Showing posts with label songs. Show all posts
Showing posts with label songs. Show all posts

Sunday, April 15, 2012

မန်းတောင်ရိပ်ခို (Piano Cover)

သူများတွေလို  မြန်မာပြည် သင်္ကြန် ပြန်မကဲနိုင်လို့ စိတ်ပေါက်ပေါက်နဲ့ ကောက်တီးပစ်လိုက်တဲ့ ဘွိုင်းဗားရှင်း မန်းတောင်ရိပ်ခို....။
သည်းခံ နားထောင်ပေးပါရန်...။
နက်ဖြန် အတက်နေ့.....
ဘာလာမလဲ...။ :P 




Sunday, June 14, 2009

Korean Movies OST ကြိုက်မိတဲ့ ဇာတ်ဝင် သီချင်းလေး


Je m'apelle Helene

၁၉၉၃ လောက်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်း တစ်ပုဒ်ပါ။ 2000 ကျော်နှစ်များလောက်ဆီက ကြည့်ရတဲ့ ကိုရီးယား ဖြစ်တဲ့ Calla မှာ ဒီသီချင်းလေးကို ဇာတ်ဝင်ခန်းသီချင်း အနေနဲ့ အသုံးပြုရာက သတိထားမိတယ်။ အေးအေးလေးနဲ့ နားထောင်လို့ ကောင်းတဲ့ သီချင်းလေးပါပဲ။

ရုပ်ရှင်ကတော့ သမားရိုးကျ ဇာတ်ကားကနေ ခွဲထွက်တဲ့ ကားလေး တစ်ကားပေါ့။ ယုတ္တိလွန်ကား တစ်ကားပေါ့။ ပျိုပျိုမေတို့ အသဲစွဲ မေ့ရက်ဘူး ချစ်ဦးရယ် ဇာတ်လမ်းတွဲထဲက မင်းသား ဂျွန်စော ပါတဲ့ကား ဖြစ်ပါတယ်။ အခုကတော့ သီချင်းကိုပဲ ခံစားလိုက်ပါ။ စာသား နားမလည်ပေမယ့် သံစဉ်လေးကတော့ မဆိုးပါဘူး။

---------------------------------------------

"The One"

နောက်တစ်ပုဒ်ကတော့ ကိုရီးယားနဲ့ ဂျပန် သရုပ်ဆောင် နှစ်ဦး ပါဝင် ထားတဲ့ Friends ဇာတ်လမ်းတွဲထဲက သီချင်းလေးပါ။ "The One" လို့ အမည်ရပါတယ်။ ကိုရီးယားမင်းသား Won Bin (ထယ်စောက်)နဲ့ ဂျပန်မင်းသမီး Kyoko Fukada တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ကားလေးပါ။

ဇာတ်လမ်းလေးကတော့ ဟောင်ကောင်ကို အလည်ရောက်သွားတဲ့ ဂျပန်မလေးတစ်ယောက် သူ့ရဲ့ ပိုက်ဆံအိတ်တွေ အလစ်သုတ်ခံရတော့ ကိုရီးယားတိုးရစ်တစ်ယောက် ယူတယ် ထင်ပြီး စွပ်စွဲရာက စတဲ့ အချစ်ဇာတ်လမ်းလေးပါ။ လေးတွဲရှိပါတယ်။ ရန်ကုန်မှာ တော်တော် ခေတ်စားသွားသေးတယ်။ သီချင်းလေး ကြိုက်လို့ မျှလိုက်တာပါ။ အောက်မှာ နားဆင်ကြည့်ပါ။

Sunday, May 10, 2009

မေမေ

မာတာပိတု ဂုဏော အနန္တော...။
မိခင် ဖခင်တို့၏ ဂုဏ်ကျေးဇူးသည် အတိုင်းအဆ မရှိ ကြီးမြတ်ကုန်၏။

ကမ္ဘာပေါ်ရှိ အမေအားလုံးသို့ ရည်ရွယ်လို့ နွေးထွေးလှတဲ့ အမေ့ရဲ့ တုနှိုင်းမရတဲ့ အတိုင်းအဆမရှိ မေတ္တာတရားကို အောက်က သီချင်းနဲ့ ဂုဏ်ပြု လိုက်ပါတယ်။


မေမေ နေကောင်းလား။
မေမေ နေကောင်းလား။


အမေ့အိမ်
အမေ့အိမ်


ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ။
ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ။


