Showing posts with label iTunes. Show all posts
Showing posts with label iTunes. Show all posts

Tuesday, March 2, 2010

iPhone apps on my phone









့ပထမ စစချင်း တင်လိုက်တုန်းက ဖုန်းထဲကနေ ဘလော့စပေါ့ကို Direct တင်လိုက်တာ။ ပုံတွေက တစ်ကြောင်းကို တစ်ပုံချင်း တက်သွားတယ်။ အခုမှ ပြန်ကြည့်မိတော့မှ ရှည်လမျော ဖြစ်နေလို့ ပြန်ပြင်လိုက်ပါတယ်။

သုံးထားတဲ့ apps တွေက အကုန်လုံး ဖရီးတွေချည်းပဲ။ ဒါပေမယ့် တစ်ချို့တွေက အခုအချိန်မှာ ၅ ကျပ် ၆ ကျပ်တွေ ပြန်ဖြစ်နေပြီ။

ကျွန်တော်ဘာလို့ ဖရီးရထားလဲ သိချင်လား။
ပထမဆုံးပုံရဲ့ ဘယ်ဘက်အောက်ဆုံးထောင့်နားက apps ကို တွေ့မိလား။
နာမည်က Pandora Box တဲ့။ ဒီ Application က Apple ရဲ့ iTunes စတိုးမှာ တင်ထားတဲ့ apps တွေထဲက တစ်နေ့တာ ဖရီးအနေနဲ့ ပေးထားတတ်တာတွေကို တစ်စုတစ်စည်းတည်း ပေါင်းထားပေးတယ်။ ကိုယ်ကြိုက်တာ တွေ့ရင် သုံးပေါ့ဗျာ..။ တစ်နေ့တစ်နေ့ ဘာတွေ ဖရီး တက်လာမလဲ စောင့်နေတာ အမော...။ :P

လောလောဆယ် လိုချင်နေတာက ၁၀၀ တန် Tom Tom Navigation Software. Singapore, Malaysia, Indonesia မြေပုံတွေ ပါတယ်။ ဟိုတစ်လောက ၅၀% ဈေးချတာ တရုတ်ပြည် ရောက်နေတော့ ဝယ်ဖို့ အခွင့်အရေး မရလိုက်ဘူး။

တော်သေးပြီ ဒေါ်အေးရီ။
နောက်မှ ဆက်ပါဦးမယ် ဒေါ်အုန်းကြွယ်...။


အပွေးမြင် အပင်သိ အသွေးမြင် အသွင်သိတဲ့။
ကျွန်တော် တင်ထားတဲ့ သုံးထားတဲ့ apps တွေကနေ တစ်ဆင့် ကျွန်တော့်စိတ်ကို ဖတ်နိုင်တယ်ဆိုရင် မှန်မလားဟင်။

Thursday, June 19, 2008

Pauk Kaya Eighties... ပေါက်ကရ ရှစ်ဆယ်များ...။ (၂) "Triple Thursday"

ဒီတစ်ခေါက် ပေါက်ကရ အိတ်တီ့ အပိုင်းနှစ်မှာ တင်ပြမှာကတော့ နည်းပညာပိုင်း၊ အိုင်တီပိုင်းဆိုင်ရာ သတင်းများ ဖြစ်ပါတယ်..။

Triple Thursday လို့ ခေါင်းစဉ်တပ်လိုက်တာကလဲ အကြောင်းရှိပါတယ်...။
ဒီကြာသပတေးနေ့ တစ်ရက်ထဲမှာပဲ ကမ္ဘာ့မှတ်တမ်းဝင် ဖြစ်ရပ် သုံးခု ဖတ်လိုက်ရလို့ပါ...။

၁။ ပထမ ကြာသပတေး ဖြစ်ရပ်...။ (Firefox v3.0 Download hits 8,000,000)

Guinness World Record Book မှာ စံချိန်တင်နိုင်ဖို့အတွက် မီးလျံ မြေခွေး အဖွဲ့သားများဟာ သူတို့ရဲ့ အမာခံ သုံးစွဲသူများထံက အကူအညီ တောင်းဆိုခဲ့ပါတယ်...။ ဒီလိုတောင်းဆိုမှုဟာ ကမ္ဘာမှာ ပထမဦးဆုံးသော တောင်းဆိုမှု ဖြစ်ကြောင်း သိရပါတယ်...။ အရင်တစ်နေ့တွေက ရေးသားခဲ့တဲ့ပို့စ်များကို ဖတ်ဖူးရင် သိကြမှာပါ...။ မီးလျံမြေခွေးရဲ့ မျိုးဆက်သစ် ဗားရှင်း ၃ ကို ဇွန်လ ၁၇ ရက်နေ့မှာ တရားဝင် အခမဲ့ ဖြန့်ချိရင်းနဲ့ တစ်လက်စတည်း Download လုပ်ရင်း ၂၄ နာရီအတွင်း ကမ္ဘာတစ်ဝှမ်း Download လုပ်ယူမှု အများဆုံး စံချိန်တင်ပေးဖို့ တောင်းဆိုမှု ဖြစ်ပါတယ်...။

