Showing posts with label korean. Show all posts
Showing posts with label korean. Show all posts

Sunday, June 14, 2009

Korean Movies OST ကြိုက်မိတဲ့ ဇာတ်ဝင် သီချင်းလေး


Je m'apelle Helene

၁၉၉၃ လောက်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်း တစ်ပုဒ်ပါ။ 2000 ကျော်နှစ်များလောက်ဆီက ကြည့်ရတဲ့ ကိုရီးယား ဖြစ်တဲ့ Calla မှာ ဒီသီချင်းလေးကို ဇာတ်ဝင်ခန်းသီချင်း အနေနဲ့ အသုံးပြုရာက သတိထားမိတယ်။ အေးအေးလေးနဲ့ နားထောင်လို့ ကောင်းတဲ့ သီချင်းလေးပါပဲ။

ရုပ်ရှင်ကတော့ သမားရိုးကျ ဇာတ်ကားကနေ ခွဲထွက်တဲ့ ကားလေး တစ်ကားပေါ့။ ယုတ္တိလွန်ကား တစ်ကားပေါ့။ ပျိုပျိုမေတို့ အသဲစွဲ မေ့ရက်ဘူး ချစ်ဦးရယ် ဇာတ်လမ်းတွဲထဲက မင်းသား ဂျွန်စော ပါတဲ့ကား ဖြစ်ပါတယ်။ အခုကတော့ သီချင်းကိုပဲ ခံစားလိုက်ပါ။ စာသား နားမလည်ပေမယ့် သံစဉ်လေးကတော့ မဆိုးပါဘူး။

---------------------------------------------

"The One"

နောက်တစ်ပုဒ်ကတော့ ကိုရီးယားနဲ့ ဂျပန် သရုပ်ဆောင် နှစ်ဦး ပါဝင် ထားတဲ့ Friends ဇာတ်လမ်းတွဲထဲက သီချင်းလေးပါ။ "The One" လို့ အမည်ရပါတယ်။ ကိုရီးယားမင်းသား Won Bin (ထယ်စောက်)နဲ့ ဂျပန်မင်းသမီး Kyoko Fukada တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ကားလေးပါ။

ဇာတ်လမ်းလေးကတော့ ဟောင်ကောင်ကို အလည်ရောက်သွားတဲ့ ဂျပန်မလေးတစ်ယောက် သူ့ရဲ့ ပိုက်ဆံအိတ်တွေ အလစ်သုတ်ခံရတော့ ကိုရီးယားတိုးရစ်တစ်ယောက် ယူတယ် ထင်ပြီး စွပ်စွဲရာက စတဲ့ အချစ်ဇာတ်လမ်းလေးပါ။ လေးတွဲရှိပါတယ်။ ရန်ကုန်မှာ တော်တော် ခေတ်စားသွားသေးတယ်။ သီချင်းလေး ကြိုက်လို့ မျှလိုက်တာပါ။ အောက်မှာ နားဆင်ကြည့်ပါ။

Wednesday, February 25, 2009

လေတွင် မျောလွင့်ခဲ့သော

နမ်းဖန်များတော့ ပြယ်သတဲ့...။
နှဲ့ဖန်များတော့ လှုပ်သတဲ့...။
ခံစားမှုတွေနဲ့ ဖွဲ့တည်ထားတဲ့ လူတွေဟာ ဒီနှလုံးသားရဲ့ ခိုင်းစေချက်ကိုပဲ လိုက်နာနေရမလား။

လူအကြောင်း ပေါင်းမှသိလေသတဲ့...။
အပင်တစ်ပင် ကောင်းမကောင်းဆိုတာ မျိုးမှန်မှ သန်သကိုး။

ခြောက်နှစ်တာ ကာလတစ်ခုကို အတူတူ ဖြတ်ကျော်လာခဲ့ပါပြီ...။
တစ်ယောက်အကြောင်းကို တစ်ယောက် သိနေတာပဲ...။ (လို့တော့ ထင်နေခဲ့ကြတယ်။)
တစ်ယောက်ခံစားချက်ကို တစ်ယောက်က သိနေသလိုပဲလား...။
ဝါယာကြိုးရဲ့ ဒီဘက် အစွန်းကတစ်ယောက်က ဘာလုပ်နေတယ်ဆိုတာ တစ်ခြားတစ်ဘက်က သိနေရုံနဲ့ နားလည်မှု ရနေပြီလို့ ကောက်ချက်ဆွဲလိုက်ရမလား...။