မေမေချစ်တဲ့ သားကြီး။
မေမေချစ်တဲ့ သားကြီး။


အရိပ်စစ်
အရိပ်စစ်


အမေ့အေးရိပ်
အမေ့အေးရိပ်


ကျေးဇူးပါမေမေ
ကျေးဇူးပါမေမေ


All Youtube Video Clip Credit to : Ainmat

Tuesday, April 28, 2009

စိတ်ခွန်အားပေးတဲ့ သီချင်းနှစ်ပုဒ်



Credit : nahu909yt
Africa မှာ အငတ်ဘေး ကြုံတုန်းက မိုက်ကယ်ဂျက်ဆင်နဲ့ အဲဒီ ခေတ်အခါက နာမည်ကြီး အဆိုတော်များ ရန်ပုံငွေအတွက် မေတ္တာနဲ့ ၀ိုင်းဝန်းသီဆိုခဲ့တဲ့ သီချင်းပါ။ ကမ္ဘာအနှံ့ ဒီသီချင်း ပျံ့နှံ့သွားပြီး အတော်ကို နာမည်ကြီးသွားပါတယ်။ ရန်ပုံငွေလဲ အတော်ရခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလဲ ၂၀၀၈ ခုနှစ် မေလတုန်းက ဧရာဝတီတိုင်းဖက်ကို ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ နာဂစ် လေဘေးဒဏ်ကြောင့် ဒုက္ခရောက်သူများအတွက် ရန်ပုံငွေဆိုပြီး အိုင်းရွန်းခရော့စ် အဖွက ကိုခင်မောင်သန့်က ကမကထ လုပ်ပြီး ကမ်းလင့်သော လက်များ အမည်ရ သီချင်းခွေကို အနုပညာရှင်များ စုပေါင်း သီဆိုခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီသီချင်းခွေနဲ့အတူ ပရိသတ်ရှေ့မှာ ပျောက်ကွယ်နေခဲ့တဲ့ ကိုလေးဖြူတစ်ယောက် သုဝဏ္ဏကွင်းမှာ စင်မြင့်ထက်ကို ပြန်တက်ခဲ့ပါတယ်။ အဲဒီ အခွေထဲက အားလုံးစုပေါင်း သီဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။


ကမ်းလင့်မယ့် လက်များ
(Original Version)

Credit : Petertual

ဘောနပ် အနေနဲ့ နောက်ထပ် နာဂစ်သီချင်း တစ်ပုဒ်ကို ဆက်လက် ဝေမျှ ပေးလိုက်ပါတယ်။



Credit : LayLwintThu


နာဂစ် ဒုက္ခသည်များအတွက် အိပ်မက်ဆိုးခံစားခဲ့ရတာဟာ တစ်နှစ်တောင် ပြည့်သွားပါပကောလား။ သူတို့တစ်တွေ ဘယ်အခြေအနေအထိ တိုးတက်မှု ရနေပြီလဲ...။

Sunday, January 25, 2009

မေဆွိနှင့် သူ၏ သီချင်းများ

ကျွန်တော်တို့ ငယ်ငယ်ကတည်းက နတ်မြင်းပျံနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော် (ဒေါ်)မေဆွိ ရဲ့ သီချင်းတွေပါ။ သီချင်းတွေကို တစ်စိုက်မတ်မတ် သီဆိုလာခဲ့သူမို့ သူ့ကို သတိထားမိပါတယ်။ ရုပ်ရှင်တွေ ဘာတွေ သူရိုက်လိုက်ပါသေးတယ်။ သီချင်းဆိုတာ ပိုကောင်းပါတယ်။ ခေတ်ဟောင်း ရုပ်ရှင်မင်းသမီး (အခုခေတ် တစ်ချို့ အမေခန်းတွေမှာ ပါ သရုပ်ဆောင်တဲ့) အန်တီ မြင့်မြင့်ခင်ရဲ့ သမီးပါ။ အဆိုပါရမီကို အတော့်ကို ပါတဲ့ ၊ အတော်ကို ထူးချွန်တဲ့ မဆွေ ခေါ် မေဆွိပါ။ တစ်ခေတ်တစ်ခါ ဆိုသလို မေဆွိ သီချင်းတွေဟာ အတော့်ကို ခေတ်စားခဲ့ပါတယ်။

သီချင်းဆိုတာမှာ ရင်ထဲက လာတဲ့ အသံနဲ့ ဆိုပါတယ်။ ဌာန်ကရိုဏ်း မှန်တယ်။ မြင်ဆရာ၊ ကြားဆရာပေါ့။ စိုင်းထီးဆိုင်ပြီးရင် သူ့သီချင်းတွေက ဒုတိယ နားထောင်ဖြစ်တယ်။ ငယ်ငယ်တုန်းက သူ့သီချင်းတွေကို အိမ်က လူကြီးတွေ တော်တော်များများ ဖွင့်ကြလို့ နားထောင်ဖူးပါတယ်။ သီချင်းတွေ ဘာတွေ ဆိုရင် သူ့သီချင်းတွေ ညည်းမိတာ ပိုများပါတယ်။ အဟဲအရှိုက်လေးများဆို သူဆိုပုံဆိုနည်းတွေကနေ အတုယူပါတယ်။

အခုတော့ ခွေမထုတ်တော့ပါဘူး။ အမေရိကားမှာ ကြင်သူသက်ထား ခင်ပွန်းသည်နောက်ကို သျှောင်နောက် ဆံထုံးပါသွားပြီး နောက်ပိုင်း မွေးနေ့ အမှတ်တရ ခွေ ထုတ်တယ်။ နောက်ပိုင်း ထပ်ထုတ်တာ သိပ်မတွေ့တော့သလိုပဲ။ ဗွီစီဒီ ထွက်တဲ့နေ့က မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်ခင်ကသာ လာရောက် လက်မှတ်ထိုးပေးတယ် သိရတယ်။

အခု မေဆွိ သီချင်းတွေကို အင်တာနက်ထဲမှာ အမှတ်မထင် တွေ့ရာက နားထောင်ရင်းနဲ့ နောင်တစ်ချိန်မှာ ကိုယ်ပြန် နားထောင်ချင်ရင်၊ အရုပ်နဲ့ ကြည့်ချင်ရင် ကြည့်လို့ရအောင် စုစည်းသိမ်းထားချင်တဲ့ သဘောပါ။ ဒီအတွက် အခုပို့စ် ဖြစ်လာရပါတယ်။