Firefox 3

သိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာ ဖေါ်ပြပါ ဆော့ဖ်ဝဲကို ဆွဲချလိုက်ကြတာ ဒီနေ့ ကြသပတေးနေ့မှာတော့ မီလျံမြေခွေး အဖွဲ့သားများရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပါတယ်...။ အဲဒီနေ့တစ်နေ့ထဲမှာတင်ပဲ ဆွဲချသူပေါင်းဟာ ၈သန်းကျော် ရှိတယ်လို့ အစီရင်ခံထားပါတယ်...။ ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်က ဆိုင်ရာများကိုလဲ ဒီကိန်းဂဏန်းနဲ့ ပါတ်သက်ပြီး အတည်ပြုဖို့ တင်ပြလိုက်ပြီ ဖြစ်ကြောင်း၊ များမကြာမီ ကာလအတွင်းမှာ အတည်ပြုချက် ရနိုင်ဖွယ် ရှိကြောင်း အစီရင်ခံစာမှာ ရေသားထားပါတယ်...။ BBC ကတော့ ဒီဖြစ်ရပ်အတွက် ဒီလို သတင်းပေးပို့သွားပါတယ်...။

၂။ ဒုတိယ ကြာသပတေး ဖြစ်ရပ် (Apple ရဲ့ iTunes Store ကနေ သီချင်းဝယ်ယူမှု ပမာဏ)

အိုင်တီသမားရော၊ အိုင်မတီ သမားများရဲ့ အသည်းနှလုံးကို ဆွဲကိုင်လှုပ်ရမ်း ကစားလေ့ရှိတဲ့ အက်ပဲလ်ကုမဏီဟာ ဒီကနေ့မှာ သူတို့ရဲ့ အောင်မြင်မှု (အမြတ်လို့ ပြောရမယ်...။) တစ်ခုကို တရားဝင် အကြောင်းကြား ထုတ်ပြန်လိုက်ပါတယ်...။ သူတို့ရဲ့ iTunes Store ကနေ သီချင်းဝယ်ယူမှု ပမာဏဟာ ၅ ဘီလီယံ ကျော်သွားပြီ ဖြစ်တဲ့ အကြောင်းပါ...။
ထောပြီးရင်း ထောပေါ့လေ...။ iPod nano, iPod Classic, iPhone စတဲ့ ကိရိယာတွေကနေ ဆွဲချဝယ်ယူတာ အပါအ၀င်ပေါ့...။ (ကြားဖြတ် ပြောရမယ်ဆိုရင် များမကြာမီကာလ တိတိကျကျ ပြောရရင် ဇွန်လ ၉ ရက်နေ့က 3G ဗားရှင်း iPhone (8 GB, 16GB) ကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ဖြန့်ချိပါတော့မယ်...။ US$ 199,299 အသီးသီးပါ...။ )

၃။ အီးမေးလ်အသစ် (Boyz@Ymail.com, Boyz@rocketmail.com)

သူရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Google, Firefox စတဲ့ အိုင်တီအဖွဲအစည်းတွေက သူ့ထက်ငါဦး နည်းပညာ အသစ်အဆန်းများ၊ ထုတ်ကုန်များ ထုတ်လုပ်နေချိန်မှာ Microsoft ကို သူ့ဆီက shares များ ဈေးကောင်းရဖို့ ရောင်းချရန် ကြိုးစားနေတဲ့ ကိုyahoo တစ်ယောက် ခုမှ သူ့ရဲ့ ထုတ်ကုန်အသစ်ကို ဒီကြာသပတေးနေ့မှာ ကြေငြာလိုက်ပါတယ်...။

နဂိုရှိပြီးသား ဖြစ်တဲ့ yahoo mail ကို ymail နဲ့ rocketmail ဆိုပြီး ပြောင်းလဲ သုံးစွဲနိုင်ဖို့ အကြောင်းကြားတာပါ...။ ဘာတွေ ထူးခြားလဲဆိုတာတော့ သေချာ မသုံးရသေးတဲ့ အတွက် အခုတော့ အသေးစိတ် မပြောနိုင်သေးပါဘူး...။ သိချင်ရင်တော့ Yahoo homepage ဖြစ်ဖြစ်၊ ဒီမှာ ဖြစ်ဖြစ် သွားရောက် ဖတ်ရှုနိုင်ကြောင်း လက်တို့လိုက်ရပါတယ်...။