စိတ်ဆိုတာ မကောင်းမှု၌သာ မွေ့လျော်တတ်၏ လို့ မှတ်သားဖူးတယ်။
သူလဲလေ လောကီသားပေမို့ အနေနီးစပ်မှုကြောင့် စိတ်ရဲ့ဆွဲဆောင်ရာနောက်ကို အမှားမှားအယွင်းယွင်းနဲ့ လိုက်ဖူးလေခဲ့သလား။
လူ့စည်း ဘီလူးစည်း ဆိုတာ ဘယ်သူက သတ်မှတ်ခဲ့လေသလဲ။
ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ တစ်ခြမ်းဆိုတာရော ဟုတ်ပါ့မလားလို့ သံသယ ဖြစ်နေမိတယ်။
ရွဲ့နေတဲ့ အိုးနဲ့ သင့်တော်တဲ့ စလောင်းဖုံးဟာ ဖြစ်တည်စကတည်းက တူတူ ထုဆစ်ခံရရင်တော့ အံဝင်ဂွင်ကျ ဖြစ်ခဲ့မှာပေါ့...။
ခုတော့ လွဲမှားစွာ ဖြစ်ပေါ်လာတဲ့ စိတ်အာရုံ စေစားမှု တစ်ခုကြောင့် အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးသင့် မဖုံးသင့်...။

စာကြွင်း။ ။ ရုပ်ရှင်တစ်ကား ကြည့်မိတယ်။ အောက်က ကားလေးပါ။ ခြောက်နှစ်ကြာ လက်တွဲခဲ့ပြီးနောက် Six Years In Love လို့ အမည်ရတဲ့ ကိုးရီးယားကားလေးပါ။ ကြည့်ပျော်ပါတယ်။ ဇာတ်ဝင်သီချင်းလေးကိုတော့ ကြိုက်လို့ ဒီမှာ တစ်ခါတည်း တင်ပေးထားတယ်။
ဗီဒီယိုကတော့ ယူထုကနေ ဖွင့်ကြည့်ပေါ့...။

Six Years In Love OST



အပေါ်က ယူထု ဖိုင်ကို ဖွင့်လို့ မရခဲ့ရင် ဒီနေရာကို ကလစ်နှိပ်ပြီး ကြည့်လို့ရတယ်။ တင်ထားတဲ့ တစ်ယောက်က ပိတ်ထားလို့ ပွင့်မလားလို့ ထင်တဲ့ လင့်ခ်နဲ့ စမ်းတင်ထားရတယ်။

တစ်ခါက သစ်ရွက်လှုပ်လျင် တစ်ခစ်ခစ် ရယ်မောတတ်သော ကောင်မလေး တစ်ယောက် ရှိခဲ့သည် လို့ ဇာတ်လမ်း အ
ဖွင့်မှာ ရေးပြခဲ့ရင် ကောင်းမလားလို့ စဉ်းစားရင်း...။


Credit to : popseoul
6 Years in Love (2007)
6년째 연애중

Starring: Kim Ha-Neul, Yun Gye-Sang, Shin Seong-Rok
Director: Park Hyeon-Jin
Genre: Romance, Drama


ကင်မ်ဟာနူးလ်လေး သရုပ်ဆောင်တာ မဆိုးဘူး။ Too Beatuiful To Lie နဲ့ My Tutor Friend မှာကတည်းက သူ့ကို ကြိုက်လာတာ။ အခုလို အတည်အတံ့ကားလေးလဲ သူသရုပ်ဆောင်တတ်သားပဲလို့။

(ပို့စ်အသစ် တင်ပါလို့ ညီမလေး မြိုးက ပြောလို့ ရှိတဲ့ငုတ်စိလေးကို နည်းနည်း ပေါင်ဒါဖို့ပေးလိုက်ပါတယ် အရပ်ကတို့။)

ထပ်ဖြည့်။ ။ အမ်ပီသရီးကတော့ ဒီကနေ ဒေါင်းလုဒ် လုပ်ပေါ့။ (၂၆ ဖေဖေါ်ဝါရီ ၂၀၀၉)

Six Years in Lovers.mp3

Wednesday, January 7, 2009

Movies Review

မလေးမှာ ပိုင်းရိတ် ဒီဗွီဒီတွေ ဖေါချင်း သောချင်း။ ခြသေ့င်္ကျွန်းမှာ မရတာတွေ ဟိုမှာ အကုန်ရတယ်။ အချိန်ယားလေး၊ ငွေယားလေး ရှိတုန်း ဝယ်လာတယ်။ အဲဒီထဲက ကြည့်ဖြစ်ခဲ့တာလေးတွေ နည်းနည်းပါးပါး မူဗွီစဘွိုင်လာ လုပ်လိုက်တယ်။ ကိုရီးယားကားတွေပဲ ရွေးကြည့်ဖြစ်တယ်။

Ride Away


Photo Credits : www.hancinema.com

တိတ်ဆိတ် အေးချမ်းတဲ့ မြို့လေးတစ်မြို့ဆီကို မိသားစု တစ်ခု ပြောင်းလာခဲ့တယ်။
အဖေရယ် သမီးရယ် သားရယ်ပေါ့။
မြို့အ၀င် အဝေးပြေး လမ်းပေါ်မှာ လမ်းပျောက်နေလို့ အဖေ ဖြစ်သူက လမ်းပေါ်က စက်ဘီးနဲ့ ကောင်လေး တစ်ယောက်ကို မေးရာက ဒီဇာတ်လမ်း စခဲ့တယ်။