ပထမဦးဆုံး ကျေးဇူးတင်ချင်တာကတော့ အခုပို့စ်ထဲမှာ ပါတဲ့ Youtube လင့်ခ်ထဲက ဗွီဒီယို တွေကို upload လုပ်ထားတဲ့ USannAung ကိုပါ။ တစ်ဆက်တည်းပဲ ဒီကနေပြီး လင့်ခ်တွေ အသုံးပြုခွင့်ကို တောင်းခံပါတယ်။

ဒေါ်မေဆွိလဲ သူ့သီချင်းတွေကို ဒီမှာ ပရိသတ်တစ်ယောက်က စုစည်းပေးထားတာကို နားလည်ခွင့်လွှတ် ပေးနိုင်မယ်လို့ ယူဆပါတယ်။ ထုတ်လုပ်သူများကလဲ ရှားပါးလှတဲ့ ဒီလို ကလစ်တွေကို အဝေးရောက်သူတွေ အနေနဲ့ ဒီလို တစ်နေရာတည်းမှာ စုစည်းထားရတဲ့ ရည်ရွယ်ချက်ကို သဘောပေါက် ခွင့်လွှတ်မယ် ထင်ပါတယ်။

၀၁။ အိပ်ဆေး မရှိ။
Masterpiece လို့ မဆိုနိုင်ပေမဲ့ ဒီသီချင်းနဲ့ မေဆွိကို တွဲသိကြတာ များပါတယ်။ ငယ်ငယ်က မြန်မာ့အသံမှာ ခေတ်ပေါ်သီချင်းတွေ လာရင် တီဗွီရှေ့ တစ်မေ့တစ်မော သွားကြည့်ကြတဲ့ သီချင်းထဲက တစ်ပုဒ် အပါအ၀င်ပါ။
Link : ဒီမှာပါ။
နောက်ပိုင်း အမေရိကားမှာ ပြန်ဆိုတဲ့ ဗားရှင်းကတော့ ဒီမှာပါ။

၀၂။ ဂီတာတီးပေါ့ ကိုကိုရယ်။
စိတ်ညစ်နေတဲ့ ရည်းစားကို စိတ်ညစ်ပျောက်အောင် ဂီတာတီးခိုင်းတဲ့ သီချင်းပေါ့။ ကျွန်တော်တို့ တစ်တွေ ဖျက်ဆိုတာက စိတ်ညစ်ရင် ဘီယာသောက်ပါလား ကိုကိုရယ်...။
Link : ဒီမှာပါ။

၀၃။ အချစ်ဆူး။
ဒီသီချင်းတော့ ရုပ်ရှင်သီချင်းလား မသိဘူး။ နားထောင်မိတဲ့ အခွေတွေထဲမှာ မကြားမိသလိုပဲ။
Link : ဒီမှာပါ။

၀၄။ မြန်မာပြည်သား။
နိုင်ငံတော် အကျိုးပြု သီချင်းပါ။ အနုပညာရှင် အစုံ ပါဝင်တဲ့ ဒီကလစ်မှာ မေဆွိလဲ ပါဝင်ဆိုထားသေးတယ်။ (အမျိုးသား အနုပညာရှင်များ မိတ်ကပ်တွေ ဖွေးနေတာပဲ။)
Link : ဒီမှာပါ။

၀၅။
မယ်သီတာလို မိန်းမသား။
သီချင်းခေါင်းစဉ်က မှားချင် မှားနိုင်ပါတယ်။ မယ်သီတာလို မိန်းမသား (သို့) ဒဿလို မိန်းမ ဖြစ်မယ်။ ပြင်ပေးကြပါ။ ကျွန်တော် ဒီသီချင်းနဲ့ မဆွေကို စသိခဲ့တာပါ။ မဆွေ အဲဒီသီချင်းဆိုတုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ ပရို တစ်ယောက်လိုပဲ။ အဲဒီတုန်းက အနိုင်တို့ မင်းအောင်တို့ ခေတ်စားနေတုန်း ထင်ပါရဲ့။ သီတာ၊ ရာမ၊ လက္ခဏာ ဆိုတာ ဒီသီချင်း နားထောင်ပြီး စာအုပ်တွေထဲ လိုက်ရှာဖတ်မိတယ်။ ရွှေသွေး အထူးထုတ်ထဲမှပဲ သိတော့တယ်။ အခုသီချင်းကတော့ မူရင်း သီချင်း မဟုတ်ပဲ အမေရိကားက ကွန်ဆတ် တစ်ခုမှာ ဆိုထားတဲ့ သီချင်းပါ။ အဲဒီတုန်းက မဆွေ အက်ဆီးဒင့်ဖြစ်တယ်ဆိုတဲ့ ကောဟလဠတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလ ဖြစ်ပါလိမ့်မယ်။ သီချင်း မဆိုခင်မှာ မဆွေ ဖြေရှင်းချက် ထုတ်ထားတာ တွေ့ရပါတယ်။
ဒီလင့်ခ်တင်သူကတော့ asian4u007 ဖြစ်ပါတယ်။
Link : ဒီမှာပါ။

