမှ ဓါတ်ပုံရိုက်တင်ဖို့ သတိရသွားလို့ အိုးထဲက ကပ်သပ်ကျန်တာလေးပဲ ရိုက်တင်ပေးလိုက်တယ်...။ ရှောက်ရွက်မပါတော့ အနံ့က တစ်မျိုး ဖြစ်နေတယ်...။ ပင်လယ်စာ တုံ့ယမ်းပါပဲ...။ အချဉ်မှုန့် မသုံးပဲ သံပုရာသီးနိုင်နိုင် ညှစ်ထားလို့ ထင်ပါ့...။ အရည်လေးက သောက်လို့ ကောင်းတယ်...။
၅။ ထိုင်းစတိုင် သဘောင်္သီးထောင်း( ซ่ม-ตำ(ตำไทย) -Somh Dum [Dum Thai])
သဘောင်္းသီထောင်းကတော့ သကြားပါလေရာနဲ့ ငရုတ်သီများများနဲ့ဆိုတော့ ချောမဒီများ ရှုးရှဲကြလေသတည်းပေါ့...။ တစ်ယောက်က သင်္ဘောသီးခြစ်တာ မမြင်ဖူးလို့ အထူးအဆန်းဖြစ်နေသေးတယ်...။
၆။ ငါးသံပုရာပေါင်း ( ปลานึ่งมะนาว - Pala Nuang Mah Nao)
သူက အပေါ်က ဟာတွေ ရောက်လာပြီး စားနေတုန်း တော်တော်ကြာမှ ရောက်လာတာ...။ သိပ်မစားဖြစ်ကြဘူး...။ မနေ့က ငါးတော့ အရသာ အရင်နေ့တွေကလို လျှာသိပ်မတွေ့ဘူးထင်လို့ .. တစ်ခြမ်းလောက်ပဲ စားဖြစ်တယ်...။ ကိုယ်မကြိုက်လို့ ပါလာတဲ့ မဲန်ဘာတွေကို မစားမနေရအောင် အတင်းပဲ အိုးထဲက ခပ်ပြီး သူရို့ ပန်းကန်ထဲ ထည့်လိုက်တယ်...။ အင်းလေ...သူတို့လဲ အများကြီး မဟုတ်တောင် မြည်းလိုက်သည် ဖြစ်သွားအောင်ပါ ...။ ဧည့်ဝတ်ကျေတယ်ပေါ့လေ...။ ဟီဟိ အမှန်က ငါးတစ်ကောင်လုံး မစားပဲ ကျန်နေခဲ့ရင် နှမြောလို့....။
သိပ်မလတ်ဖူးလို့ စားပြီးမှ ပြောဖြစ်တယ်...။ SeaBass ဆိုတဲ့ငါးကို လုပ်ထားတယ် ပြောတာပဲ...။ ငါးအသားက ဖွယ်တယ်တယ်နဲ့...။ နောက်တစ်ခါ မစားတော့ဘူး...။ ဒီကောင်က ကိုယ်အနေနဲ့ ပြောရရင် မတန်ဘူးပဲ...။ အစိတ်တောင်...။ ဟွန့်...။ ကောင်းလဲ မကောင်းပဲနဲ့...။ မှာမစားကြနဲ့...။ ရေချိုငါးနဲ့ဆိုရင်တော့ တစ်မျိုးကောင်းမလားပဲရယ်...။
၇။ ဇင်းမယ်ဝက်အူချောင်း
ဝက်အူချောင်းကတော့ ကျိုင်းတုံ ၀က်အူချောင်းလောက် မကောင်းပေမဲ့ နည်းနည်းတော့ အရသာချင်းက နီးစပ်နေတော့ အာသာပြေ စားလာခဲ့တယ်...။ ဆနွင်းနံ့ နည်းနည်းနံတယ်...။ မီးခိုးနံ့လဲနံသေးတယ်...။ မကောင်းပေမဲ့ အခွင့်ရရင် ထပ်စားချင်သေးတယ်ဟာ...။
ကောက်ညှင်းပေါင်းနဲ့ စားကြတယ်...။ အအေးကတော့ မာလကာသီးဖျော်ရည် မှာသောက်တယ်...။ ထွေရာလေးပါး စကားစမြည် ပြောရင်း ထမင်းလုံးစီကြတယ်...။ နောက်တော့ ဖူနန်ဘက် ပြန်လာ...။ အပေါ်က ဖုကုဒ်မှာ အအေး သောက်ကြ...။ ရေခဲသုပ်ခေါ်မလား... ရေခဲကို မွနေအောင် ခြစ်ပုံထားတဲ့ အပေါ်မှာ ကိုယ်ကြိုက်တဲ့ အသီးယိုတွေကို ထည့်ပေးတာ...။ အတတ်စမ်းပြီး မီနူးထဲမပါတဲ့ ဖန်အိမ်ထဲက မသိတဲ့ ဟာတွေကို ရောခိုင်းလိုက်တယ်...။ နောက်မှ စားကြည့်မှ သိတော့တယ်...။ သြဇာသီးကို ယိုထိုးထားတာ...။ ၃ ကျပ်တဲ့...။
နောက်ထန်းသီးနဲ့ တူတဲ့ဟာ တွေ့ခဲ့တယ်...။ ဗမာလို ဘယ်လို ခေါ်ရမှန်းမသိဘူး...။ သူက ကိုက်လိုက်ရင် သွားတွေမှာ ကပ်ကပ်နေတတ်တဲ့ အသီး...။
အကင်စားချင်တယ်လို့ ညည်းလိုက်တာ...။ အဲဒါနဲ့ နောက်တစ်ပတ်ကို သွားစားဖို့ ယာယီ သတ်မှတ်လိုက်ရင်း အိမ်ပြန်ခဲ့တယ်...။ အဲဒါ ဟိုတစ်နေ့က နေ့လည်စာ သတင်းပေါ့...။ ရောသမမွှေ လုပ်လိုက်တာ...။
New Year Wishes - Tin Moe
7 years ago