အဖေက သားငယ်ကို အရင်က အိမ်က ထွက်သွားတဲ့ သားကြီးနဲ့ နှိုင်းနှိုင်းပြီးပြောလို့ မတည့်...။
အမေက ဆုံးပါးသွား။
အဖေနဲ့ မောင်ကြားမှာ ဗျာများရတဲ့ အစ်မ။

စာအုပ်အဟောင်းရောင်းတဲ့ ဆိုင်က စက်ဘီးနဲ့ ကောင်လေး...။
ကောင်မလေးက တိတ်တခိုးကြိုက်...။
ဒါပေမဲ့...။ ကောင်လေးက ခြေထောက် မရှိရှာဘူး (နောက်တာ)။

ဇာတ်လမ်းလေးက အေးပေမယ့် အဆုံးထိ သယ်သွားတယ်။
အေးလွန်းလို့ စောင်ခြုံ.. အဲ.. ပျင်းကုန်မလား မသိဘူး။

ကြယ် ၂ပွင့်ခွဲ...။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


နောက်တစ်ကား....။ သူလဲ ကိုးရီးယားကားပဲ။ အနီးယို ဟပ်စယော်...။


Black Heart (aka Moms and Daughters)



Photo Credit : www.avistaz.com
သစ်သီးတွေကို ရောင်းနေရတဲ့ မုဆိုးမတစ်ယောက်။
တီဗွီ အနောင်ဆာ တစ်အား ဖြစ်ချင်တဲ့ သမီးလေး။
အတိတ်မေ့ရောဂါ လို ခဏခဏ သတိမေ့တတ်တဲ့ အဖွား။

မုဆိုးမကို တိတ်တခိုး ကြိုက်နေတဲ့ လူပျိုသိုးကြီးတစ်ယောက်က မနက်တိုင်းကို သစ်သီးသည် ဈေးရောင်း သွားတတ်တဲ့ ကားလမ်းပေါ် သစ်ကိုင်းကြီးကြီးတွေ တမင် ချထားတတ်ပြီး ကားမောင်းလို့ မရအောင် လုပ်တတ်တယ်။

တစ်ခါသားမယ် အဲဒီလမ်းပေါ်မှာ သစ်သီးသည်က လူတစ်ယောက်ကို ၀င်တိုက်မိμ အမှုပတ်မှာစိုးလို့ အိမ်ခေါ်လာပြီး ဆေးကုတယ်။ မဖြစ်စလောက် ဒဏ်ရာလေးပေါ့။ အဲဒါနဲ့ ကောင်လေးက အိမ်မှာ သောင်တင်သွားရော။
ကောင်လေးက မျက်လှည့်လေး ဘာလေး တတ်တယ်။ အိမ်မှာလဲ ကူဖေါ်လော်ဖက် ရတယ်။
ခက်တာက သမီးက မကြည်ဘူး။ ကောင်လေးက သူ့အမေကို ကြိုက်တိုက်တိုက် ဖြစ်နေတာကိုး...။

နောက်ဆုံးတော့ ကောင်လေး ဘယ်ကလာသလဲဆိုတာကို သိလိုက်ကြတဲ့ အခါ....

ကြယ် သုံးပွင့်ခွဲပေးလိုက်တယ်...။


(ဆားချက်တယ်လို့ ယူဆရင်လဲ နည်းနည်းပါးပါးတော့ မြည်းကြည်ပါဗျာ...။ လပွတ္တာက ဆားချောပါဗျာ...။ aka ဆိုတာ Also Known As ရဲ့ အတိုကောက်ပါ။ Basic နည်းတဲ့သူတွေ လာမေးမယ်ဆိုတာ ကြိုသိနေလို့ ပြောပါတယ်။)

Monday, October 22, 2007

Let's Watch Movie online

ခုတစ်လော ပျင်းပျင်းရှိတာနဲ့ ရုပ်ရှင်တွေ ထိုင်ကြည့်နေတာ ...။ အရင်ကတည်းက ကြည့်လာတဲ့ ဆိုဒ်မှာ အသစ်ဘာတွေ တင်နေလဲလို့ သွားကြည့်တာ...။ မဆိုးဘူးရယ်.. အသစ်တွေ တော်တော်များ တွေ့နေတာနဲ့ တစ်နေကုန် ထိုင်ကြည့်နေလိုက်တယ်...။ ကိုးရီးယားကားနဲ့ ဂျပန်ကားများသာ တင်ထားပါတယ်။ ကြည့်ချင်သူများ အဆင့်အတန်းမှီ အင်တာနက် ကော်နက်ရှင် ရှိဖို့ လိုပါလိမ့်မယ်...။ လင့်ခ်ကတော့ အောက်မှာပါ။
http://www.mysoju.com