၀၆။ မင်းအချစ်တွေ ယူ ထွက်မသွားနဲ့။
မြန်မာ့အသံက လွင့်တဲ့ မေဆွိ မွေးနေ့ အမှတ်တရမှာ အဲဒီတုန်းက အပျိုကြီး စာရင်းဝင်တွေလို့ စာနယ်ဇင်းတွေက ခဏခဏ စနေတဲ့ မဆွေနဲ့ တစ်ခေတ်ထဲ သီချင်းဆိုလာတဲ့ မကော် ခေါ် ကော်နီတို့ တူတူ ဆိုတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၀၇။ မယ်သီတာလို မိန်းမသား။
ဒီသီချင်းကို မဆွေ မွေးနေ့ပွဲမှာ နီနီဝင်းရွှေနဲ့ နှစ်ယောက်တွဲပြီး ပြန်ဆိုထားတာပါ။ တစ်ယောက်တစ်ပိုဒ်စီ ဆိုထားတာပေါ့။ အလေးနဲ့ အပေါ့ ရောထားတဲ့ ဟင်းတစ်ခွက်လိုပေါ့...။
Link : ဒီမှာပါ။

၀၈။ နန်းစတော့်ပ် သီချင်း။
ဒီသီချင်းမှာတော့ သီချင်းသုံးလေးပုဒ်ကို တစ်ဆက်တည်း ဆိုထားတာ။ မြန်မာ့အသံနှစ်ပါတ်လည်လား၊ မေဆွိ မွေးနေ့လား မသိဘူး။ ၁၉၉၇ တုန်းက ဆိုထားတာ။ “ကော်နဲ့ ကပ်ထားတယ်”တို့၊ “ကမ်းစပ်နဲ့ ရေလှိုင်း”တို့၊ ကို ဆက်ဆိုထားတာ။ မြူးတယ်။
Link : ဒီမှာပါ။

၀၉။ မမြင်နိုင်သော ကြိုးများ။
ဒီသီချင်းကို ဆရာဝန်၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် စိုးသူနဲ့ နှစ်ယောက်သား ဆိုထားပါတယ်။ ဒီသီချင်းကို နောက်ပိုင်းမှာ သံစဉ်သာ ယူထားပြီး စာသားပြောင်းဆိုထားတဲ့ အငဲနဲ့မဒီ စုံတွဲ ထွက်သေးတယ်။
Link : ဒီမှာပါ။

၁၀။ အချစ်ရဲ့သီချင်း။
သုခမိန်လှိုင်ရေးထားတဲ့ သီချင်းပါ။ လေယာဉ်ပျံ စီးရီးစ်ထဲက ဖြစ်ပါတယ်။ ဒီသီချင်းကို မခိုင်ခေါ် ထွန်းအိန္ဒြာ
ဗိုလ်နဲ့ ဆိုထားပါတယ်။ မဆွေပဲ ပိုကောင်းပါတယ်။ ဒီသီချင်းကို ဇော်ဝင်းထွဋ်လဲ ဆိုထားပါတယ်။
Link : ဒီမှာပါ။

၁၁။ စနိုးဝှိုက်။
ငြိမ်းငြိမ်းအိ သီချင်းကို မဆွေက ဆိုတာပါ။ ဒီမွေးနေ့ အမှတ်တရ ပွဲမှာ မဆွေက ငြိမ်းငြိမ်းအိနဲ့ နှစ်ယောက်တွဲ ဆိုထားပါတယ်။ မဆွေက ဟာမိုနီ လိုက်ပေးထားတယ်။ စွယ်စုံရတဲ့ မဆွေပါ။ မဆွေကို တော်တော် လေးစားပါတယ်။
Link : ဒီမှာပါ။

၁၂။
စကားရှိတိုင်း ပြောရမှာလား။
ဒီသီချင်းကတော့ မြန်မာ့အသံ ခေတ်ပေါ်တေးကဏ္ဍမှာ လွှင့်ထားတဲ့ ကလစ်ပါ။ ဇော်ဝင်းထွဋ်က နောက်စာသားပြောင်းပြီး အရွယ်လွန်အချစ်လို့ ပြန်ဆိုထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၁၃။
ဧဒင်ဥယျာဉ်ထဲက အနမ်း။
တေးရေး မျိုးသိင်္ခရဲ့ သီချင်းပါ။ စိမ်းမို့မို့နဲ့ နှစ်ယောက်တွဲ ဆိုထားတာပါ။ Take Me Home Country Road သီချင်းအလိုက် ယူထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၁၄။ မောင်။
မေဆွိရဲ့ Masterpiece လို့ဆိုရမယ့် သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကို မြန်မာ့အသံမှာ ခဏခဏ လွှင့်သလို့ ဗွီဒီယိုရုံတွေမှာ ကားတွေ မပြခင် ပရိသတ်ခေါ်တဲ့ အခါမှာ ဒီသီချင်းကို ခဏခဏ လွှင့်နေကျပါ။ တေးရေးကတော့ အာယု ဖြစ်ပါတယ်။ အာယုဆိုတာ သုမောင်တို့ညီအစ်ကို အာယု၊၀ဏ္ဏ၊ သုခ၊ ဗလ ထံက တစ်ယောက်လား၊ သတ်သတ် အာယုလားတော့ မသိဘူး။ ဒီသီချင်းတစ်ပုဒ်ထဲ ရေးခဲ့တယ်လို့တော့ သိရတယ်...။ (မူရင်း မောင် သီချင်းတော့ မတွေ့မိဘူးဗျာ။ ) Update : မူရင်းသီချင်း တွေ့ပါပြီ။ စာဖတ်သူ ပလုံက လင့်လေး လာပေးထားပါတယ်။ ဒီမှာ မောင်မူရင်းကို နားဆင်နိုင်ပါပြီ။
Link : ဒီမှာပါ။ (ဆန်ဖရန်စ္စကိုမှာ ဆိုထားတဲ့ ဗားရှင်းပါ။ အချီပိုဒ်ပြီးတော့ chorus ပိုဒ်မှာ ဒရမ်ဘိဒ်ကို မြူးမြူး တီးရမှာကို အတီးဆရာတွေ နည်းနည်းမှားသွားတယ်။ မဆွေ နည်းနည်းထိန်းဆိုသွားရတယ်။ မူရင်းကို နားထောင်ဖူးသူဆို သိပါလိမ့်မယ်။)
ဟေမာနေ၀င်း သီဆိုတဲ့ မောင် သီချင်းကတော့ ဒီမှာပါ။ မဆွေ ဆိုထားသလောက်ကို ရင်ထဲ မထိဘူး ဖြစ်နေတယ်။

၁၅။ မီးမီးလေးရဲ့ မေ့မေ့ကျောင်း။
သီချင်းရေးစရာ နေဇော်အောင် ရေးထားတဲ့ သီချင်းပါ။ အဆိုကဝေ၊ ဘုရားပေး အသံပိုင်ရှင် အန်တီနွဲ့ယဉ်ဝင်းနဲ့ တွဲဆိုထားတာပါ။ အမေ့ကျောင်း လား တော့ မသိပါ။
Link : ဒီမှာပါ။

၁၆။ မြန်မာသံ မိုနို သီချင်းတစ်ပုဒ် (နာမည် မသိ)။
ခေတ်ပေါ် သီချင်းသာမက မြန်မာသံကို ပါ ပိုင်နိုင်ကျွမ်းကျင်တဲ့ မေဆွိရဲ့ သီိချင်းတစ်ပုဒ်ပါ။
Link : ဒီမှာပါ။

၁၇။ အိမ်ပြန်ချင်တယ်။
sukiyaki ဆိုတဲ့ နာမည်ကြီး ဂျပန်သီချင်းကို ကော်ပီလုပ်ထားတဲ့ မေဆွိရဲ့ သီချင်း တစ်ပုဒ်ပါ။
Link : ဒီမှာပါ။


၁၈။ ရှေးကုသိုလ်။
မေဆွိနဲ့ အောင်ရင်တို့ နှစ်ယောက် တွဲဆိုထားတဲ့ မြန်မာသံ စုံတွဲ သီချင်းလေး တစ်ပုဒ်ပါ။
Link : ဒီမှာပါ။

၁၉။ နေရာတိုင်းမှာ။
ရင်ထဲက စိုင်းထီးဆိုင်၊ နှလုံးသားထဲက စိုင်းထီးဆိုင် ဆိုပြီး ကိုထီး သီချင်းတွေနဲ့ သီဆိုခဲ့တဲ့ မေဆွိတစ်ယောက် အခု ကလစ်မှာ ကိုထီးနဲ့ တွဲဆိုထားပါတယ်။
Link : ဒီမှာပါ။


၂၀။
အနမ်းပန်း?? အောင်မြင်မှု??။
မေဆွိဆိုရင် ကိုင်ဇာကို မေ့ထားခဲ့လို့ မရပါဘူး။ သူတို့နှစ်ယောက် တစ်ချိန်တည်းလိုလို အောင်မြင်မှုတွေ တူတူ ရခဲ့တဲ့ အနုပညာ မောင်နှမ ဖြစ်ပါတယ်။ ဒီသီချင်းကို သူတို့နှစ်ယောက် ဆယ်တန်းဖြေပြီး နောက်တစ်နေ့မှာ သွင်းခဲ့တယ်လို့ မှတ်သားဖူးတယ်။
Link : ဒီမှာပါ။

၂၁။ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်။
စိုင်းထီးဆိုင် သီချင်း တစ်ပုဒ်ဖြစ်တဲ့ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ် ဆိုတဲ့ သီချင်းတစ်ပုဒ်ပါ။ အမေရိကားမှာ ဆိုထားတဲ့ သီချင်းပါ။ (ဒီသီချင်းက တေးရေးဆရာ စိုင်းခမ်းလိတ်က သူ့မဟေသီ ဒေါ်နွဲ့တင်အတွက် ရေးပေးခဲ့တယ်ဆိုလား။)
Link : ဒီမှာပါ။


၂၂။
အနမ်းပန်း?? အောင်မြင်မှု??။
မေဆွိဆိုရင် ကိုင်ဇာကို မေ့ထားခဲ့လို့ မရပါဘူး။ သူတို့နှစ်ယောက် တစ်ချိန်တည်းလိုလို အောင်မြင်မှုတွေ တူတူ ရခဲ့တဲ့ အနုပညာ မောင်နှမ ဖြစ်ပါတယ်။ ဒီသီချင်းကို သူတို့နှစ်ယောက် ဆယ်တန်းဖြေပြီး နောက်တစ်နေ့မှာ သွင်းခဲ့တယ်လို့ မှတ်သားဖူးတယ်။
Link : ဒီမှာပါ။


၂၃။
နားပန်းဆံ။
မေဆွိနဲ့ သူ့မာတာမိခင် အန်တီမြင့်မြင့်ခင် တို့နှစ်ယောက် တူတူဆိုထားတာပါ။ ဒီသီချင်းက အန်တီ ဒေါ်မြင့်မြင့်ခင်ရဲ့ နာမည်ကျော် သီချင်းပါ။ နတ်မြင်းပျံ စီးရီးစ်မှာ ပါတာလား မသိဘူး။ မှားချင် မှားနိုင်ပါတယ်။ ကျိုင်းတုံ ရှိုးပွဲလာတုန်းက အန်တီ ဒီသီချင်းကို ညတိုင်းညတိုင်း ဆိုတယ်။
Link : မြန်မာ့အသံ ဗားရှင်း ၁၉၉၇ က ဒီမှာပါ။ နောက်ထပ် မွေးနေ့ပွဲ ကျင်းပတော့ ၂၀၀၀ ခု နောက်ပိုင်း ထင်ပါရဲ့။ အဲဒီပွဲက ဗွီစီဒီ ဗားရှင်းကတော့ ဒီမှာပါ။


၂၄။
ကိုကိုစိတ်ကူးယဉ်။
မေဆွိနဲ့ မေခလာတို့ တူတူ တွဲဆိုထားတဲ့ သီချင်းလေးပါ။ အနုပညာ မောင်နှမ နှစ်ယောက် :D ဆိုထားတဲ့ မလေးကော်ပီ သီချင်းတစ်ပုဒ်ပါ။
Link : ဒီမှာပါ။

၂၅။ အချစ်အချစ်အချစ်။
ကုလား သီချင်း တစ်ပုဒ်လို့ သိရပါတယ်။ မှားရင် ပြင်ပေးပါ။
Link : ဒီမှာပါ။


၂၆။
တင့်တင့်တယ်တယ်။
ရွှေတိုင်ညွှန့် (ဇော်ဝင်းထွဋ်တို့ အဖိုး) ရဲ့ သီချင်းကို တွံတေးသိန်းတန်နဲ့ တွဲပြီး ဆိုထားတဲ့ သီချင်းပါ။
Link : ဒီမှာပါ။

၂၇။ အနီးဆုံးလူ။
စိုးပိုင်ရဲ့ သီချင်းတစ်ပုဒ်ပါ။ ရင်ထဲက စိုးပိုင် စီးရီးစ်ထဲမှာ မေဆွိဆိုထားတာပါ။ စိုးပိုင်လဲ တွဲဖက် ပါဝင်ကူညီ သီဆိုပေးထားပါတယ်။
Link : ဒီမှာပါ။


၂၈။
နော်ကိုကိုနော် (ကိုကိုရေ)။
မေဆွိဆိုရင် နော်ကိုကိုနော် သီချင်းကို မေ့ထားလို့ မရပါဘူး။ တစ်ခေတ်တစ်ခါမှာ ပျိုပျိုမေတို့ အသည်းစွဲ သီချင်းလေးပေါ့။ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ဘာညာ စီးရီးစ်ထဲက။
Link : ဒီမှာပါ။

၂၉။ မနဲ့မောင်။
နောက်ဆုံး တစ်ပုဒ်အနေနဲ့ မေဆွိရဲ့ Masterpiece ဖြစ်တဲ့ မနဲ့မောင် သီချင်းကို တင်ချင်ပါတယ်။ အဆိုမှော်အောင်ထားတဲ့ မဆွေ အစွမ်းပြထားတဲ့ သီချင်းပေါ့။ မနဲ့ မောင် ဇာတ်လမ်းလေးတွေ အတွက် ဒီသီချင်းလေးက အသင့်တော်ဆုံးပေါ့။ အဲဒီခေတ်က ရုပ်ရှင်ကားတွေမှာ ပလေးဘက်အနေနဲ့ ခဏခဏ သုံးခဲ့တဲ့ သီချင်းပေါ့။ ကော်ပီ သီချင်း တစ်ပုဒ်။ I've Never Been To You ဆိုလား မသိဘူး။
Link : ဒီမှာပါ။

သီချင်းလေးတွေကတော့ အခုနောက်ပိုင်းကလေးတွေ သိပ်မသိလောက်တော့ပါဘူး။ တစ်ချို့တစ်လေသော သီချင်းတွေကို နောက်ပေါက် အဆိုတော် တစ်ချို့က ပြန်ဆိုထားလို့သာ သိချင် သိနေပါလိမ့်မယ်။ မဆွေ သီချင်းတစ်ပုဒ်ကို ဒီဘက်ခေတ် အဆိုတော်ကောင်မလေး တစ်ယောက်က ပြန်ယူဆိုထားတာကို အန်တီကြီးတစ်ယောက် လိုက်ဆိုတာ သူ့တူမလေး ကြားတော့ ခေတ်မှီတယ်၊ သူတို့ခေတ်က သီချင်းတွေကို အန်တီ လိုက်ဆိုနိုင်တယ် ဆိုပြီး ချီးကျူးနေတော့ သူ့အန်တီခင်မျာ ဘာပြောရမှန်း မသိဘူးတဲ့။

Saturday, May 31, 2008

အကြင်နာတွေနဲ့ ဖေးကူပါ...။ (မြန်မာ အနုပညာရှင်များ သီဆိုသည်...။)

Update(11 June 2008) : Comment တွင်ရရှိသော request ကြောင့် ဤပိုစ့်တွင် မူလက တင်ထားသော mp3 file ကို ဖယ်ရှားထားပါသည်။ ကိုခင်မောင်သန့်မှ request လုပ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

I am khin mg thant (Iron Cross)who organized to produce a song regarding to Nargis donation.Our works not finish yet.But the song has been exposed to the website some unscrupulous people.Our intention is to donate for Nargis people . The singers also contributed out of their own heart for donation .Please i have to request not to use this song at this time. After we have donated you can use it If it is in ur blog pls cancel it .By helping us you r helping them also we hope u r in a position to help .Thanks for ur help.Please forward to other blog who might use this song
with thanks,

KMT(IC)

တစ်လောက စင်ကာပူမှာ တရုတ် ငလျင်ဘေးအတွက် ရန်ပုံငွေ ရှာဖွေပွဲအဖြစ် စင်ကာပူကနေ ကမကထလုပ်ပြီး ထင်ရှားတဲ့ အနုပညာရှင်များကို ဖိတ်ခေါ်ကာ အနုပညာစွမ်းနဲ့ လိုက်ဖ်ရှိုးတစ်ခု ကျင်းပခဲ့ပါတယ်...။
ရန်ပုံငွေပေါင်း ဒေါ်လာ သန်းနဲ့ချီပြီး ရသွားပါတယ်...။
အဲဒီပွဲကို ကြည့်ပြီး ကျွန်တော်တို့ မြန်မာပြည်က မုန်တိုင်း ဒုက္ခသည်များအတွက် ဒီလိုရန်ပုံငွေ ရှာဖွေပွဲတစ်ခု လုပ်ပေးနိုင်ခဲ့ကြရင် ကောင်းမှာပဲလို့ ချဉ်ခြင်းတပ်မိပါတယ်...။
မဖြစ်နိုင်မှန်းတော့ သိတာပေါ့...။
ဒီလို ကူညီမှုတွေနဲ့ ပါတ်သက်တဲ့ သီချင်းတွေကလဲ ရှားတော့ ပွဲလုပ်ဖြစ်ရင်တောင်မှာ အချစ်သီချင်း၊ အသဲကွဲ သီချင်းတွေနဲ့ပဲ ဖျော်ဖြေရမှာပါ့ လို့ ထင်မိခဲ့ပါတယ်...။ No offense! Just my thoughts only.
(အိုင်စီ ၁၅ နှစ်မြောက် အန်ပလဂ်တုန်းကတော့ ကွယ်လွန်သူ ထူးအိမ်သင် ရေးတဲ့ “လောကကို အလှဆင်ကြစို့” သီချင်းလား မသိဘူး..။ အဲဒီသီချင်းတစ်ပုဒ်ပဲ အချစ်အကြောင်းနဲ့ ကင်းတာ...။ စောဘွဲ့မှူး သီချင်းများလဲ ရှိရင်ရှိမှာပေါ့...။)
မှတ်မိတဲ့ တစ်ခြား သီချင်းကတော့ ဆောင်းဦးလှိုင်ရေးပြီး ဆောင်းဦးလှိုင်၊ အေးချမ်းမေ၊ စည်သူလွင် ဆိုတဲ့ “ငြိမ်းချမ်းရေး နှင်းဆီ” သီချင်း...
မျိုးကြီးဆိုတဲ့ “နေရောင်အောက်က အသက်ရှုသံများ” သီချင်းတို့....။

အခု နောက်ဆုံး သီဆိုလိုက်ကြတဲ့ သီချင်းကတော့ ရင်ကို တိုက်ရိုက်ထိရှတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်...။
အင်တာနက် ဘလော့ဂ်စာမျက်နှာများ၊ အီးမေးလ်များ၊ အွန်လိုင်း စာမျက်နှာများမှာ လတ်တလော ပျံ့နှံ့နေတဲ့ သီချင်းပါ...။
နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်သွားတဲ့သူတွေကို ရည်စူးပြီး ရေးသားသီဆို ထုတ်လုပ်တဲ့ သီချင်းလို့ ယူဆမိပါတယ်...။ “အကြင်နာတွေနဲ့ ဖေးကူပါ” လို့ အမည်ရပါတယ်...။
ဒီသီချင်းကြောင့် လူသားချင်း စာနာထောက်ထားတဲ့ စိတ်ထားများ ပွားများနိုင်ပါစေ...။
အချင်းချင်း ဒီ့ထက်မက ကူညီနိုင်ကြပါစေ...။ တေးရေးတော့ ဘယ်သူလဲတော့ သေချာ မသိဘူး။ စာသားကြည့်ရတာ ၀င်းမင်းထွေးနဲ့ တစ်ခြားသူနဲ့ ပေါင်းရေးတာလား မသိဘူး...။

သီဆိုတဲ့ အနုပညာရှင်များတော့ နားထောင်မိတဲ့အထဲက မှတ်မိသလောက်
၀၁။ လေးဖြူ
၀၂။ အငဲ
၀၃။ ၀ိုင်ဝိုင်း
၀၄။ မျိုးကြီး
၀၅။ ဇော်ပိုင်
၀၆။ ကြိုးကြာ
ဝရ။ လေးလေးဝါး
၀၈။ ထူးအယ်လင်း
၀၉။ ချောစုခင်
၁၀။ စင်ဒီ ???
၁၁။ ဆုန်သင်းပါရ်
၁၂။ ရှင်ဘုန်း or ခင်ဘုန်း ??? (တယ်လီဖုန်း သီချင်းဆိုတဲ့သူ)
၁၃။ ကိုအောင် ???
၁၄။ အယ်နောင်း ???
၁၅။ ဟန်ထွန်း
၁၆။ ဖြူဖြူကျော်သိန်း
၁၇။ R ဇာနည်
၁၈။ L လွန်းဝါ ???or လင်းနစ် ??? (နောက်ဆုံး chorus ပိုဒ် မတိုင်ခင် အသံချိုချိုနဲ့ ၀င်ဆိုတာ...။)

(???? တွေက မသေချာပါ...။ အသံကို သေချာ မကျက်မိတော့လို့ပါ...။)

တို့ ဖြစ်ပါတယ်...။

(မူရင်း တေးရေး/တေးဆို/ထုတ်လုပ်သူများထံ ခွင့်မတောင်းပဲ မျှဝေခြင်း ဖြစ်ပါသည်...။ စီးပွားရေးအတွက် မျှဝေခြင်း မဟုတ်တဲ့အတွက် နားလည်ကြပါလိမ့်မယ် ထင်ပါတယ်...။ အချိန် အတိုင်းအတာ တစ်ခုအထိသာ ကျွန်တော့် ဘလော့ဂ်ပေါ်မှာ တင်ထားမှာ ဖြစ်ပါတယ်..။ ညာဘက် အပေါ်က side bar မှာ အဲဒီ သီချင်းပေါင်းလေးပုဒ်ကို တင်ထားပေးပါတယ်...။)

အောက်ကတော့ အကြင်နာတွေနဲ့ ဖေးကူပါ သီချင်းရဲ့ စာသားတွေပါ...။


အကြင်နာတွေနဲ့ ဖေးကူပါ..။
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင် ပျက်စီးသွား

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား
(အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား ...
အိုး ဘ၀တွေ တစ်ခေါက်ပြန်လှစေဖို့
အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘ၀တွေ


Song Lyrics Credit to : နေနေနိုင်
ဖြည့်စွက်ချက်။ ။ သီချင်းကို သေချာ နားထောင်ပြီးတဲ့နောက် သီချင်းကို ရေးစပ်သီကုံးသူ တေးရေးဆရာ၊ ပါဝင် သီဆိုကြတဲ့ အနုပညာရှင်များ၊ တီးခတ်ပေးကြတဲ့ အနုပညာရှင်များ၊ ထုတ်လုပ်ပေးတဲ့ ပရိုဂျူဆာများကို သန့်သန့်လေး ကျေးဇူးတင်မိတယ်...။

Tuesday, August 21, 2007

Let's Walk Till Journey Ends

အခုလတ်တလော ရင်ကို လာမှန်တဲ့ သီချင်းတစ်ပုဒ်ပါ...။
လေးဖြူရဲ့ "ခဏလေးများ" စီးရီးစ်ထဲက ဖြစ်ပြီး
သီချင်းခေါင်းစဉ်ကတော့ "ခရီးများ အဆုံးထိလျှောက်" ပါ။

တေးသွားနဲ့ စာသားကို လင်းလင်းက ရေးစပ်ထားပြီး အဆိုပိုင်းကိုတော့ ရော့ခ်သူရဲကောင်းကြီး လေးဖြူက သီဆိုထားပါတယ်။
ရင်ဘတ်ကြီးနဲ့ ခံစားကြည့်လိုက်ကြပါစို့...။


"ခရီးများ အဆုံးထိလျှောက်"

မင်းရဲ့ အနမ်းတစ်ရှိုက်နဲ့
ငါ့ရဲ့ အနမ်းတစ်ရှိုက်နဲ့
ခံစားချက်တူညီ
ရှိခဲ့တဲ့နောက်...။
မင်းရဲ့အတွေးများနဲ့
ငါ့ရဲ့ အတွေးများနဲ့
အနာဂတ်သစ် တူညီ
ထားခဲ့တဲ့နောက်တော့...။
ခမ်းနားခြင်း ကင်းမဲ့
အရိုးသားဆုံး ခရီးတစ်ခု
ငါတို့နှစ်ယောက် ကိုယ်တိုင်
ရွေးထားခဲ့ပြီး...။
သဘောထားများ အပြည့်နဲ့
ဆူးလမ်းများနင်းဖြတ်
ဘာဖြစ်ဖြစ်ပါကွယ်
ခရီးများဆုံးအထိလျှောက်
(အဆိုးများကြုံကြိုက်တုန်းမှာ
ဒုက်ခတွေဟာ ခဏပါ
အနမ်းများကို အသက်သွင်းကာ
ခရီးများ အဆုံးထိလျှောက်

လက်တွေ့ဟာ ရင်ဘတ်မှာ
လမ်းဆုံးဟာ ခဏပါ
အနမ်းများကို အသက်သွင်းကာ
ခရီးများအဆုံးထိလျှောက်...။)
အားဟာ...
ခရီးများအဆုံးထိလျှောက်...။
အူးဟူ...
ခရီးများအဆုံးထိလျှောက်...။


Credit to Lynn Lynn, Lay Phyu